ကုန်သွယ်ရေးဝန်ကြီးဌာ လက်အောက် သမ၀ါယမ ဘဏ် က ဒေ၀ါလီခံရတော့မဲ့ အနေထားကိုရောက်ရှိနေကြောင်း အမည်မဖေါ်လိုတဲ့ ၀န်ထမ်းတဦးက သတင်းပေးပို့ လာပါတယ်။ ငွေအပ်ထားတဲ့ စီးပွားရေးလုပ်ငန်းရှင်များ က ငွေများကို မသိမသာ ပြန်ထုတ်နေကြတယ် လို့ သိရပါတယ်။ သမ၀ါယမ ဘဏ်က နိင်ငံခြားမှ တင်သွင်းလာတဲ့ ကွန်တိန်နာ တခုစာ ပစ္စည်းတွေကို လာဘ်စား မှုမှာ အဆင့်မြင့် တာဝန်ရှိသူတွေ ပတ်သက်နေတယ်လို့ သိရပါတယ်။ ကွန်တိန်နာမှာ ပါလာတဲ့ ပစ္စည်းတွေကတော့ ကားများ၊ အင်ဂျင်များ၊ ရေခဲသေတ္တာများ၊ အီတလီလုပ် မွေ့ရာနှင့် ခေါင်းအုန်းများ၊ ရုရှားထုတ်လုပ်သော အလွန်အဖိုးတန်သော Black Crabbier ငါးဥ အနက် အဖိုးတန်အစားသောက်ဗူးများ ၊ကာမအားတိုးဆေးအမြောက်အများနှင့် Blue Lable Green Label Regency Martini ကဲ သို့ သော အရက်အကောင်းစားများ ပါဝင်ခဲ့ကြောင်းသိရပါတယ်။
Rest of your post
ကိုယ်ကျင့်တဲ့တရား ကိုယ့်တရား
-
ငယ်ကတည်းက အယူအဆတွေ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေနဲ့ပတ်သက်ရင် အလွယ်တကူ လက်မခံဘဲ
သေချာ စဉ်းစားပြီး ကိုယ်တကယ်ယုံနိုင်မှပဲ လက်ခံတတ်တဲ့ ဉာဉ်ရှိသူမို့ ..
ဘာ...
2 months ago
No comments:
Post a Comment