ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင်ရှိ အခြေခံလူထု လူ့အခွင့်အရေး ပညာပေးဌာန (Grassroots HRE)မှ ဖွင့်လှစ်ထားသော ရွှေ့ပြောင်းမြန်မာကလေးများ ကျောင်းများမှ ကျောင်းသား ကျောင်းသူများ၏ နှစ်သစ်ကူးပွဲတော်ကို တကွန်ပါမြို့နယ် ဘန်နီယန် အလယ်တန်းကျောင်းတွင် ယနေ့ နံနက်က ပြုလုပ်ခဲ့သည်။
၂၀၀၈- ၂၉ ပညာသင်နှစ်အတွက် ပြုလုပ်သည့် နှစ်သစ်ကူးပွဲတော်အခမ်းအနားတွင် (Grassroots HRE)မှဖွင့်လှစ်ထားသည့် စာသင်ကျောင်း (၁၂) ကျောင်းအနက် ကျောင်း(၇)ကျောင်းမှ ကျောင်းသား ကျောင်းသူ (၂၀၀)ခန့် ပူးပေါင်းပါဝင်ခဲ့သည်။
အခမ်းအနားကို နံနက်ပိုင်း ၁၀ နာရီတွင်စတင်ခဲ့ပြီး ပြည်သူ့ဆက်ဆံရေး ဌာနမှ တာဝန်ခံ ဖီးအမ်နှင့် ပညာရေးဌာနမှ လက်ထောက်တာဝန်ခံ ဦးမင်းသိမ်းကျော်တို့မှ အဖွင့်အမှာစကား ပြောကြားပေးခဲ့သည်။ ပြီးနောက် ကျောင်းသား ကျောင်းသူကလေးများရဲ့ ကဗျာရွတ်ဆိုခြင်းများ၊ ထိုင်းရိုးရာအကများ၊ မြန်မာရိုးရာ အကများနှင့် တိုင်းရင်းသား ရိုးရာအကများဖြင့် ဖျော်ဖြေခဲ့ကြသည်။
Rest of your post
ရောင်နီတွေနဲ့ ဒို့အတူ
-
အဲဒီညခင်းလေးမှာ မန်းလေးကို သတိရ.. မြို့မငြိမ်းကို သတိရ.. တချိန်တည်းမှာ
နာမကျန်းရရှာတဲ့ ဘဝဘဝ တွေကို သတိရ... အဲဒါ လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့
ရောင်နီ ...
5 weeks ago
No comments:
Post a Comment