This blog is dedicated to thousands of Burmese people who have been and are being imprisoned,tortured and excuted because they dare to speak the truth.
Thursday, July 24, 2008
AP/ ၂၃ ဇူလိုင် ၂၀၀၈
နိုင်ငံတကာ ကူညီငွေ အမေရိကန်ဒေါ်လာ သန်း (၁) ထောင် ထပ်မံမရရှိပါက ဆိုင်ကလုန်း နာဂစ် ဘေးမှ အသက်ရှင်ကျန်ရစ်သူများအနေဖြင့် ဒုတိယမြောက် အရေးပေါ်အခြေအနေနှင့် ရင်ဆိုင်ကြ ရမည်ဖြစ်ကြောင်း ယခုလ (၂၁) ရက်ထုတ် ပထမဆုံးအကြိမ် သဘာဝဘေး အကဲဖြတ်ချက် အစီ ရင်ခံစာ (PONJA) က ဖော်ပြသည်။
မုန်တိုင်းကြောင့် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းအတွင်း လမ်းပန်းဆက်သွယ်ရေးနှင့် ပိုင်ဆိုင်မှု တန်ဖိုး ဆုံးရှုံးမှု ပမာဏမှာ ဒေါ်လာ (၁.၇) ဘီလီယံနှင့် ထုတ်လုပ်မှုပိုင်းဆိုင်ရာ ဆုံးရှုံးမှု ဒေါ်လာ (၂.၃) ဘီလီယံရှိပြီး စုစုပေါင်း ဒေါ်လာ သန်း (၄) ထောင် ဆုံးရှုံးသည်ဟု အစီရင်ခံစာ၌ တွက်ပြ ထားသည်။ ယင်းသို့ စာရင်းဇယားများဖြင့် ကျားကန်ဖော်ပြထားသော်လည်း သဘာဝဘေး အန္တရာယ်အပေါ် မြန်မာစစ်အစိုးရ၏ တုံ့ပြန်မှု နှေးကွေးခဲ့ခြင်းကိုမူ တစွန်းတပါဒမျှ အစီရင်ခံစာတွင် ဖော်ပြထားခြင်း မရှိခဲ့ပေ။
အကယ်၍ ဘေးအန္တရာယ်ကို လျင်မြန်စွာ တုံ့ပြန်ခဲ့ပါက အသက်ပေါင်းများစွာ ကယ်တင်နိုင်ခဲ့မည်ဟု စစ်အစိုးရအနေဖြင့် ခံစားရခြင်းရှိမရှိ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းအား အေပီသတင်း ထောက်တဦးက မေးမြန်းခဲ့ရာ စင်ကာပူဝန်ကြီးချုပ် ဂျော့ခ်ျ ယိုးက “နိုင်ငံရေးမေးခွန်း” ဆိုပြီး ပယ်ချခဲ့သည်။
နာဂစ်ဆိုင်ကလုန်း ကျရောက်ပြီး ပထမသီတင်းပတ်အတွင်း အလောင်းများ ရေထဲမျောပါနေ ကြောင်း သတင်းများ ထွက်ပေါ်ချိန်တွင် မြန်မာစစ်သားများ၏ တုံ့ပြန်မှု တစုံတရာမျှ မတွေ့ရှိရသဖြင့် ကမ္ဘာတ၀န်းရှိ ပြည်သူများအနေဖြင့် အံသြတုန်လှုပ်ခဲ့ကြရသည်။
ထို့အပြင် မြန်မာစစ်အစိုးရက နိုင်ငံတကာအကူအညီများကိုလည်း နှေးကွေးစွာ လက်ခံခဲ့သည် သာမက မုန်တိုင်းဒဏ်ပြင်းထန်စွာ ခံရသော ဒေသများသို့ သွားရောက်ကူညီလိုသူ ကယ်ဆယ်ရေး လုပ်သားများကိုလည်း ကိုယ်ထိလက်ရောက် တားဆီးမှုများ ပြုလုပ်ခဲ့သည်။
နိုင်ငံတကာအစိုးရများကလည်း မြန်မာစစ်အစိုးရ၏ ဂရုမမူ နှေးကွေးသည့်တုံ့ပြန်မှုအပေါ် ပြင်းထန် စွာ ဝေဖန်ခဲ့ကြသကဲ့သို့ စစ်ခေါင်းဆောင်များအား အကူအညီများ ရယူရန် ဖျောင်းဖျပြောဆိုခဲ့ ကြသည်။ ။
Rest of your post
No comments:
Post a Comment