Wednesday, April 24, 2013
Sunday, March 3, 2013
အမိမြေ သို့ - အပိုင်း ( ၄ ) “Challenges on Small and Medium Enterprises in Burma”
“အမိမြေ သို့” Golden Moon ရုပ်မြင်သံကြား အစီအစဉ် ကို Comcast Channel 57 နှင့် Verizon Channel 27 ရုပ်မြင်သံကြားလိုင်းများကနေ အပိုင်း လိုက် တင်ဆက်ထုတ်လွှင့် သွားမှာ ဖြစ်ပါတယ်။
ဒီ အပတ် အစီအစဉ် မှာ SMEs လို့ခေါ်ဆိုတဲ့ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ မှာ ရင်ဆိုင်နေရတဲ့ စိမ်ခေါ်မှုများ၊ ဖွံ့ဖြိုးတိုးတက်မှု အပေါ် လက်ရှိ ရင်ဆိုင်နေရတဲ့ စိမ်ခေါ်မှုများ၊ ကို အမိမြန်မာပြည် ကို ပြန်လည် သွားရောက် လည်ပတ် ခဲ့ တဲ့ ကိုမြတ်စိုး က သူ့ရဲ့ အမြင်ကို ပွင့်ပွင့်လင်းလင်း အပိုင်းလိုက် လေ့လာ သုံးသပ်ဆွေးနွေး တင်ပြထားတာဖြစ်ပါတယ်။
Wednesday, February 13, 2013
Saturday, February 9, 2013
Saturday, January 26, 2013
အမိမြေ သို့ - အပိုင်း (၁)
“အမိမြေ သို့” Golden Moon ရုပ်မြင်သံကြား အစီအစဉ် ကို Comcast Channel 57
နှင့် Verizon Channel 27 ရုပ်မြင်သံကြားလိုင်းများကနေ အပိုင်း လိုက်
တင်ဆက်ထုတ်လွှင့် သွားမှာ ဖြစ်ပါတယ်။
ဒီ အစီအစဉ် မှာ ၂၅ နှစ် အတွင်း မြန်မာပြည် မှာ ဖြစ်ပေါ်ခဲ့တဲ့
အကောင်းဘက် ကို ဦးတည်ခဲ့ သည့် ပြောင်းလဲနေမှု များ၊ အဆိုးဘက် ကို
ဦးတည်နေသည့် ပြောင်းလဲနေမှု များ၊ ပြောင်းလဲမှု မရှိသေးသည့် အခြေအနေများ၊
SMEs လို့ခေါ်ဆိုတဲ့ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ မှာ
ရင်ဆိုင်နေရတဲ့ စိမ်ခေါ်မှုများ၊ ဖွံ့ဖြိုးတိုးတက်မှု အပေါ် လက်ရှိ
ရင်ဆိုင်နေရတဲ့ စိမ်ခေါ်မှုများ၊ နှင့် မြန်မာနိုင်ငံ လက်ရှိ
ပြုပြင်ပြောင်းလဲမှုများ မှာ ကြုံတွေ့နေရသည့် စိမ်ခေါ်မှုများ၊ အဟန့်အတားများ
ကို အမိမြန်မာပြည် ကို ပြန်လည် သွားရောက် လည်ပတ် ခဲ့ တဲ့ ကိုမြတ်စိုး က
သူ့ရဲ့ အမြင်ကို ပွင့်ပွင့်လင်းလင်း အပိုင်းလိုက် လေ့လာ သုံးသပ်ဆွေးနွေး
တင်ပြထားတာဖြစ်ပါတယ်။
Sunday, July 22, 2012
နာဆာ နဲ့ SMART GOAL အပိုင်း (၃)
" ပြီးခဲ့တဲ့ နှစ် က စပြီး မြန်မာနိုင်ငံ မှာ ပြုပြင်ပြောင်းလဲရေးတွေလုပ်နေကြပြီလို့ မြန်မာ့အရေးလေ့လာသူ အများက သုံးသပ်ပြောဆိုခဲ့ကြတယ်။ တချို့ ပညာရှင်တွေ က တော့ မြန်မာနိုင်ငံဟာ နိုင်ငံတကာရဲ့ စမ်းသပ်ခန်းထဲ မှာ ရောက်နေပြီလို့ ဝေဖန် သုံးသပ်ခဲ့ကြပြန် တယ်။
မြန်မာနိုင်ငံ ဟာ ပြုပြင်ပြောင်းလဲရေး ကို တကယ်ပဲ ဦးတည်နေသလား၊ အလောင်းကောင် ကို မိတ်ကပ်ဖို့ နေတဲ့ အစမ်းသပ်ခံ အဆင့်မှာ ပဲ ဒီမိုး၊ ဒီလှေ ဒီလူတွေနဲ့ ပဲ ရှိနေအုန်းး မလားဆိုတာ က မေးခွန်း ထုတ်စရာ ဖြစ်နေတယ်။ "
Changes require actions on the ground, not on media or speeches.
တကယ်တော့ တိုင်းပြည် တပြည်ဖွံ့ဖြိုးတိုးတက်လာဖို့မှာ လက်တွေ့ကျတဲ့ ရည်မှန်းချက်တွေ ကို အဆင့်ဆင့် ထားရှိဖို့လိုပါတယ်။ ဒီလို လက်တွေ့ကျတဲ့ ရည်မှန်းချက် လုပ်ငန်းတွေ ကို အကောင်အထည် ဖော်နိုင်ဖို့ ကလည်း အရည်အချင်းရှိတဲ့ သူတွေနဲ့ ပြောင်းလဲပြီး တာဝန် ပေးအပ် ဖို့ လိုအပ်ပေလိမ့်မယ်။ တနည်းအားဖြင့် SMART goal တွေ ကို လက်တွေ့ကျကျ လုပ်ဆောင်နိုင်ဖို့ SMART ဖြစ်တဲ့ သူတွေလိုအပ်တယ်။
ဥပမာ အားဖြင့် တချိန်က ဆင်းရဲမွဲတေခဲ့တဲ့ အိမ်နီးချင်းတရုတ်နိုင်ငံ မှာ တရုတ်ခေါင်းဆောင်တွေ ရဲ့ တိုင်းပြည်အပေါ်ထားရှိတဲ့ ရည်မှန်းချက် ပန်းတိုင် အဆင့်ဆင့်တွေ ၊ အစိုးရခေါင်းဆောင်တွေရဲ့ အမြော်အမြင် ကြီးမားမှုတွေ ကို လေ့လာနိုင်ပါတယ်။
တရုတ်ခေါင်းဆောင်တွေဟာ တိုင်းပြည်မှာ ဆင်းရဲမွဲတေမှု လျော့နည်းလာဖို့ တနှစ်ကို လူဦးရေ ၁၅ မီလီယံကျော် အစာရေစာငတ် မွတ်ခေါင်းပါးမှု၊ ဆင်းရဲနွမ်းပါးနေမှုတွေ ကို ပပျောက်ဖို့ တိုက်ဖျက်မယ်လို့ ရည်မှန်းချက်ထားရှိခဲ့တယ်။ ဒီလို အခြေအနေတွေ ကို ရောက်ရှိဖို့ ကို လည်း နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေ ကို တရှိန်ထိုးပြုလုပ်ခဲ့တယ်။ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေထဲမှာ ထင်ရှားတဲ့ ဖြစ်စဉ်တွေကတော့ ၁၆ ကြိမ်မြောက် တရုတ်ပြည် ကွန်မြူနစ်ပါတီရဲ့ ကွန်ဂရက် ကနေ လူကော၊ မှုဝါဒဆိုင်ရာပါ ပြောင်းလဲမှုတွေ ကိုတွေ့လာခဲ့ရတယ်။ တရုတ်ပြည် ကွန်မြူနစ်ပါတီရဲ့ ၁၆ ကြိမ်မြောက် ကွန်ဂရက် က စတင်ပြီး တရုတ်ကွန်မြူနစ်ပါတီမှာ အရည်အချင်းရှိကြတဲ့ လူငယ် အင်ဂျင်နီယာ နှင့် သိပ္ပံဘွဲ့ရ အတက်ပညာရှင် တွေ ကို နေရာပေး အစားထိုးခန့်အပ် လာတာ တွေ့ရတယ်။ ဒီ လူငယ်ခေါင်းဆောင်ပိုင်းတွေက ဦးဆောင်ပြီး ပြုပြင်ပြောင်းလဲမှု တွေပြုလုပ်ခဲ့တယ်။
- ၁)မစ္စတာ ဟူကျင်တောင်၊ ဘေဂျင်းမြို့ ရှင်ဟွာတက္ကသိုလ်က ရေအားလျှပ်စစ် အင်ဂျင်နီယာဘွဲ့ရ
- ၂) မစ္စတာ ၀ူဘန်ကျို၊ ရှင်ဟွာတက္ကသိုလ်က အီလက်ထရောနစ် အင်ဂျင်နီယာဘွဲ့ရ
- ၃) မစ္စတာ ၀မ်ကျင်းဘောင်၊ ၊ ဘူမိဗေဒပညာရှင် နှင့် အင်ဂျင်နီယာဘွဲ့ရ
- ၄) မစ္စတာ ကျန်ကျင်လင်း၊ လျှပ်စစ်အင်ဂျင်နီယာဘွဲ့ရ၊
- ၅)မစ္စတာ ဇန်ကျီဟုန် ၊ ဘေဂျင်းတက္ကသိုလ်မှ ဒုံးပျံအင်ဂျင်နီယာဘွဲ့ရ
- ၆) မစ္စတာ ဟော်ဂျူး ရှင်ဟွာတက္ကသိုလ်က လျှပ်စစ်အင်ဂျင်နီယာဘွဲ့ရ၊
- ရ) မစ္စတာ ၀ူရှင်ဇန်၊ ရှင်ဟွာတက္ကသိုလ်က အင်ဂျင်နီယာဘွဲ့ရ၊
- ၈) မစ္စတာ လီရှန်ချွန်း၊ ဟာဘင်တက္ကသိုလ်မှ လျှပ်စစ်အင်ဂျင်နီယာဘွဲ့ရ၊
- ၉) မစ္စတာ လျှိုခမ် ဂျာမဏီဖရိုင်ဘတ်တက္ကသိုလ် မှ
သတ္တုဗေဒဘွဲ့ရ တွေပါ။
ဒီလို တရုတ်အစိုးရ အတွင်း စီးပွားရေး ပြုပြင်ပြောင်းလဲမှု၊ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ အတွေးခေါ်ပိုင်းဆိုင်ရာတွေမှာ အစားထိုး ပြောင်းလဲလာမှုကြောင့်လည်း တရုတ်နိုင်ငံအတွင်း လူဦးရေသန်းပေါင်း၂၅၀ ကျော်ဟာ အစာရေစာ ငတ်မွတ် ခေါင်းပါးမှု၊ ဆင်းရဲနွမ်းပါးနေမှု မှ သန်းပေါင်း ၅၀ ထိ လျှော့ချနိုင်ခဲ့ပြီး၊ ၂၀၁၅ ခုနှစ် နောက်ဆုံးထားပြီး ကျန်တဲ့ လူပေါင်း သန်းပေါင်း ၅၀ ကို ဆင်းရဲနွမ်းပါးနေမှုမှ ပပျောက် နိုင်အောင် အပြီးသတ်တိုက်ဖျက်သွားမယ်ဆိုတာ ဟာ လက်တွေ့ကျတဲ့ ရည်မှန်းချက်တွေ အဖြစ် ကမ္ဘာ က အသိအမှတ်ပြုခြင်းခံခဲ့ရတယ်။ တနည်း အားဖြင့် သဘာဝကျတဲ့ ရည်မှန်းချက်တွေဖြစ်ပြီး ၊ အရည်အချင်းပြည့်ဝသူတွေနဲ့ အစားထိုးခဲ့လို့ လည်း လက်တွေ့ကျကျလုပ်ဆောင်နိုင်ခဲ့တယ်။
တကယ်တော့ မြန်မာနိုင်ငံမှာ ခေတ်နဲ့ မဆီလျော်တော့တဲ့ ၊ လက်တွေ့မကျတော့ တဲ့ ရည်မှန်းချက် တွေ၊ သုံးမရတဲ့ လူတွေ မှုတွေ ကို နာဆာလို ပြတိုက်ထဲ ကို ပို့သင့်နေပါပြီ။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာစေဖို့ ရည်မှန်းချက်တွေ တူကြပေမဲ့ လူကော၊မူကော၊ အလေ့အကျင့် နှင့် အကျင့်ဆိုးတွေကော မပြောင်းချင်ကြဘူး ဆိုရင်တော့ ဒီတိုင်းပြည်ဟာ နယ်ပယ် အသီးသီးမှာ ကျဆုံးမှုတွေနဲ့ ဆက်လက် ရင်ဆိုင်နေရပါလိမ့်မယ်။ "
REF:
မဟာတံတိုင်းကြီး နောက်ကွယ်မှ ပြုပြင်ပြောင်းလဲမှုများ.
Future Sino-Burma Relation at Risk
တိုင်းပြည် ဟာ ဘာကြောင့် အထီးကျန်ပြီး ဖွံ့ဖြိုးမှု နောက်ကျခဲ့ရသလဲ
၀၇-၁၄-၂၀၁၂
နာဆာ နဲ့ SMART GOAL အပိုင်း (၂)
၀၇-၁၄-၂၀၁၂
"မြန်မာနိုင်ငံမှာ ခေတ်နဲ့
မဆီလျော်တော့တဲ့ ၊ လက်တွေ့မကျတော့ တဲ့ ရည်မှန်းချက် တွေ၊ သုံးမရတဲ့ လူတွေ မှုတွေ ကို
နာဆာလို ပြတိုက်ထဲ ကို ပို့သင့်နေပါပြီ။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာစေဖို့
ရည်မှန်းချက်တွေ တူကြပေမဲ့ လူကော၊မူကော၊ အလေ့အကျင့် နှင့်
အကျင့်ဆိုးတွေကော မပြောင်းချင်ကြဘူး ဆိုရင်တော့
ဒီတိုင်းပြည်ဟာ နယ်ပယ် အသီးသီးမှာ ကျဆုံးမှုတွေနဲ့ ဆက်လက်
ရင်ဆိုင်နေရပါလိမ့်မယ်။ " ငယ်စဉ်အခါက မိဘများ က မေးလေ့ ရှိတဲ့ မေးခွန်းတခုရှိတယ်။ သူတို့ရဲ့ သား၊သမီးတွေ ကြီးပြင်းလာတဲ့အခါမှာ ဘာဖြစ်ချင်ကြ သလဲဆိုတဲ့ မေးခွန်းပါ။ တချို့ကတော့ ဆရာဝန်ဖြစ်ချင်တယ်၊ အင်ဂျင်နီယာဖြစ်ချင်တယ်၊ မင်းသားမင်းသမီးဖြစ်ချင်တယ် စသဖြင့် ဘ၀မှာ ဖြစ်ချင်ကြတဲ့ ရည်မှန်းချက်တွေ၊ စိတ်ကူးယဉ် အားကျ မှုတွေ ကို အဖြေပေးခဲ့ကြတယ်။ မိဘတွေ ကလည်း သားသမီးတွေရဲ့ စိတ်ကူးယဉ်မှုတွေ၊ ဘ၀ရည်မှန်းချက်တွေကို နှစ်ခြိုက်သဘောတွေ့ခဲ့ ကြတယ်။
လူတိုင်းဟာ ဘ၀ အတွက် ရည်မှန်းချက် ကိုယ်စီရှိကြတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေ၊ စီးပွားရေးနယ်ပယ် က ခေါင်းဆောင်တွေဟာ လည်း သူတို့ စီးပွားရေး အောင်မြင်ဖို့ အတွက် ရည်မှန်းချက်တွေ အဆင့်ဆင့် ထားရှိရတယ်။ ထို့အတူ နိုင်ငံရေးခေါင်းဆောင်တွေ၊ နိုင်ငံ့ခေါင်ဆောင်တွေ မှာလည်း ဟာ တိုင်းပြည် အနာဂတ်အတွက် ရည်မှန်းချက်တွေ ထားပြီး အကောင်အထည်ဖော် လုပ်ဆောင် လေ့ရှိကြတယ်။
တိုင်းပြည် အကျိုး၊ ပြည်သူ့ အကျိုးအတွက်ဖြစ်စေ၊ ဘ၀ အတွက် ဖြစ်စေ ရည်မှန်းချက်ထားရှိတာဟာ မွန်မြတ်တဲ့ စိတ်ဓာတ်တွေပါ။
သို့ပေသော်ငြားလည်း လက်တွေ့မကျတဲ့ ရည်းမှန်းချက်တွေ ဟာ စိတ်ကူးယဉ်မှု၊ ဆုံရှုံးမှု အဆင့် နဲ့ အဆုံးသတ်လေ့ ရှိတက်ကြတယ်။ အင်မတန်မှ ဆင်းရဲမွဲတေတဲ့နိုင်ငံ၊ သိပ္ပံပညာကလဲ မထွန်းကား၊ ဖယောင်းတိုင် ပညာရေးစနစ်အောက်မှာ အာကာသ ယဉ်မှူးဖြစ်ချင်တဲ့ လူငယ်တယောက် ရဲ့ ဘ၀ ရည်မှန်းချက် ကို လက်တွေ့မကျ၊ စိတ်ကူးယဉ် ဆန်ခဲ့တယ်လို့ ပြောလို့ရသလို၊ လျှပ်စစ်မီး ဖြန့်ဖြူးမှု လုံလောက်မှု မရှိ၊ Logistic လို့ ခေါ်ဆိုတဲ့ ကုန်စည်ဖြန့်ဖြူးမှု လမ်းကြောင်း နှင့် ဆက်သွယ်မှု အားနည်းတဲ့ နိုင်ငံ မှာ စက်မှုနိုင်ငံတော် တည်ထောင်ဖို့ ရည်းမှန်းချက် တွေ ထားရှိနေ ကြတဲ့ နိုင်ငံ့ခေါင်ဆောင်တွေ ရဲ့ ရည်မှန်းချက်တွေဟာ လည်း လက်တွေ့ကျကျ ဖြစ်မလာပဲ စိတ်ကူးယဉ် အိမ်မက် ထဲမှပဲဖြစ်နေပါလိမ့်မယ်။
- S- Specific
- M-Measurable
- A-Attainable
- R-Realstic/Relevant
- T-Time-Bound/Time-Frame
တကယ်တော့ စီးပွားရေး၊ နိုင်ငံရေးနယ်ပယ်တွေ မှာ အောင်မြင်မှုရရှိဖို့ အတွက် ခေတ်နဲ့ဆီလျော်တဲ့ ရည်မှန်းချက်ပန်းတိုင်တွေကို အဆင့်ဆင့်တိုင်းမှာ မှန်ကန်စွာချမှတ်နိုင်ဖို့ ကိုဆိုလို တာပါ။ ခေတ်ရေစီးကြောင်း ဟာ လျင်မြန်စွာပြောင်းလဲနေတာကြောင့် လူသားတွေရဲ့ လိုအင်ဆန္ဒ တွေဟာ လည်း ခေတ်ရေစီးကြောင်း အတိုင်း လျင်မြန်စွာပြောင်းလဲ လာစမြဲပါ။ တကယ်လို့သာ တိုင်းပြည်မှာ နိုင်ငံရေးခေါင်းဆောင်တွေဟာ ရည်မှန်းချက်တွေချမှတ်တဲ့ နေရာမှာ ခေတ်နဲ့ မဆီလျော်တော့ဘူး၊ လက်တွေ့မကျတော့ ဘူး ဆိုရင်တော့ ကမ္ဘာကြီးမှာ နောက်ကျ ကျန်ရစ်ခဲ့ရမယ်၊ စိတ်ကူးယဉ်ကမ္ဘာထဲ မှာ ပဲရှိနေပေလိမ့်မယ် ဆိုတဲ့ အချက်ကို ကမ္ဘာ့ စီးပွားရေး၊ နိုင်ငံရေး ခေါင်ဆောင်တွေ အသီးသီးက လက်ခံလာခဲ့ကြတာ ဖြစ်တယ်။
ဒီနေရာမှာ နာဆာ ရဲ့ စိတ်ဝင်စားဖွယ်ကောင်းတဲ့ ရည်မှန်းချက်တွေ ကို လေ့လာကြည့်ပါ။ ယနေ့ တချို့နိုင်ငံတွေဟာ အာကာသ ကို စူးစမ်းလေ့လာဖို့ အာကာသ လွန်းပျံယဉ်တွေ ကို လွှတ်တင်ဖို့ ကျိုးစားနေစဉ်မှာတော့ အမေရိကန် အာကာသ လွန်းပျံယာဉ်တွေဟာ ပြတိုက်ထဲမှာ ရောက်ရှိနေပါပြီ။ လွန်ခဲ့တဲ့ အနှစ် ၅၀ က လ ကမ္ဘာပေါ် အာကာသ ယဉ်တွေလွှတ်တင်စဉ် မှတ်တမ်းအဖြစ် ရိုက်ကူးခဲ့တဲ့ RCA အမျိုးအစား ကင်မရာတွေတောင် ယနေ့ခေတ်မှာ လူသားတွေတောင် အသုံးမပြုတော့ပါဘူး။ တကယ်တော့ နာဆာ ဟာ ရည်းမှန်းချက် တွေ ကို အကောင် အထည် ဖော်ရာမှာ ခေတ်နဲ့ အညီ လက်တွေ့ကျကျ အကြီးအကျယ် အပြောင်းအလဲတွေ ကို ပြုလုပ်နေတယ်တွေ့ရတယ်။ တကယ်တော့ နာဆာ ဟာ မလိုတာတွေ၊ မသုံးတာတော့တွေ၊ ခေတ်နဲ့မဆီလျော်တဲ့ ဟာ တွေကို ပြတိုက်ထဲကို ပို့နေပါပြီ။
နာဆာရဲ့ ပြောင်းလဲမှု ဟာ အာဏာရှင် တယောက်က နေ နောက်တယောက် ပြောင်းလဲမှု ၊ ယူနီဖောင်းဝတ်တာကနေ အရပ်သားပုဆိုးဝတ်တဲ့ ပြောင်းလဲမှုမျိုး မဟုတ်ဘူးလို့ နာဆာ မှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာ အင်ဂျင်နီယာ ပညာရှင်တယောက်ကတော့ ရယ်သွမ်းပြီး ဥပမာပေး ပြောဆိုခဲ့တယ်။
မြန်မာနိုင်ငံမှာ စကားလုံး အသုံးအနှုံးပြောင်းလဲမှုတောင် အခက်အခဲဖြစ်နေရင် တော့ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်အောင် ပြုပြင်ပြောင်းလဲမှုတွေ ရှိလာဖို့ ကတော့ အမင်တန် မှ အခက်အခဲတွေ ရှိနေပေလိမ့်မယ်။ တကယ်တော့ မြန်မာနိုင်ငံမှာ တချို့ ခေတ်နဲ့ မဆီလျော်တော့တဲ့ ၊ လက်တွေ့မကျတော့ တဲ့ ရည်မှန်းချက် တွေ၊ သုံးမရတဲ့ လူတွေ မှုတွေ ကို နာဆာလို ပြတိုက်ထဲ ကို ပို့သင့်နေပါပြီ။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာစေဖို့ မွန်မြတ်တဲ့ ရည်မှန်းချက်တွေ ရှိကြပေမဲ့ လူကော၊မူကော၊ အလေ့အကျင့် အကျင့်ဆိုးတွေကော မပြောင်းချင်ကြဘူးဆိုရင်တော့ ဒီတိုင်းပြည်ဟာ နယ်ပယ် အသီးသီးမှာ ကျဆုံးမှုတွေနဲ့ ရင်ဆိုင်နေရပါလိမ့်မယ်။
Wednesday, June 27, 2012
ဂျပန် နှင့် Japanization
နေတဲ့ ကြွေးမြီတွေ နှင့် သက်ကြီးရွယ်အိုတွေ ကို ဆက်လက်ထောက်ပံ့ ဖြေရှင်း နိုင်ဖို့ အခွန်တိုးမြင့် ကောက်ခံသည့် အဆိုကို ဂျပန်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာမှာ ၃၆၃ မဲ၊ ၉၆ ဖြင့် လွှတ်တော် က အတည်ပြုပေးခဲ့ပြီး နောက် အစိုးရအဖွဲ့ အတွင်း သဘောထားကွဲလွှဲမှုတွေ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ပါတယ်။ ယင်းအဆိုပြုချက်ကို ၀န်ကြီးချုပ်နိုဒါ ရဲ့ ဒီမိုကရက်တစ် ပါတီ က လွှတ်တော် ကိုယ်စလှယ် ၅၇ ဦး က ကန့်ကွက်ခဲ့ကြပြီး၊ ၅၄ ဦး က နုတ်ထွက်မယ်လို့ ခြိမ်းချောက်ပြောဆိုနေကြတယ်။ တကယ်လို့ သာ ၅၄ ဦးက နုတ်ထွက်ခဲ့မယ်ဆိုရင် လက်ရှိ ၀န်ကြီးချုပ် နိုဒါရဲ့ ဒီမိုကရက်တစ် ပါတီဟာ အောက်လွှတ်တော်အတွင်း အများစု နေရာ ကို ဆုံးရှုံးသွားမှာဖြစ်ပြီး၊ ၀န်ကြီးချုပ် နိုဒါရဲ့ အစိုးရ အပေါ် အယုံအကြည် မရှိ အဆို လွှတ်တော် အတွင်း တင်သွင်းလာမှာ ဖြစ်တယ်လို့ ခန့်မှန်းနေကြတယ်။
နာဆာ နဲ့ SMART GOAL အပိုင်း (၁)
အာကာသ ကို လူလိုက်ပါသွားတဲ့ လွန်းပျံယာဉ်တွေ စေလွှတ်မှု ဘာကြောင့် နာဆာ က ရပ်ဆိုင်းခဲ့သလဲ?
အမေရိကန် အာကာသ နှင့် ဂြိုဟ်တု ဆက်သွယ်ရေးလုပ်ငန်း က နှစ်စဉ်တင်ပို့မှုရဲ့ ၀င်ငွေဟာ အမေရိကန်ဒေါ်လာ ၂၀.၈ ဘီဘီယံ ရှိပြီး၊ ၁၀ နှစ်အတွင်း နှစ်စဉ် အလုပ်အကိုင် ၂၈, ၀၀၀ ကို ဖန်တီးနိုင်ခဲ့တယ်လို့ အာကာသဆိုင်ရာ စက်မှု လုပ်ငန်း အသင်းအဖွဲ့ AIA (Aerospace Industries Association) က ခန့်မှန်းတွက်ချက်ခဲ့တယ်။ ယခင်က အမေရိကန်နိုင်ငံဟာ ဂြိုဟ်တုဆက်သွယ်ရေး နှင့် အာကာသလုပ်ငန်း ဆိုင်ရာ တင်ပို့မှုပိုင်းမှာ မှာ ကမ္ဘာ့ဈေးကွက်ရဲ့ ၆၃ ရာခိုင်နှုန်းရှိခဲ့ပေမဲ့၊ ယခုအခါမှာ ကမ္ဘာ့ဈေးကွက်ရဲ့ ၃၀ ရာခိုင်နှုန်း ထိသို့ လျော့ကျ လာတာတွေ့ရ တယ်။
နိုင်ငံတချို့က အမေရိကန်ရဲ့ အာကာသ ဆိုင်ရာ နည်းပညာတွေ ကို လိုင်စင်မဲ့ အခမဲ့ခိုးယူ သုံးစွဲခံခဲ့ရမှုတွေကြောင့် အမေရိကန် အစိုးရ ဟာ အာကာသနည်းပညာ ဆိုင်ရာ တင်ပို့ကုန် တွေအပေါ် အမျိုးသားလုံခြုံရေး အကြောင်းပြချက်ဖြင့် တင်းကျပ်တဲ့ ဥပဒေတွေ ချမှတ်ခဲ့တယ်။ ဒီလို တင်ပို့ရောင်းချမှုဆိုင်ရာ ဥပဒေတွေ ကို တင်းကျပ်ခဲ့ခြင်းကြောင့် ကမ္ဘာ့ဈေးကွက်မှာ အမေရိကန်ရဲ့ တင်ပို့ရောင်းချမှုဟာ သိသိသာသာ ကျဆင်းလာခဲ့ရတာ ဖြစ်တယ်လို့ အာကာသဆိုင်ရာ စက်မှု လုပ်ငန်း အသင်းအဖွဲ့ က ပြောဆိုခဲ့တယ်။ အမေရိကန် အစိုးရ ရဲ့ တင်ပို့ကုန် တင်းကျပ်မှု ဥပဒေတွေကြောင့် အမေရိကန် အာကာသ နှင့် ဂြိုဟ်တု ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းတွေ မှာ အလုပ်အကိုင် ၂၅, ၀၀၀၀ လောက် လည်း ဆုံးရှုံးခဲ့ရတယ်လို့ အာကာသ ဆိုင်ရာ လုပ်ငန်း အသင်း AIA (Aerospace Industries Association) ရဲ့ လေ့လာသုံးသပ်ချက် စစ်တမ်း မှာ ဖော်ပြထား တာတွေ့ရတယ်။
အမေရိကန်အစိုးရ အနေနဲ့ ဂြိုဟ်တုဆက်သွယ်ရေး နှင့် အာကာသဆိုင်ရာ တင်ပို့ကုန်အပေါ် တင်းကျပ်ထားတဲ့ ဥပဒေတွေ ကို လျော့ချမလား၊ ကမ္ဘာ့ဈေးကွက် မှာ ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်မလားဆိုတာက ယနေ့ အမေရိကန် အစိုးရ လက်ရှိ ရင်ဆိုင်နေရတဲ့ စိမ်ခေါ်မှုပဲဖြစ်ပါတယ်။
Saturday, March 10, 2012
ခေတ်၊ စနစ် နဲ့ လူတွေ ဟာ အံဝင်ခွင်ကျ ဖြစ်ဖို့ လိုတယ် - အပိုင်း ( ၄)
-မြတ်စိုး-
၀၃-၁၀-၂၀၁၂
အလေ့အကျင့်ကောင်းတွေ ကို ဆည်းပူးကျင့်သုံးခြင်း၊ မလိုတာတွေ ကို ရှင်းထုတ်ခြင်း၊ အလေအလွှင့်တွေ ကိုလျော့ချခြင်း၊ လူတွေရဲ့ စွမ်းရည်တွေ ကို မြင့်တင်ပေးခြင်းဖြင့် ၀န်ဆောင်မှု အရည်အသွေး နှင့် ကုန်ထုတ်လုပ်မှု စွမ်းရည်မြင့်တင်ခြင်း၊ ကို ကုန်ထုတ်လုပ်မှု နယ်ပယ် မှာ “Lean” လုပ်တယ်လို့ ယေဘူယျ သုံးနှုန်း ခေါ်ဝေါ်ကြတယ်။ တကယ်တော့ ဖွံ့ဖြိုးတိုးတက်နေတဲ့ တိုင်းပြည်တွေမှာ “Lean” ကုန်ထုတ်လုပ်မှု ပုံစံ ကို စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးနယ်ပယ်တွေ မှာ သာမက အစိုးရ အဖွဲ့အတွင်း မှာ ပါ တွင်တွင်ကျယ်ကျယ် အသုံးပြု လာတာတွေ့ရတယ်။ အစိုးရ အဖွဲ့အတွင်း Clean Government ( သန့်ရှင်းတဲ့ အစိုးရ) ဖြစ်ဖို့ က အစိုးရ အဖွဲ့အတွင်း "Lean" ကို လက်တွေ့ကျင့်သုံး လာကြတယ်။ ယနေ့ အမေရိကန်နိုင်ငံ စစ်တပ်ဟာ စစ်မြေပြင် မှာ “Lean” လုပ်တော့မယ်လို့ ကမ္ဘာ ကို အသိပေးပြီးဖြစ်တယ်။
မြန်မာနိုင်ငံမှာတော့ ခေတ်၊ စနစ် နဲ့ လူတွေ ဟာ အံဝင်ခွင်ကျ ဖြစ်ဖို့ ခေါက်ရိုးကျိုးနေတဲ့ မြန်မာနိုင်ငံရေး ယဉ်ကျေးမှု ကို " Lean" လုပ်နိုင်ဖို့ က တော့ အတော်လေး စိန်ခေါ်မှုတွေရှိနေဆဲပါ။ ထို့အတူ အစိုးရ အဖွဲ့ အတွင်း "Lean" မလုပ်ပါက "Clean Government" ဖြစ်လာ မှာတော့ မဟုတ်ပါ။
မြန်မာ့ နိုင်ငံရေး ယဉ်ကျေးမှု နှင့် ကုန်ထုတ်လုပ်မှု ပုံစံ
မြန်မာ့ နိုင်ငံရေး ယဉ်ကျေးမှု ကို ကုန်ထုတ်လုပ်မှုနည်းလမ်း ပုံစံနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် Input လို့ခေါ်တဲ့ အတွေးအခေါ် အယူအဆ က လွှမ်းမိုး နေတုန်းပဲ။ လူတယောက်ရဲ့ တန်ဘိုး၊ စွမ်းရည် ကို Input ဆိုတဲ့ အသွင်း / အ၀င် ကုန်ကြမ်း နဲ့ တိုင်းတာမှုတွေ ရှိနေကြတုန်း ကို ဆိုလိုတာပါ။ ငါက ဘာလူမျိုး၊ ငါက မဟာမျိုးမဟာနွယ် လူကြီးသားသမီး ၊ စစ်သားဖြစ်ရမယ်၊ စစ်မှုထမ်းခဲ့ရမယ် ဆိုတဲ့ ငါ က ဘယ်သူဆိုတဲ့ အတွေးအခေါ် အယူအဆ ကိုဆိုလိုတာပါ။ မြန်မာ့ နိုင်ငံရေး ယဉ်ကျေးမှု သမိုင်း ထဲက နိုင်ငံရေး ကုန်ထုတ်လုပ်မှု ပုံစံ ထဲမှာ တခါတရံ Input တွေ က အများကြီး၊ တိုးတက် တဲ့ ရလာဒ် က မရှိ၊ မလိုအပ်တဲ့ သူတွေ က များ၊ စွမ်းဆောင် နိုင်တဲ့ အရည်အချင်း က လည်း မရှိဖြစ်နေတယ်။ အရည်အချင်းစွမ်းရည် ရှိသူတွေ လူမှန်၊ နေရာ မှန်မှာ မရှိတော့ တိုင်းပြည်ဟာ ဖွံ့ဖြိုးတိုးတက်မှု နှေးကွေး လာစေတယ်။ လူသားတွေရဲ့ စိတ်ဓာတ် တွေ နှင့် အလေ့အကျင့်တွေ ဟာ ခေတ် နဲ့ စနစ် နောက်မှာ ကျန်ရစ်နေပြီ ဆိုရင်တော့ တိုင်းပြည်ဟာ ဖွံ့ဖြိုးတိုးတက် လာမှာ တော့ မဟုတ်ပါ။
ဒီနေ့ ဖွံ့ဖြိုးတိုးတက် နေပါတယ်ဆိုတဲ့ တိုင်းပြည်တွေ မှာ လူသားတွေဟာ ဒီလို တွေးခေါ်ယူဆမှုမျိုးတွေ လက်မခံ ကြတော့ဘူး။ Output (သို့) Result ဆိုတဲ့ လက်တွေ့ကျတဲ့ ရလာဒ်တွေ၊ အောင်မြင်စွာ စွမ်းဆောင်ခဲ့မှု တွေ အပေါ် ယုတ္တိဗေဒနည်းလမ်းကျ၊ ကျိုးကြောင်းဆီလျော် တဲ့ Logical Concept/ Thinking / Model တိုင်းတာမှု တွေနဲ့ စဉ်းစား သုံးသပ် လာကြတာတွေ့ရတယ်။
ကုန်ထုတ်လုပ်မှုနည်းလမ်း ပုံစံ နဲ့ နှိုင်းယှဉ်ပြောရရင် ကုန်ထုတ်လုပ်မှု ကို တိုင်းတာရာမှာ ဘယ်လောက် အလေအလွှင့်နည်းပါးမှု ဖြစ်ပေါ်စေမလဲ၊ ဘယ်လောက်ထုတ်လုပ်မှု အားကောင်း လာမလဲ၊ အသက်အန္တာရယ် လုံခြုံစိတ်ချမှု တွေ ဘယ်လောက် ပေးနိုင်မလဲ၊ ဘယ်လောက် ကုန်ကျမှုသက်သာမလဲ၊ ဘယ်လောက် အကျိုးဖြစ်ထွန်းနိုင်မလဲ၊ ယခင် လုပ်ဆောင်ချက်တွေ မှာ ဘာ ရလာဒ်ကောင်းတွေ၊ အောင်မြင်မှုတွေ ရှိခဲ့သလဲ ဆိုတဲ့ ရလာဒ် Result/ Outcome တွေ အပေါ် မှာ သုံးသပ် တိုင်းတာကြတယ်။ တနည်းအားဖြင့် အောင်အောင်မြင်မြင် လုပ်ကိုင်နိုင်တဲ့ စွမ်းဆောင်မှုတွေ (Achievements) အပေါ်မှာ လူသားတွေရဲ့ တန်ဘိုး ကို တိုင်းတာ လေ့ရှိကြတယ်။ ကုန်ထုတ်လုပ်မှု အားကောင်းတဲ့ စက်ကရိယာတွေ၊ နည်းပညာတွေ ကို တီထွင်ခဲ့တာတို့၊ သန်းနဲ့ချီ အလေအလွှင့်တွေ လျော့ချခဲ့တာတို့ စတဲ့ လက်တွေ့ တိုင်းတာလို့ရတဲ့ အောင်မြင်မှု အချက်အလက် ရလာဒ်တွေကို ဆိုလိုတာပါ။
ကမ္ဘာ့ နိုင်ငံရေးခေါင်းဆောင်တွေ၊ စီးပွားရေးနယ်ပယ် က ခေါင်းဆောင်တွေ ကို လည်း လူသားတွေ အပေါ် သူတို့ ဘယ်လောက် အကျိုးပြု လုပ်ဆောင်ပေးနိုင်တဲ့ အောင်မြင်မှု ရလာဒ်တွေ အပေါ် စံချိန်စံနှုန်းထား တိုင်းတာ လေ့ရှိကြတယ်။
ဥပမာ- နိုင်ငံရေးလောက မှာ နိုင်ငံ့ခေါင်းဆောင်လုပ်မဲ့သူတွေဟာ တိုင်းပြည် မှာ လူထု ကို ဘယ်လို ထမင်းကျွေးမလဲ၊ လူ့အခွင့်အရေးတွေ အကာအကွယ်ပေးဖို့ ဘယ်လောက်ထိ တင်ပြတောင်းဆိုပေးသလဲ၊ နိုင်ငံကို ဘယ်လို ဖွံ့ဖြိုးတိုးတက်အောင်လုပ်မလဲ၊ လူထုကို အလုပ်အကိုင် အခွင့်အလမ်းတွေ ဘယ်လို ဖန်တီးပေးမလဲ၊ အကျင့်ပျက်ခြစားမှုနဲ့ အဂတိလိုက်စားမှုတွေ ဘယ်လို တိုက်ဖျက်မလဲ၊ ကုန်ဈေးနှုန်း ကြီးမြင့်မှုတွေကို ဘယ်လိုဖြေရှင်းမလဲ၊ ဆင်းရဲမွဲတေနေမှုကို ဘယ်လို တိုက်ဖျက်မလဲ၊ ဆင်းရဲချမ်းသာ ကွာဟနေမှုကို ဘယ်လိုဖြေရှင်းမလဲ၊ တိုင်းပြည်အတွင်း ပညာရေး ကျန်းမာရေး အခြေအနေတွေ ဘယ်လောက်မြှင့်တင် နိုင်အောင်ကြိုးစားမလဲ ဆိုတာတွေကို နေ့စဉ် ကိန်းဂဏန်း အချက်အလက်တွေနဲ့ အပြန်အလှန်ဆွေးနွေး ပြောဆိုဖို့ လိုအပ်သလို၊ ပြည်သူတွေ က လည်း ခေါင်းဆောင်လုပ်တဲ့ သူတွေ ရဲ့ လုပ်ကိုင်နိုင်တဲ့ စွမ်းရည်၊ လုပ်ခဲ့တဲ့ အောင်မြင်မှု ရလာဒ်တွေ အပေါ် တိုင်းတာကြ ရမှာဖြစ်တယ်။ လုပ်ကိုင်နိုင်တဲ့ စွမ်းရည်ရှိသူတွေ ကိုလည်း လုပ်ပိုင်ခွင့်တွေ ရရှိအောင် လူထု ကလည်း မှန်မှန်ကန်ကန် ရွေးချယ် ပေးဖို့လိုတယ်။
ခေတ် တ ခေတ် နဲ့ တခေတ်၊ စနစ် တခု ကနေ အခြား စနစ် တခု ကို ပြောင်းလဲတဲ့ အသွင်ကူးပြောင်းရေး ကာလ တွေ မှာ လည်း လူသားအားလုံးဟာ သူနေရာ က နေ သူ၊ သူတက်နိုင်တဲ့ အရည်းအချင်း လိုက် တာဝန်တွေ ကို ထမ်းဆောင်ယင်း ပါဝင် ကပြ ကြရတယ်။ ဥပမာ- Activists လို့ခေါ်ဆိုတဲ့ လူထု အတွက် အခွင့်အရေးတွေ ကို တက်ကြွစွာ လှုပ်ရှားနေတဲ့သူ (သို့) လူထုကို လှုံ့ဆော် ပညာပေးတဲ့သူ ၊ Politicians လို့ခေါ်ဆိုတဲ့ နိုင်ငံရေးသမား (သို့) ဥပဒေ ရေးဆွဲတဲ့သူ၊ Technocrats လို့ခေါ်ဆိုတဲ့ နိုင်ငံရေးသမားတွေ၊ ဥပဒေပြုသူတွေရဲ့ ဆုံးဖြတ်ချက်တွေ ကို အကောင်အထည်ဖော်ဆောင်ပေးနိုင်တဲ့ တက်ကျွမ်းတဲ့ ပညာရှင် လိုမျိုး သူ့နေရာ နဲ့ သူ မှာ အသီးသီး ပါဝင်ကပြကြတာကို ဆိုလိုတာပါ။
ဒီနေရာမှာ လူထု အတွက် အခွင့်အရေးတွေ ကို တက်ကြွစွာ လှုပ်ရှားနေတဲ့သူ ( သို့) လူထုကို လှုံ့ဆော် ပညာပေးတဲ့သူ (Activists) နှင့် နိုင်ငံရေးသမား (သို့) ဥပဒေ ရေးဆွဲတဲ့သူ ( Politicians) ကွာခြားတာကတော့ နိုင်ငံရေးသမားတွေဟာ ဆုံးဖြတ်ချ တွေ ကို ချမှတ်ရတယ်။ ဆုံးဖြတ်ချက်တွေ အပေါ် တာဝန်ယူမှု ရှိရတယ်။ ဆုံးဖြတ်ချက် မှားရင် သူပြိုင်တဲ့ မဲဆန္ဒမှာ သူ့ကို ထောက်ခံတဲ့ မဲ ရမှာ မဟုတ်ဘူး ဆိုတာပဲ။ နိုင်ငံရေးသမားတွေ ဆုံးဖြတ်ချက်မှားရင် တော့ သူ့အပေါ် ပြန်လည် သက်ရောက်မဲ့ အကျိုးက ပိုမိုကြီးမားစွာခံစားရ ပါလိမ့်မယ်။
နိုင်ငံရေး သမား ဘ၀ ကို တက်လှမ်းမယ်ဆိုရင်တော့ ဆုံးဖြတ်ချက်တွေ ချနိုင်တဲ့ အရည်အချင်း၊ တာဝန်ယူမှု ရှိတဲ့ စိတ်ဓာတ် တွေ ရှိဖို့ လိုအပ်သလို၊ ဒီလို အရည်အချင်းရှိရှိ၊ မှန်ကန် တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့ ပံ့ပိုး ကူညီ အကြံအဥာဏ် ပေးနိုင်မဲ့ ပညာရှင်တွေ အနားမှာရှိဖို့ လိုအပ်တယ်။ တက်သိတက်ကျွမ်း တဲ့ ပညာရှင်တွေ အနားမှာ ရှိဖို့ က လည်း နိုင်ငံရေးသမားတိုင်း မှာ စွဲဆောင်စည်းရုံးနိုင်တဲ့ အရည်အချင်း ရှိဖို့ လိုပါတယ်။
လေးနက်မှု မရှိပဲ အရာတိုင်း ကို ငါသိပါတယ်ဆိုတာ မျိုး မဖြစ်သင့်ဘူး။ ဒီလို စိတ်ဓာတ်မျိုးတွေ ရှိရင်လည်း နိုင်ငံရေးသမားတွေဟာ ကျဆုံးမှုတွေ နဲ့ သာ ရင်ဆိုင်ရပါလိမ့်မယ်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ခေတ်က ဆိုက်ကားသမား တင်းပြည့်ပါတီဝင်ဖြစ်လို့ တရားသူကြီးတက်လုပ်ကြ တော့ စနစ်တခုလုံး၊ ခေတ်တခုလုံး မှာ ပြည်သူလူထုတွေ ဘယ်လို ခံစားခဲ့ရတယ်ဆိုတဲ့ ဖြစ်ရပ်ဆိုးတွေအပေါ် မှာ သင်ခန်းစာယူကြဖို့ လိုပါလိမ့်မယ်။
လူထုက လက်ခံတဲ့၊ လူထု ကို အကျိုးပြုလုပ်ဆောင်မဲ့ နိုင်ငံရေးသမားတွေရဲ့ ဆုံဖြတ်ချက်တွေ ကို အကောင်အထည်ဖော် လုပ်ဆောင်ပေးရမဲ့သူတွေ ကတော့ နယ်ပယ်အသီးသီး က ကျွမ်းကျင်တဲ့ ပညာရှင်များ (Technocrats) တွေသာ ဖြစ်တယ်။ ကျွမ်းကျင်တဲ့ ပညာရှင်များ ဆိုရာမှာ နယ်ပယ် အသီးသီးက အတက်ပညာ၊ နည်းပညာပိုင်းမှာ တကယ် လက်တွေ့ ကျွမ်းကျွမ်းကျင်ကျင် အတွေ့အကြုံ ရှိကြတဲ့ သူတွေကိုသာ ဆိုလိုတာဖြစ်တယ်။ အသိပညာရှိသော် လည်း လက်တွေ့ အတွေ့အကြုံမရှိတဲ့ တုံးနေတဲ့ဓားတွေလို မဖြစ်ဖို့တော့ လိုတယ်။ လက်တွေ့ အတွေ့အကြုံမရှိတဲ့ အသိပညာ ဟာ ဆား မပါတဲ့ ဟင်းလိုပဲ ဖြစ်နေ မှာပဲ။ ဖွံ့ဖြိုးတိုးတက်နေပါတယ်ဆိုတဲ့ တိုင်းပြည်တွေ မှာတော့ စီးပွားရေးလုပ်ငန်းများ နှင့် ကော်ပိုရေးရှင်းကြီးတွေထဲ မှာ တကယ်လက်တွေ့ အတွေ့အကြုံ ရှိတဲ့ သူများကို သာ အသုံးချတာ တွေ့ရတယ်။ Hands on experience လို့ခေါ်ဆိုတဲ့ ခေတ် က ပေါက်ဖွား လာတဲ့ လက်တွေ့ ကျွမ်းကျင်တဲ့ ပညာရှင်သစ်တွေ၊ ပြည်တွင်း၊ ပြည်ပ က နိုင်ငံတကာ အတွေ့အကြုံ ရှိသူတွေ နဲ့ အစားထိုး လာတာတွေ ကို တွေ့လာရတယ်။
ယနေ့ ခေတ်ကြီး မှာ လူသားတွေဟာ အစိုးရတွေထက် လူထုကို ပိုမို အကျိုးပြုလုပ်ငန်းတွေ ဆောင်ရွက် ပေးနိုင်ကြတယ် လို့တောင် ကမ္ဘာကြီးက အသိအမှတ်ပြု ခြင်းခံလာရတယ်။ ကမ္ဘာ့လူသားတွေ ကို အကျိုးပြုခဲ့တဲ့ မိုက်ကရိုဆော့ဗ် လုပ်ငန်းရှင်ဟောင်း ဘေးလ်ဂိတ် ( Bill Gates)တို့၊ အဲလ်ပဲ ကို တည်ထောင်ခဲ့တဲ့ စတီးဂျော့ ( Steve Jobs) ၊ စီးပွားရေးလုပ်ငန်းရှင်ကြီး ၀ါရမ်ဘူဗေး ( Warren Buffet) ၊ ဘေ့စ်ဘုတ် ကို တည်ထောင်ခဲ့တဲ့ မက်ခ် ဇူကာဘဂ်ျ (Mark Zuckerberg)၊ Oracle အိုရယ်လ်ကယ် ကုမ္ပဏီ ကို တည်ထောင်ခဲ့တဲ့ လာရီ အယ်လီစင် ( Larry Ellison) တို့ လို စီးပွားရေး နယ်ပယ်က ခေါင်းဆောင်တွေ နှင့် ကမ္ဘာမှာ လူသိများ ကျော်ကြား ခဲ့ကြတဲ့ နိုင်ငံရေးခေါင်းဆောင် အများစု ဟာ လည်း Ph.D ဘွဲ့ ရရှိခဲ့တဲ့ သူတွေတော့ မဟုတ်ကြပါဘူး။ တချို့က ကော်လိပ်ကျောင်းထွက် တွေဖြစ်ကြတယ်။ ဒါပေမဲ့ သူ့နယ်ပယ်မှာ သူ ကျွမ်းကျင်တဲ့ ပညာရှင်များ (Technocrats) တွေ၊ ခေတ် တခေတ် ကို ပြောင်းလဲပေးခဲ့သူတွေ အဖြစ် အသိအမှတ်ပြု ခံထားရသူတွေဖြစ်တယ်။ ဆိုလိုတာက ကျွမ်းကျင်တဲ့ ပညာရှင်တွေ အနေနဲ့ လူထုကို အကျိုးပြု လုပ်ဆောင်တဲ့နေရာမှာ Ph.D ဘွဲ့ ရမှ မဟုတ်ပါဘူး။
တနည်း အားဖြင့် ဘယ် ကို ဦးတည်သွားမယ်ဆိုတာ က တက်ကြွစွာ လှုပ်ရှားနေတဲ့သူ (သို့) လူထုကို လှုံ့ဆော် ပညာပေးတဲ့သူ (Activists)၊ တွေ နဲ့ နိုင်ငံရေးသမား (သို့) ဥပဒေ ရေးဆွဲတဲ့သူ ( Politicians) တွေရဲ့ အလုပ်။ ဦးတည်ချက်တွေ ကို ဘယ်လိုသွားရင် အကောင်းဆုံး ဖြစ်မလဲ ဆိုတာက ကျွမ်းကျင်တဲ့ ပညာရှင်တွေ (Technocrats) ရဲ့ အလုပ်ဖြစ်တယ်။ စနစ်ပြောင်း၊ ခေတ်ပြောင်း အသွင်ကူးပြောင်းရေးကာလတွေမှာ ကိုယ်လုပ်ရမဲ့ အလုပ် ကို ကိုယ်မလုပ်ပဲ၊ သူများ လုပ်ရမဲ့ အလုပ်ကို ၀င်ရောက် ကပြနေရင်တော့ ခေတ်၊ စနစ်၊ နှင့် လူတွေ အံဝင်ခွင်ကျ မဖြစ်ပဲ၊ ပဋိပက္ခတွေ ကြီးထွားလာနိုင်တယ်။
မြန်မာ့ နိုင်ငံရေးယဉ်ကျေးမှု မှာ လူတွေဟာ အရည်အချင်းမရှိ၊ စွမ်းဆောင်နိုင်မှုမရှိပဲ နေရာအမျိုးမျိုး မှာ ပါဝင်ကပြချင်ကြတဲ့ ပါလေရာ အကျင့်ဆိုး ဓလေ့ထုံးစံ စဉ်လာက မိရိုးဖလာ လို ကြီးဆိုး နေခဲ့တာ ရာစုနှစ်များစွာရှိနေခဲ့ပြီး၊ လုပ်နိုင်အောင် အရည်အချင်း မတည်ဆောက်သလို၊ လုပ်သင့်တာ မ လုပ်ပဲ အရာတိုင်းကို ငါသိပါတယ်ဆိုတဲ့ ပါလေရာ အတ္တစိတ်တွေ က ရိုးရာယဉ်ကျေးမှုလို ဖြစ်ခဲ့တယ်။ ခေတ်သစ် ကို ဦးတည် ခြေလှမ်းချင်ကြတဲ့ သူတွေဟာ ဒီလို နိမ့်ကျတဲ့ စိတ်ဓာတ်တွေ ကို ပြင်ဆင်ဖို့လိုနေတယ်။ ကိုယ့် အရည်အချင်း နဲ့ ကိုယ် ဘယ်နေရာ က နေ က ပြသင့် ရင် အကောင်းဆုံးလဲဆိုတာ ပြန်လည်ဆန်းစစ် ဖို့တော့လိုပါ လိမ့်မယ်။
တကယ်တော့ မြန်မာ နိုင်ငံရေးလောက မှာ အသုံးမ၀င်တော့တဲ့ ခေတ်ဟောင်းက နိုင်ငံရေးယဉ်ကျေးမှု အတွေးအခေါ် အမြင် အမွေဆိုးတွေ နှင့် မြန်မာ့ နိုင်ငံရေး ယဉ်ကျေးမှု ထဲက ကုန်ထုတ်လုပ်မှု ပုံစံ ဟောင်းတွေ ကို မြေမြုပ် သဂြိုဟ်ဖို့ လိုအပ်နေပါပြီ။ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်လာဖို့ ဘာသာရေး၊ လူမျိုးရေး အစွန်းရောက် အယူအဆတွေ၊ သူရဲကောင်း မြတ်နိုးတဲ့၊ ကယ်တင်ရှင်ကို မျှော်လင့်တဲ့ အလေ့အကျင့်ဆိုးတွေ ကို စွန့်လွှတ်သင့်နေကြပြီ။ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်လာဖို့ လက်တွေ့ကျတဲ့ အတွေးအခေါ်သစ်တွေ၊ အလေ့အကျင့် ကောင်းတွေ နဲ့ ပြန်လည်တည်ဆောက်ဖို့လိုပါတယ်။
နိုင်ငံတနိုင်ငံမှာ ခေတ် နဲ့ စနစ် နဲ့ ဟာ ကွာဟမှုတွေ ဆက်လက် ရှိနေမယ်ဆိုရင် လူထုအတွင်း ပဋိပက္ခတွေ ကြီးမား နက်ရှိုင်းလာမှာဖြစ်သလို၊ ခေတ်၊ စနစ် နဲ့ လူတွေဟာ အံဝင်ခွင်ကျ မဖြစ် ဘူးဆိုရင်လည်း တိုင်းပြည်ဟာ ဆက်လက် စုန်းစုန်းမြုပ်နေအုန်းမယ်၊ အဖြစ်ဆိုးတွေ နဲ့ ဆက်လက်ရင်ဆိုင်နေရပါလိမ့်မယ်။














