Saturday, November 26, 2011

စစ်တပ် က နိုင်ငံရေး ပြန်ပေးဆွဲမှု အီဂျစ် လူထု လက်မခံ

“Failure and Loser”
If you always talk about the past, and you stay in the past, you failure will become.
If you don’t accomplish what is something people expect you to do, you will become a looser.

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော် ရှိ မြို့တော်ရဲ့ဗဟိုချက်နေရာ တဟီရာ (Tahrir) ရင်ပြင် မှာ လက်ရှိ တိုင်းပြည် အာဏာ ထိမ်းချုပ်ထားတဲ့ စစ်ကောင်စီ ကို ဆန့်ကျင်တဲ့ လူထု ဆန္ဒပြ ပွဲကြီး ကို သီတင်းတပတ် ကြာ ဆက်လက် ကျင်းပ နေကြပါတယ်။ ပြီးခဲ့တဲ့ အပတ် လူထု ဆန္ဒပြပွဲ မှာ လုံခြုံရေးတပ်ဖွဲ့နဲ့ ဒီမိုကရေစီ လိုလားတဲ့ ဆန္ဒပြသူတွေ အကြား နေ့စဉ် ဆက်တိုက် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့မှုကြောင့် တနိုင်ငံလုံးမှာ သေဆုံးရသူ ၄၀ ကျော် ရှိခဲ့ပြီး၊ ဆန္ဒပြပွဲ ဟာ အခြားမြို့တော်တွေ ကို ကူးစက် သွားခဲ့တယ်။ ဆန္ဒပြပွဲကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀၂ ယောက် နဲ့ ဆန္ဒပြသူ ၁၇၀၀ ယောက် ဒဏ်ရာတွေ ပြင်းထန်စွာရခဲ့ကြတယ်လို့ အီဂျစ် စစ်တပ် က အတည်ပြု ပြောဆိုခဲ့တယ်။

ပြီးခဲ့တဲ့ ရက်တွေက က လူထု ဆန္ဒပြပွဲတွေကြောင့် ကြားဖြတ် အစိုးရ ကို တာဝန်ယူထားတဲ့ ၀န်ကြီးအဖွဲ့တွေ နုတ်ထွက်စာ တင်ထားခဲ့ကြောင်း ၀န်ကြီးချုပ်ရုံး က တာဝန်ရှိသူ က အတည်ပြုပြောဆိုခဲ့ သလို၊ စစ်တပ်ခေါင်းဆောင်များရဲ့ ပြောခွင့် ဆိုခွင့်ရှိသူ ဒုတိယ ဗိုလ်မှူးကြီး Amr Imam က နုတ်ထွက်စာ ကို လက်ခံရရှိခဲ့ကြောင်း အတည်ပြုပြောဆိုခဲ့တယ်။ တရားရေးဝန်ကြီး Mohamed Abdelaziz al-Juindy က တော့ ကိုင်ရို အဓိကရုဏ်း ဟာ သူ့မှာ တာဝန်ရှိတဲ့ အတွက် နုတ်ထွက်ခွင့်ပြုဖို့ တောင်းဆိုခဲ့တယ်။

အသစ် ခန့်အပ်ခြင်းခံလိုက်ရတဲ့ ၀န်ကြီးချုပ် ဂန်ဇူရီ ဟာ စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့ အကြီးအကဲ ဗိုလ်ချုပ်ကြီး ဟူစိန် တန်တာဝီ (Hussein Tantawi) နဲ့ တွေ့ဆုံပြီး၊ အမျိုးသား ကြားဖြတ်အစိုးရကို ဦးဆောင်သွားဖို့ သဘောတူခဲ့တယ် လို့ အစောပိုင်းက အစိုးရပိုင် Al Ahram သတင်းစာမှာ ဖော်ပြထားပါတယ်။ လောလောဆယ် ၀န်ကြီးချုပ် ဂန်ဇူရီ က သူ့ကို အချိန်ပေးဖို့ ဆန္ဒပြသူတွေကို ပန်ကြားလိုက်ပေမဲ့ ၊ သူဟာ ရာထူးက ဖြုတ်ချခြင်း ခံလိုက်ရတဲ့ အာဏာရှင်ဟောင်းမူဘာရက် အစိုးရ ရဲ့ ၀န်ကြီးချုပ် တာဝန်ထမ်းဆောင် ခဲ့တာကြောင့် အတိုက်အခံ နှင့် ပြည်သူတွေ က လုံဝယုံကြည်မှု မရှိကြပါဘူး။

ကိုင်ရိုမှာ ဆန္ဒပြနေကြတဲ့ ဒီမိုကရေစီ အရေးတောင်းဆိုသူတွေ ကတော့ လက်ရှိ စစ်ခေါင်းဆောင်းတွေ ဟာ အီဂျစ် နိုင်ငံရေး မှာ နိုင်ငံရေး ကလိ ကကျစ် ကျမှုတွေ ကို ပြုလုပ်နေပြီး၊ နိုင်ငံ ကို စစ်တပ်က ကျောထောက်နောက်ခံပေးတဲ့ တဲ့ အာဏာရှင် စနစ်ကို ပြန်လည် ဖော်ဆောင်ဖို့ ကျိုးစားနေကြတယ်။ အီဂျစ်အုပ်ချုပ်ရေး ကို ယာယီတာဝန် ယူထားတဲ့ စစ်ကောင်စီဟာ ရိုးသားမှု မရှိဘူးလို့ စွပ်စွဲပြောဆို ခဲ့ကြတယ်။ လက်ရှိအုပ်ချုပ်နေတဲ့ စစ်ဘက်အကြီးအကဲတွေ ရာထူး က နုတ်ထွက် ပေးပြီး၊ အရပ်သား ကြားဖြတ် အစိုးရလက်ထဲကို အမြန်ဆုံး အာဏာလွှဲပေးဖို့ ကို ဒီမိုကရေစီလိုလားသူ ဆန္ဒပြသူတွေက တောင်းဆိုနေကြတယ်။ တကယ်လို့ လက်ရှိတာဝန်ယူထားတဲ့ စစ်ကောင်စီမှာ ပါဝင်တဲ့ စစ်ခေါင်ဆောင်တွေ ရာထူးက မနုတ်ထွက်ကြဘူးဆိုရင် ဆက်လက် ဆန္ဒပြ မှုတွေ နိုင်ငံ အ၀ှန်း လုပ်ဆောင်သွားမယ်လို့ ပြောဆိုခဲ့ကြတယ်။

နိုင်ငံတော်ဖွဲ့စည်းပုံသစ်ထဲက တချို့ စစ်ဘက်ဆိုင်ရာ ကိစ္စရပ်တွေ၊ စစ်တပ် အသုံးစရိတ်တွေ ကို အရပ်သား အစိုးရ က ကိုင်တွယ်ခွင့် မရအောင် ဆောင်ရွက်ဖို့ကြိုးပမ်းတဲ့အပေါ်မှာ အခုလက်ရှိ စစ်ကောင်စီကို အီဂျစ်ပြည်သူများက အတော်လေး ဒေါသဖြစ်ခဲ့ကြတာပါ။

လွန်ခဲ့တဲ့ ၁၀ လ က အီဂျစ် အာဏာရှင် ဟောင်း ဟူစိန်မူဘာရက် ရာထူး မှ နုတ်ထွက် အနားယူသွားပြီးနောက် အီဂျစ်နိုင်ငံ ကို စစ်တပ် က အာဏာလွှဲပြောင်း ရယူခဲ့ကြတယ်။ ဒီ နောက် မှာ တော့ အီဂျစ် အာဏာရ စစ်အုပ်စု ခေါင်းဆောင်များ ဟာ တိုင်းပြည် အတွင်း နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ကို အမြန်ဆုံး လုပ်ဆောင်ပေးမယ်လို့ ဂတိပြုခဲ့ကြတယ်။ လက်ရှိ အာဏာ ထိန်းချုပ်ထားတဲ့ စစ်ခေါင်းဆောင်တွေဟာ အာဏာရှင်ဟောင်း မူဘာရက် နှင့် သားတွေ ကို အကျင့်ပျက်ချစားမှု၊ လာဘ်ပေးလာဘ်ယူမှု အပါအ၀င် အာဏာ အလွှဲသုံးစားလုပ်ခဲ့မှုတွေ နဲ့ တရားဥပဒေ အရ အရေးယူ စုံစမ်းစစ်ဆေးမှုတွေ ကို ပြုလုပ်နေခဲ့ သလို ၊ အထွေထွေ ရွေးကောက်ပွဲ ကို နိုဝင်ဘာလ ၂၈ ရက်နေ့ မှာ ကျင်းပ ပေးမယ်လို့ ဂတိပြုခဲ့တယ်။ ဒါပေမဲ့ လည်း အီဂျစ် သမ္မသစ်ရွေးကောက်ပွဲ ဟာ ၁ နှစ် နီးပါးခန့် ကြာမယ်လို့ ပြောဆိုခဲ့တယ်။ ရွေးကောက်ပွဲတွေ အပြီး အရွေးချယ်ခံရတဲ့ အရပ်သား အစိုးရ ကို စစ်တပ် က အာဏာလွှဲပြောင်းပေးမယ်လို့ လည်း ဂတိပြုခဲ့ကြတယ်။

ဒါပေမဲ့လည်း အီဂျစ်ပြည်သူတွေ က လက်ရှိစစ်ကောင်စီ ခေါင်းဆောင်ပိုင်းတွေရဲ့ လုပ်ရပ်တွေ အပေါ် လုံးဝ အယုံအကြည်မရှိ ဘူးလို့ ထုတ်ဖော်ပြောဆိုခဲ့တယ်။ လက်ရှိ စစ်တပ် ခေါင်းဆောင်ပိုင်းတွေ အပေါ် အာဏာရှင်ဟောင်း မူဘာရက် ဟာ ဆက်လက်ညွှန်ကြားမှုတွေ၊ အမိန့်ပေးမှုတွေ ကို ဆက်လက်ရှိနေတုန်းပဲလို့ စွပ်စွဲခဲ့ကြတယ်။ ဒါအပြင် စစ်အုပ်စုခေါင်းဆောင်တွေ အလိုကျ ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ် နှင့် စစ်တပ် သုံးစွဲမဲ့ ဘဏ္ဍာရေး ဆိုင်ရာ မူဝါဒတွေ အပေါ် လုံးဝဆန့်ကျင်တယ်၊ လုံးဝ လက်မခံ နိုင်ဘူး။ လက်ရှိ အာဏာ ရယူထားတဲ့ စစ်ကောင်စီ က စစ်ဘက်ဆိုင်ရာနဲ့ ပက်သက်တဲ့ ဘဏ္ဍာရေး သုံးစွဲမှုတွေ အပေါ် မှာ အရပ်သားအစိုးရ သစ်က ကိုင်တွယ် ဆုံဖြတ် စစ်ဆေးခွင့် မရအောင် ဆောင်ရွက်ဖို့ကြိုးပမ်းနေတဲ့အပေါ်မှာ အစိုးရ ကို ဆန့်ကျင် ဆန္ဒပြသူများ က တော်တော် လည်း ဒေါသထွက်နေကြတယ်။ ထို့အတူ စစ်တပ် က နိုင်ငံရေး မှာ ဆက်လက်ပြီး ၀င်ရောက်ပက်သက်နေမှု အပေါ် ဒီမိုကရေစီလိုလားသူ ဆန္ဒပြသူများက ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချခဲ့ကြတယ်။

ဒါဟာ အနာဂတ်မှာ စစ်တပ် က တိုင်းပြည် နှင့် ပြည်သူ ကို ပြန်ပေးဆွဲ ခြိမ်းချောက်မှု လို့ ဆန္ဒပြနေသူ လူထုကြီးက စွပ်စွဲ ထောက်ပြ ပြောဆိုခဲ့ကြတယ်။

အီဂျစ် အာဏာရှင်ဟောင်း ဟိုစနီ မူဘာရက်ပြုတ်ကျပြီးကတည်းက လက်ရှိစစ်ကောင်စီက အီဂျစ်အုပ်ချုပ်ရေး ကို ယာယီတာဝန်ယူထားခဲ့တယ်။ တကယ်လို့ သာ အီဂျစ် တိုင်းပြည် အုပ်ချုပ်ရေး ကို တာဝန်ယူထားတဲ့ လက်ရှိ စစ်ကောင်စီ ဟာ ရိုးသားမှု၊ ပွင့်လင်းမှု၊ ထင်သာမြင်သာရှိတဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ ဒီမိုကရေစီ အခွင့်အရေး အတွက် တိုးတက်မှု တွေ ကို အချိန်အကန့်အသတ်နဲ့ လျင်မြန်စွာ မဖော်ဆောင်နိုင်ဘူးဆိုရင်တော့ အီဂျစ်နိုင်ငံ မှာ နိုင်ငံရေး မတည်ငြိမ်မှုတွေ ဆက်လက်ရှိနေအုန်းမှာဖြစ်ပြီး၊ အီဂျစ် စစ်ကောင်စီ ရဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေအပေါ် နိုင်ငံတကာ ရဲ့ ထောက်ခံ အားပေးမှုတွေ လျော့နည်းလာကာ၊ အီဂျစ်ပြည်သူများ စီးပွားရေး အခွင့်အလမ်းများ လက်လွှတ် ဆုံးရှုံးမှုနဲ့ ရင်ဆိုင် ကြရပါလိမ့်မယ်။

လက်ရှိ အီဂျစ် စစ်ကောင်စီ အုပ်ချုပ်ရေး အဖွဲ့ နှင့် အီဂျစ်နိုင်ငံ မှာ ဒီမိုကရေစီ လိုလားသူတွေ အကြား ဖြစ်ပွားနေတဲ့ ပဋိပက္ခ တွေ ဟာ ယနေ့ မြန်မာ စစ်အစိုးရ နှင့် ဒီမိုကရေစီ လိုလားသူတွေ အကြား ရင်ဆိုင်နေကြတဲ့ ပြဿနာများ၊ အခြေအနေတွေ နဲ့ တပုံစံထဲဖြစ်နေတယ်။ ဒါပေမဲ့ အီဂျစ် စစ်ကောင်စီ နှင့် မြန်မာ စစ်ကောင်စီတို့ တိုင်းပြည်အကျိုးပေါ် လုပ်ဆောင်မှုတွေမှာ မတူညီတာတွေ ရှိနေတယ်။

မတူညီတဲ့ အချက်တွေ က အီဂျစ် စစ်ကောင်စီ ဟာ သူတို့အမှားတွေအတွက် လူထု ကို နိုင်ငံတကာ ရှေ့မှောက်မှာ ဂုဏ်သိက္ခာ ရှိရှိ ၀န်ချ တောင်းပန်းခဲ့တယ်။ နိုင်ငံရေး အကျဉ်းသားတွေကို ဂုဏ်သိက္ခာရှိရှိလွှတ်ပေးပြီ၊ ရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ခွင့်ရဖို့ ဂတိပြုတယ်။ အီဂျစ် စစ်တပ်မှာ တာဝန် ထမ်းဆောင်နေကြတဲ့ ဗိုလ်ချုပ်ကြီးတွေဟာ West Point လို နိုင်ငံတကာအဆင့်မှီ စစ်တက္ကသိုလ်တွေ မှာ ပညာသင်ကြားဘူး ခဲ့တဲ့သူတွေဖြစ်ကြပြီး၊ နိုင်ငံတကာ ဆက်ဆံရေး မှာ အတွေ့အကြုံ ရှိကြသူတွေဖြစ်တယ်။ အီဂျစ် စစ်ကောင်စီဟာ နိုင်ငံတကာရှေ့မှောက်မှာ ဂုဏ်သိက္ခာရှိရှိ နိုင်ငံတော် ဖွဲ့စည်းပုံ၊ ရွေးကောက်ပွဲတွေ ကို ၂ နှစ် အတွင်း ပြုလုပ်ဖို့ ဂတိပေးခဲ့တယ်။

မြန်မာနိုင်ငံ မှာတော့ အနှစ် ၂၀ ကျော် သွားခဲ့တာတောင် အခုထိ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွေ နဲ့ ရွေးကောက်ပွဲ ပြဿနာတွေ ဟာ လုံးချာ လည်နေတုန်းပဲ။ အီဂျစ် စစ်ကောင်စီ ဟာ အသွင် ကူးပြောင်းရေး ကာလ မှာ လွှတ်တော် အတွင်း အချိုးကျ မပါဝင်ပေမဲ့၊ မြန်မာ နိုင်ငံမှာတော့ စစ်တပ်ဟာ လွှတ်တော် မှာ ဘယ်လောက်ထိကြာရှည်စွာ တမတ်သားလွှတ်တော် ကို သူရဲဘောင်ကြောင် စွာ ဖက်တွယ် နေကြ အုန်းမလဲဆိုတာ ကတော့ သီဟသူရ ၊ သူရ အပါအ၀င် ဆုတံဆိပ်တွေ ရရှိထားကြတဲ့ မြန်မာစစ်ဗိုလ်ချုပ်ြကီး ဆိုသူတွေ အားလုံး က ဖြေဆိုရမဲ့ မေးခွန်းတွေ ဖြစ်နေတယ်။

Thursday, November 24, 2011

အာဏာရှင် တွေ ရွေးချယ်ရမဲ့ လမ်း


Yemen leader in Saudi Arabia for power-transfer deal


-မြတ်စိုး-
၁၁.၂၄.၂၀၁၁

လူဦးရေ ၂၅ သန်း နီးပါးရှိတဲ့ ယီမင်နိုင်ငံမှာ နှစ်ပေါင်း ၃၃ နှစ် ကြာ အာဏာရှင် လုပ်ခဲ့တဲ့ ယီမင် သမ္မတ ဆာလေး ရာထူး က နုတ်ထွက်ပေးပြီး အာဏာလွှဲပြောင်းရေးအစီအစဉ်ကို အတိုက်အခံတွေနဲ့ ဗုဒ္ဓဟူးနေ့က သဘောတူ လက်မှတ် ရေးထိုးလိုက်ကြပါတယ်။

ဆွေးနွေးမှုတွေ ကို ဆော်ဒီအာရေးဗီးယား နိုင်ငံ မှာ ကျင်းပခဲ့ပြီး၊ ကုလသမဂ္ဂ၊ ပင်လယ်ကွေ့ အာရပ်နိုင်ငံအဖွဲ့အစည်း အပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ရှေ့မှောက်မှာ ဆာလေး နဲ့ အတိုက်အခံတွေ အကြား ယင်း သဘောတူညီချက်ကို လက်မှတ်ထိုး ခဲ့ကြတာဖြစ်တယ်။

ဒီ သဘောတူ ညီချက် အရ-


(၁) လက်ရှိ တိုင်းပြည် အာဏာ ကို ဒု သမ္မတ ဟာဒီ ကို ရက် ၃၀ အတွင်း အာဏာလွှဲပေးရမယ်။
(၂) အတိုက် အခံ တွေပါဝင်တဲ့ ညီညွတ်ရေး ကြားဖြတ် အစိုးရ ကို ဖွဲ့စည်းရမယ်။
(၃) သမ္မတ ရွေးကောက်ပွဲတွေကို ရက်ပေါင်း ၉၀ အတွင်း (သို့်) စောစောစီးစီး လုပ်ပေးဖို့

သဘောတူညီချက်တွေ ထဲမှာ ပါရှိတယ်။

ဆာလေး က ဆော်ဒီအာရေးဗီးယား က နေ အမေရိကန်နိုင်ငံ နယူးယောက်မြို့  ဆေးကုသဖို့ သွားရောက်ဖို့ရှိကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ကို ပြောဆိုခဲ့တယ်လို့ လည်း သတင်းတွေထဲမှာ ဖော်ပြထားပါတယ်။

သဘောတူညီချက်အရ ယီမင် မှာ ကျင်းပမဲ့ လာမဲ့ သမ္မတ ရွေးကောက်ပွဲမတိုင်ခင် သတင်းမီဒီယာတွေရဲ့ သတင်းလွတ်လပ်ခွင့် ၊ လက်ရှိ အာဏာရ အစိုးရ ရဲ့ သတင်းဌာနတွေကို ပုဂ္ဂလိက အမြန် လွှဲပြောင်းပေးဖို့၊ နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်စည်းရုံးမှုတွေမှာ လွတ်လပ်မှု၊ တရားမျှတာမှု၊ တရားဥပဒေ စိုမိုးမှုတွေ ရှိဖို့ တွေ ကတော့ မေးခွန်းထုတ် စရာတွေရှိနေတုန်းပါ။
သဘောတူ လက်မှတ်ထိုးမှု မှာ မပါဝင်တဲ့ အတိုက်အခံ အဖွဲ့အစည်းတွေ ကတော့ ဆော်ဒီအာရေးဗီးယား နိုင်ငံမှာ သဘောတူခဲ့တဲ့ အတိုက်အခံ အဖွဲ့အစည်းတွေဟာ ယီမင်ပြည်သူလူထုတရပ်လုံးကို ကိုယ်စားမပြုဘူး။ အာဏာရှင် ဆာလေ ဟာ ယီမင်နိုင်ငံမှာ လူသားတွေအပေါ် သူကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေမှာ တာဝန်ရှိတာကြောင့် တရားမျှတစွာ ဥပဒေဘောင်ထဲ က ဖြေရှင်းမှု ခံယူရအုန်းမယ်လို့ တောင်းဆိုနေကြတယ်။

တချို့ နိုင်ငံရေးလေ့လာ အကဲခတ်နေသူတွေ ကတော့ အာဏာရှင် ဆာလေး နုတ်ထွက်ပေးဖို့ လပေါင်းများစွာ ကြာအောင် ဆန္ဒပြနေကြသူတွေ၊အဖွဲ့အစည်းတွေဟာ သဘောတူဆွေးနွေးပွဲမှာ မပါဝင်တဲ့အတွက် နိုင်ငံရေး မငြိမ်မသက်မှုတွေ၊ ဆန္ဒပြမှုတွေ၊ လမ်းမတွေပေါ် မှာ အစိုးရတပ် နှင့် ဆန္ဒပြသူတွေ အကြား အကြမ်းဖက် တုန့်ပြန်မှုတွေ ဆက်လက်ရှိနေလိမ့်မယ်လို့ သုံးသပ်ထားကြတယ်။

အမေရိကန် သမ္မတ အိုဗားမား ကတော့ ဆာလေ ရာထူးက နုတ်ထွက်လိုက်ခြင်းဟာ ယီမင်နိုင်ငံ ရဲ့ သမိုင်းသစ်ကို စတင်လိုက်တာလို့ပြောဆိုလိုက်ပြီး၊ ၈ လ ကြာ အတိုက်အခံတွေ နဲ့ အစိုးရ အကြား တင်းမာမှုတွေ နှစ်ဖက်စလုံးက လျော့ချပြီး၊ အမြန်ဆုံး တွေ့ဆုံဆွေးနွေးကာ ဒီမိုကရေ စီလမ်းကြောင်း ကို အမြန်ဖော်ဆောင် ကြဖို့ တိုက်တွန်းခဲ့တယ်။ လူမျိုးစု အချင်းချင်း၊ ဘာသာရေး အဖွဲ့အစည်းအချင်းချင်း၊ အတိုက် အခံ အင်အားစု အချင်းချင်း သဘောထား ကွဲလွှဲမှုတွေ ရှိနေတာကြောင့် အကြမ်းဖက်မှုတွေ ဆက်လက် ဖြစ်ပေါ်လာမှာ ကိုလည်း နိုင်ငံတကာ အစိုးရတွေက စိုးရိမ်နေကြတယ်။

အတိုက်အခံတွေ ကတော့ သမ္မတ ဆာလေ နုတ်ထွက်သွားပေမဲ့၊ သူရဲ့ မိသားစုဝင် တွေဟာ လက်ရှိအစိုးရ အဖွဲ့မှာ အရေးပါတဲ့ ထိပ်တန်းရာထူများ နှင့် အာဏာတွေ ကို ဆက်လက် ချုပ်ကိုင်ထားဆဲလို့ ထောက်ပြကြပြီး၊ သူ့ရဲ့ မိသားစု ၀င်တွေဟာ အင်္ဂလန် နဲ့ အမေရိကန် နိုင်ငံတွေ မှာ ဒေါ်လာ သန်းချီ ပိုင်ဆိုင်မှုတွေ ရှိနေတယ်လို့ စွပ်စွဲနေကြတယ်။ အာဏာရှင် ဆာလေးရဲ့ မိသားစုတွေ ရာထူးက နုတ်ထွက်ကြဖို့ ကိုလည်း ဆန္ဒပြသူတွေက တောင်းဆိုနေကြတယ်။

ပြီးခဲ့တဲ့ မတ်လ က စစ်တပ်မှာ အရေးပါတဲ့ သံချပ်ကာ တပ်မှူးကြီး ဗိုလ်မှူးချုပ် အလီအယ်မာ (Ali Mohsen al-Ahmar) ဟာ သူရဲ့ တပ်ဖွဲ့တွေနဲ့ အတူ သမ္မတ ဆာလေ ကို ဆန့်ကျင်ခဲ့ပြီး၊ မြောက်ပိုင်း မြို့တော် ကို ထိမ်းချုပ်ထားခဲ့တယ်။ တပ်မှူးကြီး ဗိုလ်မှူးချုပ် အလီအယ်မာ ဟာ လောလောဆယ် ဆာလေရဲ့ အာဏာကို ဆက်ခံမဲ့ သား အာမတ်ဆာလေး (Ahmed Ali Abdullah Saleh )၊ တူတော်သူ (Yahya Muhammad Saleh) တို့ရဲ တပ်တွေနဲ့ အပြင်းအထန် တိုက်ပွဲ ဖြစ်ပွားနေပါတယ်။

ယီမင် အာဏာရှင် ဆာလေး အနေနဲ့ လစ်ဗျား အာဏာရှင် ဟောင်း ကဒါဗီ လို ဇတ်သိမ်း မှာ ကို အတောလေး ကြောက်ရွံ့နေပုံ ရတယ်။

အချိန်နောက်မကျခင် တော့ သူ့ရဲ့ မိသားစုဝင်တွေ နဲ့ နောက်လိုက်တွေရဲ့ နောင်ရေး ကိုကြည့်ပြီး အာဏာကို စွန့်လွှတ် ကာ ဒီမိုကရေစီ လမ်းကြောင်း ကို အမြန် ဖော်ဆောင်မှာလား၊ လစ်ဗျား အာဏာရှင် ဟောင်း ကဒါဗီ ဇတ်သိမ်းခန်းလို လမ်းပေါ် မှာ ခွေးသေကောင် တယောက်လို အဆွဲခံမလား ဆိုတာ က အနှစ် ၃၃ နှစ်ကြာ အာဏာ အရသာ ကို ပျော်မွေ့နေခဲ့တဲ့ အာဏာရှင် ဆာလေး နှင့် မိသားစု ၀င်တွေ ဖြေဆိုရမဲ့ သူတို့ရဲ့ ဇတ်သိမ်းခန်းပါ။

Saturday, November 12, 2011

ခေတ်သစ် နိုင်ငံရေး ယဉ်ကျေးမှု ဆီသို့

မြတ်စိုး | တနင်္လာနေ့၊ နိုဝင်ဘာလ ၀၇ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၁၃ မိနစ်

ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ်ဟောင်း အဘီဆစ်နဲ့ လက်ရှိ ဝန်ကြီးချုပ်သစ် ရင်လတ်တို့ အမျိုးသားရေး၊ တိုင်းပြည် အရေး ကို အတူတကွ တဦးနှင့်တဦး လေးလေးစားစား ဆက်ဆံပြီး ပူးပေါင်းဆောင်နေတာတွေ့ရတော့ အထူးဝမ်းသာ ကြည်နူးမိတယ်။ ထိုင်း ပြည်သူတွေကတော့ သူတို့ရဲ့ ခေါင်းဆောင် နှစ်ဦးကို ဂုဏ်ယူကြမှာတော့ ဧကန်မလွဲပါ။

ဒါဟာ ထိုင်း ခေါင်းဆောင်တွေ ခေတ်သစ်နိုင်ငံရေးကို ကျော်ဖြတ်နေကြပြီဆိုတဲ့ သမိုင်းအထောက်အထား တခုပါ။ သူတို့ နှစ်ဦးမှာ အမြင် မတူတာတွေ၊ သဘောထား မတူတာတွေက ရှိနေကြပေမယ့်၊ သူတို့ နှစ်ဦးဟာ ဂုဏ်သိက္ခာ ရှိတဲ့ ထိုင်းနိုင်ငံရေး ယဉ်ကျေးမှုသစ်တရပ်ကို ကျော်ဖြတ်နေကြပြီလို့ အသိအမှတ် ပြုရပါတော့မယ်။

သူတို့ နှစ်ဦးဟာ ဘာသာတူတဲ့ နိုင်ငံရေး ယဉ်ကျေးမှုတွေက ဖြတ်သန်း လာခဲ့ကြလို့ သဘောထားကြီးကြီး၊ သိက္ခာ ရှိတဲ့ နိုင်ငံရေးကို အတူတကွ လျှေက်လှမ်းနိုင်ခဲ့ကြတာလို့ ထိုင်းနိုင်ငံရေး လေ့လာသူတွေက ပြောဆိုကြတယ်။

မြန်မာ့နိုင်ငံရေး ယဉ်ကျေးမှုကို လေ့လာဆန်းစစ် ကြည့်ရင်
ဒီလိုပဲ လက်ရှိ နိုင်ငံရေးသမားတွေဟာလည်း ဖဲသမားတွေ ရှိုးကစားသလိုပဲ။ သူရှုံးရင် ရှုံး၊ ကိုယ်နိုင်ရင် အပြတ်နိုင်။ အားလုံးကုန်မှ ပြန်ဆို တဲ့ အတွေးအခေါ်မျိုးက ရှိတယ်။ ကိုယ့်မှာ အင်အားရှိတာ မရှိတာထက်၊ သူ့ကို အပြတ်နိုင် ဖို့ကိုပဲ စဉ်းစားတတ်ကြတာကိုး
တော့ မြန်မာနိုင်ငံသမိုင်း တလျှောက်မှာ နိုင်ငံရေး လောက,
က နိုင်ငံရေးသမားတွေဟာ ကြက်ခြင်းထဲက ကြက်တွေလို အချင်းချင်း ထိုးဆိတ်နေကြလို့ ခေါင်းမှာ သွေးတွေနဲ့ အမွေး
တောင် မရှိကြတော့ဘူး၊ အားလုံး မောပန်းနေကြပြီ၊ လက်ပန်း ကျနေကြပြီ။ မြန်မာ့နိုင်ငံရေးမှာ လူနှစ်ဦးရှိရင်တောင် ပါတီက သုံးပါတီ ဖြစ်လာလေ့ရှိတယ်။ တယောက် တပါတီနဲ့ ညွှန့်ပေါင်း မဟာမိတ်ပါတီ ဆိုတာမျိုးပေါ့။

ဒီလိုပဲ လက်ရှိနိုင်ငံရေးသမားတွေဟာလည်း ဖဲသမားတွေ ရှိုးကစားသလိုပဲ။ သူရှုံးရင် ရှုံး၊ ကိုယ်နိုင်ရင် အပြတ်နိုင်။ အားလုံးကုန်မှပြန်ဆိုတဲ့ အတွေးအခေါ်မျိုးက ရှိတယ်။ ကိုယ့်မှာ အင်အားရှိတာ မရှိတာထက်၊ သူ့ကို အပြတ်နိုင်ဖို့ကိုပဲ စဉ်းစားတတ်ကြတာကိုး။ တနည်းအားဖြင့် လက်ရှိမြန်မာ့နိုင်ငံရေးဟာ ဖဲသမား နိုင်ငံရေး လိုမျိုးပေါ့။ စစ်အစိုးရ ဘက်မှာကော၊ အတိုက်အခံ ဘက်မှာကော ဘာမှမရှိကြတော့ဘူး၊ ကြက်ခြင်းထဲက ကြက်တွေလိုပဲ၊ ခေါင်းမှာ သွေး
တွေနဲ့ အမွေးတွေမရှိ ဖြစ်နေကြတယ်။ အားလုံး မောပန်းနေကြပြီ၊ လက်ပန်း ကျနေကြပြီ။ ဘာမှ မရှိပဲ နှစ်ဘက်စလုံး က ဟန်ဆောင် လှည့်ဖျားပြီး ဟောက်စား စားဖို့ ပြင်နေကြတယ်။ ဝိုင်းထဲ ဆိုတဲ့ တိုင်းပြည်ကြီးမှာလည်း ဘာမရှိတော့ ဘူး။ အမှန်ကို အမှန်အတိုင်း ကြည့်မြင်တတ်လို့ အမုန်းခံ ရသူတွေလည်း ဒု နဲ့ဒေးပါ။

ဘာသာရေးမှာလည်း တောင်ကျောင်း၊ မြောက်ကျောင်း ၊
တိုင်းပြည် တိုင်းမှာ လူမျိုးပေါင်းစုံ၊ ဘာသာ
ပေါင်းစုံ အတူတကွ နေထိုင်ကြတာချည်းပဲ။
မြန်မာပြည်မှာ
တော့ လူမျိုးစွဲ၊ ဘာသာစွဲတွေ၊
ပုဂ္ဂိုလ်စွဲ အစွန်း
ရောက် အတွေး အခေါ်တွေ ရှိနေတာ နှစ်ပေါင်းကြာရှည်နေတဲ့ ပြည်တွင်း
စစ်ကိုသာ ကြည့်ပါတော့
အရှေ့ကျောင်း၊ အနောက်ကျောင်းဆိုပြီး ဘုန်းကြီးကျောင်း
တွေ ဒေသ တော်တော်များများမှာ အစွဲအလမ်းကြီးစွာ
တွေ့ရှိရတယ်။ ဘုန်ကြီးကနှစ်ပါး ဘုန်းကြီးကျောင်း
သုံးကျောင်း ဖြစ်လာရတဲ့ သာဓကတွေကလည်း ရှိကြတာ
ကိုး။ ဒါယကာ၊ ဒါယိကာမချင်းလည်း ပြိုင်၊ ရွာချင်းလည်း
ပြိုင်၊ ဘုန်းကြီးကျောင်း ချင်းလည်း ပြိုင်တဲ့ အလေ့အထ
ပေါ့။ ပြိုင်ရလွန်းလို့ ရွာသားတွေက နံရိုး အဖြိုင်းဖြိုင်းနဲ့
အလုပ် လုပ်ကြ၊ ဘုန်းကြီးကျောင်း အောက်က ခွေးတွေကတော့ အလယ်သားတွေ ကိုက်ခဲ လျက် ဝဖီးနေတာပဲ ဆိုတာမျိုးပေါ့။ ဒါက ဘုန်းကြီးကျောင်း နိုင်ငံရေးယဉ်ကျေးမှုပါ။

ထို့အတူ ဘယ်နိုင်ငံမှ လူမျိုးတမျိုး၊ ဘာသာ တမျိုးတည်း မရှိဘူး ။ တိုင်းပြည် တိုင်းမှာ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ အတူတကွ နေထိုင်ကြတာချည်းပဲ။ မြန်မာပြည်မှာတော့ လူမျိုးစွဲ၊ ဘာသာစွဲတွေ၊ ပုဂ္ဂိုလ်စွဲ အစွန်းရောက် အတွေး အခေါ်တွေ ရှိနေတာ နှစ်ပေါင်းကြာရှည်နေတဲ့ ပြည်တွင်းစစ်ကိုသာ ကြည့်ပါတော့။ စစ်ပွဲ အားလုံးကိုဆန့်ကျင်တယ်။ စစ်ပွဲဆိုရင် ဘယ်စစ်ပွဲကိုမှ မထောက်ခံဘူး။ ဆင်းရဲမွဲတေမှုကို တိုက်ဖျက်တဲ့ စစ်ပွဲပဲ ကမ္ဘာကြီးမှာ ရှိသင့်တယ်လို့ ယူဆတယ်။

အမှန်တော့ ဝမ်းနည်းစရာ ကောင်းတာက မြန်မာ့နိုင်ငံရေး သမိုင်းမှာ နိုင်ငံရေး ဂုဏ်သိက္ခာ၊ နိုင်ငံရေး အဆင့်အတန်း ကို လေးစားတန်ဖိုး မထားတတ်တဲ့ ယဉ်ကျေးမှုက ရာစုနှစ်များစွာ လွှမ်းမိုးနေခဲ့တယ်။ ဆွေးမျိုးအချင်းချင်း သတ် မင်းလုပ်၊ လူအချင်းချင်း ထောင်ချသတ်ဖြတ် အာဏာယူခဲ့တဲ့ ကြက်ခြင်းထဲက ကြက်တွေလို သမိုင်း အစဉ်အလာတွေ က ယခုအထိ ရှိနေဆဲမို့ပါ။

ထူးခြားတဲ့ နိုင်ငံရေး ယဉ်ကျေးမှု ဘုရင့်နောင် လက်ထက်မှာတော့ တွေ့ခဲ့ရတယ်။ ဘုရင့်နောင်ဟာ မင်းမျိုးမင်းနွယ်က လာတာ မဟုတ်ဘူး။ ဘုရင့်နောင်ဟာ တပင်ရွှေထီးရဲ့ နို့စို့ဖော်၊ ဖွားဖက်တော်၊ အောက်ခြေက လာတဲ့သူ။ ဘုရင့်နောင် လက်ထက်မှာတော့ ဘုရင့်နောင်ဟာ ရန်သူကော၊ မိတ်ဆွေကော မခွဲခြားဘဲ ဆက်ဆံတဲ့ သမိုင်းအထောက်အထား
တော့ ရှိခဲ့တယ်။

ဒီလို ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်နိုင်ခဲ့တဲ့ ဘုရင့်နောင်
ခေါင်းဆောင် တယောက်ဖြစ်ဖို့ အရည်အချင်း
ရှိအောင် မကြိုးစားသလို၊ နောက်လိုက်
ကောင်း
ဖြစ် ဖို့လည်း မကြိုးစား ချင်ကြဘူး။ ကြက်ခြင်း ထဲက ကြက်တွေလို ဟိုကောင်ကို ဆိတ်လိုက်၊ ဒီကောင်ရဲ့ အဆိတ်ခံလိုက်နဲ့ ခေါင်းမှာသွေးရဲ ရဲ၊ အမွေးမရှိတော့တဲ့ ကြက်ခြင်းထဲက ကြက် ဘဝမှာပဲ ပျော်မွေ့နေကြတယ်။ အမွေး၊ အတောင်မရှိတဲ့ နိုင်ငံရေး မင်းသားကြီးတွေ
ဖြစ်ချင်နေကြတယ်
ဟာမြန်မာအင်ပါယာကို ကြီးထွားလာအောင် ပြုလုပ်နိုင်ခဲ့တဲ့ သာဓကတွေ၊ ရန်သူက လေးစားချစ်ခင်လာတဲ့ သမိုင်း
အထောက်အထား တွေကရှိခဲ့တယ်။ ဘုရင့်နောင်ဟာ
ရန်သူကော၊ မိတ်ဆွေကော၊ လူမျိုးကော၊ မခွဲမခြားဘဲ တလေးတစား ဆက်ဆံခဲ့တာ တွေ့ရတယ်။ ဂုဏ်သိက္ခာ ရှိတဲ့ နိုင်ငံခေါင်းဆောင်တွေဟာ ဂုဏ်သိက္ခာရှိရှိ
တိုင်းပြည်မှာ ဦးဆောင်မှုတွေကို ပြခဲ့ကြလို့ သမိုင်းမှာ အသိအမှတ်ပြုခံ ခဲ့ရတယ် ဆိုရင်လည်း မမှားဘူး။

ဒါပေမယ့်လည်း နိုင်ငံရေးမှာ အဆင့်တူမှ၊ ဘာသာတူမှ
စကားပြောလို့ ရတယ်၊ ဆွေးနွေးလို့ရတယ်၊ ဆိုတဲ့ ဆိုစကား ရှိတယ်။ ဒါကလဲ အမှန်ပါပဲ။ နွားကျာင်းသားနဲ့ နိုင်ငံတကာမှာ အတွေ့အကြုံရှိတဲ့ ပညာရှင်တယောက်ရဲ့ အတွေး အခေါ်၊ အယူအဆ၊ စဉ်းစားမှု၊ ဖြတ်သန်းမှု၊ အတွေ့အကြုံချင်း၊ ဗဟုသုတချင်းကလည်း တူမှမတူတာကိုး။

ဖြစ်နေလေ့ရှိတဲ့ အဆိုးကြီးတခုက အားလုံးက ကိုယ့်မိသားစုတောင် ကယ်တင်နိုင်တဲ့ အရည်အချင်း မရှိဘဲ တိုင်းပြည်ကို ကယ်တင်ချင်တဲ့ နိုင်ငံရေး ခေါင်းဆောင် မင်းသားတွေချည်းပဲ ဖြစ်ချင်နေကြတာကိုး။

ခေါင်းဆောင် တယောက်ဖြစ်ဖို့ အရည်အချင်းရှိအောင် မကြိုးစားသလို၊ နောက်လိုက် ကောင်းဖြစ်ဖို့လည်း မကြိုးစား ချင်ကြဘူး။ ကြက်ခြင်းထဲက ကြက်တွေလို ဟိုကောင်ကို ဆိတ်လိုက်၊ ဒီကောင်ရဲ့ အဆိတ်ခံလိုက်နဲ့ ခေါင်းမှာသွေးရဲရဲ၊ အမွေးမရှိတော့တဲ့ ကြက်ခြင်းထဲက ကြက်ဘဝမှာပဲ ပျော်မွေ့နေကြတယ်။ အမွေး၊ အတောင်မရှိတဲ့ နိုင်ငံရေး မင်းသားကြီးတွေ ဖြစ်ချင်နေကြတယ်။

ဒီလို တောင်စဉ်မရ ဖြစ်နေတဲ့ မြန်မာ့ နိုင်ငံရေးလောက ကို အလင်းတန်းရောင်ခြည် ပေးလိုက်တာကတော့ နည်းပညာပါပဲ။ ခေတ်က ပေါ်ထွက်လာတဲ့ နည်းပညာတွေဟာ မြန်မာ့ နိုင်ငံရေး ယဉ်ကျေးမှုဆိုးကြီးကို တဖြည်းဖြည်း
မြေမြုပ်သဂြုင်္ိဟ်ဖြစ်ဖို့ အကြောင်းရင်းဖြစ်လာနေပါပြီ။ နည်းပညာ တိုးတက်လာနေမှုကို ဘယ်သူမှ တားဆီးလို့ရမှာ မဟုတ်သလို၊ ဘယ်နိုင်ငံရေး ခေါင်းဆောင်မှ အောက်လမ်းနည်းတွေနဲ့ ပြည်သူကို လိမ်လည် လှည့်ဖျား နိုင်ကြတော့ မည် မဟုတ်ပါ။ မြန်မာ ပြည်သူတွေ ဘုန်းကြီးကျောင်း နိုင်ငံရေးယဉ်ကျေးမှုကြီးက လွတ်မြောက်လာနေကြပါပြီ။

မြန်မာနိုင်ငံရဲ့ အနာဂတ်မှာ နိုင်ငံခေါင်းဆောင် လုပ်မည့်သူများ ထိုင်း နိုင်ငံရေးခေါင်းဆောင်တွေလို ဂုဏ်သိက္ခာရှိ တဲ့ ခေတ်သစ်နိုင်ငံရေး ယဉ်ကျေးမှုကို ဖြတ်သန်းဖို့ အဆင်သင့်ရှိ မရှိ၊ အရည်အချင်း ရှိ မရှိ ကိုယ့်ကိုယ်ကို ပြန်လည် ဆန်းစစ်ဖို့လိုနေပါပြီ။ ကြက်ခြင်းထဲက ကြက်တွေရဲ့ ဘဝမှာပဲ ပျော်နေကြမလား၊ ဂုဏ်သိက္ခာရှိတဲ့ ခေတ်သစ်
နိုင်ငံရေး ယဉ်ကျေးမှု ဆီသို့ ဦးတည် ချီတက်ကြမလားဆိုတာကတော့ အနာဂတ်မှာ နိုင်ငံခေါင်းဆောင် လုပ်မည့် သူများ ပြန်လည် ဆန်းစစ်ကြပါစို့။

Saturday, November 5, 2011

သဘာဝ ကို မဆန့်ကျင် ကြနဲ့၊ သဘာဝ က နောက် ဘ၀ မစောင့်ပါ။

ထိုင်း အစိုးရတွေ ဟာ သစ်ပင်တွေ၊ သစ်တောတွေ ကို အခုလို မြတ်နိုးတက်မယ်ဆိုရင်....
ဓာတ်ပုံ- ရိုက်တာ
၁၁.၀၅.၂၀၁၁

ထိုင်း နိုင်ငံမှာ မှာ ရေကြီးမှုကြောင့် လူပေါင်း ၄၄၆ ယောက် သေဆုံးပြီး နှစ်ဦးပျောက်ဆုံးနေတယ်လို့ သဘာဝ ဘေးအန္တာရာယ် တားဆီးရေး နှင့် ကာကွယ်ရေးဌာန က အတည်ပြုပြောကြားခဲ့တယ်။ ရေလွှမ်းမိုးမှု ဟာ ဒေသပေါင်း ၁၄၈ နေရာ နှင့် ခရိုင်ပေါင်း ၂၅ နေရာ မှာ လူဦးရေ ၃,၁၆၀,၄၁၇ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ ရတယ်လို့ သတင်း ထုတ်ပြန်ကြေညာခဲ့တယ်။

ရေလွှမ်းမိုးမှု နှင့် သဘာဝဘေးဒဏ် ခံခဲ့ရတဲ့ ခရိုင်တွေက တော့ Phichit, Nakhon Sawan, Uthai Thani, Chainat, Singburi, Angthong, Ayutthaya, Lopburi, Saraburi, Suphanburi, Nakhon Pathom, Pathum Thani, Nonthaburi, Samut Sakhon, Samut Prakan, Ubon Ratchathani, Si Sa Ket, Surin, Roi Et, Mahasarakham, Kalasin, Chachoengsao, Nakhon Nayok, Prachinburi and Bangkok တို့ ဖြစ်ကြတယ်။

ထိုင်းနိုင်ငံ ဟာ စက်မှုဖွံ့ဖြိုး တိုးတက်နေတာကြောင့် ပျက်ဆီးဆုံးရှုံးမှုတွေဟာ ဒေါ်လာ ဘီလီယံ ရာနဲ့ချီ လိမ့်မယ်လို့ ခန့်မှန်းထားကြတယ်။ လောလောဆယ် ကမ္ဘာ့ ရင်နှီးမြုပ်နှံမှု ဈေးကွက် နှင့် ရောင်းဝယ်မှုတွေ မှာ ဆုံးရှုံးမှုတွေရှိနေတယ်။ ထိုင်းနိုင်ငံ စက်မှုဇုံဒေသတွေ ကို ရေလွှမ်းမိုးမှု ဖြစ်ခဲ့တာကြောင့် လောလောဆယ် ထိုင်း မော်တော်ကား ထုတ်လုပ်မှုလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ လျှပ်စစ် ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်း၊ အဖျော်ယမကာလုပ်ငန်း၊ အထည်အလိပ် လုပ်ငန်း၊ စက်မှု ဆိုင်ရာ ထောက်ပံ့မှု ပစ္စည်းထုန်လုပ်ရေးလုပ်ငန်း အပါအ၀င် အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းတွေပါ ရပ်ဆိုင်းသွားခဲ့ပြီဖြစ်တယ်။ ထိုင်း စက်မှုလုပ်ငန်းများတွင် အိမ်နီးချင်း နိုင်ငံများမှ လာရောက် အလုပ် လုပ်ကိုင်သူများ အလုပ်သမား သန်းချီ ရှိ တာကြောင့် ထိုင်းနိုင်ငံ ရေကြီးမှု ဟာ အိမ်နီးချင်း ဒေသများတွင် စီးပွားရေး မတည်ငြိမ်မှုတွေ ရှိလာနိုင်ပြီး၊ ကုန်ဈေးနှုန်းကြီးမား လာနေမှုဟာ ဒေသတွင်း နိုင်ငံရေး မတည်ငြိမ်မှု ကို ဖြစ်ပေါ် လာစေနိုင်ကြောင်း ဟော်ကိန်းထုတ်မှုတွေရှိတယ်။

ထိုင်းပြည်သူတွေ က တော့ သူတို့ရဲ့ ပိုင်ဆိုင်မှု ငွေကြေးတွေ ကို ဘဏ်တွေ မှာ ယုံကြည် စိတ်ချစွာ အပ်နှံထားတာကြောင့် အခြားဆင်းရဲမွဲတေတဲ့ နိုင်ငံ က ပြည်သူတွေ လို ကြာရှည်စွာ ခံစားကြရမှာ မဟုတ်သလို၊ ထိုင်းနိုင်ငံ ငွေကြေးစနစ်၊ ဘဏ်နှင့် ဘဏ္ဍာရေးဆိုင်ရာ အဆောက်အအုံ တွေ ဟာ နိုင်ငံတကာ အဆင့်တန်းမှီ ခိုင်မာမှုရှိပြီး၊ ရင်းနှီးမြုပ်နှံသူများ က ယုံကြည် စိတ်ချမှု ရှိတာတွေကြောင့် ပြန်လည် လျင်မြန်စွာ နာလန်ထူလာနိုင်မယ်လို့ မျှော်လင့် ထားကြတယ်။ ထိုင်း နိုင်ငံရေး ဟာ လည်း တခြားအိမ်နီးချင်းနိုင်ငံတွေထက် စာရင် ပိုမိုပွင့်လင်း ပြီး၊ ထင်သာမြင်သာရှိတာ ကြောင့် ရင်းနှီးမြုပ်နှံသူများ က နောက်ဆုတ်သွား လိမ့်မယ်လို့ မထင်ကြောင်း ကမ္ဘာ့ရင်နှီးမြုပ်နှံသူများ၊ ဂျပန်စီးပွားရေး ပညာရှင်များ က Nightly Business Report နှင့် NHK သတင်း မှာ သုံးသပ် တင်ပြထားကြတယ်။

တခြားတဖက်မှာတော့ လူလတ်တန်းစား အသိပညာရှင်၊ အတက်ပညာရှင်များ အားပေးမှု မရရှိခဲ့တဲ့ လက်ရှိ ထိုင်းအစိုးရ ဟာ စီမံခန့်ခွဲ အုပ်ချုပ်မှုဆိုင်ရာ မှာ အားနည်းချက်တွေ ရှိနေတယ်လို့ ထိုင်း နိုင်ငံရေး အကဲခတ် ပညာရှင်များ က ဝေဖန်ထောက်ပြခဲ့ကြတယ်။ လက်ရှိ အစိုးရ ရေလွှမ်းမိုးမှု အပေါ် စီမံခန့်ခွဲ ပုံ အားနည်းမှု က သက်သေပြနေတယ်လို့ ထောက်ပြကြတယ်။ ငွေကြေး အင်အား အသုံးပြုကာ ဆင်းရဲသား လယ်သမားတွေ ရဲ့ ထောက်ခံမှု ရရှိပြီး၊ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ရင်လပ် အစိုးရ အဖွဲ့ မှာ အတွေ့အကြုံ နှင့် အရည်အချင်းရှိတဲ့ သူတွေ မရှိဖြစ်နေတယ်လို့ ထောက်ပြကြတယ်။




ထိုင်းနိုင်ငံ ရေလွှမ်းမိုးမှု နောက်ကွယ်က သင်ခန်းစာများ

သာဘာဝပတ်ဝန်းကျင်ထိမ်းသိန်းစောင့်ရှောက်ရေး လှုပ်ရှားနေသူများ က ထိုင်း နိုင်ငံ ရေကြီးမှု ဖြစ်ပေါ်လာရခြင်းဟာ ထိုင်း စီးပွားရေးလုပ်ငန်းရှင်ကြီးများ နှင့် ထိုင်းအစိုးရ အသီးသီး တို့ မှာ တာဝန်ရှိကြောင်း ပြစ်တင်ဝေဖန် ရှုံ့ချမှုတွေ ရှိခဲ့တယ်။ ထိုင်း စီးပွားရေးလုပ်ငန်းရှင်ကြီးများ ဟာ ထိုင်းအစိုးရ ရဲ့ အကူအညီဖြင့် အိမ်နီးချင်းနိုင်ငံ များရှိ သစ်တောများ ကို တရားဝင်ကော၊ တရားမ၀င် ခုတ်လှဲခဲ့ခြင်းဟာ လက်ရှိ ထိုင်းနိုင်ငံ ရင်ဆိုင်နေရတဲ့ ရေကြီးမှု သဘာဝ ဘေးအန္တာရာယ် ဖြစ်ပေါ်ရခြင်း ရဲ့ အဓိ က အကြောင်းအရင်းခံ ဖြစ်တယ်လို့ ပြောဆိုခဲ့ကြတယ်။ “နိုင်ငံ တနိုင်ငံ ရဲ့ သစ်တောပြန်းတီးမှု ဟာ အခြားအိမ်နီးချင်း နိုင်ငံတွေမှာ သဘာဝဘေးအန္တာရာယ် ကျရောက်စေတယ်” ဆိုတဲ့ အချက် ကို သက်သေပြခဲ့တာလို့ဆိုတယ်။

ထိုင်း ပြည်သူများ၊ ထိုင်း အစိုးရ များ အနေနဲ့ မိမိတို့နိုင်ငံ ဖွံဖြိုးတိုးတက်နေပေမဲ့၊ အိမ်နီးချင်း နိုင်ငံတွေရဲ့ သဘာဝပတ်ဝန်းကျင် ကို ပျက်ဆီးနေမှု ကို လစ်လျှူရှု့ မနေသင့်ဘူးလို့ ဆိုတယ်။ ထိုင်းနိုင်ငံ မှာ သစ်တော မပြုန်းတီးဖို့ သစ်ပင်တွေ စိုက်ပျိုးမှုတွေ ရှိခဲ့သော်လည်း ၊ အိမ်နီးချင်း နိုင်ငံများတွင် သစ်တော ပြန်းတီးနေမှု ကြောင့် သဘာဝဘေး အန္တာရာယ် ကို တားဆီး ဟန့်တားမှု မပြုလုပ်ပေးနိုင် ဖြစ်ခဲ့ရတယ်လို့ ဆိုတယ်။ အဓိက ဆိုလိုတာကတော့ ထိုင်းလူမျိုးတွေ ဟာ အိမ်နီးချင်း နိုင်ငံ တွေ မှာ သဘာဝ ပတ်ဝန်းကျင် ပျက်ဆီးဆုံးရှုံးမှုတွေ ကို လက်ပိုက်ကြည့် နေကြပေမဲ့၊ သဘာဝ က လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး ဆိုတဲ့ အချက်ပါ။ သဘာဝ အလှ ကို ဖျက်စီးရင် သဘာဝ က ပဲ တိုက်စားသွားပါလိမ့်မယ်။ သဘာဝ ကို ဆန့်ကျင်တာတွေ မလုပ်မိကြဖို့ အစိုးရတိုင်းမှာကော၊ ပြည်သူ တိုင်းမှာ တာဝန်ရှိတာ သတိပြုမိကြဖို့လိုတယ်။

ရေလွှမ်းမိုးမှု နောက်ကွယ်က နိုင်ငံရေး

ထိုင်း ပညာရှင်လူငယ်များ၊ နိုင်ငံရေးလေ့လာ သူများ ထိုင်း facebook စာမျက်နှာ မှာ ဆွေးနွေး သုံးသပ်တင်ပြထားတဲ့ အချက်တွေထဲမှာ ထူးခြားတဲ့ အချက် က တော့ ထိုင်း လက်ရှိ အစိုးရ ကို ပြစ်တင်ဝေဖန်ထားတဲ့ အချက်ပါ။ ထိုင်း အစိုးရ တာဝန်ရှိသူတွေ ဟာ ရေမလွှမ်း မိုးခင် ရက်ပိုင်း ရေကာတာ တွေ ရဲ့ ရေတံခါးတွေ ကို မဖွင့် ပေးခဲ့လို့ ဆိုတယ်။ သူတို့ က လက်ရှိ ထိုင်းအစိုးရ က ရေတံခါးဖွင့် တဲ့ အချိန်ဇယား သမိုင်း ကို အစိုးရ က အများပြည်သူ သိရှိအောင် ထုတ်ဖော်ပြသပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ထိုင်း အစိုး ရ ကတော့ ရေတံခါးတွေ မဖွင့်ပေး ခဲ့ခြင်းဟာ ထိုင်း တောင်သူလယ်သမား တွေ ရဲ့ လယ်ယာမြေ ကို ထိခိုက် မှာ မို့ ကာကွယ်ရခြင်းဖြစ်ကြောင်း လို့ အကြောင်းပြထားတယ်။ လက်ရှိ အစိုးရ ဟာ လယ်သမားတွေ ထောက်ခံမှု ရရှိကာ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တာဖြစ်တယ်။ ထိုင်း ပြည်သူတွေ ကတော့ ရေတွေ ကို ထိုင်း တောင်ပိုင်း ပင်လယ်ကွေ့ထဲ သို့ ရောက်ရှိစီးဆင်းအောင် နှင့် ရေကြောင်းလွှဲသွားအောင် ရေတံခါးတွေ ဖွင့်ဖို့ ပြောဆိုခဲ့ကြတယ်။


ထိုင်း နိုင်ငံ ရွေးကောက်ပွဲ တွေ နဲ့ နိုင်ငံရေး မဲဆွယ်ပွဲတွေ မှာ ထိုင်းပြည်သူတွေ အတွက် အမြဲရှိနေပါတယ်ဆိုတဲ့ ၀န်ကြီးချုပ်ဟောင်းတွေ ဖြစ်ကြတဲ့ တပ်ခ်ဆင် နဲ့ ချောင်ဗာလစ် တို့ ထိုင်း ပြည်သူတွေ ခံစားနေကြတဲ့ ရေကြီးမှု တွေ ကို ဘာတွေ အကူအညီတွေပေးနေသလဲ ဆိုတာ ထိုင်းပြည်သူတွေ က မေးခွန်းထုတ်နေကြတယ်။ သူတို့ နှစ်ဦးဟာ ထိုင်းနိုင်ငံရေး ကို ငွေ နဲ့ အာဏာနဲ့ ခလောက်ဆန်ခဲ့ကြသလို၊ အိမ်နီးချင်း နိုင်ငံများ ၌ သစ်တောပြန်းတီးခဲ့မှုတွေ မှာ လည်း အဓိက တာဝန်ရှိသူတွေဖြစ်ကြတယ်။ မြန်မာနိုင်ငံ တောင်ပိုင်း၊ အရှေ့ပိုင်း သစ်တော ပြုန်းတီးခဲ့မှုများမှာ ထိုင်း စစ်တပ် ဦးစီးချုပ် နှင့် ဗိုလ်ချုပ်ကြီးဟောင်း ချောင်ဗာလစ် ၌ အဓိက တာဝန်ရှိသူဖြစ်တယ်။

မြန်မာ နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး

မြန်မာနိုင်ငံ၌ သစ်တော အမျိုးအစားများအလိုက် သစ်တောဧရိယာ စုစုပေါင်း ၁၃၆၅၈၁ စတုရန်းမိုင်ရှိတယ် လို့ စစ်အစိုး ရ က ထုတ်ပြန်ကြေညာခဲ့တယ်။

မြန်မာနိုင်ငံသည် မြောက်ဘက်စွန်း၌ အမြင့် ၁၉၃၁၅ ပေရှိသည့် ရေခဲတောင် ဖုံးလွှမ်းရာ သမပိုင်း တောင်ပေါ် အမြဲစိမ်းသစ်တောများမှ တောင်ဘက်စွန်း၌ ဒီရေတောနှင့် အပူပိုင်းအမြဲစိမ်းသစ်တောများ ဖုံးလွှမ်း ပေါက်ရောက်လျက် သွင်ပြင်ထူးခြားသည့် အရှေ့တောင်အာရှတွင် တစ်ခုတည်းသော နိုင်ငံဖြစ်သည်။ နိုင်ငံအတွင်း စိစစ်လေ့လာ တွေ့ရှိရသည့် သစ်တောအမျိုးအစားများမှာ ဒီရေတော ဧရိယာ ၅၃၀၉ စတုရန်းမိုင် (၄ရာခိုင်နှုန်း)၊ အပူပိုင်းအမြဲစိမ်းတော၂၁၂၃၅ စုတုရန်းမိုင်(၁၅ ရာခိုင်နှုန်း)၊ ရွက်ပြတ်ရောနှောတော ၅၁၇၆၄ စတုရန်းမိုင် (၃၈ ရာခိုင်နှုန်း)၊ တောခြောက် ၁၃၂၇၄ စတုရန်းမိုင် (၁၀ ရာခိုင်နှုန်း) အင်တိုင်းတော ၆၆၃၇ စတုရန်းမိုင် (၅ ရာခိုင်နှုန်း)၊ တောင်ပေါ်နှင့် သမပိုင်းအမြဲစိမ်းတော ၃၄၅၀၉ စတုရန်းမိုင် (၂၅ ရာခိုင်းနှုန်း)၊ တောနိမ့်၊ ချုံပုတ်တော ၃၈၅၃ စတုရန်းမိုင် (၃ ရာခိုင်နှုန်း ) စုစုပေါင်း ၁၃၆၅၈၁ စတုရန်းမိုင်(၁၀၀ ရာခိုင်နှုန်း) ဖြစ်ကြောင်း ၂၀၁၁ ခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။

ဒါပေမဲ့ လည်း ကမ္ဘာ့ ဆက်သွယ်ရေး ဂြိုဟ်တု က ရိုက်ထား တဲ့ ပုံတွေ မှာ တော့ မြန်မာ နိုင်ငံ အတွင်း သစ်တောပြုန်းတီးမှုတွေ၊ တော မီးလောင်မှုတွေ ကို အထောက်အထား ဖြင့် ထင်ထင်ရှားရှား တွေ့မြင်နေရတယ်။ တချို့ နေရာတွေမှာ အမြဲစိမ်း ဇုံ ကနေ စွတ်စိုသော အပူပိုင်းဇုံ အဖြစ် ပြောင်းလဲ ရောက်ရှိနေကြောင်း သိပ္ပံပညာရှင်များ က ထုတ်ဖော်ပြောဆိုခဲ့ကြတယ်။ မြန်မာ နိုင်ငံ မှာ တကယ် သဘာဝပတ်ဝန်းကျင် ကာကွယ် စောင့်ရှောက် ထိမ်းသိန်းထားတယ်လို့ ယူဆထားတာ ဟာ ၂၇၈၄ စတုရန်း ကီလိုမီတာ သာရှိတယ်လို့ ယင်း နာဆာ သိပ္ပံ ပညာရှင်များ က ၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၁၈ ရက် မှာ ပြောဆိုခဲ့တာပါ။ ပဲခူးရိုးမ မှာ အများဆုံးရှိပြီး၊ စတုရန်း ကီလိုမီတာ ၂၄၉၈ ရှိ တယ်လို့ အတည်ပြုထားတယ်။ ( Pegu Yomas 2,490 Naaf River 140 Mohingyi 130, Dipayon 20, Letkokkon 4)

Fires in Burma, Thailand, Laos, and Vietnam

This ecoregion represents the lowland evergreen and semi-evergreen rain forests of the western side of Arakan Yoma and Tenasserim ranges along the west coast of Myanmar. A small area extends into southeast Bangladesh. It falls within the tropical wet climate zone of the Köppen climate system.

မြန်မာနိုင်ငံ အတွင်း ၌ သစ်တောနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများ မလုပ်ဆောင်ပါက ထိုင်းနိုင်ငံ ရေလွှမ်းမှု လို သဘာဝ ဘေးအန္တာရာယ် နဲ့ ရင်ဆိုင်ရကာ အနာဂတ် စားနပ်ရိက္ခာ ဖူလုံရေးအတွက် စိုးရိမ်ဖွယ်ရှိကြောင်း မြန်မာ ပညာရှင်များက အကြိမ်ကြိမ် သတိပေး ပြောကြားခဲ့ပြီးဖြစ်သည်။ မြန်မာနိုင်ငံ မှာ တရားဝင် ကော ၊ တရားမ၀င် သစ်တော ခုတ်လှဲမှုတွေ ကို အမြန်ရပ်ဆိုင်းကာ ပညာရှင်များ၊ ကျွမ်းကျင်သူများ ပြန်လည်စီစစ်ဖို့ လိုအပ်ကြောင်း တောင်းဆို ထားကြောင်းပါ။