Friday, December 5, 2008

Thailand: Long Live His Majesty the King!




On behalf of the readers of Justice for Human Rights in Burma blog
We humbly extend our best wishes
to His Majesty the King
on the auspicious occasion of

His Majesty the King’s Birthday

Long Live His Majesty the King!



-တီကေ-

ထိုင်းနိုင်ငံတော် ၏ အကြီးမား ဆုံး နိုင်ငံတော် အခမ်းအနား တခု ကို ပြပါဟု ဆိုလျှင် ထိုင်းဘုရင်မင်းမြတ် ဘူမိဘော ၏ မွေးနေ့ အခမ်းအနား ဟု ပြောရပေလိမ့်မည်။ ဤနှစ် ဒီဇင်ဘာ ၅ ရက်နေ့တွင် ကျရောက် ခဲ့သော သော ၈၁နှစ်မြောက်မွေးနေ့ အခန်းအနား သို့ နန်းသက် ၆၀ ကျော် ရှိ ထိုင်းဘုရင်ကြီးသည် ကျမ်းမာရေး ဆိုးရွားလာမှု ကြောင့် တက်ရောက်နိုင်ခြင်း မရှိခဲ့ပါ။ထိုင်းလူမျိုးများစွာ တို့စိတ်အားထက်သန်စွာဖြင့် လွန်ခဲ့သည့် ၂ပတ် အတွင်း ရှုတ်ထွေးခဲ့သော ထိုင်းနိုင်ငံ၏ နိုင်ငံရေး လှုပ်ရှား ပြောင်းလဲမှုများအပေါ် ဘုရင်၏ သဘောထား မိန့်ခွန်းကိုမျှော်လင့်ခဲ့သော်လည်း ဘုရင်၏ကျမ်းမာရေး အခြေအနေကြောင့် မိန့်ခွန်းတက်ရောက်ပြောကြား နိုင်ခြင်းမရှိခဲ့ပါ။

ကျမထင်တာ ကတော့ ဘုရင်ကြီး ရဲ့ ကျမ်းမာရေး ဆိုးဝါးလာတာ နဲ့ အမျှ ထိုင်း နိုင်ငံရေး ပဋ္ဋိပက္ခ ကြောင့် ထိုင်းလူမျိုးတွေ ၂ခြမ်းကွဲသွားပြီး ထိုင်းနိုင်ငံရဲ့ အနာဂါတ် ဟာ ပိုမို ရှုတ်ထွေးလာမယ် ဟု လူမှုရေး ၀န်ထမ်း တဦးဖြစ်သော ဂျေရာပွန် က ပြောသွားပါသည်။ တပြည်လုံးရှိ ထိုင်းလူမျိုးများနည်းတူ သူမ လည်းဘုရင်ကြီး ပြန်လည် ကျမ်းမာလာ ရန် ဆုတောင်းနေကြောင်း လည်းပြောဆိုသွားပါသည်။ ထိုင်းမင်းသမီး သီရိဒုံ က ဘုရင်ကြီးသည် ချောင်းဆိုးရင်ကြပ် ရောဂါကြောင့် အားနည်းနေကြောင်း၊ သို့သော် အခြေအနေ မှာ မဆိုးဝါးပါကြောင်း ထုတ်ပြန်ပြောဆိုသွားပါသည်။ ဘုရင်၏နောက်ဆုံးလူမြင်ကွင်းသို့တက်ရောက်ခဲ့သော အခမ်းအနားမှာ ဘုရင်တပ်တော်များ စစ်ဆေးခဲ့သော အင်္ဂါနေ့ ကဖြစ်ပြီး စကားများများမပြောဆိုနိုင်ခဲ့ပါ။ ဘုရင်ကြီးမှာ မနည်း ခေါင်းထောင်နေရပြီး မိန့်ခွန်းစာရွက် ကိုလည်း မပီမသ ဖတ်သွားကြောင်းပြောကြပါသည်။

ယမန်နှစ် က ဘုရင်ကြီး သည် လေဖြတ်မည့်အခြေအနေများကြောင့် ဆေးရုံပေါ်၌ ရက်သတ္တပတ် ၃ ပတ်ကျော်တက်ရောက် ကုသခံခဲ့ရပါသည်။ဘုရင်၌ နှလုံးရောဂါ လည်းရှိကြောင်း ထုတ်ဖော်သွားပါသည်။ စည်းမျဉ်းခံ ဘုရင်စနစ် ၌ ပင်လျှင် ထိုင်းဘုရင် သည် ထိုင်းဆင်းရဲသား ပြည်သူပြည်သားများအတွက် ဘုရင်၏ အာဏာ ကို အသုံးချ ကာ များစွာ အလုပ်အကျွေးပြုစု ထူထောင် ပေးခဲ့သဖြင့် ထိုင်းပြည်သူလူထု တရပ်လုံးက ဘုရင်ကြီးအား လွန်စွာ ရိုသေလေးစားချစ်ခင်ကြသည်။

အိမ်ထောင် ၃ ခါ ပြုပြီး ကလေး ရ ယောက်ရထားသော အသက် ၅၆ နှစ်ရှိ အိမ်ရှေ့စံ ဗာဂျီရာလွန်ခေါင် မှာမူ ဘုရင်ဘူမိဘော ၏ အရည်အချင်းများကို လုံးဝ မှီခြင်းမရှိပါ။ အသက် ၅၃ နှစ် ရှိ မင်းသမီးသီရိဒုံ သာလျှင် ဘုရင်ခြေရာ နင်းနိုင်သည် ဟု တတိုင်းပြည်လုံးက သတ်မှတ်ကြသော်လည်း ထိုင်းနိုင်ငံ ရာဇ၀င် ၌ ဘုရင်မ အုပ်ချုပ်ခဲ့သည့် အစဉ်အလာ မရှိခဲ့ဘူးပါ။ မင်းသမီးသည် ထင်ပေါ်ကျော်ကြား ၍ တော်ပါသော်ငြား နိုင်ငံရေး ၌ မူ ပါးနပ်ရည် မရှိဟု ဝေဖန်သူများလည်း ရှိပါသည်။

ထိုင်းဘုရင်မင်းမြတ်ဘူမိဘော ဟာ မြန်မာစစ်အုပ်စု ခေါင်းဆောင်များအပေါ် တရင်းတနှီးဆက်ဆံခြင်းမပြုဘဲ နေခြင်းဖြင့် ၊ မြန်မာ့ ဒီမိုကရေစီ ရရှိရေး အတွက် စာနာအားပေး ထောက်ခံခဲ့မှုတွေကို ပြသခဲ့ကြောင်း ထိုင်း-မြန်မာ အရေး သုံးသပ်သူတွေက ပြောဆိုနေကြတယ်။




Rest of your post

No comments: