Wednesday, May 27, 2009

သမ္မတ အိုဘားမားက ဒေါ်အောင်ဆန်းစုကြည်ကို ခုချက်ခြင်းလွှတ်ပေးဖို့ တောင်းဆို




သမ္မတ အိုဘားမားက ဒေါ်အောင်ဆန်းစုကြည်ကို ခုချက်ခြင်းလွှတ်ပေးဖို့ သန်းရွှေကိုရာဇသံပေးလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဘာ စည်းကမ်းချက်များမလိုခြင်ဘူး ( Unconditional and immediate release) ။ အမြန်ဆုံးလွှတ်ပေးရမယ် နိင်ငံရေးအကျဉ်းသားတွေကိုလည်း လွှတ်ပေးရမယ် လို့ သူ့ရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
မြန်မာ အရေးဟာ တကမ္ဘာလုံး အာရုံစိုက်ခံရတဲ့အနေထားကိုရောက်လာနေပြီဖြစ်ပါတယ်။





THE WHITE HOUSE

Office of the Press Secretary
_____________________________________________________________
FOR IMMEDIATE RELEASE May 26, 2009

Statement by the President on Aung San Suu Kyi’s House Arrest and Detention


I call on the Burmese government to release National League for Democracy Secretary General and Nobel Peace Prize winner Aung San Suu Kyi from detention immediately and unconditionally. I strongly condemn her house arrest and detention, which have also been condemned around the world. The United Nations Working Group on Arbitrary Detention has issued opinions affirming that the detention of Aung San Suu Kyi dating back to 2003 is arbitrary, unjustified, and in contravention of Burma’s own law, and the United Nations Security Council reaffirmed on May 22 their concern about the situation and called for the release of all political prisoners.

Aung San Suu Kyi’s continued detention, isolation, and show trial based on spurious charges cast serious doubt on the Burmese regime’s willingness to be a responsible member of the international community. This is an important opportunity for the government in Burma to demonstrate that it respects its own laws and its own people, is ready to work with the National League for Democracy and other ethnic and opposition groups, and is prepared to move toward reconciliation.

By her actions, Aung San Suu Kyi has represented profound patriotism, sacrifice, and the vision of a democratic and prosperous Burma. It is time for the Burmese government to drop all charges against Aung San Suu Kyi and unconditionally release her and her fellow political prisoners. Such an action would be an affirmative and significant step on Burma’s part to begin to restore its standing in the eyes of the United States and the world community and to move toward a better future for its people.



Summary

Rest of your post

ဒေါ်အောင်ဆန်းစုကြည်က တရားရုံးတော်သို့ ရေးသား တင်သွင်းသည့်စာ


နန်းဒေဝီ
ဗုဒ္ဓဟူးနေ့၊ မေလ 27 2009 16:38 - မြန်မာစံတော်ချိန်


နယူးဒေလီ (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်အား စွဲချက်တင်အပြီး ဒုတိယမြောက်နေ့ဖြစ်သည့် ယမန်နေ့က တရားရုံးတော်သို့ သူမ ကိုယ်တိုင် ရေးသား တင်သွင်းခဲ့သည့် လျှောက်လဲစာအား အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အများပြည်သူ သိရှိရန်အတွက် ယနေ့ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။

''မနေ့က ဒေါ်စုက တရားသူကြီးကို တင်တာ။ ကျနော်တို့က မနေ့က ဒါကို အများပြည်သူ သိအောင် ထုတ်ပြန်ကြေညာသင့်သလား၊ မကြေညာသင့်သလားဆိုတာ ဥပဒေ ပညာရှင်များနဲ့ တိုင်ပင်ကြတယ်။ ဗဟို အလုပ်အမှုဆောင် အဖွဲ့နဲ့ တိုင်ပင်ကြည့်တော့ ဒါဟာ အများပြည်သူ သိသင့်တယ်ဆိုပြီးတော့ ဆုံးဖြတ်တဲ့အတိုင်း အစအဆုံး မူရင်းအတိုင်း ကြေညာလိုက်တာ ဖြစ်ပါတယ်'' ဟု အန်အယ်ဒီ ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

မဇ္ဈိမသတင်းထောက် နန်းဒေဝီကို ဦးအုန်းကြိုင်က ဖတ်ကြားပြသည့်အတိုင်း ဖော်ပြလိုက်ပါသည်။

-----------------------------------


ကြေညာချက်အမှတ် - ၁၄၊ ၀၅၊ ဝ၉

၂၀၀၉ ခုနှစ်၊ မေလ ၂၇ ရက်

၁၃၇၁ ခုနှစ်၊ နယုန်လဆန်း ၄ ရက်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ခေါင်းဆောင် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် အား စွဲဆိုထားသော အမှုနှင့်စပ်လျဉ်း၍ ဒေါ်အောင်ဆန်းစုကြည်က ပြစ်မှုဆိုင်ရာ ကျင့်ထုံးမှု ဥပဒေပုဒ်မ ၂၅၆ အရ တရားရုံးသို့ ရေးသားတင်ပြချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်။

(က) - ၁ ။ ။ အထက်အမည်ပါ အမှုတွင် ဒေါ်အောင်ဆန်းစုကြည်အပေါ် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပုဒ်မ ၂၂ ဖြင့်၎င်း၊ ထိုသို့ ဖောက်ဖျက်ကျူးလွန်ခြင်းကို အားပေးကူညီခဲ့ကြသော ဒေါ်ခင်ခင်ဝင်း (အဖ ဦးတင်အုံး) ဒေါ်ဝင်းမမ (အဖ ဦးဉာဏ်လင်း) နှင့် John William Yettaw တို့ သုံးဦးတို့အား ယင်း ဥပဒေပုဒ်မ ၂၂၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁ဝ၉ အရ၎င်း၊ အမှုဖွင့်အရေးယူပေးပါရန် သတင်းတပ်ဖွဲ့မှ ဒုရဲမှူးကြီး ဇော်မင်းအောင်က ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့စခန်းသို့ ၁၁ ရက်၊ ၅ လ၊ ၂ဝဝ၉ ခုနှစ်တွင် တိုင်ကြားခဲ့သော အမှု ဖြစ်ပါသည်။

၂ ။ ။ မစ္စတာ ဂျွန်ဝီလျံယက်တောသည် ကျမ၏ နေအိမ်ခြံဝင်းအတွင်းသို့ ရောက်ရှိခဲ့သော ကိစ္စရပ်နှင့် စပ်လျဉ်း၍ ပထမအကြိမ်ဖြစ်သော ၃ဝ ရက်၊ ၁၁ လ၊ ၂၀၀၈ နေ့တွင် ရောက်ရှိခဲ့ခြင်းသည် ကျမနှင့် အတူနေသူ ဒေါ်ခင်ခင်ဝင်းထံမှတဆင့် ကြားသိရပါသည်။ ၄ ရက်၊ ၁၂ လ၊ ၂၀၀၈ ခုနှစ်တွင် ဆေးစစ်ရန် ရောက်ရှိလာသူ ဒေါက်တာ တင်မျိုးဝင်းထံမှတဆင့် ယင်းအဖြစ်အပျက်ကို အာဏာပိုင်များထံ သတင်းပို့ခဲ့ပါသည်။ အာဏာပိုင်များက အဆိုပါ ကိစ္စအတွက် ကျမတို့ထံသို့ စုံစမ်းမေးမြန်းခြင်း မပြုလုပ်ခဲ့ကြပါ။ အရေးယူဆောင်ရွက်သည်ဟူသည် ကြားသိရခြင်း မရှိပါ။ ဤကဲ့သို့ ခြံဝင်းအတွင်း လူဝင်ရောက်သည့် ကိစ္စများတွင် အာဏာပိုင်များထံ ချက်ချင်း သတင်းပို့ရမည်ဟု သတိပေးမှုခြင်း မရှိပါ။ ဒုတိယအကြိမ် မစ္စတာဂျွန်ဝီလျံယက်တော ရောက်ရှိခဲ့ခြင်းကို ၄ ရက်၊ ၅ လ ၂၀၀၉ နံနက်ပိုင်းတွင်မှ တွေ့ရှိရပါသည်။ ကျမက ပြန်ထွက်သွားရန် ပြောကြားခဲ့ပါသည်။ မိုးလင်းနေပြီဖြစ်၍ ထွက်သွားလျှင် ဖမ်းဆီးခံရနိုင်ကြောင်း ညရောက်သောအခါ ပြန်ပါမည်ဟု ပြောပါသည်။ သို့သော် ညရောက်သောအခါ ကျန်းမာရေးအခြေအနေအရ ၁ ညအိပ်ခွင့်ပေးပါရန် မေတ္တာရပ်ခံခဲ့ပါသည်။

၃ ။ ။ ယခုအချိန်တွင် များစွာသော ကျမ၏ နိုင်ငံရေး လုပ်ဘော်ကိုင်ဘက်၊ ရဲဘော်ရဲဘက်များသည် ဥပဒေ၏ ကာကွယ်မှုနှင့် သက်ညှာမှုတို့ကို မခံရစားရဘဲ နှစ်ရှည်ထောင်ဒဏ်များ ကျခံနေရပါသည်။ ထို့ကြောင့် ကျမအနေဖြင့် မည်သူ့ကိုမျှ အဖမ်းအဆီး အချုပ်အနှောင်ခံရစေရန် တွန်းမပို့နိုင်ဟူသော နိုင်ငံရေးခံယူချက်အရ ခိုလှုံခွင့်တောင်းသည်ကို ခေတ္တ ခိုလှုံခွင့် ပေးခဲ့ခြင်းသာ ဖြစ်ပါသည်။

၎ ။ ။ ကျူးကျော်ဝင်ရောက်သူ မည်သူမည်ဝါဖြစ်သည်၊ ၎င်း၏ ရည်ရွယ်ချက်များ မည်သို့မည်ပုံ ဖြစ်သည်မှာ ကျမအတွက် အရေးမပါပါ။ ကျမ၏ နိုင်ငံရေး ခံယူချက်အရသာ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။ ကျူးကျော်ဝင်ရောက်ခဲ့ခြင်းနှင့် စပ်လျဉ်း၍ လစဉ်ဆေးစစ်ရန် ၇ ရက်၊ ၅ လ၊ ၂ဝဝ၉ နေ့တွင် ဒေါက်တာတင်မျိုးဝင်း လာသောအခါ ၎င်းမှတဆင့် သက်ဆိုင်ရာသို့ အကြောင်းကြားရန် ရည်ရွယ်ခဲ့ပါသည်။ သို့သော် ၇ ရက်၊ ၅ လ၊ ၂၀၀၉ နေ့တွင် ရဲတပ်ဖွဲ့ဝင်များသာ ရောက်လာပြီး ဒေါက်တာတင်မျိုးဝင်း ဝင်ခွင့် မရခဲ့ပါ။

၅ ။ ။ ကျမသည် နိုဝင်ဘာလ ၃ဝ ရက်နေ့ အဖြစ်အပျက်နှင့် စပ်လျဉ်း၍ လုပ်ဆောင်ခဲ့ရာတွင် ကြီးသည့်အမှုကို ငယ်စေရန်နှင့် ငယ်သည့်အမှု ပပျောက်စေရန်နှင့် ခြံအတွင်းသို့ ဝင်ရောက်ခဲ့သူအား၎င်း၊ ခြံလုံခြုံရေးကို ယူထားရသော တပ်သားများအား၎င်း မလိုအပ်ဘဲ မထိခိုက်စေလိုသော ဆန္ဒဖြင့် ပြုလုပ်ခဲ့ပါသည်။ ဤလုပ်ဆောင်ချက်နှင့် ပတ်သက်၍ သက်ဆိုင်ရာသို့ ကန့်ကွက်ခြင်း၊ ဝေဖန်ခြင်း တစုံတရာ မပြုလုပ်ခဲ့သောကြောင့် ၎င်းတို့သည် ကျမ၏ လုပ်ရပ်ကို လက်ခံသဘောတူသည်ဟု ထင်မြင်ရပါသည်။ တရားလိုပြသက်သေတဦးအား ပြန်ခေါ်စစ်မေးရာတွင် ကျမ၏ နေအိမ်ခြံဝင်း လုံခြုံရေးအတွက် အာဏာပိုင်နှင့် ကျမတို့ ပူးတွဲတာဝန်ရှိပါသည်ဟု ထွက်ဆိုခဲ့ပါသည်။ ယင်းထွက်ဆိုချက်မှာ လုံးဝ မမှန်ကန်ပါ။

၆ ။ ။ ကျမအပေါ် စွဲဆိုထားသည့် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပုဒ်မ ၂၂ အရ တားဆီးမိန့်၊ ကန့်သတ်မိန့်များကို ချိုးဖောက်သည်ဟု စွပ်စွဲထားပါသည်။

က - ယခု ရုံးရှေ့ တရားလိုပြသက်သေများ၏ ထွက်ဆိုချက်များ၊ သက်သေခံ ဆက်လက် တားဆီးမိန့်များအရ စည်းကမ်းချက်များကို ကျမက ဖောက်ဖျက်ခြင်း မရှိကြောင်း ထင်ရှားပေါ်ပေါက်နေပါသည်။

ခ - ကန့်သတ်မိန့်မှာ ၁၉၇၄ ခုနှစ်၊ ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ မူလအခွင့်အရေးကို ကန့်သတ်မှု သို့မဟုတ် ရုပ်သိမ်းမှုဖြစ်ကြောင်း တရားလိုဘက်က ထွက်ဆိုခဲ့ကြပါသည်။ ယင်းဖွဲ့စည်းပုံ အခြေခံဥပဒေသည် ၁၉၈၈ ခုနှစ်၊ စစ်တပ် အာဏာသိမ်းသည့် နေ့မှစ၍ အာဏာတည်ခြင်းမရှိ၊ ပြိုကျပျက်စီးသွားပြီ ဖြစ်ပါသည်။ အာဏာတည်ခြင်း မရှိသည့် ဥပဒေ၏ ပုဒ်မများအရ ကန့်သတ်အမိန့်မှာလည်း တရားဝင်မှု မရှိပါ။

၇ ။ ။ ယခု အမှုဖြစ်ပွားရသည့် အရင်းခံ အကြောင်းအရင်းမှာ လုံခြုံမှု၊ လုံခြုံရေး လစ်ဟင်းမှု သို့မဟုတ် လုံခြုံရေး ဖောက်ဖျက်မှု ဖြစ်သော်လည်း ယခုအချိန်ထိ လုံခြုံရေးဆိုင်ရာ တာဝန်ရှိမှုနှင့် စပ်လျဉ်းပြီး အရေးယူမှုခြင်း မရှိဘဲ၊ ကျမကိုသာ အရေးယူ တရားစွဲခြင်းမှာလည်း ဘက်လိုက်ဆောင်ရွက်ခြင်း ဖြစ်ပါသည်။

၈ ။ ။ ကျမသည် တရားလိုဘက် စွပ်စွဲသည့် ပြစ်မှုကို ကျူးလွန်ခြင်း မရှိကြောင်း ကျမ၏ တင်ပြချက်ကို တင်သွင်းပါသည်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်။







Rest of your post

2009 May 23 NCUB Statement on UN EU Asean Should Travel to Burma Now


2009 May 23 NCUB Statement on UN EU Asean Should Travel to Burma Now 2009 May 23 NCUB Statement on UN EU Asean Should Travel to Burma Now msoe9872




Rest of your post

မလေးရှားမြန်မာသံရုံးက အကျင့်ပျက်ပွဲစားများနှင့် ပေါင်းစားနေ


ကျော်သိင်္ခ
မေလ ၂၁ ရက်

မလေးရှားတွင် မြန်မာပတ်စ်ပို့ဖြင့် လက်ရှိအလုပ်လုပ်နေသော အလုပ်သမားတစ်ဦး၏ ပေးပို့စာကို ၄င်း၏ ဆန္ဒအရ ပြန်လည် ဖော်ပြခြင်းဖြစ်ပါသည်။

မလေးရှားနိုင်ငံတွင် မြန်မာပြည်မှ တရားဝင်အလုပ်သမားပေါင်း မြောက်များစွာလာရောက် အလုပ်လုပ်ကိုင်နေကြပါသည်။ ထိုကဲ့သို့ အလုပ်လာလုပ်ကြရာတွင် ပုံမှန်အားဖြင့် လုပ်အားခ တစ်နေ့ ရင်းဂစ် ၁၈ မှ ၂၀ သာရရှိပြီး Overtime အချိန်ပိုလုပ်အားခကိုလည်း အဓိက အားထားနေရပါသည်။ တစ်လကို ရင်းဂစ် ၉၀၀၊ ၁၀၀၀ လောက်ရလျှင်ပင် အတော်လေး အဆင်ပြေသော အလုပ်ဟုပင်ဆိုသော်လည်း ထို ၉၀၀-၁၀၀၀ ထဲမှ လဲဗီးကြေး တစ်လလျှင် ၁၅၀-၂၀၀ ခန့်နုတ်ပါသေးသည်။ ထို့အပြင် နေ့စဉ်စားသောက်စရိတ် ချိုးခြံချွေတာ စားမည်ဆိုလျှင် တစ်လကို ၁၅၀-၂၀၀ ခန့် ကုန်ကျပါသည်။ အခြေခံလိုအပ်သော ပစ္စည်းအသေးအမွှား ၀ယ်ယူစရိတ်၊ ခရီးသွားလာစရိတ် စသဖြင့် နုတ်လိုက်လျှင် တစ်လအသားတင် လစာမှာ ၅၀၀-၆၀၀ ၀န်းကျင်လောက်သာ ကျန်နိုင်ပါသည်။ ထိုကဲ့သို့ အဆင်မပြေသော အလုပ်သမားများ၏ဘ၀ကို မစာနာပဲ ခေါင်းပုံဖြတ် မသမာစီးပွားရှာနေသောသူများ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးအတွင်း၌ ရှိနေကြောင်း သံရုံးအား လေ့လာစောင့်ကြည့်နေသူတစ်ဦးမှ သတင်းပေးပို့ခဲ့ပါသည်။

သံရုံးအတွင်း၌ဖြစ်ပေါ်နေသော မသမာစီးပွားရေးသ မားတစ်စုမှာ မြန်မာ Passport ကို သံရုံးကောင်တာ၌ သက်တမ်း တိုးမည်ဆိုလျှင် ပုံမှန်အားဖြင့် မနက်တင် ညနေလောက်မှ ရပြီး အဆိုပါ သံရုံးအတွင်းရှိ ပွဲစားများထံ၌ မိနစ် ၂၀ အတွင်း ရရှိနိုင်ပါသည်။ သို့သော် ထိုသူများအား တစ်ယောက်လျှင် ရင်းဂစ် ၅၀ ပိုပေးရပါသည်။

ထို့အပြင် ၀င်ငွေခွန် မပေးဆောင်ပဲ သက်တမ်းတိုးမည်ဆိုလျှင် ပွဲစားအား သက်တမ်းတိုးကြေး ရင်းဂစ် ၄၀၀ သာပိုပေးလိုက်ရုံဖြစ်ပါသည်။ တရားဝင်သက်တမ်းတိုးကြေးမှာ ရင်းဂစ် ၆၀၀ ဖြစ်၍ ပွဲစားကို ၄၀၀ ပိုပေးပြီး ရင်းဂစ် ၁၀၀၀ ဖြင့် ၀င်ငွေခွန်ဆောင်ရန်မလို သက်တမ်း တိုးပြီးသား စာအုပ်ကို ရရှိနိုင်ပါသည်။ အကယ်၍ Passport စာအုပ်ပျောက်ဆုံး၍ အသစ်ပြန်လျှောက်မည်ဆိုပါက ရင်းဂစ် ၁၅၀-၂၀၀ ပေးရပါမည်။ စာအုပ်ပျောက်ဆုံးလျှောက်ထားချိန်၌ နေထိုင်ရန် သံရုံးမှ ထောက်ခံစာထုတ်မည်ဆိုလျှင် တစ်စောင်လျှင် ၅၀ပေးရပါသည်။ ထို့အပြင် စာအုပ်စာမျက်နှာကုန်ဆုံး၍ စာအုပ်အသစ်လျှောက်လျှင် ၁ ပတ်မှ ၂ ပတ်အထိကြာမြင့်တတ်ပါသည်။ သို့သော် ပွဲစားများထံ တွင် နေ့ချင်းပြီး ရရှိနိုင်၍ မလေးရင်းဂစ် ၇၀၀ တိတိ ပိုပေးရပါသည်။ သာမန်အားဖြင့် စာအုပ်အသစ်တစ်အုပ်လျှင် ရင်းဂစ် ၁၂၀၀ ဟု သတ်မှတ်ထားသဖြင့် ပွဲစားများအား စာအုပ်အမြန်ရလိုသူများက ရင်းဂစ် ၁၉၀၀ ပေးလိုက်ခြင်းဖြင့် နေ့တွင်းချင်း ရရှိနိုင်ပါသည်။

ထိုကဲ့သို့ ကိစ္စအ၀၀ မြောက်များစွာ အစုံအလင်ကို အဘယ့်ကြောင့် မလေးရှားရှိ မြန်မာသံရုံးကောင်တာတွင်တမျိုး အဆိုပါ ပွဲစားများတွင်တမျိုး ဖြစ်နေရသည်ကို လူတိုင်းတွေးဆကြည့်နိုင်ပါလိမ့်မည်။ ထိုကိစ္စရပ်များနှင့် ဆက်စပ်မည် ထင်သော သတင်းတစ်ခု ကိုပါ တစ်လက်စတည်း သိစေချင်ပါသည်။ မြန်မာအလုပ်သမားပေါင်း ၃၀၀ ကျော် ရှိသော Outsourcing Company တခုမှာ အခြားသော Company များသို့ အလုပ်သမား အငှားချပေးထားသော အလုပ်သမားများထဲမှ စာအုပ်သက်တမ်းတိုးဖို့လိုလျှင် အဆိုပါ Outsourcing Company မှ အလုပ်သမားများကို သံရုံးသို့လိုက်စရာမလိုပဲ သံရုံးသို့ ပေးဆောင်ရမည့် တရားဝင်သက်တမ်း တိုးကြေးအပြင် ၀န်ဆောင်ခအတွက် ရင်းဂစ် ၃၀၀ လစာထဲမှ ဖြတ်တောက်ခြင်းခံရကြောင်း သိရပါသည်။

မည်သည့်အတွက်ကြောင့် ရင်းဂစ် ၃၀၀ ဖြတ်သည်ကို မေးသည့်အခါ သံရုံးကောင်တာမှဝန်ထမ်းများက ကာယကံရှင် မပါလျှင် ကိုယ်စားလာလုပ်၍ မရကြောင်း၊ သို့သော် သံရုံးနှင့်ပေါင်းစားနေကြသော ပွဲစားများနှင့်လုပ်လျှင် ရကြောင်း၊ ထိုပွဲစားကိုလဲ ပေးရကြောင်း၊ ကျန်တာက ကားခ၊ လာရောက်ဆောင်ရွက်ခ စုစုပေါင်း တစ်ယောက်ကို ရင်းဂစ် ၃၀၀ ပေးရကြောင်း ထိုကုပ္မဏီမှ လိုက်လံဆောင် ရွက်ပေးသူ မလေးတရုတ်က ပြောပါသည်။ ပြည်သူများ အကျိုးဆောင်ရွက်ရန် ဖွင့်လှစ်ထားသော သံရုံးအတွင်း၌ မြန်မာပြည်သားအလုပ်သမားများ အပေါ်၌ မသမာသောနည်းလမ်းများဖြင့် စီးပွား ရှာနေသောသူများကို သံရုံးအတွင်းရှိ အကြီးအကဲ များမည်သည့် အကြောင်းနှင့် မျက်စိစုံမှိတ်ငြိမ်နေကြပါသနည်း။ အကြီးအကဲများကိုယ်တိုင် ဆောင်ရွက်လျှင် နာမည်ပျက်မည်စိုး၍ သံရုံးအကြီးအကဲမှာ ထိုပွဲစားများကို စေခိုင်းထားခြင်း ဖြစ်သည်။ ထို့အပြင် သက်တမ်းတိုးလျှင် ၅၀၊ ပျောက်ဆုံးလျှင် ၁၅၀၊ စာအုပ်အမြန်ထုတ် ၅၀၀၊ အခွန်မဆောင်လိုလျှင် ၁၀၀၀ စသဖြင့် ဈေးနှုန်းများ အတိအကျရှိခြင်း၊ အဆိုပါဈေးနှုန်းများမှာ သံရုံးမှ ချမှတ်ထားသော ဈေးနှုန်းများဖြစ်ခြင်း၊ ထိုကိစ္စများကို ပြင်ပပွဲစားများက လာရောက်ဆောင်ရွက်ပေး လျှင် ထိုပွဲစားများကို မောင်ထုတ်ခြင်း၊ သို့ပါလျှက် သံရုံး၏ လက်ဝေခံပွဲစားများမှာ သံရုံးနှင့်ပေါင်းကာ မည်သည့်ကိစ္စမဆို လွယ်ကူလျှင်မြန်စွာ ဆောင်ရွက်နိုင်ခြင်း စသည်များကို ကြည့် ခြင်းဖြင့် မလေးရှားနိုင်ငံရှိ မြန်မာသံရုံးတွင် အကျင့်ပျက်ချစားမှုများ ရှိနေကြောင်း အများသိစေရန် ဆန္ဒမှန်ဖြင့် တင်ပြလိုက်ရပါ သည်။


Rest of your post

Friday, May 15, 2009

World leaders demand freedom for Suu Kyi




by Salai Pi Pi
Friday, 15 May 2009 22:25

New Delhi (Mizzima) - World leaders, including Ban Ki Mon, the United Nations (UN) Secretary General are being urged to pressurize the Burmese military regime for the unconditional release of Nobel Peace Laureate Aung San Suu Kyi.

Vaclav Havel, former president of the Czech Republic on Tuesday called on Ban Ki Mon to secure the release of Aung San Suu Kyi, who the junta has charged for breaching the terms of her house arrest, after John William Yettaw, a US citizen sneaked into her house in early May.

“Given Daw Aung San Suu Kyi´s fragile health and harsh conditions in Burmese prisons I am gravely concerned about her life,” Havel said in his open letter to UN’s chief on Thursday, “I, therefore, call on you to do everything in your power to procure the immediate and unconditional release of Daw Aung San Suu Kyi.”

The call from Havel came after the Burmese regime transferred Suu Kyi and her two attendants to Burma’s notorious Insein prisoner and put her on trial on Monday in connection with an American swimming to her house and staying there for two days.

On May 5, the American was picked up by security forces in Innya Lake while he was swimming back from her house.

The junta’s court framed charges against Aung San Suu Kyi for breaching of the internment order and failing to comply with this order imposed under the 1975 Law Safeguarding the State from Destructive Elements (popularly known as State Protection Law).

Under this section, it is an offence punishable by three to five years in prison or Kyat 5,000 fine or both.

However, according to Suu Kyi’s lawyer Kyi Win, she is innocent where she said, “She did not commit any crime.”

Meanwhile, the members of the Sakharov Network (SN) asked the European Union (EU) to take action against the regime over the imprisonment of their fellow Sakharov Prize winner Aung San Suu Kyi.

“We had hoped this outrageous situation would be over on May 27, when her house arrest was due to end. But it is now clear that the current maneuvers are designed to prolong her illegal and unjust imprisonment,” SN said in its press release on Thursday.

The report added, “We urge European officials, especially the Czech government, current holder of the European Union’s rotating presidency, to take all necessary measures to obtain our fellow Sakharov laureate’s release and the release of all political prisoners in Burma.

The New York based Human Rights Watch (HRW) today also said the Burmese regime took advantage of the American’s visit to Suu Kyi’s house and called for ASEAN, China and India to pressure Burma to free Suu Kyi.

“Burma’s military authorities have taken advantage of an intruder’s bizarre stunt to throw Aung San Suu Kyi into one of Burma’s most notorious and squalid jails on trumped-up charges,” said Elaine Pearson, Deputy Asia Director at Human Rights Watch in its press release on Friday. “China and India, as Burma’s main supporters, and ASEAN should condemn this injustice and use their leverage to push hard for her freedom.”

“There is no process of national reconciliation whatsoever as long as political opponents like Aung San Suu Kyi are behind bars,” Pearson in HRW’s press release added.

HRW also said that UN has tried to appease Burma’s generals for years “but, now the Secretary-General should simply insist on Aung San Suu Kyi’s unconditional release, from prison and from house arrest.

Similarly, Britain’s distinguished actors, writers, and designers and UK based Campaign group, Christian Solidarity Worldwide (CSW) joined the call for the release of Suu Kyi and other political prisoners in Burma.



Wednesday, May 13, 2009

ထိုင်းအစိုးရ စီးပွားရေး ကျားကန်ပေးပုံက



မြတ်စိုး
ကြာသပတေးနေ့၊ မေလ 07 2009 14:15 - မြန်မာစံတော်ချိန်

ထိုင်းအစိုးရ ဘဏ္ဍာရေးဝန်ကြီး ကွန်ချတီကာဗာနစ်ခ်ျ - Korn Chatikavanij က ဘတ်ငွေ ၁ ဒဿမ ၄၃ တြီလီယံ သုံးစွဲဖို့ ပြင်ဆင်နေတဲ့ ဒုတိယအဆင့် စီးပွားရေး ကျားကန်ပေးမှု အစီအစဉ်ကို ထိုင်းဝန်ကြီးများအဖွဲ့က အတည်ပြုလိုက်ပြီဖြစ်ကြောင်း ဘန်ကောက်ပို့စ်သတင်းစာမှာ ရေးသားဖော်ပြထားပါတယ်။

ထိုင်းအစိုးရရဲ့ ပထမအဆင့် စီးပွားရေးကျားကန်ပေးခဲ့မှု အစီအစဉ်တုန်းကတော့ ထိုင်းပါလီမာန်က အမေရိကန် ဒေါ်လာ ၃ ဒဿမ ၃၅ ဘီလီယံ (၁၁၆ ဒဿမ ၇ ဘီလီယံ ဘတ်) ကိုသာ သုံးစွဲဖို့ အတည်ပြု ပေးခဲ့တယ်။ ပထမအဆင့် စနစ်တကျ သုံးစွဲခဲ့တဲ့ အစီအစဉ်တွေမှာ လစာနည်းသူတွေကို ဘတ်ငွေ ၂ဝဝဝ (အမေရိကန် ၅၈ ဒေါ်လာ) ထောက်ပံ့ရေး၊ အခမဲ့ ရေနှင့် လျှပ်စစ် သုံးစွဲနိုင်မှု၊ အခမဲ့ ရထားနှင့် ဘတ်စ်ကားများ စီးနင်းနိုင်စေမှု၊ အခမဲ့ ၁၅ နှစ် ပညာရေး သင်ကြားနိုင်စေမှုနှင့် ငွေကြေး ထောက်ပံ့ပေးမှုတွေ ပါဝင်ပါတယ်။ အစိုးရတရပ်က သူတို့ပြည်သူတွေရဲ့ အခက်အခဲ၊ အကျပ်အတည်းတွေကို စနစ်တကျ တာဝန်သိသိ လုပ်ဆောင်ခဲ့တဲ့ သုံးစွဲမှု အစီအစဉ်တွေပါ။

မေလ ၆ ရက်နေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာမှာ ရေးသားဖော်ပြထားတဲ့ ငွေကြေး ၁ ဒဿမ ၄၃ တြီလီယံ ထပ်ပြီး သုံးစွဲမယ့် ထိုင်းအစိုးရရဲ့ ဒုတိယအဆင့် စီးပွားရေး ကျားကန်ပေးမှု အစီအစဉ်မှာ အစိုးရအဖွဲ့က ရေးဆွဲထားတဲ့ အထူးစီမံကိန်းတွေကို အကောင်အထည်ဖော်ရေးအတွက် သုံးစွဲသွားမှာဖြစ်ပြီး လူဦးရေ ၂ သန်းကျော်ကို အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်ဖို့ စီစဉ်ထားကြောင်း သိရပါတယ်။ ဒါ့အပြင် ထိုင်း စီးပွားရေးလုပ်ငန်းတွေ၊ နိုင်ငံတကာရှိ စီးပွားရေးပြိုင်ဘက်တွေကို ရေရှည်မှာ အသာစီး ရနိုင်ရေးအတွက် (long-term competitive advantages) အခွင့်အလမ်းတွေ ဖန်တီးပေးဖို့ အစီအစဉ်တွေ ပါဝင်ကြောင်း ထိုင်းအစိုးရ ဘဏ္ဍာရေးဝန်ကြီး ကွန် ချတီကာဗာနစ်ခ်ျ (Korn Chatikavanij) က ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

ဝန်ကြီး ကွန်ရဲ့ ပြောဆိုချက်အရ အစကနဦးက ၁ ဒဿမ ၅၆ တြီလီဘတ် သုံးစွဲဖို့ ခန့်မှန်းလျာထားခဲ့ပြီး၊ ထိုင်းနိုင်ငံရဲ့ ဒုတိယအဆင့် စီးပွားရေး ကျားကန်မယ့် အစီအစဉ်ကို ၂ဝဝ၈ ခုနှစ်ကနေ ၂ဝ၁၂ ခုနှစ်ထိ သတ်မှတ်ထားခဲ့တယ်လို့ ဆိုပါတယ်။ ဒီ ငွေအလုံးအရင်း သုံးစွဲမှုအစီအစဉ်ကို ထိုင်းပါလီမာန် လွှတ်တော်အမတ်တွေရဲ့ ခွင့်ပြုချက်ရ ရချင်း ဘဏ္ဍာရေးဝန်ကြီးဌာနက ငွေချေးငှားဖို့ ရှာဖွေစီစဉ်သွားမှာဖြစ်ပြီး၊ စီးပွားရေး ပြန်လည်နာလန်ထူလာရန်အတွက် အမြန်ဆုံး သုံးစွဲသွားမယ်လို့ ဆိုပါတယ်။

တိုင်းပြည်အတွင်း ငွေလည်ပတ်မှု (Sufficient Liquidity) အဆင်ပြေ ချောမောနေတာကြောင့် လျာထားတဲ့ ဘဏ္ဍာရေးဆိုင်ရာ ခွဲဝေသုံးစွဲမှု (budget allocation) နဲ့ ချေးငွေတွေကို တိုင်းပြည်အတွင်းမှာပဲ အဓိက ငွေလည်ပတ်နိုင်အောင် သုံးစွဲသွားမယ်လို့ ပြောဆိုသွားပါတယ်။ လောလောဆယ် ထိုင်းအစိုးရရဲ့ ဘဏ္ဍာရေး အခြေအနေဟာ အားကောင်းမှု ရှိနေပြီး၊ ပြည်သူတွေရဲ့ ကြွေးမြီ (Public Debt) တင်ရှိတာဟာ မြင့်မားမှု မရှိဘူးလို့ ထုတ်ဖော်ပြောဆိုသွားပါတယ်။ ဆိုလိုတာက ဘဏ်တွေမှာ ထုတ်ချေးနိုင်တဲ့ ငွေကြေး အရင်းအနှီးတွေ၊ အစိုးရက အာမခံပေးနိုင်မှုတွေ အားကောင်းနေသေးတယ် ဆိုတာကို အတည်ပြု ပြောဆိုသွားတာပါ။

ငွေအလုံးအရင်း ခွဲဝေသုံးစွဲပြီး စီးပွားရေး ကျားကန်ပေးမယ့် အစီအစဉ်ကြောင့် တိုင်းပြည်က တင်ရှိမယ့် ကြွေးမြီဟာ တိုင်းပြည်ကုန်ထုန်လုပ်မှုရဲ့ ၄ဝ ရာခိုင်နှုန်းကနေ ၆ဝ ရာခိုင်နှုန်းအထိ ၂ဝ၁၃ ခုနှစ်မှာ တိုးမြှင့်သွားနိုင်ပေမယ့်၊ ဒီလိုသုံးစွဲမှုကြောင့် ထိုင်း ဆင်းရဲသား ပြည်သူလူထုတွေ၊ အလုပ်သမားတွေ၊ ထိုင်း စီးပွားရေး လုပ်ငန်းရှင်တွေအနေနဲ့ စီပွားရေး ပြန်လည်နာလန်ထူလာနိုင်မယ့် အခွင့်အလမ်းတွေ ရရှိကြမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီလို ငွေကြေးအမြောက်အမြား ရင်းနှီးမြှုပ်နှံသုံးစွဲမှုကြောင့် တိုင်းပြည်ရဲ့ ကြွေးမြီဟာ ၂ဝ၁၄ ခုနှစ်ကစပြီး ပြန်လည်ကျဆင်းသွားမှာဖြစ်ပြီး၊ ၂ဝ၁၈ ခုနှစ်မှာ ၄၇ ရာခိုင်နှုန်းသာ ကျန်ရှိလိမ့်မယ်လို့ ခန့်မှန်းတွက်ဆကြောင်း ဖော်ပြထားပါတယ်။

အစိုးရအဖွဲ့က ဘဏ္ဍာရေး သုံးစွဲမှုတွေကို ဖြတ်တောက်လျှော့ချခဲ့တာကြောင့်၊ တချို့ စီမံကိန်းတွေကို သက်ရောက်မှု ရှိလိမ့်မယ်ဖြစ်ပြီး၊ ဘယ် စီမံကိန်းတွေကို သုံးစွဲမှု လျှော့ချမလဲ ဆိုတာကိုတော့ တာဝန်ရှိတဲ့ သက်ဆိုင်ရာ ဘဏ္ဍာရေးကော်မတီက ပြန်လည်သုံးသပ်ပြီး ဆုံးဖြတ်သွားမယ်လို့ ဆိုတယ်။ ဘဏ္ဍာရေး သုံးစွဲမှုတွေကို ဖြတ်တောက်လျှော့ချခဲ့တဲ့ စီမံကိန်းတွေထဲမှာ စစ်တပ်အသုံးစရိတ်တွေ လျှော့ချမှုတွေလည်း ပါရှိကြောင်း သိရပါတယ်။

ထိုင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ် စူသစ်သောင်ဆုဘန်း - Suthep Thaugsuban က အစိုးရရဲ့ လက်ရှိ ခန့်မှန်းတွက်ဆထားတဲ့ ကိန်းဂဏန်းတွေအရ အစိုးရရဲ့ ဝင်ငွေဟာ ဘတ်ငွေ ၂ဝဝ ဘီလီယံကျော် လျော့ကျနေတာကြောင့် စစ်တပ်ရဲ့ အသုံးစရိတ်တွေ လျှော့ချမှု အမှန်တကယ် လိုအပ်နေတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ထိုင်း ကာကွယ်ရေး စစ်ဦးစီးချုပ် အနုပေါင် ပိုဂျင်ဒါ - Anupong Paojinda က စစ်တပ်အသုံးစရိတ်တွေကို လျှော့ချဖို့ ဆုံးဖြတ်ခဲ့တဲ့ အစိုးရအဖွဲ့ရဲ့ ဘဏ္ဍာရေးခွဲဝေသုံးစွဲမှု အစီအစဉ်ကို သဘောတူ ထောက်ခံခဲ့ပြီး၊ အစိုးရအဖွဲ့ ဆုံးဖြတ်ချက်အတိုင်း စစ်လက်နက် ဝယ်ယူမှု၊ တခြား စစ်တပ်သုံးစွဲမှု အစီအစဉ်တွေကို ဖြတ်တောက်ခြင်း၊ ရပ်ဆိုင်းခြင်းတွေ ပြုလုပ်မယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။ အသေးစိတ် အစီအစဉ်နဲ့ ကိန်းဂဏန်း အချက်အလက်တွေကိုတော့ ထုတ်ဖော်ပြောဆိုခဲ့တာမျိုး မရှိသလို၊ အစိုးရအဖွဲ့ကလည်း ဆုံးဖြတ်ချက် အတိအကျ မချရသေးပါဘူး။

ထိုင်း ကာကွယ်ရေး စစ်ဦးစီးချုပ် အနုပေါင် ပိုဂျင်ဒါ - Anupong Paojinda က စစ်တပ် အသုံးစရိတ်ကို ဦးစားပေး ဆွေးနွေးနေရေးထက် လက်ရှိ တိုင်းပြည်မှာ ရင်ဆိုင်နေရတဲ့ အကျပ်အတည်း ပြဿနာတွေကို ဦးစားပေး ဖြေရှင်းဖို့က ပိုပြီး အရေးကြီးပါတယ်၊ တိုင်းပြည်ရဲ့ တခြား အရေးကြီးတဲ့ အကျပ်အတည်းတွေကို ဦးစားပေး ဖြေရှင်းကြပါလို့ ထုတ်ဖော်ပြောဆိုသွားကြောင်း တင်ပြလိုက်ရပါတယ်။



Rest of your post

Thursday, May 7, 2009

တနှစ်ပြည့် နာဂစ်ဒေသ၏ နောက်ဆုံးအစီရင်ခံစာ

မြတ်စိုး
အင်္ဂါနေ့၊ မေလ 05 2009 13:32 - မြန်မာစံတော်ချိန်
မဇ္ဈိမ သတင်းဌာန


နာဂစ် ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခဲ့သည်မှာ တနှစ်တိုင်ခဲ့ပါပြီ။ မုန်တိုင်း တိုက်ခတ်ပြီး နောက်ပိုင်းတွင် ဖြစ်ပေါ်ရင်ဆိုင်နေသည့် အခက်အခဲများကို လူမှုရေး အဖွဲ့များ၊ မြန်မာပြည်တွင် တရားဝင် လုပ်ကိုင်နေသည့် NGO အဖွဲ့များ၊ ကုလသမဂ္ဂမှ သက်ဆိုင်ရာ အဖွဲ့များ၏ အစီရင်ခံစာများကို မကြာခဏဆိုသလို သတင်း စာမျက်နှာများတွင် ဖတ်ရှုနေရသည်။

အစီရင်ခံစာများတွင် တူညီနေသော အချက်မှာ အစားအသောက်များ၊ ကူညီထောက်ပံ့များ လိုအပ်နေမှု၊ သောက်သုံးရေသန့် အခက်အခဲများ ဖြစ်ပေါ်နေမှု၊ အိုးမဲ့အိမ်မဲ့ ဖြစ်နေမှု၊ စိတ်ပိုင်းဆိုင်ရာနှင့် စီးပွားရေး ပြန်လည်နာလံထူလာခြင်း မရှိသေးမှု၊ နာဂစ်ဒေသများတွင် စိုက်ထားသော စပါး အပါအဝင် ကောက်ပဲသီးနှံများ ပျက်စီးနေမှု၊ နာဂစ်ဒေသအတွင်း တောင်သူလယ်သမားများ အရှုံးပေါ်ပြီး လယ်ယာမြေများ ဆုံးရှုံးနေမှု၊ ဝင်ငွေ ရရှိနိုင်မည့် အလုပ်အကိုင်များ ရှားပါးနေမှု၊ တောင်သူလယ်သမားများ ကြွေးမြီတင်ရှိနေမှု စသည့် အချက်အလက်များကို တူညီစွာ ဖော်ပြ အစီရင်ခံထားခဲ့ကြသည်။

ထိုအစီရင်ခံစာများတွင် ပါရှိသော မုန်တိုင်းဒဏ်ခံ ဒေသများအတွင်း ပျက်စီးနေသေးသော အခြေအနေများ၊ ရင်ဆိုင်နေရသော အခက်အခဲ ပြဿနာများ၊ လယ်ယာစိုက်ပျိုးရေးနှင့် သက်ဆိုင်သော ကိန်းဂဏန်း အချက်အလက်များ အတိအကျ သိရှိနိုင်ရန်အတွက်လည်းကောင်း၊ မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကို အခြေခံသော စီးပွားရေး အခြေအနေများကို သိရှိနားလည်နိုင်ရန်အတွက်လည်းကောင်း နိုင်ငံတကာမှ လယ်ယာစိုက်ပျိုးရေး ကျွမ်းကျင်သူပညာရှင်များ ပါဝင်သော အဖွဲ့သည် မြန်မာနိုင်ငံအတွင်း တရားဝင် အကူအညီပေးနေသော နိုင်ငံတကာ NGO အဖွဲ့များမှ ဝန်ထမ်းများ၊ မြန်မာပြည်ရှိ ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့ - FAO မှ တာဝန်ထမ်းဆောင်နေသူများ၊ မြန်မာနိုင်ငံ လယ်ယာစိုက်ပျိုးရေး ဝန်ကြီးဌာန လက်အောက်ရှိ ဝန်ထမ်းများ၊ ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ်မှ ပညာရှင်များ၊ ကျောင်းသားများ၊ မြန်မာ့စီးပွားရေး သုတေသီပညာရှင်များနှင့် ပူးပေါင်းပြီး နာဂစ်တိုက်ခတ်ခဲ့သော ပြည်နယ်နှင့် တိုင်းများရှိ ကျေးလက်တောရွာများသို့ အဖွဲ့များ အသီးသီးခွဲ၍ ၂ဝဝ၉ ခုနှစ် ဇန်နဝါရီလက ၂ ပတ်ကြာ ကွင်းဆင်းလေ့လာ၊ သုတေသန ပြုခဲ့ကြကြောင်း သိရှိခဲ့ရသည်။

ယခုလို နာဂစ်ဒေသများသို့ ကွင်းဆင်းလေ့လာ၊ သုတေသနပြုချက်များအရ ၂ဝဝ၉ ခုနှစ်တွင် ဆန်စပါးထွက်နှုန်း သိသာစွာ ကျဆင်းသွားလိမ့်မည်ဟု ခန့်မှန်းတွက်ဆနေကြသည်။ စိုက်ထားသော စပါးများ၏ သုံးပုံတပုံသာ ထွက်ရှိလိမ့်မည်ဟု ခန့်မှန်းတွက်ဆခဲ့ကြပြီး၊ ပြင်ဆင်မှုများ၊ အရေးယူဆောင်ရွက်မှုများ ပြုလုပ်ခြင်း မရှိလျှင် တတိယ နှစ်ပတ် (စက်တင်ဘာလခန့်) စားနပ်ရိက္ခာရှားပါးမှုနှင့် စတင်ရင်ဆိုင်ရမည်ဟု ခန့်မှန်းတွက်ဆနေသည်။ နာဂစ်ဒေသအတွင်း သုတေသနပြုခဲ့ကြသည့် အစီရင်ခံစာထဲတွင် လက်ရှိ ကျေးလက်တောရွာများရှိ တောင်သူလယ်သမားများ၊ အိမ်ထောင်စုများ၏ လက်တွေ့ ရင်ဆိုင်နေကြရသော ပြဿနာများကို မီးမောင်းထိုး ဖော်ပြထားခဲ့သည်။ ကျေးလက်ဒေသများတွင် လယ်ယာစိုက်ပျိုးရေးနှင့် ပတ်သက်ပြီး အောက်ပါ အချက်အလက်များကို တွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။

(၁) တောင်သူလယ်သမားများသည် သီးနှံထွက်နှုန်းဆုံးရှုံးမှုနှင့် ဆန်စပါးဈေးနှုန်း ကျဆင်းမှုများကြောင့် ငွေကြေးဆုံးရှုံးမှု အမြောက်အမြားနှင့် ရင်ဆိုင်နေရသည်။ စပါးဈေးနှုန်းသည် ၂ဝဝ၇ ခုနှစ်တွင် တအိတ်လျှင် ၄ဝဝဝ ကျပ် ရှိရာမှ ၂ဝဝဝ ကျပ်သို့ ရောက်သွားသဖြင့် ပြီးခဲ့သည့်နှစ်ထက် ၅ဝ ရာခိုင်နှုန်း ကျဆင်းလျက်ရှိသည်။ FAO ၏ တွက်ချက်မှုအရ တအိတ်လျှင် ၂၂ဝဝ ကျပ် ဈေးနှုန်းသို့ ရောင်းချနိုင်မည် ဆိုလျှင်ပင် တောင်သူလယ်သမားများအနေနှင့် အမြတ်အစွန်း ရလိမ့်မည်မဟုတ်ဟု ဆိုသည်။ ရာသီဥတုနှင့် ဒေသတွင်းပေါ် မူတည်၍ စပါးတအိတ်လျှင် (၂ဝ ဒဿမ ၉ ကီလိုဂရမ် အိတ်/ 20.9 kg basket) ထွက်ရှိရန်မှာ ၁၅ဝဝ မှ ၃ဝဝဝ ကျပ်အထိ ကုန်ကျနေကြောင်း FAO ၏ အစီရင်ခံစာတွင် ခန့်မှန်းတွက်ဆထားသည်။ ဈေးနှုန်းသည် တအိတ်လျှင် ကျပ် ၃ဝဝဝ အရှုံးမပေါ်၊ အမြတ်မရ (Break-even price) ဆိုသော်လည်း၊ တောင်သူလယ်သမားများအနေနှင့် လုပ်အားနှင့် အချိန်များ နစ်နာခဲ့ကြသည်။ ဈေးကွက်မှာ စပါးဈေးနှုန်းကျဆင်းမှုနှင့် စပါးအထွက်နှုန်း နည်းနေသဖြင့် ယခင်နှစ်များတွင် တင်ရှိခဲ့သော ကြွေးမြီများကို ပြန်မဆပ်နိုင်ဘဲ ဖြစ်နေသည်။ စပါးထုတ်လုပ် စိုက်ပျိုးရာတွင် ငွေကြေးဆုံးရှုံးနိုင်သည့် အန္တရာယ်များ အမြင့်ဆုံး အနေအထားသို့ ရောက်ရှိနေသဖြင့် ကျေးလက်ဒေသများရှိ တောင်သူလယ်သမားများသည် လယ်ယာလုပ်ငန်းကို စွန့်ပစ်လာနိုင်ပြီး၊ စပါးအထွက် နည်းပါးလာမည်ဟု ဖော်ပြထားသည်။

(၂) ငွေချေးငှားမှု အခက်အခဲများ ရင်ဆိုင်နေရသည်။ မြန်မာလယ်ယာဖွံ့ဖြိုးမှုဘဏ် (Myanmar Development Bank - MADB) က အမတော်ချေးငွေ ကျပ်ငွေ ၈ဝဝဝ ချေးငှားထောက်ပံ့ခဲ့သည်။ ယခင်နှစ်များတွင် ထပ်မံလိုအပ်သည့် ငွေကြေးကို တလလျှင် အတိုးနှုန်း ၁ဝ-၁၂ ရာခိုင်နှုန်း (သို့) ရွှေပေါင်ဖြင့် ၅ ရာခိုင်နှုန်းဖြင့် ချေးငှားနိုင်သော်လည်း၊ ယခုနှစ်တွင် အတိုးနှုန်းမြှင့်ပေးလျှင်လည်း ငွေချေးငှားမည့်သူ မရှိဘဲ ဖြစ်နေကြောင်း တွေ့ရသည်။ ထို့အတူ နာဂစ်မုန်တိုင်းကြောင့် ပိုင်ဆိုင်မှုများ မရှိတော့သဖြင့် တောင်သူ လယ်သမားများအနေနှင့် တိရစ္ဆာန် (ကျွဲ၊ နွား) ပေါင်၊ ရွှေပေါင်လည်း မလုပ်နိုင်တော့ကြောင်း သိရှိရသည်။

(၃) ကျေးလက်များရှိ တောင်သူလယ်သမားများသည် ကြွေးမြီမြောက်မြားစွာ တင်ရှိနေကြသည်။ လယ်ဧက ၁ဝ ဧကမှ ၁၅ ဧက ပိုင်ဆိုင်ကြသည့် လယ်သမားတိုင်း၊ အိမ်ထောင်စုတိုင်းတွင် အကြွေးတင်ရှိနေပြီး၊ ကျေးလက် တောင်သူလယ်သမား အများစုသည် တဦးလျှင် ကျပ် ၅ဝဝ,ဝဝဝ မှ ၇ဝဝ,ဝဝဝ ထိ (အမေရိကန် ဒေါ်လာ $ ၄၁၅ - ၅၈၃) အကြွေးတင်ရှိနေကြောင်း ဆိုသည်။

(၄) ကြွေးမြီတင်ရှိနေသဖြင့် ကျေးလက်နေ တောင်သူလယ်သမားများသည် မိမိတို့ ပိုင်ဆိုင်သော လယ်ယာမြေ ဆုံးရှုံးမှုများကို ရင်ဆိုင်နေရသည်။ သွားရောက်ကွင်းဆင်းခဲ့သော နာဂစ်ဒေသများ၌ အိမ်ထောင်စုများ၏ ၇ဝ ရာခိုင်နှုန်းသည် မြေယာမဲ့ ဖြစ်နေပြီး၊ လပွတ္တာ၊ ဘိုကလေးမြို့နယ်များရှိ ကျေးလက်ဒေသများတွင် ၅ဝ ရာခိုင်နှုန်းသော အိမ်ထောင်စုများသည် မြေယာမဲ့ ဖြစ်နေကြောင်း တွေ့ရှိရသည်ဟု ဖော်ပြထားသည်။ အထက် မြန်မာပြည်၌မူ ၂၅ မှ ၄ဝ ရာခိုင်နှုန်းသည် မြေယာမဲ့ ဖြစ်နေကြောင်း ဆိုသည်။

(၅) ငွေကြေးရနိုင်သော အလုပ်မျိုး မရှိသဖြင့်၊ ကျေးလက်နေ မိသားစုများသည် ဝင်ငွေမရှိ ဖြစ်နေသည်။

(၆) ကျေးလက်မိသားစုနှင့် တောင်သူလယ်သမားများသည် ဝင်ငွေနှင့် ပိုင်ဆိုင်မှုများ မရှိတော့သဖြင့် နာဂစ် ဒေသအတွင်း ဝယ်လိုအားနှင့် ရောင်းလိုအား သိသာစွာ ကျဆင်းနေကြောင်း တွေ့ရသည်။ လယ်ယာစိုက်ပျိုးရေး ကိရိယာများ၊ ဓာတ်မြေသြဇာယူမှုများ၊ ရောင်းအား ၃ဝ - ၅ဝ ရာခိုင်နှုန်း ကျဆင်းနေကြောင်း တွေ့ရှိရသည်။

(၇) လယ်ယာစိုက်ပျိုးရေးတွင် ထုတ်လုပ်မှုပိုင်း၌ နည်းပညာနှင့် ကိရိယာများသည် ခေတ်နောက်ကျနေခြင်း၊ လိုက်လျောညီထွေ မရှိခြင်း၊ တိုးမြှင့်ကောက်ခံနေသည့် အခွန်အကောက် အမျိုးမျိုးကြောင့် ကုန်ထုတ်လုပ်မှုစရိတ် မြင့်မားနေခြင်း၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍ၌ စီမံခန့်ခွဲမှု အားနည်းနေခြင်း၊ ခြစားမှု ဖြစ်ပေါ်နေခြင်းကို တွေ့ခဲ့ရသည်ဟု ဖော်ပြထားသည်။ (ဥပမာ - ရန်ကုန်ဆိပ်ကမ်း ကုန်တင်ချမှုသည် ကမ္ဘာတွင် ဈေးအကြီးဆုံးနှင့် အညံ့ဆုံး ဆိပ်ကမ်းဖြစ်ကြောင်း ဖော်ပြထားသည်။ အရည်အသွေး မြင့်မားသည့် မျိုးစပါးများ စိုက်ပျိုးနိုင်မှုနှင့် အရည်အသွေး ကောင်းမွန်ပြီး၊ ဈေးနှုန်းချိုသာသည့် ဆန်စက်များ တည်ဆောက်နိုင်မှု ပါဝင်သည်။) တနည်းအားဖြင့် လယ်ယာစိုက်ပျိုးရေးကို အခြေခံသည့် ကျေးလက်ဒေသများတွင် (Development for Rural Infrastructure) ကျေးလက်ဒေသ ဖွံ့ဖြိုးရေးကို စနစ်တကျ စီမံကိန်းများဖြင့် သေချာစွာ ပြုလုပ်သင့်ကြောင်း ဖော်ပြထားသည်။

(၈) လက်ရှိ ရင်ဆိုင်နေရသော ကမ္ဘာ့စီးပွားရေးပျက်ကပ် အကျိုးဆက်များ သက်ရောက်မှု ရှိနေသဖြင့်၊ ရောင်းချနေသော ဆန်ဈေးနှုန်းများသည် ဈေးကွက်တွင် ကျဆင်းမှု အန္တရာယ်များ ရင်ဆိုင်နေရသည်။

(၉) နောက်ဆုံးတွင် ကျေးလက်များရှိ တောင်သူလယ်သမားများသည် စွန့်စားဝမ်းစာရှာမှုများ၊ ကြီးပွားတိုးတက်လိုစိတ်များ၊ စီးပွားရေး အမြန်ဆုံး ပြန်လည်နာလံထူလာလိုစိတ်များကို အားတက်သရော တွေ့ခဲ့ရကြောင်း ဖော်ပြထားသည်။

လက်တွေ့ ကွင်းဆင်းလေ့လာမှုတွင် ပါဝင်ခဲ့သည့် ကျွမ်းကျင်သူ ပညာရှင်များက နာဂစ်ဒေသအတွင်း ကျေးလက်တောင်သူဦးကြီးများ၊ ကျေးလက်အိမ်ထောင်စုများသည် လက်ရှိ ရင်ဆိုင်နေရသည့် အခက်အခဲ၊ အကျပ်အတည်းများကို အရေးပေါ်ကူညီရန် တင်ပြထားသော အကြံပြုချက်များမှာ -

(၁) ကျေးလက် တောင်သူလယ်သမားများအတွက် စိုက်ပျိုးစရိတ် ချေးငွေကို ကျပ် ၈ဝဝဝ မှ ကျပ် ၈ဝဝဝဝ ၊ ၁ဝ ဆအထိ ငွေအလုံးအရင်း ချေးငှားပေးသင့်ကြောင်း တွက်ချက်ယူဆထားကြသည်။

(၂) စပါးဈေးနှုန်းကို တိုးမြှင့်ပေးရမည်။

(၃) နာဂစ် ဒေသများတွင် တောင်သူလယ်သမားများ၊ အိမ်ထောင်စုများသည် ဝင်ငွေ မရှိသဖြင့် လက်ရှိ စစ်အုပ်စုမှ ငွေကြေးထောက်ပံ့မှု အစီအစဉ်များ (Stimulus Package) အမြန်ဆုံး ပြုလုပ်ပေးရမည်။

(၄) ဝင်ငွေရရှိနိုင်မည့် အလုပ်အကိုင်များ ဖန်တီးပေးသင့်သည်။

(၅) လယ်ယာစိုက်ပျိုးရေး ကဏ္ဍ၌ ထုတ်လုပ်မှု ပိုမို၍ သာလွန်ကောင်းမွန် လာနိုင်စေရန် ရင်းနှီးမြှုပ်နှံမှုများ၊ သုတေသန ပြုမှုများတွင် ငွေကြေး အလုံးအရင်း ပိုမို၍ သုံးစွဲမှု ပြုရမည်။

(ဓာတ်မြေသြဇာစက်ရုံများ တည်ဆောက်ခြင်း၊ မျိုးကောင်း စပါးများ မှာယူထောက်ပံ့ပေးခြင်း၊ ပိုးသတ်ဆေး၊ လောင်စာဆီများ လုံလောက်စွာ ထောက်ပံပေးခြင်း၊ စပါး သိုလှောင်မှု၊ အရည်အသွေး ကောင်းမွန်သော ဆန်စက်များ တည်ဆောက်ခြင်းတို့ ပါဝင်သည်။

နာဂစ် ဆိုင်ကလုန်း တိုက်ခတ်ခံခဲ့ရပြီးနောက် ရင်ဆိုင်းနေရသော အခက်အခဲ၊ အကျပ်အတည်းများကို ဖြေရှင်းကျော်လွှားနိုင်ရေးအတွက် နိုင်ငံတကာမှ ထောက်ပံ့ကူညီမှု အလုံးအရင်းဖြင့် ရရှိနိုင်ရန် အမြန် လိုအပ်နေသည်။ နိုင်ငံတကာရှိ အစိုးရအဖွဲ့များ၊ လူသားချင်း စာနာထောက်ပံ့ပေးနေသော နိုင်ငံတကာ အဖွဲ့အစည်းများနှင့် စစ်အုပ်စုအကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်နိုင်ရန် စစ်အုပ်စုမှ ထိန်းချုပ်ထားသော အကန့်အသတ်များကို အမြန်ဆုံး ဖယ်ရှားပေးရန် လိုအပ်ကြောင်းနှင့် နိုင်ငံတကာနှင့် ဆက်ဆံရေး ကောင်းမွန်လာစေရန် ဟန့်တားနေသော နိုင်ငံရေးဆိုင်ရာ အခြေအနေကို တိုးတက်အောင် အမြန်ဆုံး ပြုပြင်ပြောင်းလဲရန် လိုအပ်သည်။ လက်တွေ့ကျသော နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု အလျင်အမြန် ပြုလုပ်ပြီး၊ အမှန်အကန် အရေးပေါ် လိုအပ်နေသော စီမံကိန်းများတွင် ငွေကြေးသုံးစွဲမှု ပြုလုပ်ရန် လိုအပ်သည်။

ဥပမာ - ကြပ်ပြေး နေပြည်တော် လေယာဉ်ကွင်း တိုးချဲ့မွန်းမံမှုတွင် ငွေကြေးသုံးစွဲမှု၊ တခြား အရေးမပါသော လုပ်ငန်းများ (Pet Projects) တွင် ငွေကြေးသုံးစွဲမှု ပြုလုပ်နေခြင်းထက် ယခု ဒုက္ခအကျပ်အတည်း ပေါင်းစုံနှင့် ရင်ဆိုင်နေရသော လယ်ယာစိုက်ပျိုးရေးဆိုင်ရာ လုပ်ငန်းများတွင် ငွေကြေး အလုံးအရင်း ရင်းနှီးမြှုပ်နှံသုံးစွဲပြီး၊ စပါးထွက်နှုန်း၊ ကောက်ပဲသီးနှံထွက်နှုန်း ပြန်လည်တိုးတက်လာရန်၊ ဝမ်းစာ စပါးများ၊ မျိုးစပါးများ ဖူလုံမှု ရှိစေရန် နာဂစ်ဒေသတွင် တောင်သူလယ်သမားများကို အရေးပေါ် ငွေကြေး အကူအညီများ ထောက်ပံ့ကူညီသင့်ကြောင်း ပါရှိသည်။

(မှီငြမ်းကိုးကား - ဤဆောင်းပါးတွင် ပါဝင်သော အချက်အလက်အများစုသည် FAO/ WFP ၊ UNDP တို့မှ အစီရင်ခံစာများ၊ David Dapice ၊ Tom Vallely နှင့် Ben Wilkinson တို့ သုတေသနပြု သုံးသပ်တင်ပြထားသော မြန်မာနိုင်ငံ လယ်ယာစိုက်ပျိုးရေးကို အခြေခံသော စီးပွားရေးစာတမ်း၊ ကွင်းဆင်းမှုများတွင် ပါဝင်ခဲ့သော နိုင်ငံတကာ NGO အဖွဲ့များမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံ လယ်ယာစိုက်ပျိုးရေး ဝန်ကြီးဌာန လက်အောက်မှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရှိ စီးပွားရေးနှင့် လယ်ယာစိုက်ပျိုးရေး ကျွမ်းကျင်သူ ပညာရှင်များ၏ သုံးသပ်ချက် အမြင်များ၊ တွေ့ရှိချက်များကို စုစည်းပြီး ဘာသာပြန် တင်ပြထားခြင်း ဖြစ်ပါသည်။)






Rest of your post

Tuesday, May 5, 2009

စစ်ကျွန်အောက်က မြန်မာပြည်သူတွေရဲ့ ဘဝ

-မြတ်စိုး-

မြန်မာပြည်မှာ နားဂစ်မုန်တိုင် သဘာဝဘေး အန္တရာယ်ဆိုးကြီးကျရောက်ခဲ့တယ်။ ထို့အတူ ထိုင်းနိုင်ငံမှာလည်း စူနာမီသဘာဝဘေး အန္တရာယ်ဆိုးကြီးကျရောက်ခဲ့တယ်။ ဒီလိုဘေးအန္တရာယ်တွေကျရောက်ခဲ့ပြီးနောက် မြန်မာပြည်ရှိ စစ်ကျွန်ပြုကောင်စီ နအဖ လက်ထပ်မှာမြန်မာပြည်သူတွေ ဘယ်လိုခံစားနေကြရသလဲ၊ ဘယ်လိုနေထိုင်နေကြသလဲ ဆိုတဲ့ အထောက်အထားဓာတ်ပုံတွေပါ။ နိုင်ငံတကာအထောက်အပံ့ အကူအညီ တွေ လုံလောက်စွာမရပါဘူးလို့ စောဒကတက်ပြစ်တင်နေပေမဲ့၊ နေပြည်တော်မှာထီးတင်ပွဲနဲ့ နေပြည်တော် တည်ဆောက်ရေးပရောဂျက်တွေကိုတော့ ဒေါ်လာဘီလီနဲ့ချီသုံးစွဲနေတယ်။ စစ်လက်နက်ပစ္စည်းတွေကို ၀ယ်ယူဖို့ကြတော့ ဒေါ်လာဘီလီယံနဲ့ချီသုံးစွဲနေတယ်။ နားဂစ်ဒေသမှာ နေထိုင်နေကြတဲ့ ပြည်သူတွေကတော့ နေထိုင်စရာမဲ့၊ အစားအစာ လုံလောက်မှုမရှိ၊ အလုပ်အကိုင်မရှိဖြစ်ပြီး ဆင်းရဲမွဲတေ နေကြတယ်။ ကျန်မာရေး၊ပညာရေး ချို့တဲ့နေကြတယ်။ စိတ်ပိုင်းဆိုင်ရာတွေ ချို့တဲ့နေကြတယ်။ လူ ကို လူလို့တန်ဖိုး မထားတက်တဲ့ စစ်ကျွန်ပြုကောင်စီ နအဖ လက်ထပ်မှာ တိုင်းပြည်က ဘယ်တော့မှ တိုးတက်မှာမဟုတ်ဘူး။ ဘယ်နိုင်ငံနဲ့မှလည်း နှိုင်းယှဉ်လို့ရမှာ မဟုတ်ဘူး။ အောက်မှဖော်ပြထားတဲ့ပုံတွေဟာ မြန်မာပြည် နှင့် အခြားဂြိုဟ်ကမ္ဘာတစ်ခု ကိုနှိုင်းယှဥိထားတာမဟုတ်ပါဘူး။ ကျနော်တို့ရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံဖူးကက်မြို့ မှာ သဘာဝဘေးအန္တရာယ် စူနာမီ ကျရောက်ပြီးနောက် ထိုင်းအစိုးရက အသိပညာ ဥာဏ်ရှိရှိ၊ တိုင်းချစ်ပြည်ချစ်စိတ် တွေနဲ့ ဘယ်လို ပြန်လည်နလံထူလာအောင် ကြိုးပမ်းထား သလဲဆိုတာတွေကို ကျနော်တို့ ပြည်သူတွေ မျက်ဝါးမြင်မြင်သိရှိနိုင်အောင်ပါ။ နောက်ပြီးတော့လည်း သင်္ဘောပျက်၊ သင်္ဘောအိုကြီး စီးနင်း လိုက်ပါနေကြတဲ့ စစ်ကျွန်ပြု ကောင်စီက စစ်ဗိုလ်ချုပ်တွေကိုလည်း မြင်တွေ့ပြီး၊ သူတို့လုပ်နေတာတွေကို ရှက်တက်အောင်လို့ပါ။

Tsunami vs Nargis
"သတိ- မြန်မာပြည် နှင့် အခြားဂြိုဟ်ကမ္ဘာတစ်ခု ကိုနှိုင်းယှဥိထားတာမဟုတ်ပါဘူး။"


Burma: Life under Military Junta

After Nargis






Thailand: Phuket
After Tsunami








Rest of your post