Sunday, February 27, 2011

လူသူကင်းမဲ့ လာသည့် အမေရိကန် မြို့ကြီးများ


လူသူကင်းမဲ့နေတဲ့ နယူးအော်လင်းစ် New Orleans - Louisiana

-မြတ်စိုး-

၂ဝ၁ဝ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၃ဝ၈ သန်းကျော်ရှိတဲ့ အမေရိကန်ဟာ ကမ္ဘာမှာ လူဦးရေ တတိယ အများဆုံး နိုင်ငံအဆင့်မှာ ရှိပါတယ်။ ဒုတိယကမ္ဘာစစ်နောက်ပိုင်း နိုင်ငံ့လူဦးရေဟာ တနှစ်ကို ၂.၅ သန်း တိုးနေပေမယ့် တချို့မြို့ကြီးတွေမှာ လူဦးရေ တိုးလာလိုက်၊ လျော့သွားလိုက် ဖြစ်ခဲ့တယ်လို့ အမေရိကန် အိုးအိမ်နှင့် မြို့ပြဖွံ့ဖြိုးမှုဌာနက အစီရင်ခံစာကို ကိုးကားပြီး ပြီးခဲ့တဲ့လထုတ် ဝေါ်စရစ်ထ်သတင်းစာထဲမှာ ရေးသားခဲ့ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်မှစပြီး လူဦးရေ သိသာစွာ လျော့ကျသွားခဲ့တဲ့ အမေရိကန် မြို့ကြီး ၇ မြို့ကိုလည်း ဖော်ပြထားပါတယ်။ ဒီမြို့ကြီး ၇ မြို့ကတော့ နယူးအော်လင်းစ် New Orleans၊ ဖလင့်ထ်- မီချီကန်ပြည်နယ် Flint, Michigan၊ ကလီဗလန်း Cleveland၊ ဘားဗလိုး Buffalo, New York၊ ဒေတန် Dayton, Ohio၊ ပစ်ထ်စဘတ်ခ် Pittsburgh နဲ့ ရော်ချက်စတာ Rochester, N.Y. မြို့တွေ ဖြစ်ပါတယ်။

ဒီမြို့ကြီးတွေမှာ နေထိုင်ခဲ့တဲ့ သူတွေဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်မှစပြီး အစုအပြုံလိုက် အိုးအိမ်စွန့်ခွါကာ တခြားမြို့တွေဆီ ပြောင်းရွှေ့သွားခဲ့တာပါ။ ဒီလို ပြောင်းရွှေ့ရခြင်းရဲ့ အကြောင်းရင်းတွေက ဆိုးဝါးပြင်းထန်တဲ့ သဘာဝဘေးအန္တရာယ် ခံစားခဲ့ရခြင်း၊ စီးပွားရေး အခွင့်အလမ်းများ နည်းပါးလာခြင်းနဲ့ အလုပ်အကိုင် ရှားပါးလာခြင်းတို့ကြောင့် လူနေမှုစရိတ် မြင့်မားတဲ့ မြို့ကြီးတွေကို စွန့်ခွါခဲ့ကြတာလို့ သုံးသပ်ထားပါတယ်။

(၁)
နယူးအော်လင်းစ် New Orleans - Louisiana
လူဦးရေ - ၃၅၄, ၈၅ဝ
လူဦးရေ ပြောင်းလဲမှု ပမာဏ - ၁၂၈, ၈၁၃ (၂ဝဝဝ-၂ဝဝ၉)
ပြောင်းလဲမှု ရာခိုင်နှုန်း - ၂၆.၆၃ ရာခိုင်နှုန်း
လစ်လပ်နေသော အိုးအိမ်ပမာဏ - ၂၁.၅ ရာခိုင်နှုန်း

နယူးအော်လင်းစ်ဟာ ၂ဝဝ၅ သြဂုတ်လမှာ တနာရီ ၁၂ဝ ကီလိုမီတာအထက် ပြင်းထန်စွာ တိုက်ခတ်ခဲ့တဲ့ ကက်တရီးနား လေမုန်တိုင်းကြောင့် မြို့တော်ရဲ့ ၈ဝ ရာခိုင်နှုန်းကျော် ရေလွှမ်းခံခဲ့ရပြီး၊ လူထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်။ အမေရိကန်အစိုးရရဲ့ ခန့်မှန်းချက်အရ ဒေါ်လာ ၈ဝ ဘီလီယံကျော် ဆုံးရှုံးခဲ့ရပြီး၊ အလုပ်လက်မဲ့ ပြဿနာ၊ ရာဇဝတ်မှု တိုးပွားလာတာကြောင့် မြို့ခံလူများ ထောင်နဲ့ချီပြီး မြို့တော်ကို စွန့်ခွါခဲ့ပါတယ်။
ဖလင့်ထ် - မီချီကန်ပြည်နယ် Flint, Michigan
(၂)
ဖလင့်ထ် - မီချီကန်ပြည်နယ် Flint, Michigan
လူဦးရေ - ၁၁၁, ၄၇၅
လူဦးရေ ပြောင်းလဲမှု ပမာဏ - ၁၃, ၂၆၆ (၂ဝဝဝ-၂ဝဝ၉)
ပြောင်းလဲမှု ရာခိုင်နှုန်း - ၁ဝ.၆၃ ရာခိုင်နှုန်း
လစ်လပ်နေသော အိုးအိမ်ပမာဏ - ၁၈ ရာခိုင်နှုန်း

တချိန်က ကမ္ဘာ့မော်တော်ကား မြို့တော်ကြီးလို့ တင်စားခေါ်ဝေါ်ခဲ့တဲ့ ဖလင့်မြို့ဟာ ဂလိုဘယ်လ်လိုက်ဇေးရှင်း Globalization လို့ ခေါ်တဲ့ နယ်စည်းမခြား ကုန်သွယ်မှုရဲ့ ဆိုးကျိုးတွေကို အတော်လေး ခံစားခဲ့ရတယ်။ ၁၉၁ဝ -၁၉၃ဝ အတွင်း အမေရိကန် ကားကုမ္ပဏီတွေရဲ့ ဌာနချုပ်တွေ တည်ရှိရာ ဖလင့်မြို့ကို နိုင်ငံအသီးသီး၊ ပြည်နယ်အသီးသီး လူတွေ လာရောက်အခြေချ နေထိုင်ကြဖို့ စိတ်ကူးယဉ်မှုတွေ ရှိခဲ့ကြပေမယ့်၊ ၁၉၈ဝ ခုနှစ် ပတ်ဝန်းကျင်လောက်မှစပြီး ကားကုမ္ပဏီတွေဟာ နိုင်ငံတကာမှာ ရင်းနှီးမြှုပ်နှံခဲ့မှုတွေကြောင့် စက်ရုံအလုပ်ရုံ အများအပြား ပိတ်ခဲ့ကြတယ်။ မော်တော်ကားစက်ရုံတွေ ပိတ်ခဲ့ရတာကြောင့်၊ အစုအပြုံလိုက် အလုပ်လက်မဲ့ ဖြစ်ကြလို့ မြို့တော်ကို စွန့်ခွါခဲ့ပါတယ်။

ကလီးဗလန်း Cleveland
(၃)
ကလီးဗလန်း Cleveland
လူဦးရေ - ၄၃၁, ၃၆၉
လူဦးရေ ပြောင်းလဲမှု ပမာဏ - ၄၅, ၂ဝ၅ (၂ဝဝဝ-၂ဝဝ၉)
ပြောင်းလဲမှု ရာခိုင်နှုန်း - ၉.၄၉ ရာခိုင်နှုန်း
လစ်လပ်နေသော အိုးအိမ်ပမာဏ - ၁၇.၅ ရာခိုင်နှုန်း

ကလီးဗလန်း Cleveland မြို့ဟာ အမေရိကန် အရှေ့ပိုင်းနဲ့ အနောက်အလယ်ပိုင်း ရေလမ်းကုန်းလမ်း ကုန်သွယ်မှု အချက်အခြာကျတဲ့ လမ်းမပေါ်မှာ တည်ရှိပြီး၊ စက်မှုလုပ်ငန်း၊ မော်တော်ကား လုပ်ငန်းများ၊ ရေနံ၊ မိုင်းတွင်း တူးဖော်ရေးနဲ့ သံမဏိလုပ်ငန်းတွေအပြင် ကုမ္ပဏီကြီးတွေရဲ့ ဌာနချုပ်တွေ တည်ရှိရာမြို့ဖြစ်ခဲ့လို့ ဒုတိယ ကမ္ဘာစစ်အပြီး ၁၉၄၈ ခုနှစ်မှာ လူဦးရေ ၉၁ဝ, ဝဝဝ ကျော် ရှိခဲ့ဖူးတယ်။ ၁၉၇ဝ ခုနှစ်မှာ မြို့တော်ဟာ ကြွေးမြီတင်ခဲ့ပြီး၊ ၁၉၈ဝ ဝန်းကျင်မှာ စက်မှုလုပ်ငန်းတွေ ကျဆင်းခဲ့တဲ့အပြင်၊ လေထုနဲ့ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကြောင့် စက်ရုံအလုပ်ရုံတွေ ရွှေ့ပြောင်းသွားကြပြီး အလုပ်လက်မဲ့၊ ဆင်းရဲမွဲတေမှု ပြဿနာတွေကို ရင်ဆိုင်နေရလို့ မြို့ခံလူများ မြို့တော်ကို စွန့်ခွါသွားခဲ့ပါတယ်။ လက်ရှိ လူဦးရေဟာ ၁၉၄၈ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ထက်ဝက်နီးပါး လျော့ကျသွားခဲ့ပါပြီ။

ဘတ်ဖလိုး Buffalo, New York
(၄)
ဘတ်ဖလိုး Buffalo, New York
လူဦးရေ - ၂၇ဝ, ၂၄ဝ
လူဦးရေ ပြောင်းလဲမှု ပမာဏ - ၂၁, ၉၇ဝ (၂ဝဝဝ-၂ဝဝ၉)
ပြောင်းလဲမှု ရာခိုင်နှုန်း - ၇.၅၂ ရာခိုင်နှုန်း
လစ်လပ်နေသော အိုးအိမ်ပမာဏ - ၁၇.၂ ရာခိုင်နှုန်း

ဒုတိယ ကမ္ဘာစစ်အပြီး ဘားဗလိုး Buffalo, New York မြို့ဟာ စက်မှုလုပ်ငန်းတွေ တိုးတက်လာမှုကြောင့် အမေရိကန်မြို့ကြီးတွေထဲမှာ အဆင့် ၁၃ နေရာမှာ ရှိခဲ့တယ်။ ကမ္ဘာ့အကြီးဆုံးဖြစ်တဲ့ နိုက်ဂရာ ရေတံခွန်က ပမာဏထုထည် ကြီးမားစွာ ထုတ်လွှတ်ပေးတဲ့ ရေအားလျှပ်စစ် စွမ်းအင်ကြောင့် လျှပ်စစ်မြို့တော်၊ အလင်းရောင်မြို့တော်လို့တောင် တင်စားခေါ်ဝေါ်ခဲ့ပါတယ်။ နည်းပညာတိုးတက်လာမှုနဲ့အတူ တခြား မြို့တော်တွေမှာ စွမ်းအင်နည်းမျိုးစုံ ထုတ်လုပ်လာခဲ့မှုကြောင့် ရေအားလျှပ်စစ်စွမ်းအင်အပေါ် မှီခိုမှု အားနည်းလာစေခဲ့ပြီး၊ မြို့တော်မှာ စီးပွားရေး အခွင့်အလမ်း ကျဆင်းမှုတွေကို ရင်ဆိုင်ခဲ့ရတယ်။

အီးရီး Erie ရေကန်ကြီးရဲ့ ပတ်ဝန်းကျင်ညစ်ညမ်းမှုနဲ့ ပျက်စီးနေတဲ့ တူးမြောင်းတွေကို ပြုပြင်မွန်းမံမှု မရှိခဲ့တာကြောင့် မြို့တော်ဟာ လာရောက်အခြေချတဲ့ သူတွေကို ဆွဲဆောင်မှု မရရှိခဲ့ပါ။ ဒီကနေ့ ဘားဗလိုး Buffalo, New York မြို့ ဟာ စက်ရုံအိုကြီးတွေ၊ အဆောက်အအုံအိုကြီးတွေ၊ အိမ်အိုကြီးတွေပဲ ကျန်ရှိတော့ပြီး ၁၉၇ဝ ခုနှစ် တနှစ်ထဲမှာပင် လူဦးရေ တသိန်းရှိ မြို့ကို စွန့်ခွါခဲ့ကြလို့ ဒီအရေအတွက်ဟာ လက်ရှိ လူဦးရေ သုံးပုံတပုံလောက် ရှိခဲ့တယ်။ အခုတော့ လျှပ်စစ်မြို့တော်ကနေ ခြောက်ကပ်နေတဲ့ မြို့ဟောင်းကြီးသဖွယ် ဖြစ်သွားခဲ့ပါပြီ။

ဒေတန် Dayton, Ohio
(၅)
ဒေတန် Dayton, Ohio
လူဦးရေ - ၁၅၃, ၈၄၃
လူဦးရေ ပြောင်းလဲမှု ပမာဏ - ၁၁, ၉၆၁ (၂ဝဝဝ-၂ဝဝ၉)
ပြောင်းလဲမှု ရာခိုင်နှုန်း - ၇.၂၁ ရာခိုင်နှုန်း
လစ်လပ်နေသော အိုးအိမ်ပမာဏ - ၁၈.၉ ရာခိုင်နှုန်း

ဒေတန် Dayton, Ohio ဟာ သေးငယ်ပေမယ့် ရာစုနှစ်တဝက်ကျော် ကုန်ထုတ်လုပ်မှု၊ တီထွင်မှု စိတ်ကူးဉာဏ်ရှိမှု ကောင်းတဲ့မြို့လို့ တင်းစားသတ်မှတ်ထားကြတယ်။ အလုပ်လုပ်ကိုင်ဖို့ အကောင်းဆုံး သတ်မှတ်ခံထားရတဲ့ ကုမ္ပဏီကြီးတွေရဲ့ ဌာနချုပ်တွေ တည်ရှိရာ မြို့လည်း ဖြစ်ခဲ့တယ်။ နှစ်ပေါင်းများစွာ စက်မှုလုပ်ငန်း၊ မော်တော်ကားစက်ရုံတွေအပေါ် မှီခိုခဲ့တဲ့ ဒီမြို့လေးဟာ ဂလိုဘယ်လိုက်ဇေးရှင်း Globalization ရဲ့ ဆိုးကျိုးတွေကြောင့် စက်ရုံအလုပ်ရုံတွေ မြောက်မြားစွာ အပိတ်ခဲ့ရလို့ အလုပ်လက်မဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်။
ပစ်ထ်စဘတ်ခ် Pittsburgh
(၆)
ပစ်ထ်စဘတ်ခ် Pittsburgh
လူဦးရေ - ၃၁၁, ၆၄၇
လူဦးရေ ပြောင်းလဲမှု ပမာဏ - ၂၂, ဝ၅၆ (၂ဝဝဝ-၂ဝဝ၉)
ပြောင်းလဲမှု ရာခိုင်နှုန်း - ၆.၆၁ ရာခိုင်နှုန်း
လစ်လပ်နေသော အိုးအိမ်ပမာဏ - ၁၄.၁ ရာခိုင်နှုန်း

သံမဏိမြို့တော်လို့ တင်စားခေါ်ဆိုခဲ့ကြတဲ့ ပစ်ထ်စဘတ်ခ် Pittsburgh မြို့ဟာ ၁၈ဝဝ ကနေ ၁၉၇ဝ ခုနှစ်ထိ အမေရိကန် စက်မှုလုပ်ငန်းမှာ ပင်မအချက်အခြာ ကျခဲ့တဲ့ မြို့ဖြစ်ပါတယ်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အမြင့်မားဆုံး အခြေအနေမှာ မြို့တော်ဟာ အကြီးစား စက်မှုစက်ရုံ ၁ဝဝဝ ကျော် ရှိခဲ့ပြီး၊ ဒုတိယကမ္ဘာစစ် ကာလအတွင်း သံမဏိ စက်ရုံအလုပ်သမား ၃၄ဝ,ဝဝဝ ကျော် ရှိခဲ့ဖူးပါတယ်။ သံမဏိလူသားများလို့ တင်စားခံခဲ့ရတဲ့ ပစ်ထ်စဘတ်ခ် Pittsburgh မြို့သူမြို့သားတွေဟာ ၁၉၈ဝ ခုနှစ် အမေရိကန် သံမဏိ စီးပွားရေး လုပ်ငန်းတွေ ဘုန်းဘုန်းလဲပြိုကျပြီးနောက် စီးပွားရေးဆုတ်ယုတ်မှု ပြင်းထန်စွာ ခံစားရကာ အလုပ်လက်မဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ကြရတယ်။ နည်းပညာအခြေခံတဲ့ စီးပွားရေးကို အလျင်အမြန် ပြောင်းလဲခဲ့ပေမယ့်၊ လျင်မြန်လွန်းလှတဲ့ စီးပွားရေး ဆုတ်ယုတ်မှုဟာ မြို့တော်ကို စွန့်ခွါသွားသူတွေကို မရပ်တန့်နိုင်ခဲ့ပါဘူး။ ၁၉၅ဝ ခုနှစ်မှစပြီး ပစ်ထ်စဘတ်ခ် Pittsburgh မှာ နေထိုင်သူ လူဦးရေ ၅ဝ ရာခိုင်နှုန်းကျော် လျော့ကျသွားခဲ့တယ်။

ရော်ချက်စတာ Rochester, N.Y.

(၇)
ရော်ချက်စတာ Rochester, N.Y.
လူဦးရေ - ၂ဝ၇, ၂၉၄
လူဦးရေ ပြောင်းလဲမှု ပမာဏ - ၁၂, ၁၈ဝ (၂ဝဝဝ-၂ဝဝ၉)
ပြောင်းလဲမှု ရာခိုင်နှုန်း - ၅.၅၅ ရာခိုင်နှုန်း
လစ်လပ်နေသော အိုးအိမ်ပမာဏ - ၁၅.၄ ရာခိုင်နှုန်း

အယ်လ်ဘနီနဲ့ ဘတ်ဖလိုးအကြား ကုန်သွယ်မှု အချက်အခြာကျတဲ့ ဒီမြို့ဟာ နယူးယောက်ပြည်နယ်မှာ မြို့တော်နယ်နမိတ်အတွင်း တတိယ လူဦးရေ အထူထပ်ဆုံး ဖြစ်ပါတယ်။ ဂျုံလုပ်ငန်း၊ အလင်းဆိုင်ရာ သိပ္ပံပညာ၊ နည်းပညာများဆိုင်ရာ လုပ်ငန်းများ၊ နိုင်ငံခြားကုမ္ပဏီများစွာ တည်ရှိတဲ့ မြို့ဖြစ်တယ်။ စီးပွားရေး ရင်းနှီးမြှုပ်နှံ အခြေချခဲ့တဲ့ နိုင်ငံခြားကုမ္ပဏီကြီးတွေ ရွှေ့ပြောင်းခဲ့ခြင်း၊ အစားထိုး စီးပွားရေးလုပ်ငန်းတွေကို ထိရောက်စွာ ဖန်တီးပေးနိုင်မှု မရှိခဲ့တာကြောင့် ၁၉၅ဝ ခုနှစ်မှ ၂ဝဝဝ ခုနှစ်အတွင်း လူဦးရေ ၃၄ ရာခိုင်နှုန်း မြို့က ပြောင်းရွှေ့သွားခဲ့ကြတယ်။

ဒီလို လူအများ အစုအပြုံလိုက် စွန်ခွါသွားခဲ့လို့ အမေရိကန်မြို့ကြီးတွေဟာ ခြောက်သွေ့တိတ်ဆိတ်လာပြီး လူသူကင်းမဲ့လာကာ စီးပွားရေးအခွင့်အလမ်းတွေလည်း လက်လွှတ်ဆုံးရှုံးခဲ့ကြရတယ်။ နိုင်ငံအတွင်း အိုးအိမ်စွန့်ခွါပြီး တခြားမြို့တွေဆီ ရွှေ့ပြောင်းနေထိုင်ခဲ့ရတာဟာ ကမ္ဘာကြီး ပူနွေးလာမှုကြောင့် ရာသီဥတု ဖောက်ပြန်မှု၊ သဘာဝ ဘေးအန္တရာယ်တွေ ရင်ဆိုင်ခဲ့ရမှုနဲ့ အမေရိကန် စီးပွားရေး ကျဆင်းခဲ့မှုကြောင့် အလုပ်လက်မဲ့ ပြဿနာတွေ ရင်ဆိုင်လာခဲ့ရတာကြောင့် ဖြစ်တယ်လို့ အမေရိကန် အိုးအိမ်နှင့် မြို့ပြဖွံ့ဖြိုးမှု ဌာနရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

လူသားအားလုံးဟာ မိမိတို့ နေထိုင်ရာဒေသကို စွန့်ခွါပြီး၊ ဘဝလုံခြုံရေးနဲ့ လူဂုဏ်သိက္ခာ မြင့်မားဖို့အတွက် ရေကြည်ရာ မြက်နုရာဆိုသလို ဘဝသစ်အတွက် ရွှေ့ပြောင်းခဲ့ခြင်းပဲ ဖြစ်ပါတယ်။ တခြားမြို့ကြီးတွေအနေနဲ့ လူသူကင်းမဲ့ ခြောက်သွေ့သွားခဲ့တဲ့ မြို့ကြီးတွေကို နမူနာယူပြီး၊ နည်းပညာသစ်တွေကို အခြေခံတဲ့ အလုပ်အကိုင်သစ်တွေ၊ စီးပွားရေး အခွင့်အလမ်းတွေကို ဖန်တီးကြဖို့နဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းမှုဆိုင်ရာ ကြိုတင်ပြင်ဆင်မှု အစီအစဉ်တွေကို ပြုလုပ်ကြဖို့ တိုက်တွန်းထားကြောင်းပါ။

(ဇန်နဝါရီ ၂၄)

ကိုးကား
“American Cities That Are Running Out Of People” by Michael B. Sauter 24/7 Wall St. Saturday, January 1, 2011.

Thursday, February 3, 2011

အာဏာရှင် အဆုံးသတ်ရေး လူထုဆန္ဒပြမှုကြောင့် ဂျော်ဒန်ဘုရင် အစိုးရ တဖွဲ့လုံး ထုတ်ပြစ်


-မြတ်စိုး-
၀၂.၀၁.၂၀၁၁

ဂျော်ဒန်နိုင်ငံ မြို့ကြီးများရှိ လမ်းမများမှာ အာဏာရှင်အဆုံးသတ်ရေး လူထုဆန္ဒပြပွဲများကြောင့် ဂျော်ဒန်ဘုရင်က အစိုးရတဖွဲ့လုံးကိုနုတ်ထွက်ခိုင်းလိုက်ပြီး၊ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများပြုလုပ်ရန် အသက် ၆၃ နှစ်ရှိတဲ့ ၀န်ကြီးချုပ်ဟောင်း Marouf al-Bakhit ကို ၀န်ကြီးချုပ်အသစ် အဖြစ် ခန့်အပ်လိုက်ပါပြီ။ တိုင်းပြည်အတွင်း ရင်ဆိုင်နေရသော အစားအစာနှင့် ကုန်ဈေးနှုန်းကြီးမြင့်မှု ပြဿနာ ၊ အလုပ်လက်မဲ့ပြဿနာ၊ ဆန္ဒပြသူများကို သတ်ဖြတ်ခဲ့သည့် စစ်တပ်အရာရှိများကို ရာထူးတိုးမြင့်မှုကြောင့် နိုင်ငံတကာနှင့် အတိုက်အခံနိုင်ငံရေးအဖွဲ့အစည်းများ၏ ဖိအားပေးမှုခံနေရသည့်ပြဿနာများကို အမြန်ဆုံးဖြေရှင်းဖို့ အစိုးရသစ်ကို တာဝန်ပေးအပ်လိုက်ကြောင်း ကြားသိရပါသည်။

ဂျော်ဒန်ဘုရင်က တိုင်းပြည်အတွင်းရင်ဆိုင်နေရသော စီးပွားရေးပြဿနာများကို နိုင်ငံရေးပြုပြင်ပြောင်းလဲမှု မလုပ်ပဲ၊ ဖြေရှင်းနိုင်လိမ့်မှာမဟုတ်ကြောင်း၊ အသစ်ခန့်အပ်လိုက်သည့် အစိုးရသစ်အနေဖြင့် ၊ ပြီးခဲ့သည့် အစိုးရ အဟောင်းများရဲ့ မှားယွင်းခဲ့မှုတွေကို ဆက်လက်မပြုလုပ်ဖို့ သတိပေးပြောကြားလိုက်ပါတယ်။ ပြည်သူတွေရဲ့ လွတ်လပ်ခွင့်၊ လွှတ်တော်ပြု ဥပဒေများ၊ ရွေးကောက်ပွဲဥပဒေများ၊ လွတ်လပ်စွာစုရုံး စည်းဝေးခွင့်များရှိအောင် အစိုးရသစ် အနေနဲ့ ဖန်တီးပေးဖို့ နှင့် ယင်းတို့ကို ပြန်လည်သုံးသပ်ဖို့ တိုက်တွန်းထားခဲ့တယ်။

ဂျော်ဒန် အတိုက်အခံ အဖွဲ့ အစည်းတွေကတော့ ၀န်ကြီးချုပ်ဟာ ဘုရင် က တိုက်ရိုက်ခန့်အပ်ခြင်းထက်၊ ပြည်သူက တင်မြောက်ထားသည့် လွှတ်တော် ကိုယ်စလှယ်များ က တိုက်ရိုက် ရွေးချယ်ပေးဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေများကို ပြောင်းလဲရမည်ဖြစ်ကြောင်း၊ တောင်းဆိုထားသည့် အချက်များကို မရရှိပါက အာဏာရှင် အဆုံးသတ်ရေး အတွက် ဆက်လက် ဆန္ဒပြမှုများကို ပြုလုပ်သွားမှာဖြစ်ကြောင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခဲ့သည့် စစ်တပ်အရာရှိများကို ရာထူးတိုးမြင့်နေမှုအား ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့ကြပြီး၊ တရားမျှတမှုရှိစွာ တရားဥပဒေအရ စီရင်ပေးဖို့ တောင်းဆိုနေကြကြောင်းကြားသိရပါသည်။

ဂျော်ဒန်နိုင်ငံဟာ တနှစ် ၂ဘီလီယံလိုငွေပြနေပြီး၊ ကြွေးမီ ၁၅ ဘီလီယံ ကျော် တင်ရှိနေပါတယ်။ အလုပ်လက်မဲ့ ၁၂ ရာခိုင်နှုန်း ရှိနေပြီး၊ ၂၅ ရာခိုင်နှုန်းဟာ ဆင်းရဲမွဲတေမှု အောက်မှာနေနေကြရတယ်။ ပြည်သူများဟာ လောင်စာဆီနှင့် ကုန်ဈေးနှုန်းကြီးမြင့်နေမှုဒဏ်ကို ရင်ဆိုင်နေရပါတယ်။

တျူးနစ် မှ ကိုင်ရို၊ ကိုင်ရို မှ အာမန်း သို့ ကူးစက်လာနေတဲ့ အာဏာရှင် ဆန့်ကျင်ရေးလူထုလှုပ်ရှားမှု

ဓာတ်ပုံ (ရိုက်တာ)
-မြတ်စိုး-
၀၁.၂၉.၂၀၁၁

အာရပ်နိုင်ငံများဖြစ်ကြတဲ့ တူနီးရှား၊ ယီမင်၊ အီဂျစ်၊ နှင့် ဂျော်ဒန်နိုင်ငံတွေမှာ အာဏာရှင်စနစ် အဆုံးသတ်ဖို့ အာဏာရှင် ဆန့်ကျင်ရေးလူထုလှုပ်ရှားမှု များ ဆက်တိုက်ဆိုသလို ကူးစက် ဖြစ်ပွားနေပါတယ်။ ဒီဖြစ်ရပ်တွေဟာ အရှေ့အလယ်ပိုင်း အာရပ်ပြည်သူများအနေမဲ့ အာဏာရှင်စနစ်ကို လုံးဝ မလိုလားတော့ ပါဘူး ဆိုတာ ပြသလိုက်တာပါပဲ။ အာရပ် အာဏာရှင်များရဲ့ နှစ်ပေါင်းများစွာ အာဏာအလွှဲသုံးစားလုပ်နေမှု၊ အာဏာရှင် မိသားစုများ နှင့် နီးစပ်သူများ စီးပွားရေးအရ လက်ဝါးကြီးအုပ် ကာ နိုင်ငံပိုင်ပစ္စည်းများ၊ စီးပွားရေးလုပ်ငန်းများကို အလွှဲသုံးစားလုပ်နေမှု၊ လွပ်လပ်မှုအခွင့်အရေးများကို ပိုမို ဖိနှိပ်ချုပ်ချယ်လာမှု၊ အလုပ်လက်မဲ့ များပြားမှု၊ ဆင်းရဲမွဲတေမှုတွေကြောင့် အာဏာရှင် ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုဟာ အရှေ့အလယ်ပိုင်း အာရပ်နိုင်ငံများ တွင် တနေ့တခြား ကြီးထွားလာလို့ အာရပ် အာဏာရှင်များလည်း စိုးရိမ်တုန်လှုပ် နေကြပါပြီ။

တူနီးရှား၊ ယီမင်၊ အီဂျစ်နိုင်ငံတွေမှာ ညမထွက်ရနဲ့ လူစုလူဝေးမလုပ်ရအမိန့်ကို ဖီဆန်ပြီး ထောင်သောင်းချီ လူထုကြီးက အာဏာရှင်အစိုးရများ နှုတ်ထွက်ပေးရေး ဆက်လက်ဆန္ဒပြ တောင်းဆို နေကြတုန်းပါ။

အီဂျစ်

အာဏာရှင် ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုတွေကြောင့် နှစ်ပေါင်း ၃၀ နီးပါး အာဏာထိမ်းချုပ်ခဲ့တဲ့ အီဂျစ်သမ္မတ ဟိုဆန်နီမူဘာရက်ဟာ သူရဲ့ အစိုးရအဖွဲ့ကို ဖျက်သိမ်းခဲ့ပြီး၊ ထောက်လှမ်းရေး ညွှန်ကြားရေးမှူးချုပ် အိုမာ ဆိုလီမန်ကို ဒုသမ္မတရာထူး ခန့်အပ်ကာ တိုင်းပြည်ရဲ့ ပြဿနာများကို ဖြေရှင်းဖို့ အစိုးသစ်ဖွဲ့ရန် ညွှန်ကြားခဲ့တယ်။ ဒါပေမဲ့လည်း အီဂျစ်ပြည်သူတွေကတော့ နှစ်ပေါင်းကြာရှည်စွာ အုပ်ချုပ်ခဲ့တဲ့ အာဏာရှင် မူဘာရက် ကို ရာထူးက နုတ်ထွက်ပေးဖို့ ဆက်လက် ဆန္ဒပြတောင်းဆို နေကြပါတယ်။

သန်း ၈၀ နီးပါးရှိတဲ့ အီဂျစ်နိုင်ငံ မှာ သန်း ၆၀ ကျော်ဟာ တနေ့ ၂ ဒေါ်လာ နဲ့ ဆင်းရဲမွဲတေမှုအောက်မှာ နေကြရတယ်။ အလုပ်လုပ်ကိုင်နိုင်သူ အလုပ်သမားဦးရေ ၂၅.၈ သန်း ရှိတဲ့ အီဂျစ်နိုင်ငံမှာ အလုပ်သမားဦးရေ ၃ သန်းနီးပါး အလုပ်လက်မဲ့ဖြစ်နေကြတယ်။ အလုပ်လက်မဲ့ ၁၀ ရာခိုင်နှုန်းကျော် နီးပါးရှိပြီး၊ သန်းချီတဲ့ အီဂျစ်ပြည်သူများ ဆော်ဒီအာရေးဘီးယား၊ ယူအေအီးနှင့် ကူဝိတ် နိုင်ငံများမှာ ထွက်ပြီး အလုပ်လုပ်ကိုင်နေကြရတယ်။ အီဂျစ်နိုင်ငံမှာ အကုန်အကျခံပြီး ခက်ခက်ခဲခဲနဲ့ ဘွဲ့ရလာကြတဲ့ ဘွဲ့ရလူငယ် အများအပြားဟာ အလုပ်အကိုင် မရှိဖြစ်နေကြတယ်။ တိုင်းပြည်မှာ ၂၀၀၉ ခုနှစ် ခန့်မှန်းခြေအရ ၀င်ငွေ ၄၈.၈၆ ဘီလီယံ ၀င်ငွေရှိပေမဲ့၊ သုံးစွဲငွေဟာ ၆၁.၆၁ ဘီလီယံဖြစ်နေလို့ ၁၂ ဘီလီယံ ကျော် နှစ်စဉ် လိုငွေပြနေတယ်။ ငွေကြေးဖောင်းပွမှု ၁၀ ရာခိုင်နှုန်း (၂၀၀၉ -ခန့်မှန်းခြေ) ရှိပြီ တိုင်းပြည်ရဲ့ လူဦးရေ ၅ ပုံ တစ်ပုံ ဟာ တနေ့ တစ်ဒေါ်လာ နဲ့ ဆင်းရဲမွဲတေမှု အောက်မှာ နေနေကြရတယ်။ တိုင်းပြည် မှာ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး ဘက်ပေါင်းစုံက ယိုယွင်းလာခြင်းဟာ အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုကြီး ကို ဖြစ်ပေါ်လာစေခဲ့တယ်။

ဂျော်ဒန်

အာဏာရှင်စနစ် အဆုံးသတ်ဖို့ အာဏာရှင် ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုတွေဟာ ဂျော်ဒန်နိုင်ငံ အာမန်းမြို့တော် ကိုလည်း ကူးစက်နေပြီး ဂျော်ဒန် ဘုရင် အဗ္ဗဒူလာ က ပိုမိုပွင့်လင်းတဲ့ စီးပွားရေးမှုဝါဒ၊ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ ကိုပြုလုပ် ပါမယ်လို့ ဂျော်ဒန်ပြည်သူတွေကို ဂတိပြုခဲ့တယ်။ တနှစ် ၂ဘီလီယံလိုငွေပြနေပြီး၊ ကြွေးမီ ၁၅ ဘီလီယံ ကျော် တင်ရှိနေတဲ့ ဂျော်ဒန်နိုင်ငံမှာ အလုပ်လက်မဲ့ ၁၂ ရာခိုင်နှုန်း ရှိနေပြီး၊ ၂၅ ရာခိုင်နှုန်းဟာ ဆင်းရဲမွဲတေမှု အောက်မှာနေနေကြရတယ်။ တျူးနစ် မှ ကိုင်ရို၊ ကိုင်ရို မှ အာမန်း သို့ အာဏာရှင် ဆန့်ကျင်ရေးလူထုလှုပ်ရှားမှု ကူးစက်လာနေပါပြီ။

ဘယ်နိုင်ငံ ပြည်သူတွေက မှ နှစ်ပေါင်းများစွာ အာဏာထိမ်းချုပ်နေကြတဲ့ အာဏာရှင်များကို မလိုလားကြတော့ သလို၊ ဘယ် အာဏာရှင်နိုင်ငံများမဆို တိုင်းပြည် စီးပွားရေးဖွံ့ဖြိုး တိုးတက်အောင် လုပ်ဆောင်နိုင်ကြလိမ့်မည်မဟုတ်ပါ။

Monday, January 24, 2011

စားသုံးသူ အခွင့်အရေးအတွက် အတ္တဥခွံထဲမှ ရုန်းထွက်ပါ



-မြတ်စိုး (မဇ္ဈိမ)-
၀၁.၁၉.၂၀၁၁

(၁)

၂ဝ၁ဝ နှစ်ကုန်ပိုင်းတွင်လည်း ပြည်ပသို့ တင်ပို့သည့် မြန်မာ့ဆန် အရည်အသွေး ကျဆင်းလာသဖြင့် အာဖရိကတိုက်နှင့် အရှေ့အလယ်ပိုင်း နိုင်ငံများသို့ တင်ပို့သည့် ဆန်များ မကြာခဏ ပြန်ပို့ခံရခြင်းများ၊ မြန်မာဆန်များ တင်လာသည့် သင်္ဘောများ ကမ်းဆိုက်ခွင့် မပြုခြင်းများ ခံခဲ့ရကြောင်း ဆန်ကုန်သည် အသိုင်းအဝိုင်းထံမှ သိရသည်။

“သင်္ဘောတင်တဲ့အခါ ကွန်တိန်နာနဲ့ ပိတ်ပြီး တင်တာဖြစ်လို့ ဟိုရောက်ရင် ဆန်အရောင်အဆင်းက ပျက်တာတို့၊ အောက်စော်နံတာတို့ ဖြစ်ရတယ်။ ဒါက ဘာလို့လဲဆိုတော့ အစိုဓာတ်က သတ်မှတ်ထားတဲ့စံနှုန်း မပြည့်လို့ ဖြစ်ရတာ" ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းမှ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တဦးက မြန်မာတိုင်း(မ်) ဂျာနယ်ကို ပြောဆိုခဲ့သည်။

မြန်မာပြည်က အဓိကတင်ပို့နေသော အာဖရိကလို နိုင်ငံကပင် အရည်အသွေး ထိန်းသိမ်းခြင်းကို ဦးစားပေးနေပြီး၊ ISO အသိအမှတ်ပြု စက်များဖြင့် ကြိတ်ခွဲထုတ်လုပ်ပါမှ လက်ခံမည်ဟုပင် ပြောဆိုနေပါပြီ။

ထို့အတူ မြန်မာနိုင်ငံမှ ပြည်ပသို့ တင်ပို့ရောင်းချခဲ့သော ပို့ကုန်များနှင့် ပတ်သက်ပြီး ၂ဝဝ၉ ခုနှစ်တွင် ဂါနာနိုင်ငံသို့ တင်ပို့ခဲ့သည့် ဧည့်မထဆန် အိတ် ၁၅,ဝဝဝ ကို အရည်အသွေးမမီဟုဆိုကာ အဆိုပါနိုင်ငံမှ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့က ပြန်လည်ပို့ဆောင်ရန် ညွှန်ကြားခဲ့သည်။

ဆန်ပိုး ပါရှိခြင်း၊ အနံ့အသက် မကောင်းခြင်းနှင့် အရောင်ပြောင်းနေခြင်းတို့ကြောင့်ဟု ၂ဝဝ၉ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့ ဂါနာသတင်းစာတစောင်က ရေးသားဖော်ပြခဲ့ဖူးသည်။

(၂)

၂ဝဝ၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် မြန်မာနိုင်ငံ ရန်ကုန်မြို့ ရွှေဂုံတိုင် အထူးကုဆေးခန်း SSC ၌ ဆေးကုသရာမှ သေဆုံးခဲ့ရသော မခိုင်ရွှန်းလဲ့ရည်နှင့် ပတ်သက်သည့် ပြည်တွင်းပြည်ပ ကျန်းမာရေး ဝန်ထမ်းများ၊ အသိပညာရှင်များနှင့် ဆေးပညာရှင်များအကြား အပြန်အလှန် ဆွေးနွေးမှုများကို အင်တာနက်စာမျက်နှာများမှာ ထူးခြားစွာ တွေ့ရှိလာခဲ့သည်။

ဤဖြစ်ရပ်သည် ဆေးပညာကျင့်ဝတ်ဟု ခေါ်သည့် ကျန်းမာရေး လုပ်ငန်းဆိုင်ရာ လူ့ကျင့်ဝတ် အလေ့အကျင့်နှင့် ပတ်သက်နေသဖြင့် ပညာရှင်များအကြား အချေအတင် အပြန်အလှန် ပွင့်ပွင့်လင်းလင်း ဆွေးနွေးမှုများအဖြစ် ဖြစ်လာခဲ့ရသည်။ ထို့အတူ သူတို့၏ ထင်မြင်ယူဆချက်များကို ပြည်သူများကို အသိပညာပေးနေမှုသည် မှန်ကန်သော လုပ်ရပ်တခုဖြစ်သည်ဟု ထင်သည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အမှုအတွက် ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများက အကျယ်တဝင့် ဖော်ပြခဲ့ကြ၍လည်း အသက် ၆ဝ ဝန်းကျင်ရှိ ခွဲစိတ်အထူးကုဆရာဝန် ဦးကြည်စိုးကို ဆေးကောင်စီက ဆေးကုသခွင့်လိုင်စင် ၅ နှစ် ပိတ်ပင်လိုက်ရကြောင်းပါ သိရသည်။

ဤပြဿနာသည် စားသုံးသူအခွင့်အရေးကို အခြေခံသည့် ပြဿနာတရပ် ဖြစ်သောကြောင့် အဖြေရှာကြရာမှာ တရားမျှတသော တရားဥပဒေတရပ်ပေါ် အခြေခံပြီး မှန်ကန်စွာ ကျင့်သုံးရန် လိုအပ်သည်။ ယခုလို တရားဥပဒေများသည် ကျန်းမာရေးနှင့် ဆေးပညာရပ်နှင့်ဆိုင်သော လုပ်ထုံးလုပ်နည်းများတွင်သာမက ပြည်သူတရပ်လုံး၏ စားသုံးသူအခွင့်အရေးကိုပါ အကာအကွယ်ပေးသော ပုံစံမျိုး ဖြစ်သင့်သည်။ ယခုပြဿနာများကို အဖြေရှာရာမှာ မည်သည်က မှန်သလဲ၊ မည်ကဲ့သို့ ဖြစ်သင့်သလဲ - ဆိုသည်ကိုသာ စဉ်းစားပါ။ ဘယ်သူက မှန်သည် ဆိုခြင်းမျိုးကို အလေးမပေးဘဲ အဖြေရှာသင့်ကြောင်း မြင်မိသည်။

ဆေးပညာပိုင်းဆိုင်ရာ မှားယွင်းသော ကုသမှု အလေ့အကျင့်ဖြစ်ရပ်သည် နိုင်ငံတိုင်း ကြုံဖူးသည့် ကိစ္စရပ် ဖြစ်သည်။ အမေရိကန်ဆို ဤဖြစ်စဉ်နှင့် ပတ်သက်ပြီး အမှုထောင်သောင်းများစွာ ရှိလာခဲ့သဖြင့် လွှတ်တော်အတွင်းမှာပင် အချေအတင် ဆွေးနွေးမှုများ ရှိခဲ့သည်မှာ ဆယ်စုနှစ်များစွာ ရှိနေခဲ့ပါပြီ။ ဘာဖြစ်လို့လဲဆိုလျှင် ကျန်းမာရေး ဝန်ထမ်းနှင့် ဆေးပညာရှင်များသည် သူတို့၏ ဆေးကုသခွင့်များ ဆုံးရှုံးမည်စိုးသဖြင့် လူနာကို မကုသမီ ခေတ်မီနည်းပညာပေါင်းစုံဖြင့် စမ်းသပ်ရန် ညွှန်ကြားမှုများ ပေးခဲ့သောကြောင့် အစိုးရကော၊ အာမခံကုမ္ပဏီများ၊ လူနာများအတွက်ပါ ကုန်ကျမှုစရိတ်များ ပိုမိုများပြားလာစေခဲ့သဖြင့် ဖြစ်သည်။ ထို့ကြောင့် ကျန်းမာရေး ဝန်ထမ်းနှင့် ဆေးပညာရှင်များမှာလည်း သူတို့မှာ ရှိသင့်သော အခွင့်အရေးများကို ပြန်လည်စဉ်းစားပေးသင့်ကြောင်း အမေရိကန် လွှတ်တော်အမတ်များအကြား အချေအတင် ဆွေးနွေးခဲ့ပြီး ဥပဒေပြင်ဆင်မှု၊ ဖြည့်စွက်မှုနှင့် ဥပဒေသစ်များကို ရေးဆွဲထုတ်ပြန်ကြေညာခဲ့သည်။

ဤနေရာတွင် ခေတ်မီနည်းပညာနှင့် အဆင့်မီ စမ်းသပ်နိုင်သော ဆေးဘက်ဆိုင်ရာ ကိရိယာတန်ဆာပလာများ ပြည့်ဝမှုလည်း မရှိ၊ ယင်းပစ္စည်းကိရိယာများ မသုံးစွဲနိုင်၊ မတက်နိုင်သော ဆင်းရဲသည့် နိုင်ငံများ၊ တိုးတက်ဖွံ့ဖြိုးမှု မရှိသည့် နိုင်ငံများသည် ကျန်းမာရေး ဝန်ထမ်းများနှင့် ဆေးပညာရှင်များကို တရားမျှတစွာ မည်ကဲ့သို့ အကာအကွယ်ပေးမှုများ ပေးသင့်ပါသလဲဆိုသော မေးခွန်းထုတ်စရာ၊ စဉ်းစားမှုများ ရှိလာသည်။

ကျန်းမာရေး ဝန်ထမ်းများနှင့် ဆေးပညာရှင်များလည်း ပုထုဇဉ်များ ဖြစ်သောကြောင့် အမှားနှင့် ကင်းဝေးနိုင်ကြမည်တော့ မဟုတ်ပါ။

အခြားတဖက်မှာလည်း လူနာကို လက်မခံရဲခြင်း၊ ကုသမှု နှောင့်နှေးခြင်း၊ ဆရာဝန်ကောင်းများ ဆုံးရှုံးခြင်း အကျိုးဆက်များ ပြန်လည်သက်ရောက်ကြပါလိမ့်မည်။ အမှန်မှာ ယခုလိုအမှုများသည် စားသုံးသူအခွင့်အရေးကို တရားမျှတစွာ အကာအကွယ်ပေးရန် တောင်းဆိုတိုက်ပွဲဝင်သည့် ဖြစ်ရပ်များ ဖြစ်သကဲ့သို့၊ အချေအတင် အပြန်အလှန် ပွင့်လင်းစွာ ဆွေးနွေးမှုများဖြင့်သာ အဖြေရှာသင့်သည်။

(၃)

စားသုံးသူအခွင့်အရေးနှင့် ပတ်သက်သော အမှုများ၊ ဖြစ်စဉ်များသည် ကျန်းမာရေးဆိုင်ရာ နယ်ပယ်မှာသာမက မြန်မာနိုင်ငံရှိ လုပ်ငန်းပိုင်းဆိုင်ရာ အတော်များများတွင် ရှိနေပါသည်။ အခြားနိုင်ငံများမှာလည်း စားသုံးသူ အခွင့်အရေးနှင့် ပတ်သက်ပြီး ပြဿနာများ ရှိနေကြတာပဲ ဖြစ်သည်။

ပြီးခဲ့သည့် နှစ်ထဲတွင် တရုတ်နိုင်ငံ၌ နို့မှုန့်၊ နို့ထွက်စားသုံးကုန်များကို အဆိပ်သင့်စေသော ဓာတုဗေဒပစ္စည်းများနှင့် ရောစပ်ခဲ့မှုများ၊ အသက်အန္တရာယ် ထိခိုက်စေသော ကလေးကစားစရာ အရုပ်များ ရောင်းချခဲ့မှုများသည် အိမ်နီးချင်း မြန်မာနိုင်ငံ အပါအဝင် အခြားတင်ပို့ရောင်းချခဲ့သော နိုင်ငံများရှိ စားသုံးသူများကိုပါ ထိခိုက်နစ်နာစေခဲ့သည်။

ရုရှားနိုင်ငံ၌ ဈေးနှုန်းချိုသာပြီး အရည်အသွေးနည်းသော ဗောကာအရက်များ သောက်သုံးနေမှုများကြောင့် ရုရှား အမျိုးသားများသည် အသက် ၅ဝ ကျော်တွင် လူသေမှုနှုန်း မြင့်မားလာနေခြင်း၊ ရုရှားနိုင်ငံ၌ အရက်စွဲကပ်သူ ဦးရေ ၃ သန်းနီပါး ရှိလာသဖြင့် လုပ်ငန်းခွင်ဆိုင်ရာနှင့် လူမှုရေး ပြဿနာများ များပြားလာနေခြင်းကို ရုရှား ကျန်းမာရေးဝန်ကြီးနှင့် ရုရှားခေါင်းဆောင်များကိုယ်တိုင် ထုတ်ဖော်ပြောဆိုခြင်း၊ အရေးယူလာခြင်း ပြုလုပ်လာရသည်။ အလားတူ ပြဿနာများသည် နိုင်ငံအများအပြား၌ ရှိနေသည်။

ပြီးခဲ့သည့် နှစ်ထဲတွင်ပင် မြန်မာ့ရိုးရာအစားအစာ လက်ဖက်တွင် ဆိုးဆေးများ သုံးစွဲခဲ့မှု၊ နိုင်ငံခြား အရက်ပုလင်းများတွင် အရည်အသွေးညံ့သော၊ လူကို ဥပါဒ်ဖြစ်စေသော ပြည်တွင်းအရက်များ ရောထည့်ကာ ရောင်းချနေမှု၊ အလေးချိန် မြင့်စေရန်အတွက် ပြည်ပတင်ပို့နေသော ငါးပါးစပ်များတွင် ခဲသီးများ ထည့်သွင်းမှု၊ ပုဇွန်များကို မဲနယ်များ သုံးပြီး အရောင်တင်မှု၊ လက်ဖက်ခြောက်များတွင် သစ်ကိုင်းခြောက်များ ရောနှောမှု၊ ကလေး ကစားစရာများ၊ လူသုံးကုန်ပစ္စည်းများတွင် အဆိပ်သင့်စေနိုင်သည့် အမှုန့်များ ရောစပ်မှု ပြဿနာများအပြင် ဆန်အိတ်များ အလေးချိန်ပြည့်ဝမှုမရှိ စသည့် ဖြစ်ရပ်များ၊ ကြပ်ပြေးနေပြည်တော် တည်ဆေက်ရေးမှာ တာဝန်ထမ်းဆောင်ခဲ့ကြသော စက်မှုအတတ်ပညာရှင် အင်ဂျင်နီယာများနှင့် ဝန်ထမ်းများ ရုတ်တရက် သေဆုံးမှု များပြားလာသည့် ဖြစ်ရပ်များ မီဒီယာများတွင် အတော်များများ ဖတ်ရှုခဲ့ရပါသည်။

ယခုလို မသမာမှုများကြောင့် မြန်မာပြည် နေရာအနှံ့အပြားတွင် စားသုံးသူများ အသက်ဆုံးရှုံးမှုများ၊ ကျန်းမာရေး ထိခိုက်မှုများနေ့တိုင်း ရင်ဆိုင်ကြုံတွေ့နေရသည်။ ဤဆုံးရှုံးနစ်နာနေမှုများကို အချို့ ဒီမိုကရေစီစနစ် ကျင့်သုံးသော နိုင်ငံများ၌ ဖော်ထုတ်အရေးယူနိုင်ခဲ့သော်လည်း လာဘ်ပေး လာဘ်ယူ အကျင့်ပျက်မှုများ ရှိနေသည့် အုပ်ချုပ်ရေးစနစ်အောက်၊ အာဏာအလွှဲသုံးစားလုပ်သော အာဏာရှင်အောက်၊ ဆင်းရဲမွဲတေသော နိုင်ငံများ၊ လူဦးရေ များပြားသော တိုင်းပြည်များ၌ စားသုံးသူများ၏ အခွင့်အရေးများကို မည်သို့မျှ အကာအကွယ် ပေးနိုင်ကြမည် မဟုတ်ပါ။

အထူးသဖြင့် မြန်မာနိုင်ငံ၌ ဆင်းရဲမွဲတေနေသကဲ့သို့၊ ”ကိုယ့်အိမ်နံဘေးတွင် မီးလောင်သော ကိစ္စသည် မိမိနှင့် မဆိုင်” ဟူ၍ အတ္တဥခွံ ကျဉ်းကျဉ်းလေးထဲတွင် နှစ်ရှည်လများ ခေါက်ရိုးကျိုးကာ နေထိုင်ခဲ့ကြသော တာဝန်မဲ့ အချို့နိုင်ငံသားများနှင့် အတ္တဒိဋ္ဌိလူသားဟု ခေါ်နိုင်လောက်သော ကိုယ်ကျိုးသက်သက်ကြည့် စီးပွားရေး လုပ်ငန်းရှင် အချို့ကမူ စားသုံးသူများ နေ့စဉ် ကြုံတွေ့ရင်ဆိုင်နေရသော ဆုံးရှုံးနစ်နာမှုများသည် ''တို့နှင့်မဆိုင်'' ဟု ပြောဆိုကောင်း ပြောဆိုကြပါလိမ့်မည်။

၎င်းတို့အနေနှင့် လူ့အဖွဲ့အစည်းအတွင်း စားသုံးသူအခွင့်အရေး တောင်းဆိုလှုပ်ရှားမှုက ပြည်သူအတွက် မည်သည့် အကျိုးဖြစ်ထွန်းမှု ဖြစ်စေမလဲဟူသော မေးခွန်းမျိုး ထုတ်စရာ ရှိပေလိမ့်မည်။ ပြည်သူအတွက် တိုက်ရိုက်အကျိုးဖြစ်စေမည်က -

(၁) ထိခိုက်ဆုံးရှုံးနစ်နာမှုများ နည်းပါးလာစေမည်။ (Reduce Risks and Improve Safety Standards)
(၂) စားသုံးကုန်ပစ္စည်းနှင့် ဝန်ဆောင်မှု အရည်အသွေး မြင့်မားလာစေမည်။ (Improve Quality Controls in Process and Products)
(၃) အရည်အသွေး ကောင်းမွန်သော ထုတ်ကုန်ကြောင့် ပို့ကုန်ပမာဏ တိုးတက်လာစေမည်။ (Improve in Productivity and G.D.P)
(၄) အလုပ်အကိုင်သစ်များ ဖန်တီးပေးနိုင်သည်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများ ဖန်တီးပေးနိုင်သည်။ (Create Employment Opportunities and Economic Developments)
(၅) အရည်အသွေး ကောင်းမွန်သော ထုတ်ကုန်ကြောင့် လူနေမှုဘဝ မြင့်မားလာစေမည်။ တနည်းအားဖြင့် လူ့ဂုဏ်သိက္ခာ မြင့်မားလာစေမည်။ (Improve Quality of Life or Life Style)

ဤသို့သော ခက်ခဲနက်နဲသည့် ရေရှည်ပြဿနာကြီးကို မှန်ကန်စွာ ဖြေရှင်းရန်အတွက်မူ ထင်သာမြင်သာရှိပြီး တရားမျှတသော တရားဥပဒေ ရှိရမည်ဖြစ်ကာ၊ မှန်ကန်သော တရားစီရင်မှုလည်း ရှိရမည် ဖြစ်သည်။ ထိုကဲ့သို့ပင် အစိုးရအဖွဲ့မဟုတ်သော လူမှုရေးအဖွဲ့အစည်းများ ဦးဆောင်မှု အခန်းကဏ္ဍကလည်း အလွန်အရေးကြီးသဖြင့် သတင်းများကို ရှာဖွေဖော်ထုတ်ပြီး လူထုကို အသိပညာပေးမှုများကို လုပ်ဆောင်ပေးသင့်သည်။

စားသုံးသူ အခွင့်အရေးသည် တမျိုးသားလုံးအရေး ဖြစ်သောကြောင့် လူ့အဖွဲ့အစည်း အားလုံးက လူသားများ၏ ဂုဏ်သိက္ခာမြင့်မားစေရန် မြန်မာနိုင်ငံ အနှံ့အပြားတွင် လှုပ်ရှားမှုများ ဖော်ဆောင်သင့်သည်။ သို့သော် မိမိအခွင့်အရေးကို ကိုယ်တိုင် တိုက်ယူမှ ရသည်ဆိုသော စကားအတိုင်း စားသုံးသူများသည်လည်း ကိုယ့်အခွင့်အရေးများ ရရှိရန်၊ ကာကွယ်ရန်အတွက် ရဲဝံ့စွာ တိုက်ပွဲဝင်ကြရမည် ဖြစ်ကြောင်းပါ။

ကိုးကား

(၁) Health alert as Russia’s alcohol consumption triples -The Sunday Times - April 13, 2007.
(၂) ပြည်ပသို့ ဆန်မတင်ပို့မီ အရည်အသွေး သေချာစစ်ဆေးပြီးမှ တင်ပို့သင့် - မြန်မာတိုင်း(မ်) အတွဲအမှတ် (၂၃၊ အမှတ် ၄၅၂) (၅ - ၁၁၊ ၂၊ ၂ဝ၁ဝ)

Saturday, January 15, 2011

အာဏာရှင်စနစ်အောက် က လွတ်မြောက်လာတဲ့ တူနီးရှားနိုင်ငံ

-မြတ်စိုး-
၁.၁၅.၂၀၁၁


တူနီးရှားနိုင်ငံရေးနောက်ခံသမိုင်း

လစ်ဗျား နှင့် အယ်လ်ဂျီးရီးယား နှစ်နိုင်ငံအကြားမှာ တည်ရှိတဲ့ တူနီးရှားနိုင်ငံဟာ ၁၉၅၆ ခုနှစ် ပြင်သစ်နိုင်ငံမှ လွတ်လပ်ရေးရရှိပြီးက တည်းက သမ္မတနှစ်ဦး သာ တိုင်းပြည်ကို အုပ်ချုပ်ခဲ့တယ်။ လွတ်လပ်ရေးရရှိပြီး ၁၉၅၇ ခုနစ်မှာ ပထမဦးဆုံး သမ္မတ ဖြစ်လာတဲ့ ဟာဘစ် ဘော်ဂူအီဘာ (Habib Bourguiba) က ဆယ်စုနှစ် ၃ စု၊ နှစ်ပေါင်း ၃၁ နှစ် တိုင်းပြည်ကို တစ်ပါတီ အာဏာရှင် စံနစ်ဖြင့်အုပ်ချုပ် ခဲ့သည်။ သမ္မတ ဟာဘစ် ဘော်ဂူအီဘာ (Habib Bourguiba) ဟာ အစွန်းရောက် အစ္စလာမ္မစ် အခြေခံဝါဒီများကို နှိပ်ကွပ်ပြီး အမျိုး သမီးအခွင့်အရေးများကို ပြဌာန်းခဲ့သဖြင့် အခြားအာရပ်နိုင်ငံများနှင့်မတူတစ်မူထူးခြားခဲ့သည်။

၁၉၈၁ ခုနှစ်မှာ ရာသက်ပန် သမ္မတ ထမ်းဆောင်ခွင့် ဥပဒေကို ဖျက်သိမ်းခဲ့ပြီး ပါတီစုံရွေးကောက်ပွဲ ကျင်းပပေးခဲ့သည်။ ၁၉၈၇ ခုနှစ်မှာ ဟာဘစ် ဘော်ဂူအီဘာ Habib Bourguiba ဟာ သမ္မတ အဖြစ် အုပ်ချုပ်ဖို့ မစွမ်းဆောင်နိုင်တော့ဘူး လို့စွပ်စွဲခံရပြီး သူ့ရဲ့ ၀န်ကြီးချုပ် ဘင်အလီ က သွေးထွက်သံယို ကင်းစွာ အာဏာ ကို သိမ်းယူခဲ့ကာ သမ္မတ အဖြစ်ကြေညာခဲ့တယ်။ ဒုတိယမြောက် သမ္မတ ဘင်အလီဟာ တိုင်းပြည်ကို ၂၃ နှစ်ကြာ အာဏာရှင်ဆန်ဆန် ဆက်လက် အုပ်ချုပ်ခဲ့တယ်။ ၅ နှစ်တကြိမ်ရွေးကောက်ပွဲ ကျင်းပခဲ့ပေမဲ့၊ အသက် ၇၄ နှစ်ရှိပြီဖြစ်တဲ့ အာဏာရှင် ဘင်အလီ ဟာ မဲအရေအတွက် ၉၀ ရာခိုင်နှုန်းကျော် ဖြင့် အမြဲအနိုင်ရလိမ့် ရှိခဲ့တယ်။ ၂၀၀၉ခုနှစ် ရွေးကောက်ပွဲမှာတော့ မဲအရေအတွက်ဟာ ၈၉.၆၂ ရာခိုင်နှုန်းရခဲ့လို့ သူ့ရဲ့ သက်တမ်း တလျှောက် မှာ အနိမ့်ဆုံးရရှိခဲ့ တဲ့ မဲရလာဒ်ဖြစ်ခဲ့တယ်။ သမ္မတ သားမတ်တော် သူ Sakher al-Materi ဟာ သူ့ရဲ့ အရိုက်အရာကို ဆက်ခံဖို့ ရှိကြောင်း နိုင်ငံရေးအကဲခတ်များက သုံးသပ်ထားခဲ့ကြတယ်။ အာဏာရှင် ဘင်အလီ ဟာ အစွန်းရောက် အစ္စလာမ္မစ် အခြေခံဝါဒီများ ကို နှိမ်နင်းရေး နှင့် အကြမ်းဖက် တိုက်ဖျက်ရေးမှာ နိုင်ငံတကာ နှင့် ပူးပေါင်းဆောင်ရွက်မှုတွေရှိခဲ့လို့ အနောက်နိုင်ငံများနှင့် ဆက်ဆံရေးကောင်းမွန်းခဲ့တယ်။ ဘာသာရေးအစွန်းရောက်များကြီးစိုးသည့် အိမ်နီးချင်းနိုင်ငံများကြောင့် ကာလကြာရှည်စွာပင် ၎င်း၏အိမ်နီးချင်းနိုင်ငံများ အဆက်အဆံမပြုခဲ့ပေ။ ပွင့်လင်းပြီး လွတ်လပ်တဲ့ နိုင်ငံရေးစနစ်ပြုပြင်ပြောင်းလဲဖို့ အကြိမ်ကြိမ်ဂတိပေးခဲ့ပေမဲ့၊ ဆွေမျိုးမိသားစုဝင်များ၊ နီးစပ်သူများ သာ စီးပွားရေးအခွင့်အလမ်း၊ နိုင်ငံရေးအခွင့်အလမ်းများရရှိစေခဲ့ကြတယ်။ အာဏာရှင် ဘင်အလီဟာ လာမဲ့ ၂၀၁၄ မှာ ကျင်းပမဲ့ ရွေးကောက်ပွဲ ကို ၀င်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့ ဂတိပေးခဲ့ပေမဲ့၊ သူဟာ နောက်ကွယ်ကနေ အာဏာကို ဆက်လက်ချုပ်ကိုင်မယ်လို့ ယူဆထားတာကြောင့်၊ ပြည်သူတွေရဲ့ ယုံကြည်မှု ကို လုံဝမရရှိခဲ့တော့ပါ။ လူထုအုံကြွမှု ကို နိုမ်နှင်းပစ်ခတ်ရာတွင် စစ်တပ်ကို ကျည်ဆံ အစစ်များဖြင့် အသုံးမပြုဖို့ အမိန့်ပေးခဲ့ပြီး၊ အာဏာ ကို စွန့်လွှတ်ကာ မိသားစုဖြင့် တိုင်းပြည်က ထွက်ခွာသွားခဲ့သည်။

တူနီးရှား စီးပွားရေး

လူဦးရေ ၁၀.၄ သန်း သာ ရှိပြီး၊ အာဖရိက တိုက် မှာ စီးပွားရေးဖွံ့ဖြိုးမှု အမြင့်ဆုံးနိုင်ငံ ဖြစ်တယ်။ World Economic Forum's 2009/2010 Global Competitiveness Report, အရ နိုင်ငံ ၁၃၃ နိုင်ငံ အနက် အဆင့် ၄၀ နေရာ ရှိခဲ့ပြီး ပေါ်တူကီ၊ အီတလီနိုင်ငံတွေရဲ့ အရှေ့မှာ နေရာယူခဲ့တယ်။ တိုင်းပြည်အတွင်း ကုန်ထုတ်လုပ်မှု နှစ်စဉ် ၅.၅ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ အရှေ့ နှင့် မြောက်ဘက်မှာ မယ်ဒီထရေးနီးယန်း ပင်လယ် နဲ့ ဆက်စပ်ထားတာကြောင့် အလွန်သာယာတဲ့ ပင်လယ်အပန်းဖြေနေရာများတည်ရှိပြီး၊ ကမ္ဘာလှည့်ခရီးသည်များ နှစ်စဉ် လာရောက် အပန်းဖြေ လည်ပတ်ကြသည်။ တိုင်းပြည်မှာ အလုပ်လက်မဲ့ ၁၄ ရာခိုင်နှုန်းကျော်ရှိသည်။

တိုင်းပြည်၏ သံယာဇာတများရောင်းချခြင်း၊ နိုင်ငံခြားပို့ကုန်သွင်းကုန်များ ကို အာဏာရှင် သမ္မတ ဘင်အလီ၊ ထိပ်တန်းအစိုးရ အဖွဲ့ဝင်များ၊ သူတို့မိသားစုဝင်ဆွေမျိုးများ နှင့် နီးစပ်သူများ က လက်ဝါးကြီးအုပ် ချုပ်ကိုင်ထားကြသည်။ ပြည်သူများ စားဝတ်နေရေး အကြပ်အတည်းများနဲ့ ရင်ဆိုင်နေကြရပေမဲ့၊ သမ္မတ ကတော်ဟာ ဘိုးရင်း ၇၃၇ ကို အသုံးပြုပြီး ဥရောပနိုင်ငံများသို့ မကြာခဏဈေးဝယ်ထွက် လေ့ရှိတယ်။ အစိုးရအဖွဲ့ဝင်များအတွင်း လာဘ်ပေးလာဘ်ယူ အကျင့်ပျက် ခြစားမှုများ ရှိနေပြီး၊ အာဏာရှင် ဘင်အလီနဲ့နီးစပ်တဲ့ လူနည်းစု က သာ ဒေါ်လာ သန်းချီ စီးပွားရေးလုပ်ပိုင်ခွင့်များ ရရှိနေကြသည်။

စီးပွားရေးဆိုင်ရာ အချက်အလက်များ

စိုက်ပျိုးရေး - ၁၁.၆ ရာခိုင်နှုန်း (ကုန်ထုတ်လုပ်မှု၏)
စက်မှုလုပ်ငန်း - ၅.၇ ရာခိုင်နှုန်း (ကုန်ထုတ်လုပ်မှု၏)
ဝန်ဆောင်မှုလုပ်ငန်း - ၆၂.၈ ရာခိုင်နှုန်း (ကုန်ထုတ်လုပ်မှု၏)

ကုန်ထုတ်လုပ်မှု - ၄၁ ဘီလီယံ ဒေါ်လာ (၂၀၀၉)
ကုန်သွယ်မှုနိုင်ငံ - ဥရောပနိုင်ငံများ သွင်းကုန် ၇၂.၅ ရာခိုင်နှုန်း၊ ပို့ကုန် ၇၅ ရာခိုင်နှုန်း
အလုပ်သမား - ၃.၄၆ မီလီယံ ( ၂၀၀၄ ခန့်မှန်းခြေစာရင်း)- စိုက်ပျိုးရေး ၂၂ ရာခိုင်နှုန်း၊ စက်မှုလုပ်ငန်း
၂၃ ရာခိုင်နှုန်း၊ ၀န်ဆောင်မှုလုပ်ငန်း ၅၅ ရာခိုင်နှုန်း ( ၁၉၉၅ ခန့်မှန်းခြေ)




တူနီးရှား အာဏာရှင် ထွက်ပြေးစေခဲ့ရသည့် လူထုအုံကြွှမှု(ဗီဒီယို)


တူနီးရှား လက်ရှိနိုင်ငံရးအခြေအနေ

အာဖရိကနိုင်ငံတွေမှာ အသက် ၈၇ နှစ်ရှိပြီဖြစ်တဲ့ ဇင်ဘာဘွေ အာဏာရှင်ကြီး မူဂါဘီ အရင် ကျဆုံးတော့မယ်လို့ အများက ခန့်မှန်းထားကြပေမဲ့ အသက် ၇၄ နှစ်ရှိပြီဖြစ်တဲ့ တူနီးရှား အာဏာရှင် ဘင်အလီ ဟာ အာဏာ ကိုတော့ လက်လွှတ်လိုက်ရပါပြီ။

အာဏာရှင် ဘင်အလီ ဟာ ပြင်သစ်နိုင်ငံကို ထွက်ပြေးခိုလှုံဖို့ကြိုးစားခဲ့ပေမဲ့ ပြင်သစ်အစိုးရက လက်မခံတာကြောင့် သမ္မတ ဘင်အလီနှင့် မိသားစု ဟာ ဆော်ဒီအာရေဗီယျ နိုင်ငံကို ထွက်ပြေးခိုလှုံခဲ့ရတယ်။ သမ္မတ ဘင်အလီနှင့် မိသားစု ဟာ ဆော်ဒီအာရေဗီယျ သို့ ထွက်ပြေးရာမှာ တိုင်းပြည်က ပိုင်ဆိုင်တဲ့ ဒေါ်လာ ဘီလီယံ နဲ့ချီ ငွေကြေးများ သယ်ဆောင်သွားခဲ့ ကြောင်း သတင်းများထွက်ပေါ်နေပါတယ်။ အာဏာရှင် ဘင်အလီ ထွက်ပြေးသွားပြီးနောက် ၀န်ကြီးချုပ် မိုဟာမက် ဂန်နောချီ (Ghannouchi) က ယာယီကြားဖြတ်အစိုးရတာဝန် ယူမယ်လို့ မနေ့က ကြေညာခဲ့ပေမဲ့၊ တူနီးရှားနိုင်ငံရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ကြားဖြတ်အစိုးရရဲ့ ယာယီသမ္မတဟာ အောက်လွှတ်တော်ဥက္ကဌ ဖြစ်ပြီး ၀န်ကြီးချုပ်ဟာ ယာယီသမ္မတ လုပ်လို့မရဘူးလို့ တူနီးရှားရဲ့ အဆင့်မြင့်ဆုံး အာဏာပိုင်အဖွဲ့အစည်းဖြစ်တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကောင်စီက အစိုးရပိုင် ရုပ်မြင်သံကြားဌာနကနေ ကြေညာသွားခဲ့ပါတယ်။ ဒါကြောင့် အောက်လွှတ်တော်ဥက္ကဌ Fouad Mebazaa ဟာ ယာယီသမ္မတ ဖြစ်လာခဲ့ပါပြီ။ သူတို့ နှစ်ယောက်စလုံးဟာ အာဏာရှင် ဘင်အလီ လက်အောက်မှာ တာဝန်ထမ်းဆောင် ခဲ့ကြသူများမို့၊ အတိုက်အခံအဖွဲ့အစည်းများက ယုံကြည်မှုမရှိကြပါဘူး။ ဒါပေမဲ့ တူနီးရှား ဖွဲ့ စည်းပုံအခြေခံဥပဒေအရ၊ ကြားဖြတ်အစိုးရက ၂ လ အတွင်း ရွေးကောက်ပွဲလုပ်ဖို့ ဂတိပြုခဲ့တယ်။

လူထုအုံကြွမှု အရင်းခံ

၂၀၁၀ ဒီဇင်ဘာလ က အလုပ်လက်မဲ့ ဘွဲ့ရပြီးစ တက္ကသိုလ် ကျောင်းသားလေးရဲ့ သစ်သီးတွန်းလှည်းကို ဈေးရောင်းခွင့် လိုင်စင်မရှိဘူးဟုဆိုကာ ရဲက သိမ်းလိုက်ပြီးနောက်၊ ထိုကျောင်းသားလေးမှ သူ့ကိုယ်သူ မီးရှို့သတ်သေသွားခြင်းကို မခံမရပ်နိုင် ဖြစ်ရာက ဆန္ဒပြမှုများ နိုင်ငံအ၀ှန်း စတင်ခဲ့ခြင်း ဖြစ်သည်။

တူနီးရှား အနာဂတ်နှင့် ဒီမိုကရေစီ

တူနီးရှားနိုင်ငံ စစ်မှန်တဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ်ရောက်ရှိဖို့ရာမှာ ကြားဖြတ်အစိုးရ က ၂ လ အတွင်း ကျင်းပ ပေးမယ်လို့ဂတိပြုထားတဲ့ ရွေးကောက်ပွဲပေါ် မှုတည်လျှက်ရှိနေပါတယ်။ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုရှိဖို့ နဲ့ လွတ်လပ်စွာစည်းရုံး ပြောဆိုခွင့်များရှိဖို့ လိုပါတယ်။ တူနီးရှားမှာ အာဏာရှင် ဘင်အလီ ပြုတ်ကျသွားပေမဲ့၊ နှစ်ပေါင်းများဖိနှိပ်ထားခြင်းခံခဲ့ရတဲ့ အဓိက အတိုက်အခံအဖွဲ့အစည်းများ အနေနဲ့ လာမဲ့ရွေးကောက်ပွဲမှာ အစိုးရ ဖွဲ့စည်းနိုင်တဲ့ အရည်အချင်းရှိနိုင်ပါ့မလားဆိုတဲ့ မေးခွန်းတွေလည်း ပေါ်ထွက်နေပါတယ်။ အတိုက်အခံ အဖွဲ့အစည်းများမှာ ပြည်သူက ယုံကြည်စိတ်ချရပြီး၊ အရည်အချင်းပြည့်ဝတဲ့ ခေါင်းဆောင်များ ၂ လ အတွင်း အဆင်သင့် ပြင်ဆင်ဖို့ အမြန်လိုအပ်နေပြီလို့ နိုင်ငံတကာ အကဲခတ်သူများက သုံးသပ်ထားကြတယ်။ နောင်တက်လာမဲ့ အစိုးရသစ်ဟာ တိုင်းပြည် မှာရင်ဆိုင်နေရတဲ့ ဆင်းရဲ၊ချမ်းသာ မညီမျှမှုတွေ၊ အလုပ်လက်မဲ့ပြဿနာတွေ၊ စားသောက်ကုန်ဈေးနှုန်း ကြီးမြင့်နေမှုတွေ၊ အကျင့်ပျက်ခြစားမှုတွေ၊ ကို အမြန်ဆုံး တာဝန်ယူဖြေရှင်းပေးရမှာ ဖြစ်ပြီး၊ လွတ်လပ်ပြီး တရားမျှတတဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည် ရောက်ရှိအောင် စိမ်ခေါ်မှုပေါင်းများစွာနဲ့ ရင်ဆိုင်ကြရလိမ့်မှာဖြစ်ကြောင်း တူနီးရှားနိုင်ငံရေးကို လေ့လာနေကြတဲ့ ကျွမ်းကျင်သူများက သုံးသပ်ထားကြတယ်။


လူသား အရင်းအမြစ်ဆိုင်ရာ အချက်အလက်များ

လူဦးရေ။ ၁၀ ၄၈၆ ၃၃၉ (၂၀၀၉)
ပျမ်းမျှအသက်။ ကျား = ၇၃.၉၈ နှစ်
မ = ၇၇.၇ နှစ်
စုစုပေါင်း = ၇၅.၇၈ နှစ် (၂၀၀၉)
လူမျိုး။ တူနီးရှား
တိုင်းရင်းသားလူမျိုး။ အာရပ် ၉၈%။ ဥရောပ ၁%။ ဂျူးနှင့် အခြား ၁ %
ကိုးကွယ်မှု။ မွတ်စလင် ၉၈ %။ ခရစ်ယာန် ၁ %။ ဂျူးနှင့် အခြား ၁ %
ဘာသာစကား။ အာရပ်၊ ပြင်သစ်
မြို့တော်။ တျူးနစ် ( Tunis)

Wednesday, December 29, 2010

နအဖ နှင့် Made in China ပြဿနာ ( အပိုင်း ၂ )

ဓာတ်ပုံ- The Shwe Gas Movement

-မြတ်စိုး-
၁၂.၁၂.၂၀၁၀

မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ ကနေ အရှေ့ဘက် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲသို့ ကီလိုမီတာ ၄၀၀၀ ကျော် ဆက်သွယ်ဖောက်လုပ်မည့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း အတွက် တရုတ်ဖွံ့ဖြိုးရေးဘဏ်က နအဖ စစ်အစိုးရ ကို ၂.၄ ဘီလီယံဒေါ်လာ ငွေထုတ်ချေးခဲ့တယ်လို့ ဒီကနေ့ နိုင်ငံတကာ သတင်းများတွင်ဖော်ပြထားပါတယ်။ တရုတ်နိုင်ငံက ကီလိုမီတာ ၁၀၀၀ ပိုက်လိုင်းတည်ဆောက်မှုမှာတာဝန်ယူမှာဖြစ်ပြီး၊ အိန္ဒိယ အစိုးရ ကလည်း ပင်လယ်နက်မှ ကမ်းလွန် သဘာဘာဝဓာတ်ငွေ့ တင်ပို့မှုအတွက် စစ်တွေ ဆိပ်ကမ်း တည်ဆောက်မှု အပိုင်းကို တာဝန်ယူမှာဖြစ်တယ်လို့ သတင်းထဲမှာ ကိုးကား ဖော်ပြထားခဲ့တယ်။ ယင်း သဘာဝဓာတ်ငွေ့ ပိုက်လိုင်း တည်ဆောက်ဖို့ မြန်မာ၊ တရုတ်၊ အိန္ဒိယ နှင့် တောင်ကိုရီးယား တို့ ပါဝင်ပက်သက်ခဲ့ပေမဲ့ ၊ မြန်မာကတော့ ဒီပိုက်လိုင်း တည်ဆောက်မှုမှာ ၇.၃ ရာခိုင်နှုန်းသာ ပိုင်ဆိုင်တယ်လို့ ရန်ကုန်ရှိ တရုတ်သံရုံးအရာရှိက အတည်ပြု ပြောဆိုခဲ့တယ်။

မြန်မာနိုင်ငံ က တနေ့ သဘာဝဓာတ်ငွေ့ ကုဗပေ ၁ဘီလီယံ တင်ပို့ရောင်းချနေပြီး၊ ထိုင်းနိုင်ငံက တနှစ် ဒေါ်လာ ၂ ဘီလီယံ ကျော်ဖိုး ၀ယ်ယူသုံးစွဲနေပါတယ်။ မြန်မာနိုင်ငံက တင်ပို့ရောင်းချမည့် သဘာဝဓာတ်ငွေ့ ကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရှိ စက်မှုလုပ်ငန်းများ၊ လူနေအိမ်သုံးစွဲမှုများအတွက် ၀ယ်ယူသွားမှာဖြစ်ပြီး၊ ယင်း ပိုက်လိုင်း ကို အမြန် တည်ဆောက်ဖို့ အခုလိုငွေထုတ်ချေးခဲ့ရခြင်းဖြစ်ကြောင်း ရန်ကုန်ရှိ တရုတ်သံရုံးက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မှီ နအဖ စစ်အုပ်စု ခေါင်းဆောင်များ တရုတ်ပြည်သို့ သွားရောက်လည်ပတ်ပြီး၊ ဒီချေးငွေကို ပြန်လည်ပေးဆပ်ဖို့ ဂတိပြုခဲ့ကြောင်း လည်း သံတမန်နဲ့နီးစပ်တဲ့ အသိုင်းအ၀ိုင်း ကလာတဲ့ သတင်းများအရသိရှိရပါတယ်။

မြန်မာနိုင်ငံ တရားမျှတရေး နှင့် လူအခွင့်အရေးအဖွဲ့များ က တရုတ်နိုင်ငံ သုံးစွဲဖို့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း တည်ဆောက်ရာမှာ နအဖ စစ်အစိုးရ က ဒေသခံပြည်သူများကို အတင်းအဓ္ဓမ အလုပ်စေခိုင်းမှုများ၊ နှိပ်စက် ညှဉ်းပမ်းမှုများ၊ အတင်းအဓ္ဓမ ပြောင်းရွေှ့ ခံရမှုများ နှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ပိုမိုလုပ်ဆောင်လာမှာဖြစ်ကြောင်း ထောက်ပြကြပြီး၊ မြန်မာ့ စီးပွားရေး ကျွမ်းကျင် သူများ ကတော့ တရုတ်ချေးငွေတွေဟာ တရုတ်နိုင်ငံသုံး စက်ပစ္စည်းများ၊ တရုတ်ကျွမ်းကျင်သူများကို သာ အသုံးပြုမှာမို့ တရုတ်နိုင်ငံရဲ့ အလုပ်လက်မဲ့ပြဿနာများ၊ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားကို သာ ဖြစ်ထွန်းစေမှာဖြစ်ကြောင်း လေ့လာသုံးသပ်ထား ကြတယ်။

မြန်မာနိုင်ငံသို့ နိုင်ငံတကာ က လာရောက်ရင်းနှီးမြုပ်နှံ တဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု တွေထဲမှာ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း တည်ဆောက်မှုလည်းပါဝင်ပြီး၊ ယင်းရင်းနှီးမြုပ်နှံမှုမှာ မြန်မာနိုင်ငံ က အနည်းစုသာ ပိုင်ဆိုင်တာကြောင့် နအဖ ရေးဆွဲထားတဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဆိုင်ရာ ဥပဒေများနှင့် ကုန်သွယ်ရေးဆိုင်ရာ ဥပဒေများကို နအဖ စစ်ခေါင်းဆောင်များက သာ ချိုးဖောက် လုပ်ဆောင်နေပြီး၊ ထင်သာမြင်သာမှုမရှိလျှင် မြန်မာနိုင်ငံရဲ့ အကျိုးစီးပွား နှင့် မြန်မာပြည်သူများ ကိုသာ ထိခိုက်နစ်နာ စေမှာသာ ဖြစ်ကြောင်း မြန်မာနိုင်ငံ စီးပွားရေးကို လေ့လာစောင့်ကြည့်နေကြတဲ့ မြန်မာ့ စီးပွားရေး ပညာရှင်များက ဆွေးနွေးသုံးသပ်ထား ကြတယ်။



SummaryRest of your post

Monday, September 6, 2010

အောင်စိန် နောင်တ ရပါပြီ

Aung Sein: An Entrepreneur in Myanmar
Written By Robert W.Hornaday ( The University of North Carolina)

ဘာသာပြန်သူ-(မြတ်စိုး)
၀၉.၀၆.၂၀၁၀


အောင်စိန်ဆိုတဲ့--- မြန်မာပြည်မှာ ကျိုးစားပြီး စွန့်စွန့်စားစားစီးပွားရေး လုပ်ကိုင်လိုသူ တဦး၏ ဖြစ်ရပ်မှန် အကြောင်း ကိုတင်ပြပေးပါမယ်။

အောင်စိန်ဟာ မြန်မာပြည်ပေါက် တရုတ်-မြန်မာ ကပြားလေးပါ။ သူ့အဖေ ကတော့ တရုတ်ပြည် မှာ ကူမင်တန် တပ်တွေနှင့် တရုတ် ကွန်မြူ နစ်ပါတီတို့ တိုက်ခိုက်ခဲ့တဲ့ ပြည်တွင်းစစ်ကြောင့် အသက်(၁၅)နှစ် လောက် က တည်းက မြန်မာပြည် တောင်တန်းတွေ ကျော်ဖြတ်ပြီး ရန်ကုန်မြို့ရောက်ရှိအခြေချနေထိုင်ခဲ့တယ်။ ရန်ကုန်ရောက်ခါစက သူအဖေဟာ မြန်မာစကား မပြောတက်သေးပါဘူး။ တရုတ်ပြည်ကဆိုလို့ ၀တ်ထားတဲ့အင်္ကျီလေးတစ်ခု တည်း ပါတယ်။

အောင်စိန်အဖေဟာ မြန်မာအမျိုးသမီးတဦးနှင့်လက်ထပ်ပြီး၊ နောက်ဆုံးမှာ ရန်ကုန်မြို့ လယ်ရှိ စကော့ဈေးမှာ သူတို့ စတိုးဆိုင်ကြီးတခုပိုင်ဆိုင်ပြီး အသက်မွေးဝမ်းကျောင်း ပြုခဲ့ကြတယ်။ ၁၉၆၀ ကာလပိုင်းမှာ စကော့ဈေး ကို အာဏာရှင်ဟောင်း ဦးနေ၀င်းစစ်အုပ်စုရဲ့ ပြည်သူပိုင် သိမ်းပိုက်ခဲ့မူ့ကြောင့် အောင်စိန် မိဘတွေဟာ စုစည်းထား ခဲ့တဲ့ငွေနဲ့ သက်သက်သာသာ ရပ်တည်လို့ရတဲ့ ရွာမြို့ လေးတခုဖြစ်တဲ့ ပဲခူးတိုင်း ညောင်လေးပင်မြို့ကိုပြောင်းရွေ့နေထိုင်ပြီး အခြေချခဲ့ကြတယ်။ သားသမီး (၈) ယောက်ကို ပညာသင်ပေးခဲ့တယ်။

အောင်စိန်ဟာ တတိယောက်မြောက်သားပါ။ အောင်စိန်ကံကောင်းတာက သူအမတန်မှ စိတ်အားထက်သန်ပြီး၊ စိတ်ဝင်စားတဲ့ ဆေးတက္ကသိုလ်ကျောင်းကို ပညာဆည်းယူခွင့်ရခဲ့တယ်။ ၁၉၈၇ ခုနှစ်မှာ အသိမှတ်ပြု ဆရာဝန်ဖြစ်လာပြီး၊ ကိုယ်ပိုင်ဆေးခန်း ထောင်ကာ ဆင်းရဲတဲ့ ပြည်သူတွေကို တက်နိုင် သလောက် ဆေးဝါးကုသပေးခဲ့တယ်။ ဒီလိုဆေးကုသရာမှာ ပြည်သူတွေဟာ အမတန်မှ ဆင်းရဲမွဲတေနေပြီး ဂွမ်းတို့၊ ပတ်တီးတို့ တောင် မ၀ယ်နိုင်၊ ဆေးခန်း တွေကိုတောင် လာတောင် မပြရဲကြလို့ အသက်ဆုံးရှုံးမှုတွေကို ကိုယ်တိုင် ကြုံတွေ့ခဲ့ရတယ်။၊ တချို့ဆို ဆေးဝါးကုသ ပျောက်ကင်း နိုင်တာတောင် အင်မတန်မှ ဆင်းရဲလွန်းလို့ အသက်ဆုံးပါးသွား ခဲ့ကြတယ်။

ဒီတော့ အောင်စိန်ဆုံးဖြတ်လိုက်ပါပြီ။ မြန်မာပြည်မှာ လူတွေ အသက်ကယ်တင်နေတဲ့ ဆရာဝန်တွေများနေလို့ ၊ ဆရာဝန်အလုပ် မလုပ်ဖို့ဆုံးဖြတ်ပြီး၊ ဆင်းရဲသားတွေကယ်တင်ဖို့ ကိုဆုံးဖြတ်လိုက်တယ်။

အဲဒီနေ့ကစပြီး အောင်စိန် တစိုက်မတ်မတ်စဉ်းစားပြီး လုပ်နေတာ ကတော့ ဘာပစ္စည်းတွေ ဟာ ဆင်းရဲသားပြည်သူတွေ ဈေးနှုန်း သက်သက်သာသာ ၀ယ်ယူသုံးစွဲ နိုင်မလည်းဆိုတာဘဲ။ အခုတော့ ဆရာဝန်မလုပ်တော့ဘဲ ၊စွန့်စွန့်စားစားလုပ်မဲ့ စီးပွားရေး လုပ်ငန်းရှင် အောင်စိန် တယောက် ဖြစ်လာခဲ့ရတော့တယ်။

ပထမ အောင်စိန်လုပ်ချင်တဲ့စီးပွားရေးကတော့ ကျန်းမာရေးဝန်ထမ်းတွေ၊ အလုပ်သမားတွေ၊ ဓာတ်ခွဲခန်းမှာ သုတေသနပြုလုပ်တဲ့သူတွေ နှင့် အေအိုင်ဒီအက်စ်( HIV AIDS) အပါအ၀င် ကူးစက်ရောဂါတွေမပြန့်ပွားအောင်အတွက် အသုံးပြုတဲ့ တခါသုံးသော ရော်ဘာလက်အိပ်တွေ ကိုထုတ်လုပ်ရောင်းချဘို့၊ ဆုံးဖြတ်ခဲ့တယ်။ ဒီလို ရော်ဘာလက်အိပ်မျိုးတွေကို အမေရိကန် နိုင်ငံရှိ ကျောင်းစားသောက်ခန်းမနေရာတွေ၊ဆေးရုံတွေ၊လုပ်ငန်းခွင်တွေမှာ လည်းအသုံးပြု နေကြတာပါ။

ဒီ တခါသုံးသော ရော်ဘာလက်အိပ်တွေကို ဈေးနှုန်းချိုသာစွာ မြန်မာနိုင်ငံမှာ ထုတ်လုပ်ရောင်းချနိုင်မယ်ဆိုလျှင် ဆင်းရဲသားပြည်သူတွေအတွက်ကတော့ လုပ်ငန်းခွင်မှာ ကျန်းမာရေးအတွက် ဖြစ်စေ၊ ရောဂါမပြန့်ပွားစေရေး အတွက်ဖြစ်စေ၊ ငွေရေးကြေးရေး သုံးစွဲရာမှာဖြစ်စေ အကျိုးခံစားကြရမယ်။

အစိုးရ အနေဖြင့်လည်း ဒီလိုမျိုး တခါသုံးရော်ဘာ လက်အိပ်တွေကို နိုင်ငံခြားက တင်သွင်းနေရမှုမှ လျှော့ကြသွားရင် နိုင်ငံခြားငွေသုံးစွဲမူ့ လျှော့ကြသွား မှာမို့ အစိုးရအတွက်လည်း အကျိုးရှိစေလိမ့်မယ်လို့ အောင်စိန်သုံးသပ်ပြီး စတင်ထုတ်လုပ် ရောင်းချ ဖို့စီစဉ်ခဲ့တယ်။ ကျန်းမာရေးဝန်ကြီးဌာန နှင့် ကုန်သွယ်ရေးဝန်ကြီးဌာနက သူငယ်ချင်း ဆရာဝန်တွေနှင့် မိတ်ဆွေတွေကလည်း ဆင်းရဲသားပြည်သူတွေကို ဖေးမကူညီလိုချင်တဲ့ အောင်စိန်ရဲ့ စိတ်ဆန္ဒ၊ အများအကျိုးဖြစ်စေမဲ့စီးပွားရေး စွန့်စွန့်စားစား လုပ်ဆောင်မှု အမြင်သစ်လေးကို အားပေးကြပါတယ်။ အောင်စိန်ရဲ့ ရော်ဘာလက်အိပ်လုပ်ငန်းအတွက် နည်းပညာ၊ စက်ပစ္စည်းတွေ၊ ကုန်ကြမ်းတွေ ကို စင်္ကာပူက အသိမိတ်ဆွေတွေက လည်း အကူအညီတွေပေး ခဲ့ကြတယ်။

အောင်စိန် ကတော့ သူထုတ်လုပ်မဲ့ ရာဘာလက်အိပ်တွေကို မြန်မာ ကျပ်ငွေနှင့်ရောင်းပြီး၊ ဒီကျပ်ငွေတွေကိုတော့ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းက သူ့ရဲ့ စီးပွားရေး မိတ်ဆွေသူငယ်ချင်းများ၊ ငွေလွှဲလုပ်ကိုင်သူ မိတ်ဆွေများကတဆင့် ဒေါ်လာငွေပြန်လှဲပြီး၊ လိုအပ်တဲ့ ကုန်ကြမ်းတွေကို စင်္ကာပူကနေ တဆင့် မှာယူသွားဖို့ စီစဉ်ထားပါတယ်။ အဲဒီတုန်းက သူရောင်းမဲ့ ဈေးနှုန်းဟာ ရောဘာလက်အိပ်အစုံ (၅၀) စာ တစ်ဘောက်စ်ကစ်ကို (၅၀) ကျပ်နဲ့ပါ။ ( 50pcs/1box/50 kyats)။ ( တစုံ ကို (၁) ကျပ်ဘဲတန်ပါလိမ့်မယ်။) ဆင်းရဲသားပြည်သူတွေအားလုံး၊ ကျန်မာရေးအမူ့ထမ်းတွေ၊ စက်ရုံအလုပ်သမားတွေ၊ အစိုးရ၀န်ထမ်းတွေ အားလုံးလည်း ဈေးနှုန်း ချိုသာစွာသုံးစွဲနိုင် ကြမှာပါ။ နိုင်ငံခြားကတင်သွင်းနေတဲ့ ဈေးနှုန်းထက်လည်း အများကြီးသက်သာပါတယ်။

၁၉၉၀ခုနှစ်မှာ မြန်မာနိုင်ငံကုန်သွယ်ရေးဝန်ကြီးဌာန စာရင်းဇယားအရ တလ ကို တခါသုံးရော်ဘာလက်အိပ် (၁၀၀,၀၀၀) ကျော် ကိုဗြိတိန်၊အမေရိကန်၊ဂျပန်၊အိန္ဒိယ နိုင်ငံတွေကနေတဆင့် ပျှမ်းမျှ လက်အိပ် (၁၀၀) ကို (၅)ဒေါ်လာနှင့် တင်သွင်းနေကြရပြီး၊ ကျန်လိုအပ်သော ရော်ဘာလက်အိပ်မြောက်များစွာကို တရုတ်ပြည်မှ လက်အိပ် (၁၀၀) ကို (၃.၅) ဒေါ်လာ မှောင်ခိုဈေးနှုန်းဖြင့်ဝယ်ယူတင်သွင်းနေကြပါတယ်။ တင်သွင်းမူ့လိုင်စင် ကို မြန်မာနိုင်ငံကုန်သွယ်ရေး ၀န်ကြီးဌာနကဘဲ ကိုင်တွယ်လုပ်ဆောင်ခဲ့တယ်။ အဲဒီကာလ မြန်မာနိုင်ငံ ကုန်သွယ်ရေးဝန်ကြီးဌာနက ရာဘာလက်အိပ် တလ အနည်းဆုံး (၁.၅) သန်း မဖြစ်မနေတင်သွင်း နေရတာ ကြောင့် ၊ အောင်စိန်စီးပွာရေးလုပ်ငန်း လည်ပတ်မူ့ နှင့် ရောင်းချမူ့ဟာလည်း ကုန်သွယ်ရေးဝန်ကြီးဌာန တခုတည်း ၏ ခွင့်ပြု ၀ယ်ယူမူ့ပေါ် မှီခိုနေပါတယ်။

အောင်စိန် ထုတ်လုပ်ရောင်းချတော့မဲ့ ရော်ဘာလက်အိပ်ကို မြန်မာနိုင်ငံကျန်းမာရေး ၀န်ကြီးဌာနက၊ လုံခြုံစိတ်ချမူ့၊ အရည်အသွေး ကောင်းမူ့ တွေ (Safty and Quality) အပေါ် စစ်ဆေးပြီး ၊ ထုတ်လုပ်ခွင့်ပြုနိုင်ကြောင်း အသိအမှတ် ပြုလိုက်ပါပြီ။

ဆေးပညာရှင်တွေကကော၊ ဆေးဆိုင်တွေကပါ အစမ်းသုံးစွဲရာမှာ ကျေနပ်အားရကြောင်း ပြန်ပြောကြ ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံအတွက်ရော်ဘာ လက်အိပ် အဓိက၀ယ်ယူတင်သွင်း ပေးနေတဲ့ ကုန်သွယ်ရေး ၀န်ကြီးဌာနကတော့ အောင်စိန်သွား မေးတိုင်း ပြန်ဆက်သွယ် ပါမယ်လို့ ပြောတာနှစ်အတော်ကြာနေပါပြီ။

နောက်ဆုံးတော့ အောင်စိန် အဖြေရသွားပါပြီ။ မြန်မာနိုင်ငံ ကုန်သွယ်ရေးဝန်ကြီးဌာနက အောင်စိန်ဆီက ရောဘာလက်အိပ်တွေ ကို မြန်မာကျပ်ငွေနှင့်ဝယ်ယူရင်၊ အစိုးရက သူတို့ ကုန်သွယ်ရေးဝန်ကြီးဌာန ဘက်ဂျက်အတွက် ပေးမည့် ရောဘာလက်အိပ် တင်သွင်းရမဲ့ ဒေါ်လာ (FECs) တွေလျှော့သွားမှာစိုးလို့၊ ပြန်ခေါ်မယ်ဆိုပြီးနှစ်အတန်ကျော် အောင်စောင့်ဆိုင်း ထားခဲ့တာလို့ ဆိုတယ်။ ၀န်ကြီးဌာနတွေမှာ ရှိကြတဲ့ ဘိုးတော်ကြီးနှင့်ဘိုးတော်လေးတွေ ( ၀န်ကြီးနှင့် ဒုဝန်ကြီးတွေ)၊ ညွှန်ချူပ်တွေ၊ ဦးဆောင်ညွှန်ကြားရေးမှူး တွေဟာ၊ ဒီ ဒေါ်လာ (FECs)ပေါ်မူတည်ပြီး သူတို့ပိုင်ဆိုင်တဲ့ကျပ်ငွေတွေကို ဒေါ်လာငွေအဖြစ် ပြုလုပ်နေသလို၊ ၀န်ကြီးဌာနမှာ ဒေါ်လာ (FECs) မရှိယင် အခြားဝန်ကြီးဌာနတွေအောက်မှာ မျက်နှာ ငယ်တောင်းခံကြရမှာ ဖြစ်သလို၊စစ်ဆေးခံယူရမူ့တွေကိုလည်းကြောက်နေကြတယ် လို့ဆိုတယ်။

မြန်မာနိုင်ငံ ကုန်သွယ်ရေးဝန်ကြီးဌာနက နိုင်ငံခြားက ရောဘာလက်အိပ် သန်းနဲ့ချီ များများ တင်သွင်းရလေ၊ သူတို့ဝန်ကြီးဌာနအတွက် ပိုမို ဒေါ်လာ (FECs) တွေရလေမို့၊ အောင်စိန် ကို ရောင်းချ ခွင့်မပေးခဲ့တာ လို့ဆိုတယ်။ ဘိုးတော်ကြီးနှင့်ဘိုးတော်လေးတွေ ( ၀န်ကြီးနှင့် ဒုဝန်ကြီးတွေ)၊ ညွှန်ချူပ်တွေ၊ ဦးဆောင်ညွှန်ကြားရေးမှူး တွေကောင်းစားလာလေ၊ ပြည်သူတွေက မျက်ဖြူဆိုက်လေလို့ဘဲ အောင်စိန်ပြောချင်တော့တယ်။

အောင်စိန် ကောင်းကောင်းကြီးသဘောပေါက်သွားပြီး။ မြန်မာပြည်မှာရှိတဲ့ ၀န်ကြီးဆိုသူ တွေဟာ သူတို့ ခေါင်းဆောင် ဗိုလ်ချူပ်ကြီးတွေလိုဘဲ၊ အိမ်မှာတောင် ဘာဖြစ်လို့ ပြည်တွင်းမှာ ထုတ်လုပ်တဲ့ပစ္စည်းတွေ (Made in Burma ) ကို အိမ်သာသုံး ချီးကုန်းစက္ကူကအစ မသုံးကြတာ လည်းဆိုတာပါဘဲ။

အခုအောင်စိန် နောင်တရသွားပြီး။ အောင်စိန် ဆရာဝန်ပြန်လုပ်တော့မယ်။

(မြန်မာနိုင်ငံသတင်းတွေ၊ ဆောင်းပါးတွေကို သတင်းတွေ၊ရုပ်မြင်သံကြားအစီအစဉ်တွေမှာ ကြားနေရသလို၊ အခုတော့ စာသင်ခန်းတွေမှာ ကျောင်းသူကျောင်းသားတွေရဲ့ ဆွေနွေးစရာကြောင်းအရာတွေဖြစ်လာနေပါပြီ။ "Aung Sein: An Entrepreneur in Myanmar" Comprehensive Case Study ဆောင်းပါး ကိုဆီလျှော်အောင်အတက်နိုင်ဆုံး နှင့် အတိုချုံး ပြန်ဆိုထားသည်။ ဒီ Case Study ဆောင်းပါး ကို ရှာလော့ မြို့ မြောက်ကိုင်ရိုလိုင်နား တက္ကသိုလ်က ပေါ်မောက္ခ ရောဘတ် ဟောနဒေးက စာသင်ခန်းတွင်းဆွေးနွေးမူ့ (The Global Ethical Problems ) အကြောင်းအရာတခု အဖြစ် ရည်ရွယ်ရေးသားခဲ့ပါသည်။ အမှားရှိလျှင် ဘာသာပြန်သူ၏ အမှားသာဖြစ်ပါသည်။ လူ၊ မြို့ ရွာ နံမည်များကိုပြောင်းလွှဲ သုံးနှုန်း ထားပါသည်။ )

Wednesday, August 11, 2010

ကက်ဆီကွန်ဘဏ် နှင့် မြန်မာဘာသာသုံး အေတီအမ်စက်


"Innovation is more important in Banking business"
KBank has already provided Burmese language for ATM Machine in order to serve Burmese customers in Samutsakorn province.
Only KBank developped this language.

-မြတ်စိုး-
၈.၈.၂၀၁၀


မနေ့က ထိုင်းနိုင်ငံက ထိုင်းအမျိုးသမီး မိတ်ဆွေတစ်ဦးက ၀မ်းသာအားရနဲ့ ဖုန်းဆက်လာတယ်။ ကျနော်တို့နှစ်ယောက် ဆွေးနွေးခဲ့တဲ့ အကြောင်းအရာ လေး အကောင်အထည်ပေါ်လာပါပြီတဲ့။ တကယ်တော့ ကျနော်တို့နှစ်ယောက် ဆွေးနွေးခဲ့တဲ့ အကြောင်းအရာလေးက ကျနော့်ရဲ့ စိတ်ကူးလေးတစ်ခုဆိုလဲ မမှားပါဘူး။ တခါတရံ လူ့ရဲ့ ဖြစ်လာနိုင်တဲ့ စိတ်ကူးလေးတွေ အကောင်အထည်ဖော် လာဖို့ အချိန်တွေ၊ ရုပ်ဝတ္တုတွေ၊ ငွေကြေးတွေ၊ နည်းပညာတွေ၊ ရင်းနှီးမှုတွေ ပေးဆပ် ကြရတက်ပေမဲ့၊ ဘာ ရင်းနှီးမှုတွေမှ မပါပဲ ကျနော့်ရဲ့ စိတ်ကူးလေး လက်တွေ့ဖြစ်လာခဲ့ပြီလို့ပဲပြောရတော့မယ်။ ၀မ်းသာမိတာတော့အမှန်ပါပဲ။ အဲဒီ စိတ်ကူးလေးကတော့ ထိုင်းနိုင်ငံမှာ သန်းနဲ့ချီနေထိုင်နေကြတဲ့ မြန်မာလူမျိုးများ မြန်မာဘာသာသုံး အေတီအမ်စက် ဖြင့် ငွေလွှဲခြင်း၊ ငွေသွင်းခြင်း၊ ငွေထုတ်ခြင်းများ အလွယ်တကူ အသုံးပြုလာ နိုင်ပါပြီ ဆိုတာပါပဲ။

သူမကို ကျနော်လွန်ခဲ့တဲ့ ၈ နှစ်ကျော်က ရင်းနှီးသိကျွမ်း ခဲ့တယ်။ သူမဟာ ထိုင်းနိုင်ငံ KBank ဘဏ် ခေါ် ကက်ဆီကွန်ဘဏ် ရုံးချုပ်က ဘဏ် မန်နေဂျာတယောက် အဖြစ် လုပ်ကိုင်နေသူတစ်ဦးပါ။ သူမဟာ အသက်အရွယ်အားဖြင့် ၃၀ ကျော်သာ ရှိပေမဲ့ ကက်ဆီကွန်ဘဏ် မှာ ဘတ်ငွေ ၆ ဘီလီယံ (အမေရိကန် ဒေါ်လာခန့်မှန်း ၁၈၁ သန်းလောက်) ကုန်ကျမည့် ဘဏ် ထိန်းသိမ်းရေးစနစ် တခုလုံးကို အသစ်ပြောင်းလဲဖို့ တာဝန်ယူထားရသူ တစ်ဦးလည်းဖြစ်ပါတယ်။ ပြိုင်ဘက် အခြားဘဏ်တွေ ကို ယှဉ်ပြိုင်ဖို့ သာလွန်ကောင်းမွန်တဲ့ ၀န်ဆောင်မှုလုပ်ငန်းသစ် တွေကို တိုးချဲ့ ဖို့ ဘဏ်ထိမ်းသိမ်းရေးစံနစ်ကို ပြောင်းလဲဖို့ရန် လေးနှစ်လောက် အချိန် ကြာမယ်လို့ သူမ ကျနော့်ကို ပြောပြခဲ့ဘူးတယ်။ ကျနော်ကလည်း အမေရိကန်နိုင်ငံ အင်ဒီယားနားတက္ကသိုလ် မှာ စီမံခန့်ခွဲအုပ်ချုပ်မှု ဘာသာကို တက်ရောက် သင်ကြားခဲ့စဉ်က “အင်တာနက် ဘဏ်ဝန်ဆောင်မှုလုပ်ငန်း” ဆိုတဲ့စာတမ်းကို သုတေသနပြု ခဲ့ရတာမို့ သူမနဲ့ ကျနော်အကြား ဘဏ်ဝန်ဆောင်မှု လုပ်ငန်းများနဲ့ ပက်သက်သည့် အကြောင်းအရာများ ကို မကြာခဏဆိုသလို ဆွေးနွေးခဲ့ဘူးပါတယ်။

ကျနော် မနှစ်က ထိုင်းနိုင်ငံကို သွားရောက်လည်ပတ်စဉ်က သူမဟာ သူမရဲ့ လုပ်ဖော် ကိုင်ဖက်များ နဲ့ မိတ်ဆက်ပေးခဲ့လို့ သူတို့ လုပ်ကိုင်နေတဲ့ ကက်ဆီကွန်ဘဏ် ရဲ့ ၀န်ဆောင်မှု လုပ်ငန်းများ အပေါ် တရင်းတနှီးဆွေးနွေးခွင့်ရခဲ့တယ်။ သူတို့ အားလုံးဟာ အသက် ၃၀ -၄၀ ပတ်ဝန်းကျင် လူငယ်များဖြစ်ပြီး၊ အနောက်နိုင်ငံတွေမှာ ဘွဲ့ရလာခဲ့သူတွေဖြစ်လို့ အကျိုးရှိတဲ့ ဆွေးနွေးမှုတွေဖြစ်ခဲ့သလို သူတို့ရဲ့ အတွေးခေါ်တွေအပေါ် ပွင့်ပွင့်လင်းလင်း အမြင်ချင်း ဖလှယ်ခွင့်ရခဲ့တယ်။ သူတို့ရဲ့ အတွေ့အကြုံတွေကိုလည်း အများကြီးလေ့လာခွင့်ရခဲ့တယ်။ ကျနော်တို့ဆွေးနွေးခဲ့တဲ့အကြောင်းတွေထဲမှာ အာရှလမ်းမကြီး နှင့်အတူ ထိုင်း-မြန်မာ ကုန်သွယ်မှုတိုးတက်လာနေမှု၊ ထိုင်းနိုင်ငံအတွင်း သန်းနဲ့ချီသောမြန်မာများ နေထိုင်နေမှု ကြောင့် ထိုင်းနိုင်ငံအတွင်း မြန်မာ-ထိုင်း နှစ်ဘာသာ ငွေသွင်းထုတ်ယူနိုင်သည့် အေတီအမ်စက်များ အသုံးပြုကာ ၀န်ဆောင်မှုလုပ်ငန်းတိုးချဲ့ဖို့ သင့်ကြောင်းလည်း ပါဝင်ပါတယ်။ ဒီ ၀န်ဆောင်မှုဟာ အကုန်အကျသက်သာပြီး ဘဏ်မှာ ငွေအပ်သူတွေ များလာနိုင်မဲ့ ၀န်ဆောင်မှု နည်းလမ်းတစ်ခုလည်းဖြစ်တယ်။

ထိုစဉ်က ကက်ဆီကွန်ဘဏ် ဟာ ပြိုင်ဖက်အခြား ပုဂ္ဂလိကဘဏ်တွေဖြစ်ကြတဲ့ ဆီယမ် ကော်မာရှယ် ဘဏ် (Siam Commercial Bank)၊ ဘန်ကောက်ဘဏ်( Bangkok Bank) တွေလို ဘဏ်ခွဲတွေ ထပ်မံ တိုးချဲ့ပြီးဆက်လက်ယှဉ်ပြိုင်ဖို့ မပြုလုပ်ဖို့ဆုံးဖြတ်ထားပြီး၊ ရင်နှီးမြုပ်နှံမှုငွေကြေး ကုန်ကျမှု သက်သာတဲ့ အခမဲ့မှုဝန်ဆောင်မှုလုပ်ငန်းတွေ ကို တိုးချဲ့တဲ့ စီးပွားရေးနည်းလမ်းသစ်တွေ ကို အကောင်အထည်ဖော်ဖို့ ကျိုးစားနေတဲ့ အချိန်အခါဖြစ်ပါတယ်။ အထူးသဖြင့် အသေးစားနဲ့ အလတ်စား စက်မှု လက်မှု လုပ်ငန်း (SME) တွေကို ငွေထုတ်ချေးတဲ့ဘက်၊ ဘဏ်မှာ ငွေအပ်သူတွေ ဘယ်လိုများလာအောင် ၀န်ဆောင်မှုလုပ်ငန်းတွေကို တိုးချဲ့ဖို့ဘက် အထူးပြုစဉ်းစားနေတဲ့ အချိန်လည်းဖြစ်တယ်။ ဥပမာအားဖြင့် ကက်ဆီကွန်ဘဏ် မှာ ငွေအပ်တဲ့သူတွေ ကို အခမဲ့ ဘယ်လိုရင်းနှီးမြှုပ်နှံရင် ကောင်းမယ်ဆိုတဲ့ အခမဲ့ဝန်ဆောင်မှု တွေကို ဆောင်ကြဉ်းပေး နေပါတယ်။ ကက်ဆီကွန်ဘဏ် ဟာ တရုတ်၊စင်္ကာပူ၊ဂျပန်၊ အမေရိကန်နဲ့ အာရှနိုင်ငံတွေမှာ ဘဏ်ခွဲများရှိနေတာကြောင့် ဒီလိုဝန်ဆောင်မှုလုပ်ငန်းတွေ တိုးချဲ့ရာမှာ ဘဏ် ထိန်းသိမ်းရေးစနစ် တခုလုံးကို အသစ်ပြောင်းလဲဖို့ လိုအပ်နေတဲ့အချိန် ဖြစ်တယ်။

ထိုင်းနိုင်ငံ မှာ ကက်ဆီကွန်ဘဏ် ဟာ ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများကို လုပ်ဆောင်ပေးနေတဲ့ ပုဂ္ဂလိကဘဏ်တွေထဲမှာ စတုတ္တ အကြီးဆုံး ဘဏ်ကြီးတခု ဖြစ်ပါတယ်။ ကမ္ဘာ့စီးပွား ဆုတ်ယုတ်နေမှု ကာလအတွင်း ထိုင်းနိုင်ငံမှာရှိကြတဲ့ ပုဂ္ဂလိက ဘဏ်တွေဟာ ဘဏ် ရှင်သန်ရပ်တည်ရေး အတွက် ၀န်ဆောင်မှုလုပ်ငန်းတွေ တိုးတက်လာဖို့ ပြုပြင်ပြောင်းလဲမှုတွေ၊ တိုးချဲ့မှုတွေကို ပြုလုပ်နေကြရတယ်။

ဒီလိုဝန်ဆောင်မှုတွေကိုတိုးချဲ့လုပ်ဆောင်လာရာမှာ မနေ့က ကေဘဏ်က ထိုင်းနိုင်ငံအတွင်း မှာ သန်းနဲ့ချီ နေထိုင်နေကြတဲ့ မြန်မာလူမျိုးတွေ အတွက် ဘဏ်မှာအပ်နှံမှု၊ ထုတ်ယူမှုတွေမှာ ပိုမိုအဆင်ပြေလာအောင် မြန်မာဘာသာဖြင့် ဖော်ပြထားတဲ့ အေတီအမ် စက်တွေကို စတင်အသုံးပြုပြီး ၀န်ဆောင်မှုတွေတိုးချဲ့ လုပ်ဆောင်လိုက်ပါပြီ။ ကေ ဘဏ်ဟာ ထိုင်းနိုင်ငံမှာ ပထမ ဦးဆုံး မြန်မာဘာသာဖြင့် ၀န်ဆောင်မှုပေးတဲ့ ဘဏ်တစ်ခုအဖြစ် အခြားဘဏ်တွေရဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို စတင်စိန်ခေါ်ယှဉ်ပြိုင်လိုက်ပါပြီ။

ယခုဆိုလျှင် KBank ခေါ် ကက်ဆီကွန်ဘဏ် မှာ ထိုင်း၊ အင်္ဂလိပ်၊ တရုတ်၊ ဂျပန်နှင့် မြန်မာဘာသာတို့ဖြင့် အသုံးပြုလာနိုင်ပြီ ဖြစ်ပါတယ်။ ကက်ဆီကွန်ဘဏ်ဟာ တခြား အိမ်နီးချင်း နိုင်ငံများဖြစ်တဲ့ ကမ္ဘောဒီးယား၊ လာအို ရွှေ့ပြောင်း အလုပ်သမားများ တွေ အတွက်လည်း ဝန်ဆောင်မှု ပေးနိုင်ရန် အစီအစဉ်များရှိကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါပြီ။

မြန်မာနိုင်ငံ မှာ နိုင်ငံရေးပြဿနာတွေ ကို နိုင်ငံရေးနည်းလမ်းနဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာမှု မပြုလုပ်တာကြောင့် ဘဏ်ကဏ္ဍ၊ ငွေကြေး စနစ်ကဏ္ဍ ပြုပြင်ပြောင်းလဲမှုတွေ မပြုလုပ်နိုင်တော့တာ ရာစုနှစ် အတော်ကြာနေပါပြီ။ ဘယ်လိုဘဲဖြစ်ဖြစ် အေတီအမ်စက် တောင်မရှိတဲ့မြန်မာနိုင်ငံက ပြည်သူတွေဟာ ထိုင်းနိုင်ငံမှာ မြန်မာဘာသာဖြင့် ငွေလွှဲခြင်း၊ ငွေသွင်းခြင်း၊ ငွေထုတ်ခြင်းများ ပြုလုပ်နိုင်ကြတော့မှာမို့ သူတို့ကိုယ်စား ၀မ်းသာကြည်နှူးမိတာတော့ အမှန်ပါပဲ။

Sunday, August 8, 2010

၂၂နှစ်မြောက် ၈၈၈၈ အရေးတော်ပုံ အထိမ်းအမှတ် ချီတက်ဆန္ဒပြပွဲ

အခမ်းအနားဓါတ်ပုံမှတ်တမ်း


-သာထက်(DFB-JP/WFWW)-

အခမ်းအနားကို ဂျပန်နိုင်ငံ တိုကျိုမြို့ ရှီနာဂါဝါရပ် ဂိုတန်းဒ ပန်းခြံတွင် JAC(ဂျပန်)မှဦးဆောင်၍ ၈၈၈၈ အခမ်းအနားကို နေ့လည် ၁နာရီခွဲတွင် စတင်ပြီး ၂ နာရီခွဲတွင် စတင်ချီတက်ကြပါသည်။ ဆန္ဒပြပွဲတွင် ဂျပန်နိုင်ငံရောက် ဒီမိုကရေစီလိုလားသော မြန်မာနိုင်ငံသားများ၊နိုင်ငံရေးအဖွဲ့ အစည်းအသီးသီးများ ဂျပန်လူမျိုးများ၊ NGO အဖွဲ့ အစည်းများနှင့် စုစုပေါင်းအင်းအား ၁၂၀၀ ခန့် ချီတက်ဆန္ဒပြကြပါသည်။ ၈၈၈၈ အရေးတော်ပုံအခမ်းအနားကို ညနေ ၄ နာရီတွင်အောင်မြင်စွာရုပ်သိမ်းလိုက်ပါသည်။
ဒီစာကို Select ပေးပြီးရေးပါ...SummaryRest of your post

Monday, May 3, 2010

China, Burma, and the Kokang War of August 2009

တရုတ်၊မြန်မာ နှင့် ၂၀၀၉ ခုနှစ် ကိုးကန့် စစ်ပွဲ

Saturday, March 27, 2010

အသွင်ကူးပြောင်းရေးကာလ ယူကရိန်းနိုင်ငံကြုံတွေ့ခဲ့ရသော စိန်ခေါ်မှုများ


ယူကရိန်းနိုင်ငံရဲ့ ပထမဦးဆုံး အမျိုးသမီး ဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ Yulia V. Tymoshenko ယူလီယာ တီမို ရှင်းကို

-မြတ်စိုး(မဇ္ဈိမ)-
၀၃.၂၂.၂၀၁၀


အသက် ၄၅ နှစ်မှာ ယူကရိန်းနိုင်ငံရဲ့ ပထမဦးဆုံး အမျိုးသမီး ဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ Yulia V. Tymoshenko ယူလီယာ တီမို ရှင်းကိုဟာ ပါလီမန်မှာ အယုံအကြည်မရှိ အဆိုကို မဲခွဲဆုံးဖြတ်ရာမှာ ရှုံးနိမ့်ပြီး နုတ်ထွက်သွားခဲ့ရပါတယ်။ သူမဟာ ၂ဝဝ၄ ခုနှစ် ယူကရိန်းနိုင်ငံတဝှန်း ဖြစ်ပွားခဲ့တဲ့ အဝါရောင် တော်လှန်ရေး (Orange Revolution) အစိုးရဆန့်ကျင်ရေး ဆက်တိုက်ဆန္ဒပြ လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ လူထုခေါင်းဆောင် ဖြစ်ပါတယ်။ ဝန်ကြီးချုပ်ရာထူးက နုတ်ထွက်သွားခဲ့ပေမယ့် ယူကရိန်း နိုင်ငံရေးလောကကတော့ ထွက်သွားမှာ မဟုတ်ဘူးလို့ သူမက ပြောဆိုခဲ့တယ်။

သူမဟာ ပြီးခဲ့တဲ့လမှာ ကျင်းပခဲ့တဲ့ သမ္မတ ရွေးကောက်ပွဲမှာ ပြိုင်ဘက် Viktor F. Yanukovich ရနုကိုးဗစ်ခ်ျကို ၃.၅ ရာခိုင်နှုန်း ကွာခြားမှု မဲအနည်းငယ်နဲ့ ရှုံးနိမ့်သွားခဲ့တာကြောင့် ဝန်ကြီးချုပ်ရာထူးကနေ နုတ်ထွက်ပေးဖို့ တောင်းဆိုခြင်း ခံခဲ့ရတယ်။ ရွေးကောက်ပွဲရလဒ်ဟာ တရားမျှတမှု မရှိဘူးလို့ ဥပဒေကြောင်းအရ တိုင်ကြားခဲ့ပေမယ့် ဒီအမှုမှာ သူဟာ မျှတတဲ့ ဆုံးဖြတ်ချက်ကို မရရှိခဲ့ပါဘူးလို့ သတင်းစာ ရှင်းလင်းပွဲတခုမှာ ပြစ်တင်ဝေဖန် ပြောဆိုသွားခဲ့တယ်။ အခုတော့ ပါလီမန်မှာ မဲခွဲဆုံးဖြတ်ခဲ့လို့ သူဟာ ဝန်ကြီးချုပ်ရာထူးက နုတ်ထွက်သွားပြီး၊ ပါလီမန်မှာ အတိုက်အခံပါတီ ခေါင်းဆောင်အဖြစ် ဆက်လက် တာဝန်ယူသွားမယ်လို့ ကြေညာခဲ့ပါတယ်။

သူမဟာ ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်စဉ်အတွင်း အဝါရောင်တော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့ လုပ်ဖော်ကိုင်ဘက် ယူကရိန်းသမ္မတ Viktor A. Yushchenko ဗစ်တာယူချင်းကိုနဲ့ ဆက်ဆံရေးတင်မားမှုတွေရှိခဲ့ပြီး၊ သမ္မတ ရွေးကောက်ပွဲ ယှဉ်ပြိုင်မှုမှာလည်း အစိုးရအဖွဲ့အတွင်း အတူလုပ်ဆောင်ခဲ့တဲ့ သမ္မတ ဗစ်တာယူချင်းကိုက သူ့ကို ထောက်ခံမှု မပေးခဲ့ပါဘူး။ ယူကရိန်းနိုင်ငံမှာ အဝါရောင်တော်လှန်ရေးပြီးနောက် ၂ဝဝ၅ ခုနှစ်မှာ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲတဲ့ ဗစ်တာယူချင်ကိုဟာ လုပ်ဖော်ကိုင်ဘက် အချင်းချင်းကို တိုက်ခိုက်ခဲ့မှုတွေ၊ တိုင်းပြည် စီးပွားရေး အကျပ်အတည်းတွေကို ဖြေရှင်းနိုင်မှု မရှိတာတွေကြောင့် ရွေးကောက်ပွဲမှာ လူထုထောက်ခံမှု မရရှိခဲ့တော့ဘူးလို့ သိရတယ်။

အစိုးရအဖွဲ့အတွင်း သမ္မတ ဗစ်တာယူချင်ကိုနဲ့ ဝန်ကြီးချုပ် ယူလီယာ တီမိုရှင်းကိုတို့ဟာ ဒီမိုကရေစီရေးအတွက် တက်တက်ကြွကြွ ဦးဆောင်ခဲ့ကြပြီး၊ ယူကရိန်းကို မြောက်အတ္တလန်တိတ် (NATO) အဖွဲ့ထဲ ဝင်ရောက်နိုင်ဖို့ ကြိုးစားခဲ့သူတွေလည်း ဖြစ်ပါတယ်။ အစိုးရအဖွဲ့အတွင်း သမ္မတနဲ့ ဝန်ကြီးချုပ်အကြား လူသိရှင်ကြား အခြေအတင် စွပ်စွဲမှုတွေ၊ ဝေဖန်မှုတွေကြောင့် ဝန်ကြီးချုပ် ယူလီယာ တီမိုရှင်းကို သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်သွားခဲ့ရခြင်း ဖြစ်တယ်လို့ ယူကရိန်း နိုင်ငံရေးကို လေ့လာနေသူတွေက ပြောဆိုခဲ့ကြတယ်။ ပြီးခဲ့တဲ့ အပတ်က ရွေးချယ်ခံခဲ့ရတဲ့ သမ္မတသစ် Viktor F. Yanukovich ရနုကိုးဗစ်ခ်ျကတော့ ရုရှားအစိုးရနဲ့ နီးစပ်သူအဖြစ် လူသိများ ထင်ရှားခဲ့ပြီး၊ အရင် အစိုးရအဖွဲ့ရဲ့ ဝန်ကြီးချုပ်ဟောင်းတဦးလည်း ဖြစ်ပါတယ်။
အယုံအကြည်မရှိ အဆို အနိုင်ရသွားပြီးနောက် ၀န်ကြီးချုပ် ယူလီယာ တီမို ရှင်းကို ပါလီမာန်မှ ထွက်ခွာသွားပုံ

ဒါပေမဲ့လည်း ယူကရိန်းမှာ ဒီမိုကရေစီရေးအတွက် တက်တက်ကြွကြွ ဦးဆောင်ပါဝင်ခဲ့ပြီး ထင်ပေါ်ကျော်ကြား အောင်မြင်မှုတွေ ရရှိခဲ့တဲ့ စီးပွားရေးလုပ်ငန်းရှင်တဦးလည်းဖြစ်၊ ပညာရှင်တဦးလည်း ဖြစ်ခဲ့တဲ့ ပထမဦးဆုံး ယူကရိန်း အမျိုးသမီးဝန်ကြီးချုပ် ယူလီယာ တီမိုရှင်းကို သမ္မတရွေးကောက်ပွဲမှာ ဘာကြောင့် ရှုံးနိမ့်ခဲ့ရတာလဲ ဆိုတာကိုတော့ နိုင်ငံတကာ နိုင်ငံရေး လေ့လာအကဲခတ်သူတွေအတွက် စိတ်ဝင်တစားရှိခဲ့သလို၊ အမျိုးမျိုး ထင်မြင်ချက်တွေကို ပေးခဲ့ကြတယ်။

နိုင်ငံရေး အကဲခတ်တချို့က သူမရဲ့ အစိုးရအတွင်း Change Insurgents လို့ ခေါ်ဆိုတဲ့ ပြုပြင်ပြောင်းလဲရေးကို လက်မခံတဲ့ သဘောထားတင်းမာသူတွေ၊ ရုရှားနဲ့ နီးစပ်လိုသူ နိုင်ငံရေးသမားတွေ၊ အရင် အစိုးရလက်ထက်မှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ စစ်တပ်အကြီးအကဲတွေရဲ့ ဖီဆန်နေမှုတွေကြောင့် တိုင်းပြည်ရဲ့ စီးပွားရေးကို ပြန်လည်ဦးမော့လာအောင် သူမဟာ မစွမ်းဆောင်နိုင်ခဲ့ဘူးလို့ ထောက်ပြပြောဆိုကြတယ်။ နိုင်ငံရေး လေ့လာအကဲခတ်သူ တချို့ကတော့ နှစ်အတော်ကြာ အကျင့်ပျက်ချစားခဲ့တဲ့ အရင် အစိုးရတွေရဲ့ ညံ့ဖျင်းတဲ့ စီမံခန့်ခွဲ အုပ်ချုပ်မှုတွေကြောင့် ချောက်ထဲကျပြီး ပျက်စီးယိုယွင်းနေတဲ့ စီးပွားရေးကို ပြန်လည်ကောင်းမွန်အောင် သူမ မပြောနဲ့၊ ဘုရားသခင်တောင် ကယ်တင်လို့ရမှာ မဟုတ်ဘူးလို့ ထောက်ပြကြတယ်။

ဥရောပနဲ့ အာရှအရေး သုတေသနပြု လေ့လာနေသူတချို့ကတော့ ယူကရိန်းနိုင်ငံဟာ ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းရေး ကာလကို ဖြတ်သန်းနေတာမို့ စိမ်ခေါ်မှုပေါင်းစုံနဲ့ ရင်ဆိုင်နေရတယ်လို့ သုံးသပ်ထားပါတယ်။ ဒီလို Transition Period လို့ ခေါ်ဆိုတဲ့ အသွင်ကူးပြောင်းရေးကာလ (သို့) Economic Depression လို့ ခေါ်ဆိုတဲ့ စီးပွားရေး ဆုတ်ယုတ်မှုနဲ့ စီးပွားရေးပျက်ကပ် အကျိုးဆက်တွေကို ရင်ဆိုင်နေရတဲ့ ကာလ (သို့) classical Retreat လို့ ခေါ်ဆိုတဲ့ အကောင်းဆုံး ဆုတ်ခွာသွားတဲ့ ကာလတွေမှာ အစိုးရသစ်အတွင်း တိုင်းပြည် စီမံခန့်ခွဲ အုပ်ချုပ်မှုတွေမှာ နိုင်ငံရေးသမားတွေအစား ကျွမ်းကျင်သူ နည်းပညာရှင်တွေ၊ အတက်ပညာရှင်တွေကိုသာ ရွေးချယ်ခန့်အပ်ဖို့ လိုအပ်တယ်လို့ အကြံပြုပြောဆိုခဲ့တယ်။

တရုတ်၊ အမေရိကန်၊ ဂျပန်၊ အိန္ဒိယ၊ ထိုင်း၊ အင်ဒိုနီးရှား၊ စင်္ကာပူ၊ အရှေ့ဥရောပနိုင်ငံတွေ အသွင်ကူးပြောင်းရေး ကာလမှာ နိုင်ငံရေးသမားတွေအစား အတွေ့အကြုံ အရည်အချင်းရှိကြပြီး၊ မျိုးချစ်စိတ်ရှိကြတဲ့ တတ်သိပညာရှင်တွေ၊ အင်ဂျင်နီယာတွေ၊ သိပ္ပံပညာရှင်တွေက တိုင်းပြည် စီမံခန့်ခွဲအုပ်ချုပ်မှုကို အောင်အောင်မြင်မြင် ဦးဆောင်မှု ပေးခဲ့ကြတဲ့ သာဓကများစွာ ရှိခဲ့တယ်လို့ ထောက်ပြဆွေးနွေးခဲ့ကြတယ်။ ကမ္ဘာပေါ်မှာ လူဦးရေ အများဆုံး တိုင်းပြည်ကြီး တရုတ်နိုင်ငံကို အဓိက ဦးဆောင်သွားတဲ့ ကွန်မြူနစ်ပါတီ ပေါ်လစ်ဗျူရို ဦးဆောင်ကော်မတီဝင် လူကျော်လူမော် ၉ ယောက်စလုံးဟာ အင်ဂျင်နီယာနဲ့ သိပ္ပံဘွဲ့ရတွေ ဖြစ်ကြတယ်ဆိုတာ ဥပမာပေး တင်ပြခဲ့ကြတယ်။

လူဦးရေ ၄၆ သန်းကျော်ရှိတဲ့ ယူကရိန်းဟာ ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲပြီးနောက် ၁၉၉၁ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့မှာ လွတ်လပ်ရေး ရခဲ့ပြီး ဒီမိုကရေစီလမ်းကြောင်းပေါ် တက်ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ သဘောထား ပြင်းထန်ပြီး ရုရှားက ကျောထောက်နောက်ခံ အားပေးထားတဲ့ စစ်ခေါင်းဆောင်တွေ၊ ရုရှားအစိုးရရဲ့ စွမ်းအင်ထောက်ပံ့မှုဆိုင်ရာ ခြိမ်းခြောက်မှုတွေကြောင့် နိုင်ငံရေး၊ စီပွားရေး အကျပ်အတည်း ပြဿနာတွေနဲ့ ဆက်တိုက်ဆိုသလို ရင်ဆိုင်နေခဲ့ရတယ်။ ယူကရိန်းဟာ ရုရှားကနေ တင်ပို့ရောင်းချတဲ့ သဘာဝဓာတ်ငွေ့ပေါ် မှီခိုနေရပြီး၊ ရုရှားအစိုးရက ဆောင်းတွင်းကာလတွေမှာ သဘာဝဓာတ်ငွေ့ တင်ပို့မှုတွေကို ရပ်ဆိုင်းပစ်ခြင်း၊ ဈေးနှုန်းကြီးမြင့်စွာ ရောင်းချခြင်းတွေနဲ့ ယူကရိန်း နိုင်ငံရေး မတည်ငြိမ်အောင် ဝင်ရောက်စွက်ဖက်မှုတွေ ပြုလုပ်လေ့ရှိပါတယ်။ အထူးသဖြင့် ရုရှားအစိုးရက ယူကရိန်းကို ဥရောပနိုင်ငံတွေနဲ့ ဆက်ဆံရေး နီးစပ်သွားမှာကို စိုးရိမ်မှုတွေရှိလို့ ဖြစ်ပါတယ်။

ဆိုဗီယက် ပြည်ထောင်စုက ခွဲထွက်ခဲ့တုန်းက ယူကရိန်းမှာ တိုက်ရေယာဉ် စစ်သင်္ဘောအစင်း ၃၅ဝ၊ တိုက်လေယာဉ် အစင်း ၁၅ဝဝ နဲ့ IBM (Intercontinental Ballistic Missiles) နဲ့ ပစ်ခတ်နိုင်တဲ့ မဟာဗျူဟာမြောက် နျူကလီးယားထိပ်ဖူး ၁၂၇၂ ခု ပိုင်ဆိုင်ထားတာကြောင့် ဥရောပတိုက်မှာ ရုရှားနိုင်ငံပြီးရင် ဒုတိယ စစ်အင်အားကြီး နိုင်ငံတနိုင်ငံအဖြစ် ရပ်တည်ခဲ့တယ်။ တတိယ အများဆုံး နျူကလီးလက်နက် ပိုင်ဆိုင်ခဲ့တဲ့ ယူကရိန်းနိုင်ငံဟာ ၁၉၉၂ ခုနှစ်မှာ Strategic Arms Reduction Treaty (START) လို့ ခေါ်ဆိုတဲ့ မဟာဗျူဟာမြောက် နျူကလီးယားလက်နက်တွေ လျှော့ချရေး သဘောတူစာချုပ်အရ နျူကလီးယား လက်နက်တွေကို ရုရှားနိုင်ငံကို ပြန်ပေးခဲ့ရပြီး၊ ၁၉၉၆ ခုနှစ်မှာ နျူကလီးယားလက်နက်မဲ့ နိုင်ငံအဖြစ် ကြေညာခဲ့တယ်။

ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲသွားပြီးနောက် ယူကရိန်းစစ်တပ်မှာ စစ်သားအင်အား ၇၈ဝ,ဝဝဝ ကျော် ရှိခဲ့ပေမယ့် ၂ဝ၁ဝ ခုနှစ်မှာ နိုင်ငံတကာ ငြိမ်းချမ်းရေးတပ်ဖွဲ့တွေမှာတောင် တာဝန်ထမ်းဆောင်နိုင်မယ့် အရည်အချင်း ပြည့်ဝတဲ့ စစ်တပ်အင်အား ၃ဝဝ,ဝဝဝ အထိ အရေအတွက် လျှော့ချခဲ့တယ်။ ခေတ်မမီတဲ့၊ အရည်အသွေး ညံ့တဲ့ စစ်လက်နက်ပစ္စည်းတွေကို ဖျက်ဆီးခြင်း၊ စားစရာကုန်ပစ္စည်းတွေနဲ့ လှဲလှယ်ခဲ့ခြင်း၊ လက်ဆောင်ပေးခြင်း၊ တတိယနိုင်ငံတွေကို တင်ပို့ရောင်းချခဲ့ခြင်းတွေ ရှိခဲ့တယ်။ ဒီ တင်ပို့ရောင်းချခဲ့တဲ့ နိုင်ငံတွေမှာ မြန်မာနိုင်ငံလည်း တနိုင်ငံအဖြစ် ပါရှိခဲ့တယ်။ ယူကရိန်းပိုင် လက်နက်ကုမ္ပဏီဟာ ရန်ကုန်မြို့ နတ်မောက်လမ်းရှိ Royal Nikko ဟိုတယ် ၉ ထပ်မှာ ရုံးခန်းဖွင့်ခဲ့ပြီး၊ မြန်မာနိုင်ငံအတွက် စစ်လက်နက် ရောင်းဝယ်ရေး လုပ်ငန်းကို လုပ်ဆောင်ခဲ့တယ်။ မြန်မာနိုင်ငံက သံချပ်ကာကား ၁ဝဝဝ ကျော် တည်ဆောက်ရေး အပါအဝင်၊ လေကြောင်းကာကွယ်ရေးဆိုင်ရာ နည်းပညာ၊ ဝေဟင်ပစ်ဒုံးကျည်လက်နက်တွေ၊ စစ်ရဟတ်ယာဉ်တွေ၊ တီ ၇၂ တင့်ကားတွေကို တင်ပို့ရောင်းချခဲ့ကြောင်း စစ်ဘက် ထောက်လှမ်းရေး သတင်းတွေအရ သိခဲ့ရတယ်။

ယူကရိန်းဟာ စစ်အေးခေတ်ကာလအပြီး ဆိုဗီယက် ပြည်ထောင်စုက ခွဲထွက်လာကာ မကောင်းဆိုးဝါးခေတ်က ချန်ထားရစ်ခဲ့တဲ့ အကြွင်းအကျန်တွေကို ခါးသီးစွာ ခံစားရင်း ကမ္ဘာ့စီးပွားရေး ဆုတ်ယုတ်မှုကြီးက ဖြစ်ပေါ်လာတဲ့ စီးပွားရေးဆိုင်ရာ ပြဿနာတွေကိုလည်း ထပ်မံ ရင်ဆိုင်ဖြေရှင်းနေရပြန်တယ်။

ဆိုဗီယက် ပြည်ထောင်စုကနေ ခွဲထွက်လာပြီးနောက် လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးခဲ့ပေမယ့် စီးပွားရေးဆုတ်ယုတ်မှု (Economic Recession) ၈ နှစ်ကျော်ကြာ ဆက်တိုက်ခံစားခဲ့ရတာကြောင့် ကုန်ထုတ်လုပ်မှု စွမ်းအား ၂ဝ ရာခိုင်နှုန်းကျော်ထိ ကျဆင်းသွားခဲ့တယ်။ ဒီမိုကရေစီနည်းလမ်းကျ ရွေးချယ်တင်မြောက်ခြင်း ခံခဲ့ရတဲ့ ယူကရိန်း အစိုးရသစ်ဟာ ခေတ်ပျက်ကာလအတွင်း ချစားခဲ့မှုတွေ၊ ဆင်းရဲမွဲတေခဲ့မှုတွေ၊ ငွေကြေးဖောင်းပွခဲ့မှုတွေ၊ အခြေခံအဆောက်အအုံတွေ ပျက်စီးယိုယွင်းခဲ့မှုတွေကို ကြမ်းကြမ်းတမ်းတမ်း အံတုရင်ဆိုင်ခဲ့ရတယ်။


ပူတင် နှင့် ယူလီယာ တီမို ရှင်းကို စွမ်းအင်ဆိုင်ရာ ဆွေးနွေးပွဲ


ကမ္ဘာ့စီးပွားရေးကပ်ဆိုးနဲ့ ပြည်တွင်း စီးပွားရေးအကျပ်အတည်း အခြေအနေဟာ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို စတင်တက်လှမ်းနေတဲ့ ယူကရိန်းနိုင်ငံရဲ့ နိုင်ငံရေးကို မတည်မငြိမ် ဖြစ်လာစေခဲ့ပြီး ရုရှားက ကျောထောက်နောက်ခံ အားပေးထားတဲ့ နိုင်ငံရေးသမားတွေ ပြန်လည်အားကောင်းလာစေခဲ့တယ်။ ဒါပေမဲ့လည်း ဝန်ကြီးချုပ်ရာထူးက နုတ်ထွက်သွားခဲ့ရတဲ့ ယူလီယာ တီမိုရှင်းကိုဟာ အရည်အချင်းပြည့်ဝပြီး ငယ်ရွယ်ကာ နိုင်ငံရေး ယုံကြည်ချက် ခိုင်မာမှု ရှိတာကြောင့် ယူကရိန်းကို ပြန်လည်ဦးဆောင်မှု ပေးနိုင်လိမ့်မယ်လို့ နိုင်ငံရေး ကျွမ်းကျင်သူတွေက ခန့်မှန်းသုံးသပ်ပြောဆိုနေကြသလို၊ ယူကရိန်းပြည်သူတွေ ကလည်း ယုံကြည်အားကိုးမှုတွေ ရှိနေကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ခေတ်ဆိုးကြီးရဲ့ အကြွင်းအကျန်တွေကို သူမ ဘယ်လို အံတုရင်ဆိုင် ဖြေရှင်းခဲ့ရသလဲ ဆိုတာကတော့ အသွင်ကူးပြောင်းရေး ကာလကို ဖြတ်သန်းနေတဲ့ နိုင်ငံတွေက အထူး စိတ်ဝင်တစား စောင့်ကြည့်လေ့လာခဲ့ကြပါတယ်။

Friday, March 19, 2010

သံရုံးရှေ့ ဆန္ဒပြ မြန်မာလူငယ်များကို အိန္ဒိယရဲက ထိန်းသိမ်း




နယူးဒေလီ (မဇ္ဈိမ) ။ ။ အိန္ဒိယနိုင်ငံ နယူးဒေလီရှိ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ မြန်မာလူငယ် ၇ဝ ခန့် မြန်မာသံရုံးရှေ့၌ ဆန္ဒပြနေစဉ် ရဲက ထိန်းသိမ်းသွားသည်။

၂ဝဝ၈ ခုနှစ် အခြေခံဥပဒေကို အခြေခံထားသော ရွေးကောက်ပွဲဥပဒေကို စစ်အစိုးရက ထုတ်ပြန်လိုက်ရာက မကျေနပ်ကြသော မြန်မာ့အရေး တက်ကြွလှုပ်ရှားသူများက ယနေ့နံနက် ၁၁ နာရီခန့်တွင် ”ဗိုလ်ချုပ်သန်းရွှေ ငရဲပြည်သွား” ဟု အဓိပ္ပာယ်ရသော အင်္ဂလိပ်လို ကြွေးကြော်သံကို အော်ဟစ်လျက် သံရုံးအုတ်နံရံတွင် အနီရောင် သင်္ဘောဆေး မှုတ်ဆေးဘူးများဖြင့် သုတ်လိမ်းကြစဉ် ရဲများက ထိန်းသိမ်းလိုက်ခြင်း ဖြစ်သည်။
redurgent4s
“အခုထိတော့ ကျနော်တို့ကို ဘာပုဒ်မနဲ့ တပ်မယ်ဆိုတာ မသိရသေးဘူး။ အခုထိတော့ ဘာမှ မပြောနိုင်သေးဘူး။ ရဲစခန်းထဲမှာပဲ ရှိသေးတယ်။ ဒီစခန်းမှူးနဲ့ နအဖ သံအမတ်နဲ့ တွေ့နေတယ်လို့ သိရတယ်။ ရဲမှူးကို သံရုံးက ခေါ်လို့ သွားနေတယ်။ အခုအချိန်ထိတော့ ကောင်းကောင်းမွန်မွန် ထားတယ်” ဟု ဆန္ဒပြပွဲကို ဦးဆောင်သူ တဦးဖြစ်သည့် ကိုကင်မ်က ဖမ်းဆီးထိန်းသိမ်းခံနေရသည့် ရဲစခန်းအတွင်းမှ ဖုန်းဖြင့် မဇ္ဈိမကို ပြောဆိုခဲ့သည်။

သူတို့ကို ချန်နာကရာပူရီအရပ်ရှိ ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သတင်းရေးသားစဉ်က နောက်ဆုံး သိရသည်။

ဆန္ဒပြသူများက အနီရောင်လှုံ့ဆော်မှုသဏ္ဍာန် ဆေးနီများသုတ်လိမ်းကြသလို မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ဓာတ်ပုံများကိုလည်း နံရံများနှင့် သံရုံးတံခါးပေါက်ကြီးတွင် ချိတ်ဆွဲကာ ဆေးသုတ်ခဲ့ကြသည်။

မြန်မာနိုင်ငံတွင်း ဖမ်းဆီးခံနေရသည့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးရန်၊ လွတ်လပ်ပြီး ယုံကြည်စိတ်ချရသော ရွေးကောက်ပွဲများကို ကျင်းပရန်၊ မြန်မာစစ်အစိုးရ ကျူးလွန်သည့် လူသားမျိုးနွယ် ဆန့်ကျင်သည့် ပြစ်မှုများနှင့် စစ်ရာဇဝတ်များကို စုံစမ်းစစ်ဆေးမည့် ကုလသမဂ္ဂအနေဖြင့် ကော်မရှင်တရပ် ဖွဲ့စည်းရန် ဆန္ဒပြသူများက တောင်းဆိုခဲ့ကြသည်။


မြန်မာစစ်အစိုးရသည် နှစ်ပေါင်း ၂ဝ အတွင်း ပထမဆုံးအကြိမ် ကျင်းပမည့် ရွေးကောက်ပွဲကို မည်သည့်နေရက်တွင် ကျင်းပမည်ဟု ကြေညာထားခြင်း မရှိသော်လည်း ယခုလ ဒုတိယပတ်အတွင်းမှ စတင်၍ ရွေးကောက်ပွဲ ဥပဒေကို ထုတ်ပြန်ကြေညာလာခဲ့သည်။

အဆိုပါဥပဒေအရ ထောင်ဒဏ်ကျခံနေရသူသည် နိုင်ငံရေးပါတီဝင်မဖြစ်ရဟု ကန့်သတ်ထားသလို လက်ရှိ နိုင်ငံရေးပါတီများအနေဖြင့်လည်း ပါတီမှတ်ပုံတင်ခြင်း ပြန်လည်ပြုလုပ်ရမည်ဖြစ်သည်။

ဥပဒေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား ၂၁ဝဝ ကျော်ကို ရွေးကောက်ပွဲဖြစ်စဉ်မှ ပထုတ်နိုင်အောင် ရေးဆွဲထားခြင်းဖြစ်သည်ဟု ဒီမိုကရေစီ လိုလားသော အတိုက်အခံများနှင့် မြန်မာ့အရေး လေ့လာသူအများအပြားက ယုံကြည်ကြသည်။

နယူးဒေလီအစိုးရသည် ၁၉၉၅ ခုနှစ် မတိုင်ခင်အထိ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို တက်ကြွစွာ ထောက်ခံအားပေးခဲ့သော်လည်း အရှေ့မျှော်မူဝါဒဖြင့် တဆစ်ချိုးကွေ့သွားကာ မြန်မာစစ်ဗိုလ်ချုပ်များနှင့် တရင်းတနှီး ဆက်ဆံရေး ထူထောင်လာခဲ့ပြီး၊ အရှေ့တောင်အာရှ နိုင်ငံများအတွင်း ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လာခဲ့သည်။

စစ်အစိုးရ ထုတ်ပြန်သည့် ရွေးကောက်ပွဲ ဥပဒေများကို အနောက်နိုင်ငံများက ဆန့်ကျင်ရှုတ်ချမှုများ ပြုလုပ်ခဲ့သော်လည်း အိန္ဒိယအစိုးရကမူ ယနေ့ထိတိုင် ရေငုံနှုတ်ပိတ်နေဆဲဖြစ်သည်။

နယူးဒေလီတွင် မြန်မာနိုင်ငံသား ဒုက္ခသည်နှင့် ဒုက္ခသည်အဖြစ် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးသို့ လျှောက်ထားသူများ စုစုပေါင်း ၅ဝဝဝ ခန့် နေထိုင်ကြသည်။




Rest of your post

Saturday, March 13, 2010

မြန်မာနိုင်ငံလူအခွင့်ရေးနေ့ တိုကျို မှာ ကျင်းပ




-သာထက်(DFB-JP/WFWW)-
တိုကျို၊ ဂျပန်


၂၂ ကြိမ်မြောက် မြန်မာနိုင်ငံလူအခွင့်ရေးနေ့ ကို ယနေ့ ၁၃-၃-၂၀၁၀ တွင် JAC-JAPAN မှ ဦးဆောင်ပြီး JAPAN နိုင်ငံ TOKYO ရှိ EIBSU ပန်းခြံ တွင် ပြုလုပ်ခဲ့ပါသည်။ JAPAN နိုင်ငံ ရှိ နိုင်ငံရေးအဖွဲ့အသီးသီးနှင့် ဒီမိုကရေစီလိုလားသော မြန်မာနိုင်ငံသားများ ပါဝင်ပူးပေါင်းပြီး မြန်မာနိုင်ငံလူအခွင်ရေးနေ့ ကို ကျင်းပခဲ့ခြင်းဖြစ်ပါသည်။ အခမ်းအနားကို နေ့လည် ၂ နာရီ တွင် စတင် ကျင်းပခဲ့ပါသည်။

JAC-JP,NLD-LA,LDB,AUN,FWBC စသည့် နိုင်ငံရေးအဖွဲ့အသီးသီး မှ တာဝန်ရှိသူများ က ၂၂ ကြိမ်မြောက် လူအခွင်ရေးနေ့ အကြောင်း၊ လက်ရှိနိုင်ငံရေးအခြေအနေ၊ ၂၀၁၀ ရွှေးကောက်ပွဲအခြေခံဥပဒေ တွင် ပါရှိသည့် တဖက်သက်ဥပဒေ နှင့်ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ ပါဝင်မှုမရှိဘဲ ရွှေးကောက်ပွဲ တရားမျှတမှုမရှိသည့် အကြောင်းတို့ကိုပြောကြားပြီး ချီတတ်ဆန္ဒပြပွဲကို နေ့လည် ၃ နာရီ တွင်စတင်ခဲ့ပါသည်။ စုစုပေါင်း လူအင်အား ၄၀၀ တတ်ရောက်ခဲ့ကြပါသည်။

EIBSU ပန်းခြံ မှ SANDDAGAYA ပန်းခြံ အထိ လမ်းလျှေက်ဆန္ဒပြခဲ့ကြပြီး လမ်းတလျှေက်တွင် ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသားခေါင်းဆောင်များ၊ ကျောင်းသားခေါ်င်းဆောင်များအပါအ၀င်

နိုင်ငံရေးအကျဉ်းသားအားလုံး---------ချက်ချင်းလွှတ်

မြန်မာလူ့အခွင့်အရေးချိုးဖောက်မှု-------ချက်ချင်းရပ်

၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ-------အလိုမရှိ

၂၀၁၀ ရွှေးကောက်ပွဲ-------အလိုမရှိ

တွေ့ဆုံဆွေးနွေးရေး------ချက်ချင်းလုပ်

စသည့် ကြွေးကြော်သံများကို ဂျပန် ဘာသာများဖြင့် ကြွေးကြော်ပြီး ချီတတ်ဆန္ဒြပခဲ့ကြပါသည်။ SENDDAGAYA ပန်းခြံ တွင်၂၂ကြိမ်မြောက် မြန်မာနိုင်ငံ လူအခွင့်ရေးနေ့အခမ်းအနား ကို ရုပ်သီမ်းလိုက်သည်။


Rest of your post

Monday, March 8, 2010

အလုပ်သမား ဆန္ဒပြပွဲ

မော်စကိုမြို့ လမ်းမပေါ်မှာ အစိုးရကို ဆန့်ကျင်တဲ့ အလုပ်သမားဆန္ဒပြပွဲ

-မြတ်စိုး-
မဇ္ဈိမ
၀၃.၀၃.၂၀၁၀

၂၀၀၇ ခုနှစ်က စတင်ကတဲ့ ကမ္ဘာ့စီးပွားရေးအကျပ်အတည်းဟာ ကမ္ဘာ့နိုင်ငံတိုင်းရှိ ပေါင်မုန့်စားသူကော ဆန်ပြုတ်စားသူ ဆင်းရဲသား ပြည်သူများပါ စားဝတ်နေရေးအခက်အခဲ အကျပ်အတည်း ပြဿနာ များနဲ့ ရင်ဆိုင်ခဲ့ရတယ်။ ဆင်းရဲသားပြည်သူများရဲ့ အခက်အခဲ ပြဿနာဟာ နိုင်ငံတိုင်းမှာ တူညီစွာခံစားနေရပေမဲ့၊ အစိုးရတွေရဲ့ စီးပွားရေး ပြန်လည်နာလန် ထူလာအောင် ကျားကန်ပေးမှု နှင့် ငွေကြေးဆိုင်ရာ ထောက်ပံ့ကူညီမှုတွေ ဟာ တနိုင်ငံ နှင့် တနိုင်ငံ မတူညီကြပါဘူး။

အမေရိကန်နိုင်ငံမှာတော့ ပေးဆောင်ခဲ့သော ၀င်ငွေခွန်၊ အလုပ် လုပ်ကိုင်ခဲ့သည့် အချိန်ကာလပေါ်မှုတည်ပြီး အလုပ်လက်မဲ့ဖြစ်ခဲ့သူတွေကို ငွေကြေးဆိုင်ရာ ထောက်ပံ့မှုတွေကိုပေးခဲ့သလို၊ စီးပွားရေးကပ်ဆိုး ကာလအတွင်း အလုပ်လက်မဲ့ ဖြစ်ခဲ့ရသူတစ်ဦးဟာ ၂နှစ်ကျော်ကြာ တပတ် အမေရိကန်ဒေါ်လာ ၄၀၀ ငွေကြေးဆိုင်ရာ ထောက်ပံ့ကူညီမှုတွေရရှိခဲ့ပါတယ်။ အိမ်နီးချင်းထိုင်းနိုင်ငံမှာလည်း လစာနဲသူတွေကို ဘတ်ငွေ ၂၀၀၀ (အမေရိကန် ၅၈ ဒေါ်လာ) ထောက်ပံ့ရေး၊ အခမဲ့ ရေနဲ့ လျှပ်စစ်သုံးစွဲနိုင်မှု၊ အခမဲ့ ရထားနဲ့ ဘတ်စ်ကားများ စီးနင်းနိုင်စေမှု၊ ၁၅ နှစ် အခမဲ့ ပညာရေးသင်ကြားနိုင်စေမှုနဲ့ ငွေကြေး ထောက်ပံ့ပေးမှုတွေ ရှိခဲ့ပါတယ်။

တချို့ ချမ်းသာပြီး စီးပွားရေးအင်အားကြီးမားတဲ့ နိုင်ငံတွေရဲ့ အစိုးရတွေဟာ ဘီလီယံ ရာနဲ့ချီသုံးစွဲပြီး ဆင်းရဲသားပြည်သူတွေရဲ့ အခက်အခဲပြဿနာကို ဖြေရှင်းပေးကြပေမဲ့၊ တချို့နိုင်ငံတွေမှာတော့ ဆင်းရဲပြည်သူတွေဟာ စားဝတ်နေရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရတာကို ရင်ဆိုင်နေရပါတယ်လို့ အမှန်တရားကို ထုတ်ဖော်ပြောဆိုခွင့် ပိတ်ပင်ခြင်းခံခဲ့ရတယ်။ မြန်မာနိုင်ငံမှာ ကုန်ဈေးနှုန်းကြီးမားနေမှုကြောင့် ဆင်းရဲသား ပြည်သူများ အခက်အခဲနဲ့ရင်ဆိုင်နေရကြောင်း ငြိမ်းချမ်းစွာ ထုတ်ဖော်ပြောဆိုသူတွေကို ထောင်နှစ်ရှည်ချခြင်းခံခဲ့ရသလို၊ ရုရှားနိုင်ငံမှာလည်း အစိုးရဟာ ဆင်းရဲသားပြည်သူတွေရဲ့ စားဝတ်နေရေးအခက်အခဲတွေကို အကူအညီထောက်ပံ့မှု မပေးသည့်အပြင်၊ ထုတ်ဖော် ပြောဆိုမှု ကိုပါ ပိတ်ပင်ထားခဲ့တယ်။

ပြီးခဲ့တဲ့ ကြာသာပတေးနေ့က ကုန်ဈေးနှုန်းကြီးမားနေမှုကြောင့် ရုရှားနိုင်ငံ မော်စကိုမြို့မှာ လမ်းမများပေါ် မှာ အစိုးရကိုဆန့်ကျင်သည့်ဆန္ဒပြပွဲများ ကျင်းပခဲ့ကြတယ်လို့သိရှိရပါသည်။ ဆီးနှင်းများထူထပ်ပြီး ရေခဲအမှတ်အောက်သို့ ရောက်ရှိနေတဲ့ ရာသီဥတုအောက်မှာ လူပေါင်း ၁၅၀၀ ကျော်ဟာ ဆန္ဒပြပွဲမှာပါဝင်ခဲ့ကြပြီး၊ ၀န်ကြီးချုပ် ပူတင်အစိုးရကို နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ကြတယ်လို့်သိရှိရပါသည်။ လွတ်လပ်သော အလုပ်သမားသမဂ္ဂအဖွဲ့ပေါင်း၁၅ ဖွဲ့ က ဆန္ဒပြပွဲမှာ ပူးပေါင်းပါဝင်ခဲ့ပြီး၊ ရုရှားကွန်မြူနစ်ပါတီ က ဒီဆန္ဒပြပွဲကို ဦးဆောင် စည်းရုံးလှုံ့ဆော်ခဲ့ကြခြင်းဖြစ်ပါတယ်။ ရုရှားနိုင်ငံမှာ အစိုးရက ဆန္ဒပြမှုများကို အကြမ်းဖက် နှိမ်းနှင်းဖြိုခွင်းမှုများပြုလုပ်ခဲ့မှုများကြောင့် အစိုးရကို ဆန့်ကျင်သည့် ဆန္ဒပြမှုများ နဲပါး ခဲ့ပါသည်။

သို့သော်လည်း ပြီခဲ့သည့်နှစ်များက ကမ္ဘာ့စီးပွားရေး ဆုတ်ယုတ်ခဲ့မှုကြောင့် ရုရှားပြည်သူများ လည်း စားဝတ်နေရေး အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရပြီး၊ လခများ တိုးမြင့်ပေးဖို့ လမ်းမပေါ် ထွက်ကာ အစိုးရကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများ ကျင်းပခဲ့ကြတယ်။ လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ် ဇန်န၀ါရီလ က ကျင်းပခဲ့တဲ့ အစိုးရဆန့်ကျင်ဆန္ဒပြပွဲ မှာ လူပေါင်း ၁၀, ၀၀၀ ကျော်ပါဝင် ဆန္ဒပြခဲ့ကြပြီး၊ ဆက်တိုက် ဆိုသလို နေရာအနှံ့အပြားမှာ ဆန္ဒပြမှုများ ရှိခဲ့ပါတယ်။ ၂၀၀၉ ခုနှစ် ကမ္ဘာ့စီးပွားရေး အကျပ်အတည်းကာလအတွင်း ရုရှားနိုင်ငံမှာ အလုပ်လက်မဲ့ ၆ သန်း ကျော်ရောက်ရှိခဲ့ပြီး အလုပ်လုပ်သူစုစုပေါင်း ၈.၁ ရာခိုင်နှုန်းကျော်ဟာ အလုပ်လက်မဲ့ ဖြစ်နေကြပါသည်။ ၂၀၀၈ ခုနှစ် ဒီဇင်ဘာလ မှ ၂၀၀၉ ခုနှစ် ဇန်န၀ါရီလ နှစ်လတာ ကာလ အတွင်း အလုပ်သမား ၈၀၀,၀၀၀ ကျော် အလုပ် ပြုတ်ခဲ့ကြပြီး စားဝတ်နေရေးအခက်အခဲများ နဲ့ ရင်ဆိုင်နေကြရပါသည်။

အတိုက်အခံများ က လာမည့်ရက်သတ္တပတ်များတွင် ဆန္ဒပြပွဲများကို နေရာအနှံ့ ဆက်တိုက် ဖြစ်ပေါ်လာလိမ့်မယ်လို့ မျှော်လင့်နေကြတယ်။ ပူတင်အစိုးရကို ဆန့်ကျင်နေကြတဲ့ အတိုက်အခံများက ကုန်ဈေးနှုန်းကြီးမားနေမှု ကြောင့် အစိုးရကို ဆန့်ကျင်သည့် ဆန္ဒပြပွဲတွေမှာ လူထုများပါဝင်ပူးပေါင်းလာကြဖို့နှင့် လမ်းမများပေါ်ထွက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကြဖို့တိုက်တွန်းနှိုးဆော်ထားပါသည်။

ရန်ကုန်မြို့ အထည်ချုပ်စက်ရုံ အလုပ်သမားတွေရဲ့ ဆန္ဒပြပွဲ

ရုရှားနိုင်ငံမှာ ရုရှားပြည်သူများ စားဝတ်နေရေး အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရပြီး၊ လခများ တိုးမြင့်ပေးဖို့ လမ်းမပေါ်ထွက်ကာ ဆန္ဒထုတ်ဖော်ပြသနေသလို၊ မြန်မာနိုင်ငံမှာလည်း မတရား အလုပ်ချိန်ခိုင်းထားတဲ့ အထည်ချုပ်စက်ရုံ အလုပ်သမားတွေဟာ မိမိတို့ ရပိုင်ခွင့် ရရှိရေး အတွက် ဆက်တိုက် ထုတ်ဖော်ဆန္ဒပြနေကြပါတယ်။ ရန်ကုန်မှာ အလုပ်သမားတွေရဲ့ ဆန္ဒပြတောင်းဆိုမှုတွေ ဟာ ဒီလထဲမှာ မကြာခဏ ဖြစ်ခဲ့ပါတယ်။

အဓိကကျတဲ့ အချက်ကတော့ စားဝတ်နေရေး အခက်အခဲများနှင့်ရင်ဆိုင်နေရတာကို ရင်ဆိုင်ဆိုင်နေရပါတယ်လို့ ထုတ်ဖော်ပြောဆိုခွင့်မရ၊ မတရားတာကို မတရားပါဘူးလို့ ထုတ်ဖော်ပြောဆိုခွင့်မရ၊ မိမိတို့ ရပိုင်ခွင့် ရရှိရေးအတွက် ထုတ်ဖော်ပြောဆိုခွင့်မရသ၍တော့ ဒီနိုင်ငံတွေမှာ ဒီမိုကရေစီနဲ့ အလှမ်းဝေး နေအုန်းမှာဖြစ်ပါတယ်။


Rest of your post

Sunday, March 7, 2010

နအဖ နှင့် Made in China ပြဿနာ ( အပိုင်း ၁)

ပီကင်း တပ်မတော် ပြတိုက်မှာ ပြသထားသော ချင်ဒူး Chengdu Jian-7 (export versions F-7) J-7 / F-7 Airguard

-မြတ်စိုး(WFWW)-
၀၂.၀၃.၂၀၁၀

၁၉၈၀ ခုနှစ် ပတ်ဝန်းကျင်ကာလမှစတင်ပြီး နအဖ စစ်အုပ်စုကို တရုတ်နိုင်ငံက ထုတ်လုပ်ရောင်းချခဲ့တဲ့ ချင်ဒူး Chengdu Jian-7 (export versions F-7) နှင့် F-7M တိုက်လေယာဉ်များဟာ ရုရှား လုပ် Mikoyan-Gurevich MiG-21 တိုက်လေယာဉ်များမှာ ရင်ဆိုင်ခဲ့ရတဲ့ နည်းပညာ အားနည်းချက်၊ ချို့ ယွင်းချက်တွေကို ပြင်ဆင်ကာ ပုံတူခိုးချ ထားတဲ့ တိုက်လေယာဉ် အမျိုးအစားများဖြစ်ပြီး ၁၉၆၆ ခုနှစ်မှာ တရုတ်နိုင်ငံမှာ ပထမဆုံး စမ်းသပ်ပျံသန်းခဲ့တယ်လို့ သိရှိရတယ်။ ဒီတိုက်လေယာဉ်များ ကို ၁၉၈၀ ခုနှစ်မှ ၂၀၀၆ ခုနှစ် အတောအတွင်း နိုင်ငံခြားတိုင်းပြည်များသို့ တင်ပို့ရောင်းချ ခဲ့တယ်။

၁၉၅၀-၁၉၆၀ ခုနှစ်ကတည်း ရုရှားနည်းပညာ အကူအညီဖြင့် ပုံတူထုတ်လုပ်ခဲ့တဲ့ ချင်ဒူး Chengdu Jian-7 (export versions F-7) နှင့် F-7M တိုက်လေယာဉ်များဟာ အိုမင်းနေမှု၊ နည်းပညာ ချွတ်ယွင်းမှုများ မကြာခဏဆိုသလို ကြုံတွေ့လာရမှုတွေကြောင့် ယခုအခါ တရုတ်လေယာဉ်သမိုင်းပြတိုက်တွေမှာတောင် ပြသနေရတဲ့ အဆင့်ကိုရောက်ရှိ နေပြီဖြစ်ကြောင်း တရုတ်အစိုးရက အတည်ပြုခဲ့သည်။

ဒီလေယာဉ်တွေ ကို တရုတ်အစိုးရ ရဲ့ အဆိုအရ ၆၄ စင်းကို နအဖထံသို့ ၁၉၈၀ -၁၉၉၀ ပတ်ဝန်းကျင်ကာလ အတောအတွင်းရောင်းချခဲ့ပြီး၊ အပျက်အစီးနှင့် နည်းပညာ ချို့ယွင်းမှုတွေကြောင့် ၃၆ စင်းသာ ကျန်ရှိတော့တယ်လို့သိရတယ်။ တရုတ်လုပ် တိုက်လေယာဉ်များပေါ်တွင် တင်ဆောင်လာတဲ့ ဝေဟင်ပစ်ဒုံးကျည်တွေ ဟာ ကွန်ပြူတာနည်းပညာ ချို့ယွင်းမှုတွေကြောင့် လေဆာထိမ်းချုပ်မှုဖြင့် ပစ်ခတ်နိုင်စွမ်း မရှိဘူးလို့ ခိုင်လုံတဲ့ စစ်ဘက်ထောက်လှမ်းရေး သတင်းများ အရလည်း သိရှိရပါသည်။ ထိုင်း-မြန်မာ နယ်စပ်ပြဿနာစစ်ပွဲ မှာ ဒီအချက်ဟာ မှန်ကန်ခဲ့ကြောင်း အတည်ပြု ပြောကြားနိုင်ခဲ့တယ်လို့ ထောက်ပြပြောဆိုကြသည်။

၁၉၉၇ ခုနှစ်မှာတော့ ကျန်ရှိတဲ့ Chengdu Jian-7 (export versions F-7) တိုက်လေယာဉ် ၃၆ စင်းကို ပြုပြင်မွမ်းမံပြင်ဆင်ဖို့ အစ္စရေးနိုင်ငံ ကာကွယ်ရေးဆိုင်ရာ Elbit ကုမ္ပဏီနဲ့ သဘောတူညီမှု ရရှိခဲ့တယ်။ ဒါပေမဲ့လည်း တရုတ်က ပြန်လည် မွမ်းမံပြီးပုံတူခိုး မူကွဲ ထုတ်တားတဲ့ ဒီလေယာဉ်အမျိုးအစားဟာ အရည်အသွေးအဆင့် မမှီတာကြောင့် ၀ယ်ယူခဲ့ကြတဲ့ နိုင်ငံအတော်များများမှာလည်း ပျက်ကျခဲ့ကြပြီး၊ လေယာဉ်မှူးများလည်း မကြခဏဆိုသလို အသက်ဆုံးရှုံး ခဲ့ရတယ်လို့သိရှိရပါတယ်။

တိုက်လေယာဉ်များကို ပြည်ပသို့ တင်ပို့ရောင်းချရာမှာ မူလထုတ်လုပ်တဲ့နိုင်ငံအစိုးရတွေဟာ အဆင့်မြင့်နည်းပညာ အပြည့်အ၀မပါဝင်တဲ့ Version B မူကွဲ ပုံစံအသစ်ဖြင့် ရောင်းချခဲ့သလို၊ ထပ်ဆင့်ပုံတူ ခိုးချထုတ်လုပ်ရောင်းချတဲ့ နိုင်ငံတွေဟာလည်း Version C မူကွဲ ပုံစံအသစ်ဖြင့် ထပ်မံရောင်းချလေ့ ရှိကြတယ်။ ရောင်းချမှုမှာ နှစ်နိုင်ငံ စစ်ရေးသဘောတူစာချုပ်များ ပေါ်တွင်လည်း မှုတည်လေ့ရှိတယ်။ ဥပမာ- ထိုင်း-အမေရိကန် စစ်ရေးသဘောတူ စာချုပ်များအရ ထိုင်းနိုင်ငံသို့ရောင်းချခဲ့တဲ့ F16 တိုက်လေယာဉ်များမှာ အဆင့်မြင့်နည်းပညာအချို့ မပါဝင်တဲ့ Version B မူကွဲ ပုံစံကိုရောင်းချခဲ့သော်လည်း၊ နှစ်နိုင်ငံ စစ်ရေးသဘောတူ စာချုပ်များအရ အရေးပေါ်အခြေအနေများတွင် ချန်လှပ်ထားသည့် နည်းပညာများကို အလွယ်တကူ တပ်ဆင်သုံးစွဲသွားနိုင်ရန်အဆင်သင့်ပြုလုပ်ထားပေးတယ်။ ထို့အတူ ရုရှား လုပ် Mikoyan-Gurevich MiG-21 တိုက်လေယာဉ်များတွင် နည်းပညာအချို့ကို ချန်လှပ်ထားခဲ့ပြီး ဖြစ်သလို၊ ယင်းကို ပုံတူခိုးချထုတ်လုပ်ရောင်းချခဲ့သည့် Chengdu Jian-7 (export versions F-7) များတွင်လည်း မူလ နည်းပညာများပါဝင်မှု မရှိခဲ့ပါ။

အစားထိုးဖို့ အကြံပြုခဲ့သည့် ပြင်သစ်နိုင်ငံလုပ် မီရပ်ခ်ျ တိုက်လေယာဉ် အမျိုးအစား

၁၉၉၀ ခုနှစ်ပတ်ဝန်းကျင်ကာလ ၊ တနည်းအားဖြင့် ၁၉၉၀ ရွေးကောက်ပွဲပြီးနောက် မကြာခင်မှာပဲ နအဖစစ်အုပ်စု ခေါင်းဆောင်များဟာ တရုတ်အစိုးရမှ ယင်း Chengdu Jian-7 (export versions F-7) နှင့် နှင့် F-7M တိုက်လေယာဉ်များကို ထပ်မံ ၀ယ်ယူဖို့ဆုံးဖြတ်ခဲ့ကြပြန်တယ်။ ယင်း တိုက်လေယာဉ်များဟာ အရည်အသွေးအဆင့်မမှီတော့ သလို၊ အိမ်နီးချင်းနိုင်ငံများရှိ တိုက်လေယာဉ်များကို မယှဉ်နိုင်တာကြောင့်၊ ပြင်သစ်နိုင်ငံလုပ် မီရပ်ခ်ျ တိုက်လေယာဉ်များ ကို ၀ယ်ယူဖို့ မိတ္တီလာလေတပ်အခြေစိုက်စခန်းမှ ကျွမ်းကျင်သူ ပညာရှင် လေတပ်အရာရှိကြီးတစ်ဦးက အခြအတင်ဆွေးနွေးတင်ပြပြီး အကြံပြုခဲ့ဘူးပါသည်။ ထိုစဉ်က တရုတ်အစိုးရ၏ နိုင်ငံရေးထောက်ခံမှုရရှိအောင်ကျိုးစားနေသည့် နအဖ စစ်ခေါင်းဆောင်များ ၏ နိုင်ငံရေးလှို့ဝှက် ကြံစည်မှုများကြောင့် ယင်းအရာရှိကြီးမှာ မြစ်ကြီးနားအခြေစိုက် လေတပ်စခန်းသို့ ပြောင်းရွေှ့ခြင်းခံခဲ့ရပြီး၊ နောက်ဆုံးတွင် အရပ်ဘက်ဆိုင်ရာဝန်ကြီးဌာန မှတဆင့် ရာထူးမှ အနားယူခြင်း ခံခဲ့ရတယ်။ တနည်းအားဖြင့် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲအပြီး တရုတ်အစိုးရ၏ထောက်ခံမှုကိုရရှိလိုသော နအဖ စစ်အုပ်စုခေါင်းဆောင်များ က တရုတ်အစိုးရနှင့် ဆက်ဆံရေးကောင်းမွန်အောင် ဒေါ်လာဘီလီယံနဲ့ချီ စစ်လက်နက်ပစ္စည်းများကို ၀ယ်ယူခဲ့ခြင်းသာ ဖြစ်တယ်လို့ နောက်ပိုင်းမှာသိရှိခဲ့ရတယ်။ ယင်းဖြစ်ရပ် ကို စစ်တပ်အတွင်းရှိ လူငယ်အရာရှိများ မသိရှိအောင်တော့ ဖုံးကွယ်ခဲ့ကြသည်။

လောလောဆယ် မြန်မာ့လေတပ်တွင် အသင့်အနေအထားရှိနေကြသည့် လေ့ကျင့်ရေးနှင့် လေကြောင်းကာကွယ်ရေး လေယာဉ်များတွင် တရုတ်လုပ် ချင်ဒူး(Chengdu)၊ရှင်ယန်း(Shenyang)၊နန်ချန်(Nanchang) ရှန်စီ(Shaanxi)၊ ဟုန်ဒူး(Hongdu)လေယာဉ်များသာ ရှိကြတာကြောင့် လေယာဉ်မှူးများကလည်း မောင်းနှင်ဖို့ အထိတ်တလန့်အဖြစ် ရောက်ရှိနေကြပြီး၊ နအဖ ခေါင်းဆောင်များလည်း သူ့တို့၏မှားယွင်းခဲ့သော ဆုံးဖြတ်ချက်များအပေါ် အမြဲဆိုသလို တစ္ဆေခြောက်ခြင်းခံနေရပါပြီ။

အနှစ်ချုပ်ဆိုရသော် ယနေ့ မြန်မာလေတပ်အတွင်း လေ့ကျင့်ပျံသန်းနေသော ဒေါ်လာ သန်းချီကုန်ကျ ခဲ့ရသည့် Chengdu Jian-7 (export versions F-7) နှင့် F-7M တိုက်လေယာဉ်များ ပျက်ကျနေမှု၊ အဖိုးတန်သော လေယာဉ်မှူးများဆုံးရှုံးနေမှုသည် တာဝန်ယူမှု မရှိသည့် နအဖ စစ်အုပ်စု ခေါင်းဆောင်များ၏ဆုံးဖြတ်ချက် မှားယွင်းခဲ့မှု များကြောင့်သာဖြစ်ပြီး၊ အမှားကို ၀န်ခံဖို့ သူရဲဘောကြောင်နေကြခြင်းသာ ဖြစ်သည်လို့ မှတ်ယူရပါတော့မည်။

ကိုးကား- Israeli military aid to Burmese regime: Jane's


Rest of your post

Wednesday, January 13, 2010

ဂိုဂဲလ်၏ အင်တာနက်ဝန်ဆောင်မှုလုပ်ငန်း တရုတ်နိုင်ငံမှာ ရပ်ဆိုင်းပစ်ဖို့ စဉ်စားနေပြီ

တရုတ်အင်တာနက်သုံးစွဲသူများ ဂိုဂဲလ် ကုမ္ပဏီ ဌာနချုပ် ကို လာရောက်ပြီး ၀မ်းနည်းကြောင်း ဂါရ၀ပြု
ပုံ-နယူးယောက်တိုင်းမ်စ်
-မြတ်စိုး-
၀၁.၁၃.၂၀၁၀

တရုတ်နိုင်ငံမှာ အင်တာနက် သုံးစွဲမှုကို နည်းမျိုးစုံ တိုက်ခိုက်ခံနေရမှု၊ ဆင်ဆာပိတ်ဆို့ထားခံနေရမှု နှင့် ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ခိုးယူကြည့်ရှု့ ခံနေရမှုများ အကြိမ်ကြိမ်ခံခဲ့ကြရပြီးနောက် ဂိုဂဲလ် ကုမ္ပဏီ က သူတို့ရဲ့ အင်တာနက် ၀န်ဆောင်မှုလုပ်ငန်းကိုရပ်ဆိုင်းပစ်ဖို့ စဉ်စားနေပြီလို့ ယနေ့ထုတ်ပြန် ကြေညာလိုက်ပါသည်။ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ဂိုဂဲလ်ကုမ္ပဏီ ပြောခွင့်ဆိုခွင့်ရှိသူ တစ်ဦးက ကုမ္ပဏီရဲ့ စုံစမ်းစစ်ဆေးတွေ့ရှိချက်များအရ ကုမ္ပဏီကြီးပေါင်း ၃၄ ခု ဟာ တိုက်ခိုက်ခံ ခဲ့ရပြီး၊ ကုမ္ပဏီ၏ အရေးကြီးအချက်အလက်များ ခိုးယူဖို့အကြိမ်ကြိမ် ကျိုးစားခဲ့ကြကြောင်း အတည်ပြု ထုတ်ဖော်ပြောဆိုခဲ့သည်။ တရုတ် လူ့အခွင့်ရေးလှုပ်ရှားသူများ၊ တီဗက် အတိုက်အခံနိုင်ငံရေးသမားများ၏ ဂိုဂဲလ်အကောင့်များကိုလည်း ဦးစားပေး ပစ်မှတ်ထားကာ အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ပြီး၊ သတင်း အချက်အလက်များကို ခိုးယူခဲ့ကြောင်း အထောက်အထားများတွေ့ရှိခဲ့ရတယ်လို့ ပြောဆိုသွားခဲ့သည်။

ဂိုဂဲလ် မှ အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းကို ရပ်ဆိုင်ဖို့ကြေညာလိုက်ခြင်းကြောင့် တရုတ်နိုင်ငံမှာ သန်းနှင့်ချီသော အင်တာနက်သုံးစွဲနေသူများ တုန်လှုပ်စိုးရိမ်ခဲ့ကြကြောင်း သတင်းများတွင် ထုတ်ဖော်ရေးသား ဖော်ပြထားကြပါသည်။ တရုတ်နိုင်ငံမှာ အင်တာနက် သုံးစွဲနေသူ သန်း ၃၀၀ ကျော်ရှိပြီး၊ တပတ်လျှင် နာရီပေါင်း ၂ ဘီလီယံ ကျော် သုံးစွဲလျှက် ရှိကြောင်းသိရှိရပါသည်။ တရုတ်အစိုးရတာဝန်ရှိသူများနှင့် အစိုးရ၀န်ထမ်းများလည်း ဂိုဂဲလ်အီမေး အကောင့်များကို သုံးစွဲနေကြပါသည်။ ဂိုဂဲလ် ကုမ္ပဏီ သည် တရုတ်နိုင်ငံတွင် ၂၀၀၀ ခုနှစ်မှာ စတင်ခဲ့ပြီး၊ ၂၀၀၆ ခုနှစ်မှာ တရုတ်ဘာသာဖြင့် ၀န်ဆောင်မှုလုပ်ငန်းများ ကို အလုပ်သမားပေါင်း ၇၀၀ ကျော်ဖြင့် လုပ်ကိုင်လျှက်ရှိပါသည်။ ဂိုဂဲလ် ကုမ္ပဏီ သည် တရုတ်နိုင်ငံတွင် တနှစ် သန်း ၃၀၀ ၀င်ငွေရှိကြောင်းလည်း သတင်းများတွင် ဖော်ပြထားပါသည်။ အလုပ်သမားအများစုဟာ လစာကောင်းကြသည့် ကွန်ပြူတာ အင်ဂျင်နီယာများ၊ System အင်ဂျင်နီယာများ နှင့် Network အင်ဂျင်နီယာများ ဖြစ်ကြပြီး၊ အလုပ်အကိုင်များလည်း ဆုံးရှုံးမှာ ကို စိုးရိမ်နေကြကြောင်းသိရှိရပါသည်။

တရုတ်အစိုးရက စံနစ်တကျ ကြီးကြပ်ကွပ်ကဲပြီး အင်တာနက်သုံးစွဲသူများ နှင့် ကုမ္ပဏီများ ကို နည်းမျိုးစုံအကြိမ်ကြိမ် တိုက်ခိုက်နေမှု၊ ဆင်ဆာများပိတ်ဆို့ထားခြင်းကြောင့် လွတ်လပ်စွာ ရေးသားခွင့်၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် များပိတ်ဆို့ခံနေရကြောင်း အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး စောင့်ကြည့်သူများအဖွဲ့ နှင့် နိုင်ငံတကာ အစိုးရများ က ပြစ်တင်ဝေဖန် ခဲ့ကြသည်။ တရုတ်အစိုးရသည် တရုတ်အင်တာနက်သုံးစွဲသူများအား Facebook နှင့် Twitter တို့သုံးစွဲမှုကိုလည်း တားမြစ်ထားပြီး၊ Youtube သုံးစွဲမှုကိုလည်း ပိတ်ပင်ဟန့်တားထားကြောင်း သိရှိရပါသည်။

ဂိုဂဲလ် ကုမ္ပဏီ က အင်တာနက်ဝန်ဆောင်မှု လုပ်ငန်းကိုရပ်ဆိုင်း ပစ်ဖို့စဉ်စား နေပြီလို့ ထုတ်ပြန်ကြေညာ လိုက်ပြီးနောက် မကြာမီမှာပဲ တရုတ်အင်တာနက် သုံးစွဲသူများဟာ ဂိုဂဲလ် ကုမ္ပဏီ ဌာနချုပ်ကို လာရောက်ကြပြီး ဂိုဂဲလ် ကုမ္ပဏီရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံကြောင်း နှင့် တရုတ်အစိုးရရဲ့ လုပ်ရပ်တွေအတွက် ၀မ်းနည်းကြောင်း ပြသခဲ့ကြတယ်လို့ နိုင်ငံတကာ ရုပ်မြင်သံကြားများ နှင့် သတင်းစာ များ၌ပါ ဖော်ပြထားကြသည်။ တရုတ်အစိုးရ တာဝန်ရှိသူတွေကတော့ ဂိုဂဲလ် ကုမ္ပဏီရဲ့ ဆုံးဖြတ်ချက်ကို အသေးစိတ်သိရှိဖို့ လေ့လာသွားမယ်လို့ပြောဆိုခဲ့ပြီး၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် က တရုတ်အစိုးရရဲ့ ဖြေရှင်းချက်ကို ရှင်းရှင်းလင်းလင်းသိရှိနိုင်ဖို့ တောင်းဆိုထားကြောင်းသိရှိရပါသည်။

တရုတ်အင်တာနက်သုံးစွဲသူများက ဂိုဂဲလ် ကုမ္ပဏီ တရုတ်နိုင်ငံက ထွက်သွားခြင်းဟာ တရုတ်နိုင်ငံ အနေဖြင့် ကမ္ဘာကြီးအပြင်ကိုထွက်ခွာသွားတာနဲ့တူတယ်လို့ ၀မ်းနည်းစွာဝေဖန်ပြောဆိုနေကြောင်း သတင်းများတွင် ဖော်ပြထားပါသည်။

Rest of your post

Wednesday, January 6, 2010

Burmese junta already manipulating upcoming poll

EDITORIAL
By The Nation
Published on January 7, 2010

With no clear timeline for the planned election, the regime is working to preserve the status quo

Burma's strongman, General Than Shwe, was more than happy to confirm that there will be an election in his country this year. The problem is, and will remain for the foreseeable future, the lack of a clear timeline for when the election will be held. Furthermore, none of the necessary laws and measures to make the upcoming poll transparent, free and fair have not been enacted.

The US State Department has made these points clearly, saying: "We have not seen any meaningful steps by the regime to indicate it is putting in place measures that would lead to credible elections. Much of the opposition's leadership remains in prison, there is no space for political dissent or debate, and no freedom of the press. We continue to urge the Burmese government to address these issues and to engage [the main opposition leader] Aung San Suu Kyi and the democratic opposition, ethnic leaders and other stakeholders in a comprehensive dialogue on democratic reform. This would be a first step towards inclusive elections."

Despite such a strong international appeal, the military regime is still stubborn. Obviously, the junta wants to ensure victory in the election because it would be disastrous if it loses again. In May 1990, the junta cheated in the polls and won by a supposed landslide against the opposition National League for Democracy, led by Suu Kyi. So, the regime will not make the same mistakes again.

The reason for keeping a tight rein over the election date is purely tactical. The announcement will be made when the junta's handpicked cronies are ready to enter the race. The suspicion is that the election could be held late in the second half of the year, toward the third quarter. The contracts that international humanitarian and relief organisations have with the regime will end in June this year. Renewal of these contracts is not expected. It would take a few weeks for all of their representatives to leave the country. And this is what the junta wants. To hold an election under the watchful eyes of foreign representatives would be a catastrophe.

The regime wants to transform the international relief efforts into votes for it or its surrogates, especially in the area of the Irrawaddy Delta, which was hard-hit by Cyclone Nargis in May 2008. This will not be easy, as these Burmese villagers are now more independent in helping themselves, with some direct assistance from abroad. The role of the burgeoning village-based civil groups, although they are still nascent, could be influential in determining the future of the Burmese junta. The regime is monitoring the activities of local community leaders to prevent any upheaval in the future.

The regime also wants to use the timing to disarm the opposition, including minority groups that have adopted plans to contest the poll. The National League for Democracy, for example, has complained that its representatives are not allowed to hold meetings. Suu Kyi informed top US diplomats of her political plight when they visited her in early November last year.

The regime must come clean on the election. The US and the Association of Southeast Asian Nations, of which Burma is a member, have called for an inclusive election that will allow all stakeholders to partake in the political process. So far, the regime has been evasive in its response. It's the same old story of tactical delays.

Of course, after the election there could be dire consequences. After all, everybody can read the tea-leaves. The generals will likely behave as despicably as they always have, closing all loopholes that might jeopardise them in any way. The outcome could affect the Burmese people as never before. If there is obvious rigging of results, the people might not accept the outcome, and that could lead to the same kind of chaos as in 1988 and 1990. The people have been pushed too far already.


Rest of your post

Monday, January 4, 2010

(၆၂)နှစ်မြောက်လွတ်လပ်ရေးနေ့



-သာထက်-
(DFB-JP/WFWW)

ယနေ့ ကျရောက်သည့် (၆၂)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် JAC မှ ဦးဆောင်ပြီး ဂျပန်ရောက် ဒီမီုကရေစီအင်အားစုများနှင့် မြန်မာနိုင်ငံသားများကစုပေါင်းပြီး လွပ်လပ်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို TOKYO SHINAGAWA ရှိ နအဖ စစ်အခွန်ရုံးရှေ့၌ ကျင်းပခဲ့ကြသည်။ ယင်းအခမ်းအနားကို နိုင်ငံရေးအဖွဲ့စည်းအသီးသီးမှ အင်းအား ၁၅၀ ခန့် တတ်ရောက်ခဲ့ကြသည်။ အခမ်းအနားကို ညနေ ၃း၃၀ မှ ၅ နာရီအထိ ကျင်းပခဲ့ကြောင်းသိရှိရပါသည်။

တက်ရောက်လာသူများက မြန်မာနိုင်ငံလွတ်လပ်ရေးနေ့၌ မြန်မာပြည်သူများ လွတ်လပ်မှုမရှိပဲ ကိုယ့်တိုင်းပြည်ထဲမှာပင် ထောင်သွင်းအကျဉ်းချခံနေရကြောင်း၊ နိုင်ငံရေးအကျဉ်သားများကို ထောင်သွင်းအကျဉ်းချထားပြီး၊ ရွေးကောက်ပွဲ ကျင်းပမည့်အစီအစဉ်ကို ပြင်းပြင်းထန်ထန်ရှုံ့ချကြောင်း နှင့် နိုင်ငံရေးအကျဉ်းသားများကို ခြွင်းချက်မရှိ လွတ်ပေးရန် တောင်းဆိုခဲ့ကြသည်။

၆၂ နှစ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့၌ ဒီမိုကရေစီနှင့် လူအခွင့်အရေးတွေကို ချိုးဖောက်ပြီး၊ လူသားများအပေါ် ပြစ်မှုကျူးလွန်နေကြသော နအဖ စစ်ခေါင်းဆောင်များကို ပြင်းပြင်းထန်ထန်ရှု့ချခဲ့ကြပြီး၊ အာဏာရှင် ဆန့်ကျင်ရေး ကြွေးကြော်သံများဖြင့် အခမ်းအနားကို ရပ်စဲခဲ့သည်။


Rest of your post

Friday, January 1, 2010

PM Gordon Brown Hoping To Help Burmese People Regain Their Future




-လန်ဒန် (WFWW)-
Source: Office of the UK Prime Minister

ဗြိတိန်ဝန်ကြီးချူပ်ဂေါ်ဒွန်ဘရောင်း က မြန်မာနိုင်ငံမှာ တိုးတက်ပြောင်းလဲမှုတွေ ဖြစ်လာဖို့ အတွက် အစွမ်းကုန် ကျိုးပမ်း လုပ်ဆောင်သွားမယ်လို့ ဂတိပြုပါကြောင်း မြန်မာနိုင်ငံ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ထံသို့ပေးပို့သော နှစ်သစ်ကူး သ၀ဏ်လွှာ မှာ ရေးသားဖော်ပြထားပါသည်။

ယင်းနှစ်သစ်ကူးသ၀ဏ်လွှာ၌ မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး၊ မြန်မာပြည်သူလူထု အကျိုးနှင့် မျှော်လင့်ချက်များ ကိုရှေ့ရှု့ ပြီး နအဖ စစ်အုပ်စု ခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည် တို့ အကြား အပြုသဘောဆောင်ပြီး၊ တိုးတက်မှုရလာဒ်များ ထွက်ပေါ် လာအောင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် နအဖစစ်အုပ်စုခေါင်းဆောင်များ ကို တိုက်တွန်းထားပြီး၊ ၂၀၁၀ မှာ နအဖ စစ်အုပ်စုက ကျင်းပပေးမဲ့ ရွေးကောက်ပွဲမှာ နိုင်ငံရေးအဖွဲ့အစည်းများအားလုံး ပါဝင်နိုင်သည့် အခြေအနေ ရှိမှသာ တရားမျှတ သည့် ရွေးကောက်ပွဲဖြစ်မှာ ဖြစ်ကြောင်း ထည့်သွင်းရေးသား ဖော်ပြထားသည်။ နိုင်ငံရေးအကျဉ်းသားများလွတ်ပေးမှု၊ လွတ်လပ်ပြီးတရားမျှတသည့်ရွေးကောက်မှုရှိမှသာ မြန်မာနိုင်ငံဟာ နိုင်ငံတကာအသိုင်းအ၀ိုင်းသို့ ပြန်လည်လည်ရောက်ရှိလာစေမှာဖြစ်ကြောင်းနှင့် နိုင်ငံတကာအစိုးရများ၏ ထောက်ခံမှုကိုရရှိလာစေမှာဖြစ်ကြောင်း ဖော်ပြထားသည်။

ယင်းသ၀ဏ်လွှာကို နအဖစစ်အုပ်စု၏ တာဝန်ရှိသူများထံ ရန်ကုန်မြို့ ဗြိတိန်သံရုံးမှတဆင့် ပေးပို့ခဲ့ကြောင်း သိရှိရပါသည်။ အပြည့်အစုံကို အင်္ဂလိပ်လိုဖြင့် အောက်မှာဖတ်ရှု့ နိုင်ပါသည်။

(Source: ဗြိတိန်ဝန်ကြီးချုပ်ရုံးခန်း)

Dear Daw Suu

You have dedicated the whole of your life to the cause of democracy and freedom in Burma. You have selflessly highlighted the wider suffering of the Burmese people rather than dwelling on your own pain. And through that courage you have gained the respect of the entire international community not just for a person, but for a cause.

The world knows that as Burma approaches an historic year you will be as resolute as ever in approaching its challenges. If the scheduled elections proceed under a rigged constitution, with opposition leaders excluded and with no international oversight, the military rulers will be condemning Burma to more years of diplomatic isolation and economic stagnation.

But if the elections are genuinely inclusive, free and fair, then the whole of the international community is ready to stand with Burma, welcome her back into the community of nations, and contribute to rebuilding her future and prosperity. It is clear this is the only path which will lead to Burma’s future security, stability and progress for all her people.

Sadly, as the year turns, the signs do not look good. Your continuing detention is only the most visible evidence of the bad faith of a regime which has so far shown no signs of listening to regional or international calls for an end to its violent behaviour.

I continue to call upon the regime to engage with you and allow you further contact with diplomats in Rangoon, and to start a genuine dialogue that can give the Burmese people back their future and their hope.

You have asked us to use our freedom to secure the freedom of the Burmese people. I assure you that as we move into a new year and a new decade the United Kingdom will continue to do everything possible to advance positive change and genuine democracy in your country.

As you have said, there is so much that needs to be done in a Burma that cannot afford to wait.

We are immovably with you – and with the Burmese people.

Yours sincerely

Gordon Brown




Rest of your post