Tuesday, December 27, 2011

၂၀၁၁ ခုနှစ် တကမ္ဘာလုံးဆိုင်ရာ ထူးခြားမှု ဖြစ်စဉ်များ နှင့် မြန်မာပြည်




Sacrifice is an ongoing process, not a one-time payment.
"People don't at first follow worthy causes. They follow worthy leaders who promote worthwhile causes"
(John G Maxwell)
-မြတ်စိုး-
၁၁.၂၆.၂၀၁၁

တစ် လေးလုံး ကျခဲ့တဲ့ ၂၀၁၁ ခုနှစ်မှာ ကမ္ဘာကြီးမှာ ထူးခြားမှုတွေရှိတယ်။ ဒီ ထူးခြားမှုတွေ မှာ အကောင်းဘက် ကို ဦးတည်တဲ့ဖြစ်ရပ်တွေရှိသလို၊ အဆိုးဘက် ကိုလည်း ဦးတည်မှုတွေ ရှိခဲ့တာကို တွေ့ခဲ့ရတယ်။ ၂၀၁၁ ခုနှစ် မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေထဲက ထူးခြားတဲ့ဖြစ်စဉ်တွေ ကို ကောက်နုတ်ဖော်ပြပါမယ်။

နိုင်ငံရေး ထူးခြားမှုဖြစ်စဉ်တွေထဲမှာတော့ အာရပ်နိုင်ငံတွေ မှာ အာဏာရှင်စနစ် အဆုံးသတ်ဖို့ အာဏာရှင် ဆန့်ကျင်ရေးလူထုလှုပ်ရှားမှု များ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့သလို၊ ရုရှား နိုင်ငံမှာလည်း အာဏာရှင် ဖြစ်နေတဲ့ ပူတင် အစိုးရ ကို ဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုတွေ ရုရှားတနိုင်ငံလုံးမှာ ဖြစ်ပွားခဲ့တယ်။

စီးပွားရေး ဆိုင်ရာ ထူးခြားမှုဖြစ်စဉ်တွေမှာတော့ အစိုးရ က ငွေကြေး ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ဓနရှင် ကုမ္ပဏီကြီးများ နှင့် ဘဏ်ကြီး တွေကို ငွေးကြေးထောက်ပံ့ ပေးနေမှုတွေ အပေါ် ဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုတွေ အမေရိကန် နှင့် ဥရောပနိုင်ငံတွေ ကနေတဆင့် မြောက်အမေရိက၊ တောင်အမေရိက၊ ဥရောပ၊ နှင့် အာရှ မြို့ကြီးတွေ ကနေ တကမ္ဘာလုံး ကို ကူးစက်သွားခဲ့တယ်။ နိုင်ငံတကာ မြို့တော်တွေဖြစ်ကြတဲ့ နယူးယောက်၊ တိုရွန်တို၊ အေသင်၊ လန်ဒန်၊ ပဲရစ် ၊ ဇူးရစ်၊ ဘရာဆယ်လ်၊ အမ်ဆာဒမ်၊ မဲဒရစ်၊ ဖရန့်ဖွတ်၊ စတော့ဟုမ်း၊ တဲလ်အဗီ၊ ယောင်ကောင်၊တိုကျို နဲ့ ဆိုးလ်မြို့ တွေမှာ အစိုးရတွေက ငွေကြေးဆိုင်ရာ ဓနရှင် ဘဏ် ကုမ္ပဏီကြီးတွေ ကို ငွေကြေးထောက်ပံ့ပေး ကျားကန်မှုတွေ ကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့တယ်။

ဥရောပ ငွေကြေး တခုတည်းသာ သုံးစွဲနေတဲ့ နိုင်ငံပေါင်း ၁၇ နိုင်ငံ နဲ့ ဖွဲ့ စည်းထားတဲ့ ဥရောပ ဇုံ အဖွဲ့ ၀င်နိုင်ငံတွေ ဟာလည်း ဘဏ္ဍာရေးနဲ့ ငွေကြေးဆိုင်ရာ ပြဿနာတွေမှာ တနေ့ပြီးတနေ့ စိန်ခေါ်မှုပေါင်း များစွာနဲ့ ရင်ဆိုင်နေရတယ်။ ဂရိ၊ အီတလီ၊ စပိန် နိုင်ငံတွေ မှာ အစိုးရ က တင်ရှိနေတဲ့ ကြွေးမှီတွေ ကို ပြန်လည်မပေးဆပ် နိုင်တာ ကြောင့် အစိုးရ အပြောင်းအလဲတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့တယ်။

သဘာဝဘေး အန္တရာယ် ဆိုင်ရာထူးခြားမှုတွေ ကတော့ ဂျပန် မှာ လှုပ်ခတ်ခဲ့တဲ့ မြေငလျင်ကြောင့် ဖြစ်ပေါ်လာခဲ့တဲ့ ဆူနာမီ နှင့် ထိုင်းနိုင်ငံ ရေလွှမ်းမိုးမှုကြောင့် ဖြစ်ပေါ်လာခဲ့တဲ့ ပျက်ဆီးဆုံးရှုံးမှုတွေဟာ ကမ္ဘာ့ ရင်နှီးမြုပ်နှံမှု ဈေးကွက် နှင့် ရောင်းဝယ်မှုတွေ အပေါ် ထိခိုက် ဆုံးရှုံးမှုတွေရှိနေပြီး၊ ကမ္ဘာ့ စီးပွားရေး နာလန်ပြန်လည်ထူလာဖို့ စိန်ခေါ်မှုများစွာနဲ့ ရင်ဆိုင်နေရတယ်။

အထူးခြားဆုံး ဖြစ်ရပ်တွေ ကတော့ တကမ္ဘာလုံး က ပြည်သူတွေ ဟာ အာဏာရှင် စနစ် ၊ ဘာသာရေး အစွန်းရောက်မှု၊ လူမျိုးရေး အစွန်းရောက်မှု တွေကို ကို လုံးဝ လက်မခံကြတော့ဘူးဆိုတာပါပဲ။ ဒီနေ့ တခြားဘာသာတွေကို စော်ကားခဲ့တဲ့ ဘာသာရေး အစွန်းရောက် တာလီဘန် တွေ ခွေးပြေးဝက်ပြေး ပြေးနေရတယ်။ လစ်ဗျား၊ အီဂျစ်၊ တူနီးရှား၊ ယီမင် အာဏာရှင်တွေ တဘုန်းဘုန်းလဲကျခဲ့တယ်။ ဆားဗီးယား မှာ ကရားဒစ် အပါအ၀င် ဆားဗီးယား စစ်ဗိုလ်ချုပ်တွေ ဘောစနီးယား စစ်ပွဲမှာ လူမျိုးတုန်းသတ်ဖြတ်ခဲ့တဲ့ ရာဇ၀တ်မှုနဲ့ နိုင်ငံတကာ ရာဇ၀တ်ထောင် မှာ အဖမ်းခံထားရတယ်။ ဒီဖြစ်စဉ်တွေဟာ ကမ္ဘာ့ပြည်သူတွေ အတွက်တော့ အကောင်းဘက် ကို ဦးတည်ခဲ့တယ်။

အမှန်တော့ အာရပ် ဒေသတွင်း နိုင်ငံရေး ပြောင်းလဲမှု ဖြစ်စဉ်တွေဟာ တူနီးရှားနိုင်ငံက စတင်ခဲ့တယ်ဆိုတာ မမှားပါဘူး။ တူနီးရှား နိုင်ငံမှာ ၂၀၁၀ ဒီဇင်ဘာလ က အလုပ်လက်မဲ့ ဘွဲ့ရပြီးစ တက္ကသိုလ် ကျောင်းသားလေးရဲ့ သစ်သီးတွန်းလှည်းကို ဈေးရောင်းခွင့် လိုင်စင်မရှိဘူးဟုဆိုကာ ရဲမေတစ်ဦးက ပါးရိုက် မောင်းထုတ် ပြီး လှည်းကို သိမ်းခဲ့တယ်။ နောက်ပိုင်းမှာတော့ ဒီ လူငယ်တစ်ဦး သူ့ကိုယ်သူ မီးရှို့သတ်သေသွားခြင်းကို မခံမရပ်နိုင် ဖြစ်ရာက နိုင်ငံအ၀ှန်း အပြင် အာရပ်ဒေသတစ်ခုလုံး ပါ ကူးစက်သွားခဲ့တယ်။ ဒီ အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ လှုပ်ရှားမှုတွေ ကြောင့် အာရပ် အာဏာရှင်တွေ လည်း တစ်ဦးပြီးတစ်ဦး ပြုတ်ကျသွားခဲ့တယ်။





Government overthrown Sustained civil disorder and governmental changes Protests and governmental changes
Major protests Minor protests Protests outside the Arab world


အာရပ်နိုင်ငံတွေဖြစ်ကြတဲ့ တူနီးရှား၊ ယီမင်၊ အီဂျစ်၊ လစ်ဗျား၊ ဘာရိန်း၊ အိုမန်၊ မောရိုကို၊ အယ်ဂျီးရီးယား၊ ဆီရီးယား၊ နှင့် ဂျော်ဒန်နိုင်ငံတွေမှာ အာဏာရှင်စနစ် အဆုံးသတ်ဖို့ အာဏာရှင် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု များ ဆက်တိုက်ဆိုသလို ကူးစက် ဖြစ်ပွားခဲ့တယ်။ ဒီဖြစ်ရပ်တွေဟာ အရှေ့အလယ်ပိုင်း အာရပ်ပြည်သူများ အနေ နဲ့ အာဏာရှင်စနစ်ကို လုံးဝ မလိုလားတော့ ပါဘူး ဆိုတာ ပြသလိုက်တာပါပဲ။ အာရပ် အာဏာရှင်များရဲ့ နှစ်ပေါင်းများစွာ အာဏာအလွှဲသုံးစားလုပ်နေမှု၊ အာဏာရှင် မိသားစုများ နှင့် နီးစပ်သူများ စီးပွားရေးအရ လက်ဝါးကြီးအုပ် ကာ နိုင်ငံပိုင်ပစ္စည်းများ၊ စီးပွားရေးလုပ်ငန်းများကို အလွှဲသုံးစားလုပ်နေမှု၊ လွပ်လပ်မှုအခွင့်အရေးများကို ပိုမို ဖိနှိပ်ချုပ်ချယ်လာမှု၊ အလုပ်လက်မဲ့ များပြားမှု၊ ဆင်းရဲမွဲတေမှုတွေကြောင့် အာဏာရှင် ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုဟာ အရှေ့အလယ်ပိုင်း အာရပ်နိုင်ငံများ တွင် တနေ့တခြား ကြီးထွားလာလို့ အာရပ် အာဏာရှင်များအပြင် ကမ္ဘာမှာ ရှိကြတဲ့ အာဏာရှင်တွေ အားလုံးလည်း စိုးရိမ်တုန်လှုပ် ခဲ့ကြတယ်။

၁၉၉၇ ခုနှစ် အာရှ ကနေစတင် ဖြစ်ပွားခဲ့တဲ့ ငွေကြေးဆိုင်ရာ ပြဿနာတွေကြောင့် အာရှမှာရှိကြတဲ့ အာဏာရှင်တွေဖြစ်ကြတဲ့ ဆူဟာတို၊ မဟာသီ၊ လီကွမ်ယုတို့ ပြုတ်ကျသွားခဲ့သလို၊ ၂၀၀၇ ခုနှစ်မှာ ကမ္ဘာ့ငွေကြေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ စီပွားရေး ဂရက်ကြောင့် စတင် ဖြစ်ပွားခဲ့တဲ့ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး က ဆုတ်ယုတ်မှုတွေကြောင့် အာရပ် အာဏာရှင်တွေ ၂၀၁၁ မှာ တဘုန်းဘုန်းလဲကျသွားခဲ့တယ်။

၂၀၁၁ နောက်ပိုင်းမှာလည်း “ကြွက်စုတ် နဲ့ ဓညင်းသီး” လို့ ကမ္ဘာ့အစိုးရတွေ၊ ကမ္ဘာ့ ပြည်သူတွေ တင်းစားခေါ်ဆိုခဲ့ကြတဲ့ မြန်မာနိုင်ငံ နဲ့ မြောက် ကိုရီးယား နိုင်ငံတွေ မှာလည်း ထူးခြားမှုတွေရှိခဲ့တယ်။ မြောက် ကိုရီးယား အာဏာရှင် ခေါင်းဆောင်ကြီး ကင်ဂျုံအီး ကတော့ သေသွားပြီ။ နျူကလီးယား လက်နက်တွေ ပိုင်ဆိုင်တဲ့ မြောက်ကိုရီးယားမှာ လူလား မမြောက်သေးတဲ့ ဖခင် အာဏာရှင် ကင်ဂျုံအီး ရဲ့ သားငယ် ကင်ဂျုံအွန် က အရိုက်အရာဆက်ခံပြီး တတိယ မျိုးဆက် ဆွေမျိုးစု ခေတ်သစ် ပဒေသရာဇ် အာဏာရှင် အဖြစ် ဆက်လက်ဦးတည်နေတာမို့ မြောက်ကိုရီးယား ပြည်သူတွေ အတွက် တော့ ရင်လေးစရာပါပဲ။

မြန်မာနိုင်ငံ မှာတော့ ရာစုနှစ်ပေါင်းများစွာ အာဏာရှင်စနစ်တည်ထောင်ခဲ့တဲ့ စစ်ခေါင်းဆောင်တွေဟာ နိုင်ငံရေး မှာ တွေ့ဆုံဆွေးနွေးရေး လမ်းစဉ်ကို ရွေးချယ်ခဲ့မှုကြောင့် အကောင်းဘက်ကို ဦးတည်နေပြီလို့ အပြုသဘော ပြောဆိုနေကြပေမဲ့၊ လက်တွေ့ကျတဲ့တိုးတက်မှုဖြစ်စဉ်တွေ ကိုတော့ တကယ်တမ်းတော့ မတွေ့ရသေးပါဘူး။

ယနေ့မြန်မာ့ နိုင်ငံရေးဖြစ်စဉ်တွေ ကို လေ့လာကြည့်ပါ။

  • ၁) နိုင်ငံရေး အကျဉ်းသားတွေ ကို လွှတ်မပေးသေးဘူး၊
  • ၂) လူ သန်းပေါင်း ၅၀ ကျော်နေတဲ့ တိုင်းပြည်မှာ လွတ်လပ်တဲ့ သတင်းစာ၊ရုပ်မြင်သံကြားမီဒီယာတွေ မရှိဖြစ်နေတယ်၊ အဆိုးဆုံးက အာဏာရှင်စနစ်အောက်က သတင်းစာနဲ့ ရုပ်မြင်သံကြား မီဒီယာတွေ အားလုံး ဟာ လက်ရှိ တမတ်သား အစိုးရ အောက် မှာ ပဲရှိနေတုန်းပဲ၊
  • ၃) ယနေ့နိုင်ငံရေးဖြစ်စဉ်မှာ ပြည်တွင်း၊ပြည်ပ နိုင်ငံရေးအင်အားစု အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေး အခင်းအကျင်း ပုံစံ မရှိသေးဘူး။
  • ၄) ဒီမိုကရေစီနည်းလမ်းကျ ရွေးချယ်ခြင်းခံရတဲ့ အစိုးရ၊ လွှတ်တော်ဆိုတာ မရှိ၊ တမတ်သားလွှတ်တော်နဲ့ တမတ်သားအစိုးရ ဟာ တမတ်သား ဖွဲ့စည်းပုံအခြေခံဥပဒေ အောက်မှာသာ ဖြစ်နေတယ်။ တမတ်သား အစိုးရ အောက် မှာ တမတ်သား အခွင့်အရေးပဲရမှာဖြစ်တယ်။ လူသားတိုင်း ကို အကာအကွယ်ပေးတဲ့ လူ့အခွင့်အရေးတို့၊ ဒီမိုကရေစီရေး တို့ ကတော့ ရမှာ မဟုတ်ဘူး။

မြန်မာနိုင်ငံမှာ လက်ရှိတွေ့မြင် နေရတဲ့ နိုင်ငံရေးအခင်းအကျင်းတွေကြောင့် ဒီမိုကရေစီလမ်းကြောင်း ကို တကယ် လျှေက်လှမ်း နေတယ်ဆိုတာကတော့ မေးခွန်းတွေရှိနေကြသလို၊ ပြည်သူတွေရဲ့ ယုံကြည်မှု ကို ရရှိနိုင်ဖို့တော့ အတော်လေး ဝေးနေသေးပါတယ်။ မြန်မာ နိုင်ငံရဲ့ နိုင်ငံရေး ဖြစ်စဉ်ဟာ အကောင်းဘက် ကို ဦးတည်နေသလား၊ အဆိုးဘက် ကို ပြန်ရောက်သွားမလား ဆိုတာက တော့ အချိန် က အဆုံးအဖြတ် ပေးပါလိမ့်မယ်။

Sunday, December 11, 2011

ကမ္ဘာ့ကြွေးမြီ ပြဿနာ နှင့် မြန်မာ့ စီးပွားရေး အပေါ် သုံးသပ်ချက်

"The only war I support is the war on poverty"

-မြတ်စိုး-
၁၂.၁၁.၂၀၁၁

ဥရောပ ဇုံ အဖွဲ့ ၀င် ၁၇ နိုင်ငံ ရဲ့ လူဦးရေ - ၃၁၇ သန်း
ဥရောပ ဇုံ အဖွဲ့ ၀င် နိုင်ငံတွေရဲ့ ကုန်ထုတ်လုပ်မှု GDP - ယူယို ငွေ ၈.၄ ထွီလီယံ
ဥရောပ ဇုံ အဖွဲ့ ၀င် နိုင်ငံတွေ ရဲ့ အကြွေး - ယူယို ငွေ ၉.၃ ထွီလီယံ (၂၀၁၀)

ဥရောပ ဇုံ အဖွဲ့ ၀င် နိုင်ငံတွေရဲ့ ကြွေးမြီ နှင့် ပြဿနာများ

အစိုးရတွေ မှာ အကြွေး မြင့်မားလာခြင်း၊ ( Rising government debt level)၊
ကုန်သွယ်မှု မှာ လိုငွေပြမှု ( Trade imbalances)၊
ယုံကြည်မှု ကင်းမဲ့ခြင်း( Loss of confidence)၊
ငွေချေး လို့ မရတဲ့ အခက်အခဲ (Rating agency view)၊
ဥရောပ ဇုံ အဖွဲ့ ရဲ့ စီးပွားရေးဆိုင်ရာ မှုဝါဒ၊ ဘဏ္ဍာရေး၊ ငွေကြေး သုံးစွဲမှု ဆိုင်ရာ မူဝါဒတွေ မှာ သဘောတူညီချက်တွေမရှိခြင်း၊ထိမ်းချုပ်မှုတွေမရှိခြင်း နှင့် အားနည်းမှုတွေရှိနေခြင်း ( Lack of infrastructure in regulatory and supervisory policy frameworks, structural policies, and financial principles )၊
စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု လျော့ကျခြင်း (Lack of growth)၊
ဥရောပ ဇုံ အဖွဲ့ မှ ခွဲထွက်ခြင်း (Speculation of the breakup of the Eurozone)



ဥရောပ ငွေကြေး တခုတည်းသာ သုံးစွဲနေတဲ့ နိုင်ငံပေါင်း ၁၇ နိုင်ငံ နဲ့ ဖွဲ့ စည်းထားတဲ့ ဥရောပ ဇုံ အဖွဲ့ ၀င်နိုင်ငံတွေ ဟာ ဘဏ္ဍာရေးနဲ့ ငွေကြေးဆိုင်ရာ ပြဿနာတွေမှာ တနေ့ပြီးတနေ့ စိန်ခေါ်မှုပေါင်းများစွာနဲ့ ရင်ဆိုင်နေရတယ်။ ဂရိ၊ အီတလီ၊ စပိန် နိုင်ငံတွေ မှာ အစိုးရ က တင်ရှိနေတဲ့ ကြွေးမှီတွေ ကို ပြန်လည်မပေးဆပ် နိုင်တာ ကြောင့် အစိုးရ အပြောင်းအလဲတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့တယ်။ ဓနရှင် ဘဏ်ကြီးတွေ က လည်း ယင်းနိုင်ငံ အစိုးရတွေဟာ အတိုးနှုန်း မပေးဆပ်နိုင်တာကြောင့် ငွေချေးမှုတွေ ကို ရပ်ဆိုင်းခဲ့ကြတယ်။ ပေါ်တူကီ၊ အိုင်ယာလန်၊ ဘယ်လ်ဂျီယံ၊ ပြင်သစ် နှင့် အင်္ဂလန် နိုင်ငံတွေ မှာ လည်း အစိုးရ ငွေကြေးသုံးစွဲမှု နှင့် ယူယိုဇုံရဲ့ ကြွေးမြီ ပြဿနာများ ကြောင့် ဒိုမေနီ အကျိုးသက်ရောက် ကာ နိုင်ငံရေး ပြဿနာများ၊ တင်းမာမှုများ ရှိလာလိမ့်မယ်လို့ ကမ္ဘာ့စီးပွားရေး ပညာရှင်များ က သုံးသပ်ခန့်မှန်းမှုတွေ ရှိနေတယ်။

ဟားဗတ်တက္ကသိုလ် က စီးပွားရေး ပညာရှင် ကက်နက်ရူ့အော့ဗ် ကတော့ အမေရိကန်နိုင်ငံမှာ ရှိတဲ့ ရီဘာပလက်ကင်နဲ့ ဒီမိုကရက်တစ် ပါတီ နှစ်ပါတီ ဟာ အစိုးရက ငွေကြေးသုံးစွဲမှု ပြဿနာတွေ အပေါ် သဘောထားကွဲလွှဲမှုတွေရှိနေတာကြောင့် နိုင်ငံပေါင်း ၁၇ နိုင်ငံနဲ့ ဖွဲ့စည်းထားတဲ့ ဥရောပဇုံ အဖွဲ့ ဟာ ဘဏ္ဍာရေးနဲ့ ငွေကြေးဆိုင်ရာ ပြဿနာတွေ ကို အဖြေရှာဖို့ အခက်အခဲပေါင်းစုံနဲ့ ရင်ဆိုင် နေရအုန်း မယ်လို့ပြောဆိုခဲ့တယ်။ ဒီ ၁၇ နိုင်ငံမှာ နိုင်ငံတနိုင်စီရဲ့ အစိုးရတွေရဲ့ ငွေကြေးသုံးစွဲမှုတွေ ဟာ မတူညီကြသလို၊ ကြွေးမြီ ပမာဏတွေ ကလည်း မတူညီကြဘူး။ အခွန်ကောက်ခံရေး စံနစ်ကလည်း တနိုင်ငံနဲ့ တနိုင်ငံ မတူညီကြဘူး။ လူတဦးချင်းစီရဲ့ ၀င်ငွေ ကလည်း မတူညီကြဘူး။ အခြေခံကျတဲ့ ဒီပြဿနာတွေ မှာ ဆက်လက် သဘောကွဲလွှဲမှုတွေ ရှိနေကြမယ်ဆိုရင် ဥရောပ သမဂ္ဂအဖွဲ့ အနာဂတ် ဟာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိလိမ့်မယ်လို့ သူ က ထောက်ပြ ဟောကိန်း ထုတ်လိုက်တယ်။

ဥရောပ ဇုံ အဖွဲ့ ကို စတင် တည်ထောင်ခဲ့စဉ်က နိုင်ငံ တနိုင်ငံချင်းစီ မှာ ကျင့်သုံးနေတဲ့ ဘဏ္ဍာရေးနဲ့ ငွေကြေးဆိုင်ရာစနစ်တွေ၊ အစိုးရ တခုစီ ရဲ့ ငွေကြေးသုံးစွဲမှု၊ ငွေကြေးဈေးကွက် ၊ တစ်ဦးချင်း ၀င်ငွေ နဲ့ အခွန်ဥပဒေတွေ ကို လေးလေးနက်နက်ထည့်သွင်းစဉ်းစားခြင်းမရှိပဲ အဖွဲ့ဝင်နိုင်ငံ တနိုင်ငံ အဖြစ် လက်ခံမှုပြုခဲ့ခြင်းဟာ ယနေ့ရင်ဆိုင်နေရတဲ့ ဥရောပ ဘဏ္ဍာရေးနဲ့ ငွေကြေးဆိုင်ရာ ပြဿနာတွေရဲ့ အခြေခံ မှားယွင်းခဲ့မှုတွေ ပဲလို့ သူက ထောက်ပြခဲ့တယ်။ တနည်းအားဖြင့် ဥရောပမှာ နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ ပေါင်းစပ်မှု မပြည့်စုံသေးဘဲ ယူရိုဇုံ ( ဥရောပ) ငွေကြေးစနစ် ကို ထူထောင်ခဲ့ခြင်းရဲ့ ဥရောပ အဖွဲ့ကြီးရဲ့ အဓိက မှားယွင်းမှု အချက် ပါလို့ ကမ္ဘာ့စီးပွားရေးပညာရှင်များ က ဝေဖန် သုံးသပ်ထားကြတယ်။ ဒါဟာ အရှေ့တောင် အာရှ အသင်း အာဆီယံအဖွဲ့ကြီး အတွက် တော့ သင်ခန်းစာ ယူသင့်တဲ့ အချက်ဖြစ်လာပါလိမ့်မယ်။



အမေရိကန် ကြွေးမြီ ပြဿနာ

အမေရိကန် လူဦးရေ - သန်း ၃၁၀
အမေရိကန် ကုန်ထုတ်လုပ်မှု GDP - ယူယို ငွေ ၁၁.၂ ထွီလီယံ
အမေရိကန် ကြွေးမြီ -ဒေါ်လာ ၁၅.၀၃ ထွီလီယံ ( ၂၀၁၁)

အမေရိကန်ရဲ့ပထမဦးဆုံး သမ္မတ ဂျော့ဝါရှင်တန်ကတော့ အစိုးရ မှာ ကြွေးမီတင်ရှိနေတယ်ဆိုရင်၊ ပြန်လည်ပေးဆပ်ဖို့ ၀င်ငွေရှိဖို့လိုတယ်။ ပြန်လည်ပေးဆပ်နိုင်တဲ့ဝင်ငွေရှိဖို့ အခွန်တိုးကောက်ဖို့ အကြောင်း ဖြစ်လာရတယ်။ အခွန်တိုးကောက်ဖို့ နိုင်ငံရေး သမားများ အကြား သဘောထားကွဲလွှဲမှုတွေ ရှိနေမှာပဲလို့ ပြောဆိုခဲ့ဘူးတယ်။

လူဦးရေ သန်း ၃၁၂ နီးပါးရောက်ရှိ နေပြီဖြစ်တဲ့ အမေရိကန်နိုင်ငံ မှာ အသက် ၆၅ ကျော်လို့ အလုပ်လုပ်ကိုင်မှု မှ အနားယူသွားခဲ့သူများ နှင့် အကြောင်းအမျိုးမျိုးကြောင့် အလုပ်လုပ်ကိုင်မှုမှ အနားယူသွားခဲ့သူဦးရေစုစုပေါင်း ဟာ ၅၄ သန်းရှိပါတယ်။ ကျန်ရှိတဲ့ ၂၅၈ သန်းထဲမှာ ကျောင်းပညာသင်ကြားနေသူဦးရေ ဟာ ၈၅ သန်းရှိတာကြောင့် အလုပ်လုပ်ကိုင်နိုင်သူဦးရေ ဟာ ၁၇၃ သန်းသာ ကျန်ရှိတယ်။

၂၈ သန်း ဟာ ဗဟိုအစိုးရ ဌာနတွေမှာလုပ်ကိုင်နေကြပြီး၊ စစ်မှုထမ်းနေသူ ဦးရေ ၄ သန်း နှင့် ၂၄. ၈ သန်းဟာ ပြည်နယ် ဌာန ဆိုင်ရာများမှာ အလုပ်လုပ်ကိုင်နေကြတယ်။အချိန်တိုင်း မှာ ဆေးရုံများမှာ ကုသနေသူ ၂၄ သန်း၊ အကျဉ်းကျနေသူ ၁၅.၂ သန်း ရှိတာကြောင့် စုစုပေါင်း ရရှိမည့် ၀င်ငွေခွန်ဟာ အလုပ်လုပ် ကိုင်မှုမှ အနားယူသွားခဲ့ သူ ၅၄ သန်းကို ငွေကြေး ထောက်ပံ့ အကူအညီပေးရာမှာ အခက်အခဲဖြစ်လာသလို၊ ဘတ်ဂျက်မှာ လိုငွေပြ လာရတော့တယ်။

အနားယူသွားတဲ့ လူဦးရေ ၅၄ သန်းကျော် ကို ငွေကြေးထောက်ပံ့ဖို့ ကျန်တဲ့ ၇၇ သန်း က တ၀န်ယူဖြေရှင်းပေးနေရတယ်။



အမေရိကန်နိုင်ငံ အစိုးရ က တင်ရှိနေတဲ့ ကြွေးမြီ ပြဿနာ ကို ကိုင်တွယ်ဖြေရှင်းရာမှာ အလုပ်လုပ်ကိုင်နေသူ ၇၇ သန်း ရဲ့ ၀င်ငွေခွန် ကို တိုးမြင့်ကောက်ခံမှု၊ အစိုးရ ၏ ကျန်းမာရေး ထောက်ပံ့မှုများကို ဖြတ်တောက်ခြင်း၊ အစိုးရ ရဲ့ သုံးစွဲမှုတွေ က လျော့ချခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းတွေကို ဖန်တီးပေးမှု ၊ ငွေကြေးပေါ်လစီ (Monetary Policy) နှင့် အစိုးရသုံးငွေ ဘတ်ဂျက် (Fiscal Policy) ဆိုင်ရာ ပြဿနာများ စသည့် အချက်များကို အချေအတင် စဉ်းစား ဆွေးနွေးလာရတော့တယ်။

ဂျပန် စီးပွားရေး နှင့် ကြွေးမြီ ပြဿနာ

ဂျပန် လူဦးရေ သန်း ၁၂၈ သန်း
ဂျပန် ကုန်ထုတ်လုပ်မှု GDP ယူယို ငွေ ၃.၅ ထွီလီယံ
ဂျပန် အစိုးရ ရဲ့ ကြွေးမြီ - ဒေါ်လာ ၈ ထွီလီယံ

အာရှတိုက် မှာတော့ စီးပွားရေး အားကောင်းတဲ့ ဂျပန် နိုင်ငံဟာ က ဆူနာမီ၊ နျူကလီးယားယိုစိမ့်မှု ပြဿနာ တို့ ကြောင့် စီးပွားရေး နာလန်ထူ လာဖို့ နှစ်အတောကြာ စိမ်ခေါ်မှုများစွာနဲ့ ရင်ဆိုင်ကြရလိမ့်မယ်လို့ ခန့်မှန်းနေကြတယ်။ ၂၀၀၇ ခုနှစ် ကမ္ဘာ့စီးပွားရေး ကပ်ဆိုက်ချိန်က စပြီး၊ ဂျပန် အစိုးရ အဆက်ဆက် တိုင်းဟာ စီးပွားရေး ပြန်လည် ဦးမော့လာဖို့ နည်းလမ်းပေါင်းစုံ နဲ့ အဖြေရှာခဲ့ကြတယ်။ ဂျပန် ဗဟိုဘဏ်ဟာ စီးပွားရေး အားကောင်းလာစေဖို့ အတိုးနှုန်း ကို သုည ရာခိုင်နှုန်းအထိ လျော့ချခဲ့ကြတယ်။ စီးပွားရေး ပြန်လည်ကောင်းမွန်အောင် နည်းလမ်းပေါင်းစုံနဲ့ အဖြေရှာတာ မအောင်မြင်ကြလို့ ဂျပန် ၀န်ကြီးချုပ် လေးဦး ၅ နှစ် အတွင်း နုတ်ထွက်ခဲ့ကြတယ်။ ၂၀၀၇ ခုနှစ် က နေ ၂၀၁၁ ခုနှစ် အထိ ၅ နှစ် အတော် အတွင်း ဂျပန်ဝန်ကြီးချုပ် ၅ ယောက် ပြောင်းလဲ ခဲ့ပြီးပါပြီ။

ဒါကြောင့်မို့ ကမ္ဘာ့နိုင်ငံရေး ကို လေ့လာ သုံးသပ်နေသူတွေကတော့ ၂၀၀၇ ခုနှစ် က စတင်ခဲ့တဲ့ ကမ္ဘာ့စီးပွားရေး ကပ်ဆိုးကြီးကြောင့် ကမ္ဘာ့နိုင်ငံ အသီးသီးမှာ Japanization ဖြစ်လာလိမ့်မယ်လို့ သုံးသပ်နေကြတယ်။ ဆိုလိုတာက ကမ္ဘာ့နိုင်ငံ အသီးသီးမှာ ဂျပန် အစိုးရတွေလို စီးပွားရေး နာလန်ထူလာအောင် တိုက်ပွဲဝင်ရင်း အစိုးရ အပြောင်းအလဲ တွေ ရှိလာလိမ့်မယ်လို့ သုံးသပ်ထားကြတယ်။ အမေရိကန် နိုင်ငံ မှာလည်း အိုဘားမား ဟာ နောက်ထပ် သက်တမ်း အတွက် အလားအလာ နည်းလာ နေပြီ လို့ သုံးသပ်ထားကြတယ်။ အာရပ်မှာတော့ အဏာရှင်တွေ တဘုန်းဘုန်းလဲကျခဲ့ကြတယ်။

မြန်မာ့စီးပွားရေး

ယနေ့ ကမ္ဘာ့နိုင်ငံ အသီးသီးရှိ အစိုးရတွေ ဟာ ကမ္ဘာ့စီးပွားရေး ကပ်ဆိုးကြီးကာလအတွင်း စီးပွားရေး ပြန်လည် နာလန်ထူလာဖို့ နည်းမျိုးစုံ အဖြေရှာနေကြစဉ် မှာ မြန်မာနိုင်ငံရဲ့ စီးပွားရေး အနာဂတ် အခြေအနေ ကို မြန်မာပြည်သူများ က စိတ်ဝင်တစားရှိနေကြမှာတော့ အမှန်ပါပဲ။

လက်ရှိ မြန်မာ့စီးပွားရေး အခြေအနေက လက်တွေ့မှာ ပြန်လည်နာလန်ထူထောင်တဲ့ အဆင့်မှာ မရှိသေးပါဘူး။ ဆိုလိုတာ က နဂိုကတည်း က မြန်မာ့ စီးပွားရေး အဆောက်အအုံဟာ နိုင်ငံတကာ အဆင့် မှာ မရှိခဲ့သေးတာကြောင့် ဘာကို ပြန်လည် နာလန်ထူလာအောင် ကျိုးစားရမှာလည်းဆိုတာ မေးခွန်းထုတ်စရာရှိနေတယ်။ တနည်းအားဖြင့် မြန်မာ့ စီးပွားရေးဟာ Economic survival အဆင့်မှာ သာရှိသေးတယ်။ Economic Recovery အဆင့် မရှိသေးဘူလို့ ဆိုလိုတာပါ။

ဘာကြောင့်လည်းဆိုတော့ မြန်မာနိုင်ငံ မှာ စီးပွားရေး နှင့် ငွေကြေးဆိုင်ရာ မူဝါများ ဟာ ထင်သာမြင်သာ မရှိခဲ့သလို၊ မြန်မာနိုင်ငံ ဗဟိုဘဏ်က ငွေကြေးပေါ်လစီ (Monetary Policy) နှင့် အစိုးရသုံးငွေ ဘတ်ဂျက် (Fiscal Policy) တွေပေါ်မှာ လည်း တာဝန်ယူမှု နှင့် ယုံကြည်မှု ပိုင်းတွေ မှာ အားနည်းမှုတွေ ရှိနေခဲ့တယ်။ တနည်းအားဖြင့် မြန်မာ ဗဟိုဘဏ်က ငွေကြေးပေါ်လစီ (Monetary Policy) ပိုင်း မှာ သီးခြားရပ်တည်မှု နှင့် လွတ်လပ်စွာ ဆုံးဖြတ်မှု အခွင့်အဏာ မရှိဖြစ်နေဆဲပါ။ ဗဟိုဘဏ် ဟာ နိုင်ငံရဲ့ ငွေစက္ကူကို ရိုက်ထုတ်ရတဲ့ တာဝန်ရှိတာ ကြောင့် တိုင်းပြည်အတွင်းမှာ လည်ပတ်နေတဲ့ ငွေသား ပမာဏ (Liquidity) ကို ဗဟိုဘဏ်က ထိန်းချုပ်ရပါတယ်။ ဗဟိုဘဏ် မှာ လွတ်လပ်စွာ ဆုံးဖြတ်မှု အခွင့်အဏာ ရှိဖို့လိုတယ်။ စီးပွားရေး၊ ဘဏ္ဍာရေး နှင့် ငွေကြေးဆိုင်ရာ သတင်းအချက်အလက်များ တိကျမှန်ကန်မှု ရရှိဖို့လိုတယ်။

တနည်းအားဖြင့် စီးပွားရေး အဆောက်အအုံ ဆိုင်ရာ လွတ်လပ် တဲ့ Institution များ နည်းပါးမှုရှိနေခြင်း ၊ ငွေကြေး နှင့် ဘဏ္ဍာရေးဆိုင်ရာ မှာ ခေတ်နှောက်ကျနေခြင်း၊ လက်တွေ့မကျတဲ့ ငွေလဲနှုန်းနဲ့ တွက်ထားတဲ့ အစိုးရ ဘတ်ဂျက်၊ ပြည်တွင်းထုတ်ကုန် (GDP)၊ နိုင်ငံခြားတင်ပို့မှုထွက်ကုန်၊ သွင်းကုန်စာရင်းဇယားတွေဟာ မှန်ကန်တိကျမှု မရှိတာတွေကြောင့် မှန်ကန်တဲ့ ငွေကြေးပေါ်လစီ (Monetary Policy) နှင့် အစိုးရသုံးငွေ ဘတ်ဂျက် (Fiscal Policy) တွေ ကို ချမှတ်နိုင်မှာ မဟုတ်ဘူး။ လာရောက်ရင်နှီးမြုပ်နှံသူများ ရဲ့ ယုံကြည်မှု ကို ရရှိနိုင်မှာ မဟုတ်သေးပါဘူး။ တနည်းအားဖြင့် မြန်မာ့ စီးပွားရေးစနစ် မှာ စီးပွားရေး အခြေခံ အဆောက်အအုံတွေဟာ နိုင်ငံတကာ အဆင့်မရှိသေးတာကြောင့် ကမ္ဘာ့စီးပွားရေး အခြေအနေ နဲ့ နှိုင်းယှဉ်ပြောဆိုလို့မရဖြစ်နေတယ်။ အချက်အလက်ပိုင်း ဆိုင်ရာတွေ မှာ မှန်မှန်ကန်ကန် ရရှိဖို့ အလွန်မှ ခက်ခဲပါတယ်။

နိုင်ငံအသီးသီးဟာ ကမ္ဘာ့စီးပွားရေးဆုတ်ယုတ်မှု ကြောင့် နိုင်ငံရေး၊ စီးပွားရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ ကို အလျင်အမြန် ပြင်ဆင်မှုတွေပြုလုပ်ဆောင်ရွက်နေကြသလို၊ မြန်မာနိုင်ငံမှာ လည်း ထင်သာမြင်သာရှိတဲ့ နိုင်ငံရေး နှင့် စီးပွားရေးဆိုင်ရာ ပြုပြုင်ပြောင်းလဲတိုးတက်လာမှုတွေ အချိန်မှီ မလုပ်ဆောင်နိုင်ရင်တော့ နိုင်ငံရေး မတည်ငြိမ်မှုတွေ၊ စီးပွားရေး ဆိုင်ရာ ပြဿနာများ ကို ဆက်လက် ရင်ဆိုင်ကြရပါလိမ့်မယ်။

လက်ရှိ အိမ်နီးချင်းနိုင်ငံ နှင့် အာရှ နိုင်ငံတွေ မှာ ရင်ဆိုင်ခဲ့ရတဲ့ သဘာဝဘေးအန္တာရာယ်ကြောင့် စီးပွားရေး နှင့် ကုတ်ထုတ်လုပ်မှု ကျဆင်းနေမှု ဟာ မြန်မာနိုင်ငံ မှ နိုင်ငံခြား တင်ပို့မှု ကို အားကောင်းလာစေဖို့ အခွင့် အလမ်းတွေရှိနေပေမဲ့ ၊ မြန်မာနိုင်ငံရဲ့ ထွက်ကုန်တွေဟာ ဈေးကွက်မှာ အရည်အသွေးညံ့ဖျင်းမှု၊ နည်းပညာပိုင်းဆိုင်ရာ အားနည်းမှု၊ ငွေကြေးစနစ် ခိုင်မာမှုမရှိခြင်း တွေ ကြောင့် နိုင်ငံတကာ ဈေးကွက် မှာ အားသာမှုရအောင်လုပ်ဖို့ အခက်အခဲများရှိနေပါလိမ့်မယ်။

ဥပမာ အားဖြင့် ကမ္ဘာ့ကုန်သွယ်ရေး နှင့် ဈေးကွက်တွေ မှာ ကမ္ဘာ့ငွေကြေးတွေ ထိုးကျမှုတွေ ရှိနေပြီး အိမ်ယာဈေးတွေ ထိုးကျခဲ့တယ်။ မြန်မာနိုင်ငံ မှာတော့ ငွေလဲလှယ်မှုတွေ ထိုးကျခဲ့ပေမဲ့ အိမ်ယာဈေး၊ ကုန်းဈေးနှုန်း တွေ ဟာ တိုးမြင့်နေတာ ကို ကြည့်ခြင်းဖြင့် မြန်မာ့စီးပွားရေး ဟာ ကမ္ဘာ့စီးပွားရေး ပုံစံနဲ့ ဆန့်ကျင်ဘက်တွေ ဖြစ်နေတယ်ဆိုတာ တွေ့ရတယ်။

နိုင်ငံတကာ ဘဏ္ဍာရေး နှင့် ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများ နှင့် ပူးပေါင်းဆောင်ရွက်မှု၊ ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်နှံ သူတွေရဲ့ ယုံကြည်စိတ်ချမှု၊ မရှိသ၍ မြန်မာ့စီးပွားရေးဟာ နိုင်ငံတကာ စီးပွားရေး အဆင့် အနေအထား ကို ရောက်ရှိဖို့ အလှမ်းကွာဝေးနေမှာဖြစ်ကြောင်း လေ့လာ သုံးသပ်တင်ပြယင်း။

(ဆောင်းပါးရှင် ကိုမြတ်စိုး ရေးသားခဲ့တဲ့ " Economic crisis as a force for change" ဆောင်းပါးကို ဤနေရာမှာ ဖတ်ရှု့နိုင်ပါသည်။ )

Saturday, November 26, 2011

စစ်တပ် က နိုင်ငံရေး ပြန်ပေးဆွဲမှု အီဂျစ် လူထု လက်မခံ

“Failure and Loser”
If you always talk about the past, and you stay in the past, you failure will become.
If you don’t accomplish what is something people expect you to do, you will become a looser.

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော် ရှိ မြို့တော်ရဲ့ဗဟိုချက်နေရာ တဟီရာ (Tahrir) ရင်ပြင် မှာ လက်ရှိ တိုင်းပြည် အာဏာ ထိမ်းချုပ်ထားတဲ့ စစ်ကောင်စီ ကို ဆန့်ကျင်တဲ့ လူထု ဆန္ဒပြ ပွဲကြီး ကို သီတင်းတပတ် ကြာ ဆက်လက် ကျင်းပ နေကြပါတယ်။ ပြီးခဲ့တဲ့ အပတ် လူထု ဆန္ဒပြပွဲ မှာ လုံခြုံရေးတပ်ဖွဲ့နဲ့ ဒီမိုကရေစီ လိုလားတဲ့ ဆန္ဒပြသူတွေ အကြား နေ့စဉ် ဆက်တိုက် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့မှုကြောင့် တနိုင်ငံလုံးမှာ သေဆုံးရသူ ၄၀ ကျော် ရှိခဲ့ပြီး၊ ဆန္ဒပြပွဲ ဟာ အခြားမြို့တော်တွေ ကို ကူးစက် သွားခဲ့တယ်။ ဆန္ဒပြပွဲကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀၂ ယောက် နဲ့ ဆန္ဒပြသူ ၁၇၀၀ ယောက် ဒဏ်ရာတွေ ပြင်းထန်စွာရခဲ့ကြတယ်လို့ အီဂျစ် စစ်တပ် က အတည်ပြု ပြောဆိုခဲ့တယ်။

ပြီးခဲ့တဲ့ ရက်တွေက က လူထု ဆန္ဒပြပွဲတွေကြောင့် ကြားဖြတ် အစိုးရ ကို တာဝန်ယူထားတဲ့ ၀န်ကြီးအဖွဲ့တွေ နုတ်ထွက်စာ တင်ထားခဲ့ကြောင်း ၀န်ကြီးချုပ်ရုံး က တာဝန်ရှိသူ က အတည်ပြုပြောဆိုခဲ့ သလို၊ စစ်တပ်ခေါင်းဆောင်များရဲ့ ပြောခွင့် ဆိုခွင့်ရှိသူ ဒုတိယ ဗိုလ်မှူးကြီး Amr Imam က နုတ်ထွက်စာ ကို လက်ခံရရှိခဲ့ကြောင်း အတည်ပြုပြောဆိုခဲ့တယ်။ တရားရေးဝန်ကြီး Mohamed Abdelaziz al-Juindy က တော့ ကိုင်ရို အဓိကရုဏ်း ဟာ သူ့မှာ တာဝန်ရှိတဲ့ အတွက် နုတ်ထွက်ခွင့်ပြုဖို့ တောင်းဆိုခဲ့တယ်။

အသစ် ခန့်အပ်ခြင်းခံလိုက်ရတဲ့ ၀န်ကြီးချုပ် ဂန်ဇူရီ ဟာ စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့ အကြီးအကဲ ဗိုလ်ချုပ်ကြီး ဟူစိန် တန်တာဝီ (Hussein Tantawi) နဲ့ တွေ့ဆုံပြီး၊ အမျိုးသား ကြားဖြတ်အစိုးရကို ဦးဆောင်သွားဖို့ သဘောတူခဲ့တယ် လို့ အစောပိုင်းက အစိုးရပိုင် Al Ahram သတင်းစာမှာ ဖော်ပြထားပါတယ်။ လောလောဆယ် ၀န်ကြီးချုပ် ဂန်ဇူရီ က သူ့ကို အချိန်ပေးဖို့ ဆန္ဒပြသူတွေကို ပန်ကြားလိုက်ပေမဲ့ ၊ သူဟာ ရာထူးက ဖြုတ်ချခြင်း ခံလိုက်ရတဲ့ အာဏာရှင်ဟောင်းမူဘာရက် အစိုးရ ရဲ့ ၀န်ကြီးချုပ် တာဝန်ထမ်းဆောင် ခဲ့တာကြောင့် အတိုက်အခံ နှင့် ပြည်သူတွေ က လုံဝယုံကြည်မှု မရှိကြပါဘူး။

ကိုင်ရိုမှာ ဆန္ဒပြနေကြတဲ့ ဒီမိုကရေစီ အရေးတောင်းဆိုသူတွေ ကတော့ လက်ရှိ စစ်ခေါင်းဆောင်းတွေ ဟာ အီဂျစ် နိုင်ငံရေး မှာ နိုင်ငံရေး ကလိ ကကျစ် ကျမှုတွေ ကို ပြုလုပ်နေပြီး၊ နိုင်ငံ ကို စစ်တပ်က ကျောထောက်နောက်ခံပေးတဲ့ တဲ့ အာဏာရှင် စနစ်ကို ပြန်လည် ဖော်ဆောင်ဖို့ ကျိုးစားနေကြတယ်။ အီဂျစ်အုပ်ချုပ်ရေး ကို ယာယီတာဝန် ယူထားတဲ့ စစ်ကောင်စီဟာ ရိုးသားမှု မရှိဘူးလို့ စွပ်စွဲပြောဆို ခဲ့ကြတယ်။ လက်ရှိအုပ်ချုပ်နေတဲ့ စစ်ဘက်အကြီးအကဲတွေ ရာထူး က နုတ်ထွက် ပေးပြီး၊ အရပ်သား ကြားဖြတ် အစိုးရလက်ထဲကို အမြန်ဆုံး အာဏာလွှဲပေးဖို့ ကို ဒီမိုကရေစီလိုလားသူ ဆန္ဒပြသူတွေက တောင်းဆိုနေကြတယ်။ တကယ်လို့ လက်ရှိတာဝန်ယူထားတဲ့ စစ်ကောင်စီမှာ ပါဝင်တဲ့ စစ်ခေါင်ဆောင်တွေ ရာထူးက မနုတ်ထွက်ကြဘူးဆိုရင် ဆက်လက် ဆန္ဒပြ မှုတွေ နိုင်ငံ အ၀ှန်း လုပ်ဆောင်သွားမယ်လို့ ပြောဆိုခဲ့ကြတယ်။

နိုင်ငံတော်ဖွဲ့စည်းပုံသစ်ထဲက တချို့ စစ်ဘက်ဆိုင်ရာ ကိစ္စရပ်တွေ၊ စစ်တပ် အသုံးစရိတ်တွေ ကို အရပ်သား အစိုးရ က ကိုင်တွယ်ခွင့် မရအောင် ဆောင်ရွက်ဖို့ကြိုးပမ်းတဲ့အပေါ်မှာ အခုလက်ရှိ စစ်ကောင်စီကို အီဂျစ်ပြည်သူများက အတော်လေး ဒေါသဖြစ်ခဲ့ကြတာပါ။

လွန်ခဲ့တဲ့ ၁၀ လ က အီဂျစ် အာဏာရှင် ဟောင်း ဟူစိန်မူဘာရက် ရာထူး မှ နုတ်ထွက် အနားယူသွားပြီးနောက် အီဂျစ်နိုင်ငံ ကို စစ်တပ် က အာဏာလွှဲပြောင်း ရယူခဲ့ကြတယ်။ ဒီ နောက် မှာ တော့ အီဂျစ် အာဏာရ စစ်အုပ်စု ခေါင်းဆောင်များ ဟာ တိုင်းပြည် အတွင်း နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ကို အမြန်ဆုံး လုပ်ဆောင်ပေးမယ်လို့ ဂတိပြုခဲ့ကြတယ်။ လက်ရှိ အာဏာ ထိန်းချုပ်ထားတဲ့ စစ်ခေါင်းဆောင်တွေဟာ အာဏာရှင်ဟောင်း မူဘာရက် နှင့် သားတွေ ကို အကျင့်ပျက်ချစားမှု၊ လာဘ်ပေးလာဘ်ယူမှု အပါအ၀င် အာဏာ အလွှဲသုံးစားလုပ်ခဲ့မှုတွေ နဲ့ တရားဥပဒေ အရ အရေးယူ စုံစမ်းစစ်ဆေးမှုတွေ ကို ပြုလုပ်နေခဲ့ သလို ၊ အထွေထွေ ရွေးကောက်ပွဲ ကို နိုဝင်ဘာလ ၂၈ ရက်နေ့ မှာ ကျင်းပ ပေးမယ်လို့ ဂတိပြုခဲ့တယ်။ ဒါပေမဲ့ လည်း အီဂျစ် သမ္မသစ်ရွေးကောက်ပွဲ ဟာ ၁ နှစ် နီးပါးခန့် ကြာမယ်လို့ ပြောဆိုခဲ့တယ်။ ရွေးကောက်ပွဲတွေ အပြီး အရွေးချယ်ခံရတဲ့ အရပ်သား အစိုးရ ကို စစ်တပ် က အာဏာလွှဲပြောင်းပေးမယ်လို့ လည်း ဂတိပြုခဲ့ကြတယ်။

ဒါပေမဲ့လည်း အီဂျစ်ပြည်သူတွေ က လက်ရှိစစ်ကောင်စီ ခေါင်းဆောင်ပိုင်းတွေရဲ့ လုပ်ရပ်တွေ အပေါ် လုံးဝ အယုံအကြည်မရှိ ဘူးလို့ ထုတ်ဖော်ပြောဆိုခဲ့တယ်။ လက်ရှိ စစ်တပ် ခေါင်းဆောင်ပိုင်းတွေ အပေါ် အာဏာရှင်ဟောင်း မူဘာရက် ဟာ ဆက်လက်ညွှန်ကြားမှုတွေ၊ အမိန့်ပေးမှုတွေ ကို ဆက်လက်ရှိနေတုန်းပဲလို့ စွပ်စွဲခဲ့ကြတယ်။ ဒါအပြင် စစ်အုပ်စုခေါင်းဆောင်တွေ အလိုကျ ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ် နှင့် စစ်တပ် သုံးစွဲမဲ့ ဘဏ္ဍာရေး ဆိုင်ရာ မူဝါဒတွေ အပေါ် လုံးဝဆန့်ကျင်တယ်၊ လုံးဝ လက်မခံ နိုင်ဘူး။ လက်ရှိ အာဏာ ရယူထားတဲ့ စစ်ကောင်စီ က စစ်ဘက်ဆိုင်ရာနဲ့ ပက်သက်တဲ့ ဘဏ္ဍာရေး သုံးစွဲမှုတွေ အပေါ် မှာ အရပ်သားအစိုးရ သစ်က ကိုင်တွယ် ဆုံဖြတ် စစ်ဆေးခွင့် မရအောင် ဆောင်ရွက်ဖို့ကြိုးပမ်းနေတဲ့အပေါ်မှာ အစိုးရ ကို ဆန့်ကျင် ဆန္ဒပြသူများ က တော်တော် လည်း ဒေါသထွက်နေကြတယ်။ ထို့အတူ စစ်တပ် က နိုင်ငံရေး မှာ ဆက်လက်ပြီး ၀င်ရောက်ပက်သက်နေမှု အပေါ် ဒီမိုကရေစီလိုလားသူ ဆန္ဒပြသူများက ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချခဲ့ကြတယ်။

ဒါဟာ အနာဂတ်မှာ စစ်တပ် က တိုင်းပြည် နှင့် ပြည်သူ ကို ပြန်ပေးဆွဲ ခြိမ်းချောက်မှု လို့ ဆန္ဒပြနေသူ လူထုကြီးက စွပ်စွဲ ထောက်ပြ ပြောဆိုခဲ့ကြတယ်။

အီဂျစ် အာဏာရှင်ဟောင်း ဟိုစနီ မူဘာရက်ပြုတ်ကျပြီးကတည်းက လက်ရှိစစ်ကောင်စီက အီဂျစ်အုပ်ချုပ်ရေး ကို ယာယီတာဝန်ယူထားခဲ့တယ်။ တကယ်လို့ သာ အီဂျစ် တိုင်းပြည် အုပ်ချုပ်ရေး ကို တာဝန်ယူထားတဲ့ လက်ရှိ စစ်ကောင်စီ ဟာ ရိုးသားမှု၊ ပွင့်လင်းမှု၊ ထင်သာမြင်သာရှိတဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ ဒီမိုကရေစီ အခွင့်အရေး အတွက် တိုးတက်မှု တွေ ကို အချိန်အကန့်အသတ်နဲ့ လျင်မြန်စွာ မဖော်ဆောင်နိုင်ဘူးဆိုရင်တော့ အီဂျစ်နိုင်ငံ မှာ နိုင်ငံရေး မတည်ငြိမ်မှုတွေ ဆက်လက်ရှိနေအုန်းမှာဖြစ်ပြီး၊ အီဂျစ် စစ်ကောင်စီ ရဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေအပေါ် နိုင်ငံတကာ ရဲ့ ထောက်ခံ အားပေးမှုတွေ လျော့နည်းလာကာ၊ အီဂျစ်ပြည်သူများ စီးပွားရေး အခွင့်အလမ်းများ လက်လွှတ် ဆုံးရှုံးမှုနဲ့ ရင်ဆိုင် ကြရပါလိမ့်မယ်။

လက်ရှိ အီဂျစ် စစ်ကောင်စီ အုပ်ချုပ်ရေး အဖွဲ့ နှင့် အီဂျစ်နိုင်ငံ မှာ ဒီမိုကရေစီ လိုလားသူတွေ အကြား ဖြစ်ပွားနေတဲ့ ပဋိပက္ခ တွေ ဟာ ယနေ့ မြန်မာ စစ်အစိုးရ နှင့် ဒီမိုကရေစီ လိုလားသူတွေ အကြား ရင်ဆိုင်နေကြတဲ့ ပြဿနာများ၊ အခြေအနေတွေ နဲ့ တပုံစံထဲဖြစ်နေတယ်။ ဒါပေမဲ့ အီဂျစ် စစ်ကောင်စီ နှင့် မြန်မာ စစ်ကောင်စီတို့ တိုင်းပြည်အကျိုးပေါ် လုပ်ဆောင်မှုတွေမှာ မတူညီတာတွေ ရှိနေတယ်။

မတူညီတဲ့ အချက်တွေ က အီဂျစ် စစ်ကောင်စီ ဟာ သူတို့အမှားတွေအတွက် လူထု ကို နိုင်ငံတကာ ရှေ့မှောက်မှာ ဂုဏ်သိက္ခာ ရှိရှိ ၀န်ချ တောင်းပန်းခဲ့တယ်။ နိုင်ငံရေး အကျဉ်းသားတွေကို ဂုဏ်သိက္ခာရှိရှိလွှတ်ပေးပြီ၊ ရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ခွင့်ရဖို့ ဂတိပြုတယ်။ အီဂျစ် စစ်တပ်မှာ တာဝန် ထမ်းဆောင်နေကြတဲ့ ဗိုလ်ချုပ်ကြီးတွေဟာ West Point လို နိုင်ငံတကာအဆင့်မှီ စစ်တက္ကသိုလ်တွေ မှာ ပညာသင်ကြားဘူး ခဲ့တဲ့သူတွေဖြစ်ကြပြီး၊ နိုင်ငံတကာ ဆက်ဆံရေး မှာ အတွေ့အကြုံ ရှိကြသူတွေဖြစ်တယ်။ အီဂျစ် စစ်ကောင်စီဟာ နိုင်ငံတကာရှေ့မှောက်မှာ ဂုဏ်သိက္ခာရှိရှိ နိုင်ငံတော် ဖွဲ့စည်းပုံ၊ ရွေးကောက်ပွဲတွေ ကို ၂ နှစ် အတွင်း ပြုလုပ်ဖို့ ဂတိပေးခဲ့တယ်။

မြန်မာနိုင်ငံ မှာတော့ အနှစ် ၂၀ ကျော် သွားခဲ့တာတောင် အခုထိ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွေ နဲ့ ရွေးကောက်ပွဲ ပြဿနာတွေ ဟာ လုံးချာ လည်နေတုန်းပဲ။ အီဂျစ် စစ်ကောင်စီ ဟာ အသွင် ကူးပြောင်းရေး ကာလ မှာ လွှတ်တော် အတွင်း အချိုးကျ မပါဝင်ပေမဲ့၊ မြန်မာ နိုင်ငံမှာတော့ စစ်တပ်ဟာ လွှတ်တော် မှာ ဘယ်လောက်ထိကြာရှည်စွာ တမတ်သားလွှတ်တော် ကို သူရဲဘောင်ကြောင် စွာ ဖက်တွယ် နေကြ အုန်းမလဲဆိုတာ ကတော့ သီဟသူရ ၊ သူရ အပါအ၀င် ဆုတံဆိပ်တွေ ရရှိထားကြတဲ့ မြန်မာစစ်ဗိုလ်ချုပ်ြကီး ဆိုသူတွေ အားလုံး က ဖြေဆိုရမဲ့ မေးခွန်းတွေ ဖြစ်နေတယ်။

Thursday, November 24, 2011

အာဏာရှင် တွေ ရွေးချယ်ရမဲ့ လမ်း


Yemen leader in Saudi Arabia for power-transfer deal


-မြတ်စိုး-
၁၁.၂၄.၂၀၁၁

လူဦးရေ ၂၅ သန်း နီးပါးရှိတဲ့ ယီမင်နိုင်ငံမှာ နှစ်ပေါင်း ၃၃ နှစ် ကြာ အာဏာရှင် လုပ်ခဲ့တဲ့ ယီမင် သမ္မတ ဆာလေး ရာထူး က နုတ်ထွက်ပေးပြီး အာဏာလွှဲပြောင်းရေးအစီအစဉ်ကို အတိုက်အခံတွေနဲ့ ဗုဒ္ဓဟူးနေ့က သဘောတူ လက်မှတ် ရေးထိုးလိုက်ကြပါတယ်။

ဆွေးနွေးမှုတွေ ကို ဆော်ဒီအာရေးဗီးယား နိုင်ငံ မှာ ကျင်းပခဲ့ပြီး၊ ကုလသမဂ္ဂ၊ ပင်လယ်ကွေ့ အာရပ်နိုင်ငံအဖွဲ့အစည်း အပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ရှေ့မှောက်မှာ ဆာလေး နဲ့ အတိုက်အခံတွေ အကြား ယင်း သဘောတူညီချက်ကို လက်မှတ်ထိုး ခဲ့ကြတာဖြစ်တယ်။

ဒီ သဘောတူ ညီချက် အရ-


(၁) လက်ရှိ တိုင်းပြည် အာဏာ ကို ဒု သမ္မတ ဟာဒီ ကို ရက် ၃၀ အတွင်း အာဏာလွှဲပေးရမယ်။
(၂) အတိုက် အခံ တွေပါဝင်တဲ့ ညီညွတ်ရေး ကြားဖြတ် အစိုးရ ကို ဖွဲ့စည်းရမယ်။
(၃) သမ္မတ ရွေးကောက်ပွဲတွေကို ရက်ပေါင်း ၉၀ အတွင်း (သို့်) စောစောစီးစီး လုပ်ပေးဖို့

သဘောတူညီချက်တွေ ထဲမှာ ပါရှိတယ်။

ဆာလေး က ဆော်ဒီအာရေးဗီးယား က နေ အမေရိကန်နိုင်ငံ နယူးယောက်မြို့  ဆေးကုသဖို့ သွားရောက်ဖို့ရှိကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ကို ပြောဆိုခဲ့တယ်လို့ လည်း သတင်းတွေထဲမှာ ဖော်ပြထားပါတယ်။

သဘောတူညီချက်အရ ယီမင် မှာ ကျင်းပမဲ့ လာမဲ့ သမ္မတ ရွေးကောက်ပွဲမတိုင်ခင် သတင်းမီဒီယာတွေရဲ့ သတင်းလွတ်လပ်ခွင့် ၊ လက်ရှိ အာဏာရ အစိုးရ ရဲ့ သတင်းဌာနတွေကို ပုဂ္ဂလိက အမြန် လွှဲပြောင်းပေးဖို့၊ နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်စည်းရုံးမှုတွေမှာ လွတ်လပ်မှု၊ တရားမျှတာမှု၊ တရားဥပဒေ စိုမိုးမှုတွေ ရှိဖို့ တွေ ကတော့ မေးခွန်းထုတ် စရာတွေရှိနေတုန်းပါ။
သဘောတူ လက်မှတ်ထိုးမှု မှာ မပါဝင်တဲ့ အတိုက်အခံ အဖွဲ့အစည်းတွေ ကတော့ ဆော်ဒီအာရေးဗီးယား နိုင်ငံမှာ သဘောတူခဲ့တဲ့ အတိုက်အခံ အဖွဲ့အစည်းတွေဟာ ယီမင်ပြည်သူလူထုတရပ်လုံးကို ကိုယ်စားမပြုဘူး။ အာဏာရှင် ဆာလေ ဟာ ယီမင်နိုင်ငံမှာ လူသားတွေအပေါ် သူကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေမှာ တာဝန်ရှိတာကြောင့် တရားမျှတစွာ ဥပဒေဘောင်ထဲ က ဖြေရှင်းမှု ခံယူရအုန်းမယ်လို့ တောင်းဆိုနေကြတယ်။

တချို့ နိုင်ငံရေးလေ့လာ အကဲခတ်နေသူတွေ ကတော့ အာဏာရှင် ဆာလေး နုတ်ထွက်ပေးဖို့ လပေါင်းများစွာ ကြာအောင် ဆန္ဒပြနေကြသူတွေ၊အဖွဲ့အစည်းတွေဟာ သဘောတူဆွေးနွေးပွဲမှာ မပါဝင်တဲ့အတွက် နိုင်ငံရေး မငြိမ်မသက်မှုတွေ၊ ဆန္ဒပြမှုတွေ၊ လမ်းမတွေပေါ် မှာ အစိုးရတပ် နှင့် ဆန္ဒပြသူတွေ အကြား အကြမ်းဖက် တုန့်ပြန်မှုတွေ ဆက်လက်ရှိနေလိမ့်မယ်လို့ သုံးသပ်ထားကြတယ်။

အမေရိကန် သမ္မတ အိုဗားမား ကတော့ ဆာလေ ရာထူးက နုတ်ထွက်လိုက်ခြင်းဟာ ယီမင်နိုင်ငံ ရဲ့ သမိုင်းသစ်ကို စတင်လိုက်တာလို့ပြောဆိုလိုက်ပြီး၊ ၈ လ ကြာ အတိုက်အခံတွေ နဲ့ အစိုးရ အကြား တင်းမာမှုတွေ နှစ်ဖက်စလုံးက လျော့ချပြီး၊ အမြန်ဆုံး တွေ့ဆုံဆွေးနွေးကာ ဒီမိုကရေ စီလမ်းကြောင်း ကို အမြန်ဖော်ဆောင် ကြဖို့ တိုက်တွန်းခဲ့တယ်။ လူမျိုးစု အချင်းချင်း၊ ဘာသာရေး အဖွဲ့အစည်းအချင်းချင်း၊ အတိုက် အခံ အင်အားစု အချင်းချင်း သဘောထား ကွဲလွှဲမှုတွေ ရှိနေတာကြောင့် အကြမ်းဖက်မှုတွေ ဆက်လက် ဖြစ်ပေါ်လာမှာ ကိုလည်း နိုင်ငံတကာ အစိုးရတွေက စိုးရိမ်နေကြတယ်။

အတိုက်အခံတွေ ကတော့ သမ္မတ ဆာလေ နုတ်ထွက်သွားပေမဲ့၊ သူရဲ့ မိသားစုဝင် တွေဟာ လက်ရှိအစိုးရ အဖွဲ့မှာ အရေးပါတဲ့ ထိပ်တန်းရာထူများ နှင့် အာဏာတွေ ကို ဆက်လက် ချုပ်ကိုင်ထားဆဲလို့ ထောက်ပြကြပြီး၊ သူ့ရဲ့ မိသားစု ၀င်တွေဟာ အင်္ဂလန် နဲ့ အမေရိကန် နိုင်ငံတွေ မှာ ဒေါ်လာ သန်းချီ ပိုင်ဆိုင်မှုတွေ ရှိနေတယ်လို့ စွပ်စွဲနေကြတယ်။ အာဏာရှင် ဆာလေးရဲ့ မိသားစုတွေ ရာထူးက နုတ်ထွက်ကြဖို့ ကိုလည်း ဆန္ဒပြသူတွေက တောင်းဆိုနေကြတယ်။

ပြီးခဲ့တဲ့ မတ်လ က စစ်တပ်မှာ အရေးပါတဲ့ သံချပ်ကာ တပ်မှူးကြီး ဗိုလ်မှူးချုပ် အလီအယ်မာ (Ali Mohsen al-Ahmar) ဟာ သူရဲ့ တပ်ဖွဲ့တွေနဲ့ အတူ သမ္မတ ဆာလေ ကို ဆန့်ကျင်ခဲ့ပြီး၊ မြောက်ပိုင်း မြို့တော် ကို ထိမ်းချုပ်ထားခဲ့တယ်။ တပ်မှူးကြီး ဗိုလ်မှူးချုပ် အလီအယ်မာ ဟာ လောလောဆယ် ဆာလေရဲ့ အာဏာကို ဆက်ခံမဲ့ သား အာမတ်ဆာလေး (Ahmed Ali Abdullah Saleh )၊ တူတော်သူ (Yahya Muhammad Saleh) တို့ရဲ တပ်တွေနဲ့ အပြင်းအထန် တိုက်ပွဲ ဖြစ်ပွားနေပါတယ်။

ယီမင် အာဏာရှင် ဆာလေး အနေနဲ့ လစ်ဗျား အာဏာရှင် ဟောင်း ကဒါဗီ လို ဇတ်သိမ်း မှာ ကို အတောလေး ကြောက်ရွံ့နေပုံ ရတယ်။

အချိန်နောက်မကျခင် တော့ သူ့ရဲ့ မိသားစုဝင်တွေ နဲ့ နောက်လိုက်တွေရဲ့ နောင်ရေး ကိုကြည့်ပြီး အာဏာကို စွန့်လွှတ် ကာ ဒီမိုကရေစီ လမ်းကြောင်း ကို အမြန် ဖော်ဆောင်မှာလား၊ လစ်ဗျား အာဏာရှင် ဟောင်း ကဒါဗီ ဇတ်သိမ်းခန်းလို လမ်းပေါ် မှာ ခွေးသေကောင် တယောက်လို အဆွဲခံမလား ဆိုတာ က အနှစ် ၃၃ နှစ်ကြာ အာဏာ အရသာ ကို ပျော်မွေ့နေခဲ့တဲ့ အာဏာရှင် ဆာလေး နှင့် မိသားစု ၀င်တွေ ဖြေဆိုရမဲ့ သူတို့ရဲ့ ဇတ်သိမ်းခန်းပါ။

Saturday, November 12, 2011

ခေတ်သစ် နိုင်ငံရေး ယဉ်ကျေးမှု ဆီသို့

မြတ်စိုး | တနင်္လာနေ့၊ နိုဝင်ဘာလ ၀၇ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၁၃ မိနစ်

ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ်ဟောင်း အဘီဆစ်နဲ့ လက်ရှိ ဝန်ကြီးချုပ်သစ် ရင်လတ်တို့ အမျိုးသားရေး၊ တိုင်းပြည် အရေး ကို အတူတကွ တဦးနှင့်တဦး လေးလေးစားစား ဆက်ဆံပြီး ပူးပေါင်းဆောင်နေတာတွေ့ရတော့ အထူးဝမ်းသာ ကြည်နူးမိတယ်။ ထိုင်း ပြည်သူတွေကတော့ သူတို့ရဲ့ ခေါင်းဆောင် နှစ်ဦးကို ဂုဏ်ယူကြမှာတော့ ဧကန်မလွဲပါ။

ဒါဟာ ထိုင်း ခေါင်းဆောင်တွေ ခေတ်သစ်နိုင်ငံရေးကို ကျော်ဖြတ်နေကြပြီဆိုတဲ့ သမိုင်းအထောက်အထား တခုပါ။ သူတို့ နှစ်ဦးမှာ အမြင် မတူတာတွေ၊ သဘောထား မတူတာတွေက ရှိနေကြပေမယ့်၊ သူတို့ နှစ်ဦးဟာ ဂုဏ်သိက္ခာ ရှိတဲ့ ထိုင်းနိုင်ငံရေး ယဉ်ကျေးမှုသစ်တရပ်ကို ကျော်ဖြတ်နေကြပြီလို့ အသိအမှတ် ပြုရပါတော့မယ်။

သူတို့ နှစ်ဦးဟာ ဘာသာတူတဲ့ နိုင်ငံရေး ယဉ်ကျေးမှုတွေက ဖြတ်သန်း လာခဲ့ကြလို့ သဘောထားကြီးကြီး၊ သိက္ခာ ရှိတဲ့ နိုင်ငံရေးကို အတူတကွ လျှေက်လှမ်းနိုင်ခဲ့ကြတာလို့ ထိုင်းနိုင်ငံရေး လေ့လာသူတွေက ပြောဆိုကြတယ်။

မြန်မာ့နိုင်ငံရေး ယဉ်ကျေးမှုကို လေ့လာဆန်းစစ် ကြည့်ရင်
ဒီလိုပဲ လက်ရှိ နိုင်ငံရေးသမားတွေဟာလည်း ဖဲသမားတွေ ရှိုးကစားသလိုပဲ။ သူရှုံးရင် ရှုံး၊ ကိုယ်နိုင်ရင် အပြတ်နိုင်။ အားလုံးကုန်မှ ပြန်ဆို တဲ့ အတွေးအခေါ်မျိုးက ရှိတယ်။ ကိုယ့်မှာ အင်အားရှိတာ မရှိတာထက်၊ သူ့ကို အပြတ်နိုင် ဖို့ကိုပဲ စဉ်းစားတတ်ကြတာကိုး
တော့ မြန်မာနိုင်ငံသမိုင်း တလျှောက်မှာ နိုင်ငံရေး လောက,
က နိုင်ငံရေးသမားတွေဟာ ကြက်ခြင်းထဲက ကြက်တွေလို အချင်းချင်း ထိုးဆိတ်နေကြလို့ ခေါင်းမှာ သွေးတွေနဲ့ အမွေး
တောင် မရှိကြတော့ဘူး၊ အားလုံး မောပန်းနေကြပြီ၊ လက်ပန်း ကျနေကြပြီ။ မြန်မာ့နိုင်ငံရေးမှာ လူနှစ်ဦးရှိရင်တောင် ပါတီက သုံးပါတီ ဖြစ်လာလေ့ရှိတယ်။ တယောက် တပါတီနဲ့ ညွှန့်ပေါင်း မဟာမိတ်ပါတီ ဆိုတာမျိုးပေါ့။

ဒီလိုပဲ လက်ရှိနိုင်ငံရေးသမားတွေဟာလည်း ဖဲသမားတွေ ရှိုးကစားသလိုပဲ။ သူရှုံးရင် ရှုံး၊ ကိုယ်နိုင်ရင် အပြတ်နိုင်။ အားလုံးကုန်မှပြန်ဆိုတဲ့ အတွေးအခေါ်မျိုးက ရှိတယ်။ ကိုယ့်မှာ အင်အားရှိတာ မရှိတာထက်၊ သူ့ကို အပြတ်နိုင်ဖို့ကိုပဲ စဉ်းစားတတ်ကြတာကိုး။ တနည်းအားဖြင့် လက်ရှိမြန်မာ့နိုင်ငံရေးဟာ ဖဲသမား နိုင်ငံရေး လိုမျိုးပေါ့။ စစ်အစိုးရ ဘက်မှာကော၊ အတိုက်အခံ ဘက်မှာကော ဘာမှမရှိကြတော့ဘူး၊ ကြက်ခြင်းထဲက ကြက်တွေလိုပဲ၊ ခေါင်းမှာ သွေး
တွေနဲ့ အမွေးတွေမရှိ ဖြစ်နေကြတယ်။ အားလုံး မောပန်းနေကြပြီ၊ လက်ပန်း ကျနေကြပြီ။ ဘာမှ မရှိပဲ နှစ်ဘက်စလုံး က ဟန်ဆောင် လှည့်ဖျားပြီး ဟောက်စား စားဖို့ ပြင်နေကြတယ်။ ဝိုင်းထဲ ဆိုတဲ့ တိုင်းပြည်ကြီးမှာလည်း ဘာမရှိတော့ ဘူး။ အမှန်ကို အမှန်အတိုင်း ကြည့်မြင်တတ်လို့ အမုန်းခံ ရသူတွေလည်း ဒု နဲ့ဒေးပါ။

ဘာသာရေးမှာလည်း တောင်ကျောင်း၊ မြောက်ကျောင်း ၊
တိုင်းပြည် တိုင်းမှာ လူမျိုးပေါင်းစုံ၊ ဘာသာ
ပေါင်းစုံ အတူတကွ နေထိုင်ကြတာချည်းပဲ။
မြန်မာပြည်မှာ
တော့ လူမျိုးစွဲ၊ ဘာသာစွဲတွေ၊
ပုဂ္ဂိုလ်စွဲ အစွန်း
ရောက် အတွေး အခေါ်တွေ ရှိနေတာ နှစ်ပေါင်းကြာရှည်နေတဲ့ ပြည်တွင်း
စစ်ကိုသာ ကြည့်ပါတော့
အရှေ့ကျောင်း၊ အနောက်ကျောင်းဆိုပြီး ဘုန်းကြီးကျောင်း
တွေ ဒေသ တော်တော်များများမှာ အစွဲအလမ်းကြီးစွာ
တွေ့ရှိရတယ်။ ဘုန်ကြီးကနှစ်ပါး ဘုန်းကြီးကျောင်း
သုံးကျောင်း ဖြစ်လာရတဲ့ သာဓကတွေကလည်း ရှိကြတာ
ကိုး။ ဒါယကာ၊ ဒါယိကာမချင်းလည်း ပြိုင်၊ ရွာချင်းလည်း
ပြိုင်၊ ဘုန်းကြီးကျောင်း ချင်းလည်း ပြိုင်တဲ့ အလေ့အထ
ပေါ့။ ပြိုင်ရလွန်းလို့ ရွာသားတွေက နံရိုး အဖြိုင်းဖြိုင်းနဲ့
အလုပ် လုပ်ကြ၊ ဘုန်းကြီးကျောင်း အောက်က ခွေးတွေကတော့ အလယ်သားတွေ ကိုက်ခဲ လျက် ဝဖီးနေတာပဲ ဆိုတာမျိုးပေါ့။ ဒါက ဘုန်းကြီးကျောင်း နိုင်ငံရေးယဉ်ကျေးမှုပါ။

ထို့အတူ ဘယ်နိုင်ငံမှ လူမျိုးတမျိုး၊ ဘာသာ တမျိုးတည်း မရှိဘူး ။ တိုင်းပြည် တိုင်းမှာ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ အတူတကွ နေထိုင်ကြတာချည်းပဲ။ မြန်မာပြည်မှာတော့ လူမျိုးစွဲ၊ ဘာသာစွဲတွေ၊ ပုဂ္ဂိုလ်စွဲ အစွန်းရောက် အတွေး အခေါ်တွေ ရှိနေတာ နှစ်ပေါင်းကြာရှည်နေတဲ့ ပြည်တွင်းစစ်ကိုသာ ကြည့်ပါတော့။ စစ်ပွဲ အားလုံးကိုဆန့်ကျင်တယ်။ စစ်ပွဲဆိုရင် ဘယ်စစ်ပွဲကိုမှ မထောက်ခံဘူး။ ဆင်းရဲမွဲတေမှုကို တိုက်ဖျက်တဲ့ စစ်ပွဲပဲ ကမ္ဘာကြီးမှာ ရှိသင့်တယ်လို့ ယူဆတယ်။

အမှန်တော့ ဝမ်းနည်းစရာ ကောင်းတာက မြန်မာ့နိုင်ငံရေး သမိုင်းမှာ နိုင်ငံရေး ဂုဏ်သိက္ခာ၊ နိုင်ငံရေး အဆင့်အတန်း ကို လေးစားတန်ဖိုး မထားတတ်တဲ့ ယဉ်ကျေးမှုက ရာစုနှစ်များစွာ လွှမ်းမိုးနေခဲ့တယ်။ ဆွေးမျိုးအချင်းချင်း သတ် မင်းလုပ်၊ လူအချင်းချင်း ထောင်ချသတ်ဖြတ် အာဏာယူခဲ့တဲ့ ကြက်ခြင်းထဲက ကြက်တွေလို သမိုင်း အစဉ်အလာတွေ က ယခုအထိ ရှိနေဆဲမို့ပါ။

ထူးခြားတဲ့ နိုင်ငံရေး ယဉ်ကျေးမှု ဘုရင့်နောင် လက်ထက်မှာတော့ တွေ့ခဲ့ရတယ်။ ဘုရင့်နောင်ဟာ မင်းမျိုးမင်းနွယ်က လာတာ မဟုတ်ဘူး။ ဘုရင့်နောင်ဟာ တပင်ရွှေထီးရဲ့ နို့စို့ဖော်၊ ဖွားဖက်တော်၊ အောက်ခြေက လာတဲ့သူ။ ဘုရင့်နောင် လက်ထက်မှာတော့ ဘုရင့်နောင်ဟာ ရန်သူကော၊ မိတ်ဆွေကော မခွဲခြားဘဲ ဆက်ဆံတဲ့ သမိုင်းအထောက်အထား
တော့ ရှိခဲ့တယ်။

ဒီလို ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်နိုင်ခဲ့တဲ့ ဘုရင့်နောင်
ခေါင်းဆောင် တယောက်ဖြစ်ဖို့ အရည်အချင်း
ရှိအောင် မကြိုးစားသလို၊ နောက်လိုက်
ကောင်း
ဖြစ် ဖို့လည်း မကြိုးစား ချင်ကြဘူး။ ကြက်ခြင်း ထဲက ကြက်တွေလို ဟိုကောင်ကို ဆိတ်လိုက်၊ ဒီကောင်ရဲ့ အဆိတ်ခံလိုက်နဲ့ ခေါင်းမှာသွေးရဲ ရဲ၊ အမွေးမရှိတော့တဲ့ ကြက်ခြင်းထဲက ကြက် ဘဝမှာပဲ ပျော်မွေ့နေကြတယ်။ အမွေး၊ အတောင်မရှိတဲ့ နိုင်ငံရေး မင်းသားကြီးတွေ
ဖြစ်ချင်နေကြတယ်
ဟာမြန်မာအင်ပါယာကို ကြီးထွားလာအောင် ပြုလုပ်နိုင်ခဲ့တဲ့ သာဓကတွေ၊ ရန်သူက လေးစားချစ်ခင်လာတဲ့ သမိုင်း
အထောက်အထား တွေကရှိခဲ့တယ်။ ဘုရင့်နောင်ဟာ
ရန်သူကော၊ မိတ်ဆွေကော၊ လူမျိုးကော၊ မခွဲမခြားဘဲ တလေးတစား ဆက်ဆံခဲ့တာ တွေ့ရတယ်။ ဂုဏ်သိက္ခာ ရှိတဲ့ နိုင်ငံခေါင်းဆောင်တွေဟာ ဂုဏ်သိက္ခာရှိရှိ
တိုင်းပြည်မှာ ဦးဆောင်မှုတွေကို ပြခဲ့ကြလို့ သမိုင်းမှာ အသိအမှတ်ပြုခံ ခဲ့ရတယ် ဆိုရင်လည်း မမှားဘူး။

ဒါပေမယ့်လည်း နိုင်ငံရေးမှာ အဆင့်တူမှ၊ ဘာသာတူမှ
စကားပြောလို့ ရတယ်၊ ဆွေးနွေးလို့ရတယ်၊ ဆိုတဲ့ ဆိုစကား ရှိတယ်။ ဒါကလဲ အမှန်ပါပဲ။ နွားကျာင်းသားနဲ့ နိုင်ငံတကာမှာ အတွေ့အကြုံရှိတဲ့ ပညာရှင်တယောက်ရဲ့ အတွေး အခေါ်၊ အယူအဆ၊ စဉ်းစားမှု၊ ဖြတ်သန်းမှု၊ အတွေ့အကြုံချင်း၊ ဗဟုသုတချင်းကလည်း တူမှမတူတာကိုး။

ဖြစ်နေလေ့ရှိတဲ့ အဆိုးကြီးတခုက အားလုံးက ကိုယ့်မိသားစုတောင် ကယ်တင်နိုင်တဲ့ အရည်အချင်း မရှိဘဲ တိုင်းပြည်ကို ကယ်တင်ချင်တဲ့ နိုင်ငံရေး ခေါင်းဆောင် မင်းသားတွေချည်းပဲ ဖြစ်ချင်နေကြတာကိုး။

ခေါင်းဆောင် တယောက်ဖြစ်ဖို့ အရည်အချင်းရှိအောင် မကြိုးစားသလို၊ နောက်လိုက် ကောင်းဖြစ်ဖို့လည်း မကြိုးစား ချင်ကြဘူး။ ကြက်ခြင်းထဲက ကြက်တွေလို ဟိုကောင်ကို ဆိတ်လိုက်၊ ဒီကောင်ရဲ့ အဆိတ်ခံလိုက်နဲ့ ခေါင်းမှာသွေးရဲရဲ၊ အမွေးမရှိတော့တဲ့ ကြက်ခြင်းထဲက ကြက်ဘဝမှာပဲ ပျော်မွေ့နေကြတယ်။ အမွေး၊ အတောင်မရှိတဲ့ နိုင်ငံရေး မင်းသားကြီးတွေ ဖြစ်ချင်နေကြတယ်။

ဒီလို တောင်စဉ်မရ ဖြစ်နေတဲ့ မြန်မာ့ နိုင်ငံရေးလောက ကို အလင်းတန်းရောင်ခြည် ပေးလိုက်တာကတော့ နည်းပညာပါပဲ။ ခေတ်က ပေါ်ထွက်လာတဲ့ နည်းပညာတွေဟာ မြန်မာ့ နိုင်ငံရေး ယဉ်ကျေးမှုဆိုးကြီးကို တဖြည်းဖြည်း
မြေမြုပ်သဂြုင်္ိဟ်ဖြစ်ဖို့ အကြောင်းရင်းဖြစ်လာနေပါပြီ။ နည်းပညာ တိုးတက်လာနေမှုကို ဘယ်သူမှ တားဆီးလို့ရမှာ မဟုတ်သလို၊ ဘယ်နိုင်ငံရေး ခေါင်းဆောင်မှ အောက်လမ်းနည်းတွေနဲ့ ပြည်သူကို လိမ်လည် လှည့်ဖျား နိုင်ကြတော့ မည် မဟုတ်ပါ။ မြန်မာ ပြည်သူတွေ ဘုန်းကြီးကျောင်း နိုင်ငံရေးယဉ်ကျေးမှုကြီးက လွတ်မြောက်လာနေကြပါပြီ။

မြန်မာနိုင်ငံရဲ့ အနာဂတ်မှာ နိုင်ငံခေါင်းဆောင် လုပ်မည့်သူများ ထိုင်း နိုင်ငံရေးခေါင်းဆောင်တွေလို ဂုဏ်သိက္ခာရှိ တဲ့ ခေတ်သစ်နိုင်ငံရေး ယဉ်ကျေးမှုကို ဖြတ်သန်းဖို့ အဆင်သင့်ရှိ မရှိ၊ အရည်အချင်း ရှိ မရှိ ကိုယ့်ကိုယ်ကို ပြန်လည် ဆန်းစစ်ဖို့လိုနေပါပြီ။ ကြက်ခြင်းထဲက ကြက်တွေရဲ့ ဘဝမှာပဲ ပျော်နေကြမလား၊ ဂုဏ်သိက္ခာရှိတဲ့ ခေတ်သစ်
နိုင်ငံရေး ယဉ်ကျေးမှု ဆီသို့ ဦးတည် ချီတက်ကြမလားဆိုတာကတော့ အနာဂတ်မှာ နိုင်ငံခေါင်းဆောင် လုပ်မည့် သူများ ပြန်လည် ဆန်းစစ်ကြပါစို့။

Saturday, November 5, 2011

သဘာဝ ကို မဆန့်ကျင် ကြနဲ့၊ သဘာဝ က နောက် ဘ၀ မစောင့်ပါ။

ထိုင်း အစိုးရတွေ ဟာ သစ်ပင်တွေ၊ သစ်တောတွေ ကို အခုလို မြတ်နိုးတက်မယ်ဆိုရင်....
ဓာတ်ပုံ- ရိုက်တာ
၁၁.၀၅.၂၀၁၁

ထိုင်း နိုင်ငံမှာ မှာ ရေကြီးမှုကြောင့် လူပေါင်း ၄၄၆ ယောက် သေဆုံးပြီး နှစ်ဦးပျောက်ဆုံးနေတယ်လို့ သဘာဝ ဘေးအန္တာရာယ် တားဆီးရေး နှင့် ကာကွယ်ရေးဌာန က အတည်ပြုပြောကြားခဲ့တယ်။ ရေလွှမ်းမိုးမှု ဟာ ဒေသပေါင်း ၁၄၈ နေရာ နှင့် ခရိုင်ပေါင်း ၂၅ နေရာ မှာ လူဦးရေ ၃,၁၆၀,၄၁၇ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ ရတယ်လို့ သတင်း ထုတ်ပြန်ကြေညာခဲ့တယ်။

ရေလွှမ်းမိုးမှု နှင့် သဘာဝဘေးဒဏ် ခံခဲ့ရတဲ့ ခရိုင်တွေက တော့ Phichit, Nakhon Sawan, Uthai Thani, Chainat, Singburi, Angthong, Ayutthaya, Lopburi, Saraburi, Suphanburi, Nakhon Pathom, Pathum Thani, Nonthaburi, Samut Sakhon, Samut Prakan, Ubon Ratchathani, Si Sa Ket, Surin, Roi Et, Mahasarakham, Kalasin, Chachoengsao, Nakhon Nayok, Prachinburi and Bangkok တို့ ဖြစ်ကြတယ်။

ထိုင်းနိုင်ငံ ဟာ စက်မှုဖွံ့ဖြိုး တိုးတက်နေတာကြောင့် ပျက်ဆီးဆုံးရှုံးမှုတွေဟာ ဒေါ်လာ ဘီလီယံ ရာနဲ့ချီ လိမ့်မယ်လို့ ခန့်မှန်းထားကြတယ်။ လောလောဆယ် ကမ္ဘာ့ ရင်နှီးမြုပ်နှံမှု ဈေးကွက် နှင့် ရောင်းဝယ်မှုတွေ မှာ ဆုံးရှုံးမှုတွေရှိနေတယ်။ ထိုင်းနိုင်ငံ စက်မှုဇုံဒေသတွေ ကို ရေလွှမ်းမိုးမှု ဖြစ်ခဲ့တာကြောင့် လောလောဆယ် ထိုင်း မော်တော်ကား ထုတ်လုပ်မှုလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ လျှပ်စစ် ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်း၊ အဖျော်ယမကာလုပ်ငန်း၊ အထည်အလိပ် လုပ်ငန်း၊ စက်မှု ဆိုင်ရာ ထောက်ပံ့မှု ပစ္စည်းထုန်လုပ်ရေးလုပ်ငန်း အပါအ၀င် အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းတွေပါ ရပ်ဆိုင်းသွားခဲ့ပြီဖြစ်တယ်။ ထိုင်း စက်မှုလုပ်ငန်းများတွင် အိမ်နီးချင်း နိုင်ငံများမှ လာရောက် အလုပ် လုပ်ကိုင်သူများ အလုပ်သမား သန်းချီ ရှိ တာကြောင့် ထိုင်းနိုင်ငံ ရေကြီးမှု ဟာ အိမ်နီးချင်း ဒေသများတွင် စီးပွားရေး မတည်ငြိမ်မှုတွေ ရှိလာနိုင်ပြီး၊ ကုန်ဈေးနှုန်းကြီးမား လာနေမှုဟာ ဒေသတွင်း နိုင်ငံရေး မတည်ငြိမ်မှု ကို ဖြစ်ပေါ် လာစေနိုင်ကြောင်း ဟော်ကိန်းထုတ်မှုတွေရှိတယ်။

ထိုင်းပြည်သူတွေ က တော့ သူတို့ရဲ့ ပိုင်ဆိုင်မှု ငွေကြေးတွေ ကို ဘဏ်တွေ မှာ ယုံကြည် စိတ်ချစွာ အပ်နှံထားတာကြောင့် အခြားဆင်းရဲမွဲတေတဲ့ နိုင်ငံ က ပြည်သူတွေ လို ကြာရှည်စွာ ခံစားကြရမှာ မဟုတ်သလို၊ ထိုင်းနိုင်ငံ ငွေကြေးစနစ်၊ ဘဏ်နှင့် ဘဏ္ဍာရေးဆိုင်ရာ အဆောက်အအုံ တွေ ဟာ နိုင်ငံတကာ အဆင့်တန်းမှီ ခိုင်မာမှုရှိပြီး၊ ရင်းနှီးမြုပ်နှံသူများ က ယုံကြည် စိတ်ချမှု ရှိတာတွေကြောင့် ပြန်လည် လျင်မြန်စွာ နာလန်ထူလာနိုင်မယ်လို့ မျှော်လင့် ထားကြတယ်။ ထိုင်း နိုင်ငံရေး ဟာ လည်း တခြားအိမ်နီးချင်းနိုင်ငံတွေထက် စာရင် ပိုမိုပွင့်လင်း ပြီး၊ ထင်သာမြင်သာရှိတာ ကြောင့် ရင်းနှီးမြုပ်နှံသူများ က နောက်ဆုတ်သွား လိမ့်မယ်လို့ မထင်ကြောင်း ကမ္ဘာ့ရင်နှီးမြုပ်နှံသူများ၊ ဂျပန်စီးပွားရေး ပညာရှင်များ က Nightly Business Report နှင့် NHK သတင်း မှာ သုံးသပ် တင်ပြထားကြတယ်။

တခြားတဖက်မှာတော့ လူလတ်တန်းစား အသိပညာရှင်၊ အတက်ပညာရှင်များ အားပေးမှု မရရှိခဲ့တဲ့ လက်ရှိ ထိုင်းအစိုးရ ဟာ စီမံခန့်ခွဲ အုပ်ချုပ်မှုဆိုင်ရာ မှာ အားနည်းချက်တွေ ရှိနေတယ်လို့ ထိုင်း နိုင်ငံရေး အကဲခတ် ပညာရှင်များ က ဝေဖန်ထောက်ပြခဲ့ကြတယ်။ လက်ရှိ အစိုးရ ရေလွှမ်းမိုးမှု အပေါ် စီမံခန့်ခွဲ ပုံ အားနည်းမှု က သက်သေပြနေတယ်လို့ ထောက်ပြကြတယ်။ ငွေကြေး အင်အား အသုံးပြုကာ ဆင်းရဲသား လယ်သမားတွေ ရဲ့ ထောက်ခံမှု ရရှိပြီး၊ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ရင်လပ် အစိုးရ အဖွဲ့ မှာ အတွေ့အကြုံ နှင့် အရည်အချင်းရှိတဲ့ သူတွေ မရှိဖြစ်နေတယ်လို့ ထောက်ပြကြတယ်။




ထိုင်းနိုင်ငံ ရေလွှမ်းမိုးမှု နောက်ကွယ်က သင်ခန်းစာများ

သာဘာဝပတ်ဝန်းကျင်ထိမ်းသိန်းစောင့်ရှောက်ရေး လှုပ်ရှားနေသူများ က ထိုင်း နိုင်ငံ ရေကြီးမှု ဖြစ်ပေါ်လာရခြင်းဟာ ထိုင်း စီးပွားရေးလုပ်ငန်းရှင်ကြီးများ နှင့် ထိုင်းအစိုးရ အသီးသီး တို့ မှာ တာဝန်ရှိကြောင်း ပြစ်တင်ဝေဖန် ရှုံ့ချမှုတွေ ရှိခဲ့တယ်။ ထိုင်း စီးပွားရေးလုပ်ငန်းရှင်ကြီးများ ဟာ ထိုင်းအစိုးရ ရဲ့ အကူအညီဖြင့် အိမ်နီးချင်းနိုင်ငံ များရှိ သစ်တောများ ကို တရားဝင်ကော၊ တရားမ၀င် ခုတ်လှဲခဲ့ခြင်းဟာ လက်ရှိ ထိုင်းနိုင်ငံ ရင်ဆိုင်နေရတဲ့ ရေကြီးမှု သဘာဝ ဘေးအန္တာရာယ် ဖြစ်ပေါ်ရခြင်း ရဲ့ အဓိ က အကြောင်းအရင်းခံ ဖြစ်တယ်လို့ ပြောဆိုခဲ့ကြတယ်။ “နိုင်ငံ တနိုင်ငံ ရဲ့ သစ်တောပြန်းတီးမှု ဟာ အခြားအိမ်နီးချင်း နိုင်ငံတွေမှာ သဘာဝဘေးအန္တာရာယ် ကျရောက်စေတယ်” ဆိုတဲ့ အချက် ကို သက်သေပြခဲ့တာလို့ဆိုတယ်။

ထိုင်း ပြည်သူများ၊ ထိုင်း အစိုးရ များ အနေနဲ့ မိမိတို့နိုင်ငံ ဖွံဖြိုးတိုးတက်နေပေမဲ့၊ အိမ်နီးချင်း နိုင်ငံတွေရဲ့ သဘာဝပတ်ဝန်းကျင် ကို ပျက်ဆီးနေမှု ကို လစ်လျှူရှု့ မနေသင့်ဘူးလို့ ဆိုတယ်။ ထိုင်းနိုင်ငံ မှာ သစ်တော မပြုန်းတီးဖို့ သစ်ပင်တွေ စိုက်ပျိုးမှုတွေ ရှိခဲ့သော်လည်း ၊ အိမ်နီးချင်း နိုင်ငံများတွင် သစ်တော ပြန်းတီးနေမှု ကြောင့် သဘာဝဘေး အန္တာရာယ် ကို တားဆီး ဟန့်တားမှု မပြုလုပ်ပေးနိုင် ဖြစ်ခဲ့ရတယ်လို့ ဆိုတယ်။ အဓိက ဆိုလိုတာကတော့ ထိုင်းလူမျိုးတွေ ဟာ အိမ်နီးချင်း နိုင်ငံ တွေ မှာ သဘာဝ ပတ်ဝန်းကျင် ပျက်ဆီးဆုံးရှုံးမှုတွေ ကို လက်ပိုက်ကြည့် နေကြပေမဲ့၊ သဘာဝ က လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး ဆိုတဲ့ အချက်ပါ။ သဘာဝ အလှ ကို ဖျက်စီးရင် သဘာဝ က ပဲ တိုက်စားသွားပါလိမ့်မယ်။ သဘာဝ ကို ဆန့်ကျင်တာတွေ မလုပ်မိကြဖို့ အစိုးရတိုင်းမှာကော၊ ပြည်သူ တိုင်းမှာ တာဝန်ရှိတာ သတိပြုမိကြဖို့လိုတယ်။

ရေလွှမ်းမိုးမှု နောက်ကွယ်က နိုင်ငံရေး

ထိုင်း ပညာရှင်လူငယ်များ၊ နိုင်ငံရေးလေ့လာ သူများ ထိုင်း facebook စာမျက်နှာ မှာ ဆွေးနွေး သုံးသပ်တင်ပြထားတဲ့ အချက်တွေထဲမှာ ထူးခြားတဲ့ အချက် က တော့ ထိုင်း လက်ရှိ အစိုးရ ကို ပြစ်တင်ဝေဖန်ထားတဲ့ အချက်ပါ။ ထိုင်း အစိုးရ တာဝန်ရှိသူတွေ ဟာ ရေမလွှမ်း မိုးခင် ရက်ပိုင်း ရေကာတာ တွေ ရဲ့ ရေတံခါးတွေ ကို မဖွင့် ပေးခဲ့လို့ ဆိုတယ်။ သူတို့ က လက်ရှိ ထိုင်းအစိုးရ က ရေတံခါးဖွင့် တဲ့ အချိန်ဇယား သမိုင်း ကို အစိုးရ က အများပြည်သူ သိရှိအောင် ထုတ်ဖော်ပြသပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ထိုင်း အစိုး ရ ကတော့ ရေတံခါးတွေ မဖွင့်ပေး ခဲ့ခြင်းဟာ ထိုင်း တောင်သူလယ်သမား တွေ ရဲ့ လယ်ယာမြေ ကို ထိခိုက် မှာ မို့ ကာကွယ်ရခြင်းဖြစ်ကြောင်း လို့ အကြောင်းပြထားတယ်။ လက်ရှိ အစိုးရ ဟာ လယ်သမားတွေ ထောက်ခံမှု ရရှိကာ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တာဖြစ်တယ်။ ထိုင်း ပြည်သူတွေ ကတော့ ရေတွေ ကို ထိုင်း တောင်ပိုင်း ပင်လယ်ကွေ့ထဲ သို့ ရောက်ရှိစီးဆင်းအောင် နှင့် ရေကြောင်းလွှဲသွားအောင် ရေတံခါးတွေ ဖွင့်ဖို့ ပြောဆိုခဲ့ကြတယ်။


ထိုင်း နိုင်ငံ ရွေးကောက်ပွဲ တွေ နဲ့ နိုင်ငံရေး မဲဆွယ်ပွဲတွေ မှာ ထိုင်းပြည်သူတွေ အတွက် အမြဲရှိနေပါတယ်ဆိုတဲ့ ၀န်ကြီးချုပ်ဟောင်းတွေ ဖြစ်ကြတဲ့ တပ်ခ်ဆင် နဲ့ ချောင်ဗာလစ် တို့ ထိုင်း ပြည်သူတွေ ခံစားနေကြတဲ့ ရေကြီးမှု တွေ ကို ဘာတွေ အကူအညီတွေပေးနေသလဲ ဆိုတာ ထိုင်းပြည်သူတွေ က မေးခွန်းထုတ်နေကြတယ်။ သူတို့ နှစ်ဦးဟာ ထိုင်းနိုင်ငံရေး ကို ငွေ နဲ့ အာဏာနဲ့ ခလောက်ဆန်ခဲ့ကြသလို၊ အိမ်နီးချင်း နိုင်ငံများ ၌ သစ်တောပြန်းတီးခဲ့မှုတွေ မှာ လည်း အဓိက တာဝန်ရှိသူတွေဖြစ်ကြတယ်။ မြန်မာနိုင်ငံ တောင်ပိုင်း၊ အရှေ့ပိုင်း သစ်တော ပြုန်းတီးခဲ့မှုများမှာ ထိုင်း စစ်တပ် ဦးစီးချုပ် နှင့် ဗိုလ်ချုပ်ကြီးဟောင်း ချောင်ဗာလစ် ၌ အဓိက တာဝန်ရှိသူဖြစ်တယ်။

မြန်မာ နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး

မြန်မာနိုင်ငံ၌ သစ်တော အမျိုးအစားများအလိုက် သစ်တောဧရိယာ စုစုပေါင်း ၁၃၆၅၈၁ စတုရန်းမိုင်ရှိတယ် လို့ စစ်အစိုး ရ က ထုတ်ပြန်ကြေညာခဲ့တယ်။

မြန်မာနိုင်ငံသည် မြောက်ဘက်စွန်း၌ အမြင့် ၁၉၃၁၅ ပေရှိသည့် ရေခဲတောင် ဖုံးလွှမ်းရာ သမပိုင်း တောင်ပေါ် အမြဲစိမ်းသစ်တောများမှ တောင်ဘက်စွန်း၌ ဒီရေတောနှင့် အပူပိုင်းအမြဲစိမ်းသစ်တောများ ဖုံးလွှမ်း ပေါက်ရောက်လျက် သွင်ပြင်ထူးခြားသည့် အရှေ့တောင်အာရှတွင် တစ်ခုတည်းသော နိုင်ငံဖြစ်သည်။ နိုင်ငံအတွင်း စိစစ်လေ့လာ တွေ့ရှိရသည့် သစ်တောအမျိုးအစားများမှာ ဒီရေတော ဧရိယာ ၅၃၀၉ စတုရန်းမိုင် (၄ရာခိုင်နှုန်း)၊ အပူပိုင်းအမြဲစိမ်းတော၂၁၂၃၅ စုတုရန်းမိုင်(၁၅ ရာခိုင်နှုန်း)၊ ရွက်ပြတ်ရောနှောတော ၅၁၇၆၄ စတုရန်းမိုင် (၃၈ ရာခိုင်နှုန်း)၊ တောခြောက် ၁၃၂၇၄ စတုရန်းမိုင် (၁၀ ရာခိုင်နှုန်း) အင်တိုင်းတော ၆၆၃၇ စတုရန်းမိုင် (၅ ရာခိုင်နှုန်း)၊ တောင်ပေါ်နှင့် သမပိုင်းအမြဲစိမ်းတော ၃၄၅၀၉ စတုရန်းမိုင် (၂၅ ရာခိုင်းနှုန်း)၊ တောနိမ့်၊ ချုံပုတ်တော ၃၈၅၃ စတုရန်းမိုင် (၃ ရာခိုင်နှုန်း ) စုစုပေါင်း ၁၃၆၅၈၁ စတုရန်းမိုင်(၁၀၀ ရာခိုင်နှုန်း) ဖြစ်ကြောင်း ၂၀၁၁ ခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။

ဒါပေမဲ့ လည်း ကမ္ဘာ့ ဆက်သွယ်ရေး ဂြိုဟ်တု က ရိုက်ထား တဲ့ ပုံတွေ မှာ တော့ မြန်မာ နိုင်ငံ အတွင်း သစ်တောပြုန်းတီးမှုတွေ၊ တော မီးလောင်မှုတွေ ကို အထောက်အထား ဖြင့် ထင်ထင်ရှားရှား တွေ့မြင်နေရတယ်။ တချို့ နေရာတွေမှာ အမြဲစိမ်း ဇုံ ကနေ စွတ်စိုသော အပူပိုင်းဇုံ အဖြစ် ပြောင်းလဲ ရောက်ရှိနေကြောင်း သိပ္ပံပညာရှင်များ က ထုတ်ဖော်ပြောဆိုခဲ့ကြတယ်။ မြန်မာ နိုင်ငံ မှာ တကယ် သဘာဝပတ်ဝန်းကျင် ကာကွယ် စောင့်ရှောက် ထိမ်းသိန်းထားတယ်လို့ ယူဆထားတာ ဟာ ၂၇၈၄ စတုရန်း ကီလိုမီတာ သာရှိတယ်လို့ ယင်း နာဆာ သိပ္ပံ ပညာရှင်များ က ၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၁၈ ရက် မှာ ပြောဆိုခဲ့တာပါ။ ပဲခူးရိုးမ မှာ အများဆုံးရှိပြီး၊ စတုရန်း ကီလိုမီတာ ၂၄၉၈ ရှိ တယ်လို့ အတည်ပြုထားတယ်။ ( Pegu Yomas 2,490 Naaf River 140 Mohingyi 130, Dipayon 20, Letkokkon 4)

Fires in Burma, Thailand, Laos, and Vietnam

This ecoregion represents the lowland evergreen and semi-evergreen rain forests of the western side of Arakan Yoma and Tenasserim ranges along the west coast of Myanmar. A small area extends into southeast Bangladesh. It falls within the tropical wet climate zone of the Köppen climate system.

မြန်မာနိုင်ငံ အတွင်း ၌ သစ်တောနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများ မလုပ်ဆောင်ပါက ထိုင်းနိုင်ငံ ရေလွှမ်းမှု လို သဘာဝ ဘေးအန္တာရာယ် နဲ့ ရင်ဆိုင်ရကာ အနာဂတ် စားနပ်ရိက္ခာ ဖူလုံရေးအတွက် စိုးရိမ်ဖွယ်ရှိကြောင်း မြန်မာ ပညာရှင်များက အကြိမ်ကြိမ် သတိပေး ပြောကြားခဲ့ပြီးဖြစ်သည်။ မြန်မာနိုင်ငံ မှာ တရားဝင် ကော ၊ တရားမ၀င် သစ်တော ခုတ်လှဲမှုတွေ ကို အမြန်ရပ်ဆိုင်းကာ ပညာရှင်များ၊ ကျွမ်းကျင်သူများ ပြန်လည်စီစစ်ဖို့ လိုအပ်ကြောင်း တောင်းဆို ထားကြောင်းပါ။

Sunday, October 16, 2011

ပြားနေတဲ့ ကမ္ဘာကြီး နဲ့ လုံး နေတဲ့ မြန်မာပြည်

အစိုးရ က ငွေကြေး ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ဓနရှင် ကုမ္ပဏီကြီးများ နှင့် ဘဏ်ကြီး တွေကို ငွေးကြေးထောက်ပံ့ ပေးနေမှုတွေ အပေါ် ဆန့်ကျင်တဲ့ လူ ၁၀,၀၀၀ ကျော် တက်ရောက်ခဲ့တဲ့ မဲဒရစ် ဆန္ဒပြပွဲ
-မြတ်စိုး-
၁၀.၁၆.၂၀၁၁

၂၀၀၇ ခုနှစ် က မြန်မာစီးပွားရေးပညာရှင်များတင်သွင်းခဲ့သော Butterfly Effect on World Economic Cha၀s ဆောင်းပါး ရေးသား မျှဝေ ခဲ့ပါတယ်။ ဒီဆောင်းပါးမှာ ကမ္ဘာ့စီးပွားရေးပညာရှင်တွေရဲ့ သုံးသပ်ဆွေးနွေးထားမှုတွေ ကို လည်း တင်ပြပေးခဲ့ပါတယ်။

သူတို့ရဲ့ သုံးသပ်ချက်တွေထဲ က မန်ဆာချူးဆတ် စက်မှုတက္ကသိုလ် ( MIT) မှ ရာသီဥတုနှင့် ဇလဗေဒ ပညာရှင် တဦး ဖြစ်တဲ့ အက်ဒ၀ပ်လိုရင့်ဇ် ( Edward Lorenz) ရဲ့ လေ့လာတွေ့ရှိချက် ကို လက်ရှိစီးပွားရေး အခြေအနေနဲ့ နှိုင်းယှဉ်ပြီး သုံးသပ်ဆွေးနွေးထားခဲ့တယ်။ ဒီ ယူဆချက်အရ မြောက်အမေရိက က လိပ်ပြာတကောင် အတောင်တဖျတ်ဖျတ် ရိုက်ခတ် လိုက်မှုကြောင့် အင်အားကြီးမားတဲ့ ဆူနာမီ လှိုင်းလုံးကြီးဟာ ကမ္ဘာ့နိုင်ငံအသီးသီး စီကို ဦးတည်ပြီး ရိုက်ခတ်စေမယ် ဆိုတဲ့ အချက်ပါ။ ဒီ ဆွေးနွေးမှု ထဲမှာ နိုင်ငံတနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေဟာ အခြားနိုင်ငံတွေကို သက်ရောက် စေနိုင်တယ် လို့ ဖော်ပြခဲ့တယ်။ ယနေ့ ကမ္ဘာ့နိုင်ငံ အသီးသီးမှာ ရင်ဆိုင်နေကြရတဲ့ စီးပွားရေး နဲ့ ငွေကြေးဆိုင်ရာ ပြဿနာများ ကို ကြည့်ခြင်းအားဖြင့် ဒီအချက်ဟာ မှန်ကန်မှုရှိကြောင်း သက်သေပြနေတယ်။

ပြီးခဲ့တဲ့လ နယူယောက်မြို့ မှာ စတင်ခဲ့တဲ့ အစိုးရ က ငွေကြေး ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ဓနရှင် ကုမ္ပဏီကြီးများ နှင့် ဘဏ်ကြီး တွေကို ငွေးကြေးထောက်ပံ့ ပေးနေမှုတွေ အပေါ် ဆန့်ကျင်တဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြ နေမှု ဟာ ရက်ပေါင်း ၃၀ ကျော် ကြာ သွားပြီးနောက် ဒီ ဆန္ဒပြမှုတွေဟာ မြောက်အမေရိက၊ ဥရောပ၊ နှင့် အာရှ မြို့ကြီးတွေ ကနေ တကမ္ဘာလုံး ကို ကူးစက်သွားနေပါပြီ။ နိုင်ငံတကာ မြို့တော်တွေဖြစ်ကြတဲ့ နယူးယောက်၊ တိုရွန်တို၊ အေသင်၊ လန်ဒန်၊ ပဲရစ် ၊ ဇူးရစ်၊ ဘရာဆယ်လ်၊ အမ်ဆာဒမ်၊ မဲဒရစ်၊ ဖရန့်ဖွတ်၊ စတော့ဟုမ်း၊ တဲလ်အဗီ၊ ယောင်ကောင်၊တိုကျို နဲ့ ဆိုးလ်မြို့ တွေမှာ အစိုးရတွေက ငွေကြေးဆိုင်ရာ ဓနရှင် ဘဏ် ကုမ္ပဏီကြီးတွေ ကို ငွေကြေးထောက်ပံ့ပေး ကျားကန်မှုတွေ ကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေ ကို ကျင်းပ နေကြပါပြီ။

အမ်ဆာဒမ် လူထုဆန္ဒထုတ်ဖော်ပွဲ ( ဓာတ်ပုံ CNN)
လူ ၇၀၀၀ ကျော် တက်ရောက်တဲ့ ဘရာဆယ်လ် လူထုဆန္ဒထုတ်ဖော်ပွဲ

ဆန္ဒပြသူတွေဟာ လက်ရှိ အလုပ်လက်မဲ့ပြဿနာ၊ အစိုးရ က အခွန် တိုးမြင့်ကောက်ခံမှုတွေ၊ လစာဖြတ်တောက်မှုတွေ အပေါ် ကန့်ကွက် ရှုံ့ချ ဆန္ဒ ထုတ်ဖော်ပြသခဲ့ကြတယ်။ အချို့မြို့ကြီးတွေ မှာတော့ ရဲ နှင့် ဆန္ဒပြသူတွေ အကြား အကြမ်းဖက် အပြန်အလှန်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တယ်။ ဆန္ဒပြသူတွေထဲမှာ အလုပ်လက်မဲ့ဖြစ်နေသူ တွေ ပါဝင်သလို၊ အလုပ်အကိုင်ရှိသူတွေလည်းပါဝင်ကြပြီး၊ အတိုက်အခံ နိုင်ငံရေးခေါင်းဆောင်များ၊ နာမည်ကျော် အနုပညာရှင်များ နှင့် ရုပ်ရှင် သရုပ်ဆောင်များ၊ အလွှာပေါင်းစုံ အသီးသီးက ပါဝင်ခဲ့ကြပြီး၊ ဆန္ဒပြမှု ကို ထောက်ခံကြောင်း ဖော်ထုတ်ပြသခဲ့ကြတယ်။

အာရှတိုက် မှာတော့ စီးပွားရေး အားကောင်းတဲ့ ဂျပန် နိုင်ငံဟာ က ဆူနာမီ၊ နျူကလီးယားယိုစိမ့်မှု ပြဿနာ တို့ ကြောင့် စီးပွားရေး နာလန်ထူ လာဖို့ နှစ်အတောကြာ စိမ်ခေါ်မှုများစွာနဲ့ ရင်ဆိုင်ကြရလိမ့်မယ်လို့ ခန့်မှန်းနေကြတယ်။ ၂၀၀၇ ခုနှစ် ကမ္ဘာ့စီးပွားရေး ကပ်ဆိုက်ချိန်က စပြီး၊ ဂျပန် အစိုးရ အဆက်ဆက် တိုင်းဟာ စီးပွားရေး ပြန်လည် ဦးမော့လာဖို့ နည်းလမ်းပေါင်းစုံ နဲ့ အဖြေရှာခဲ့ကြတယ်။ ဂျပန် ဗဟိုဘဏ်ဟာ စီးပွားရေး အားကောင်းလာစေဖို့ အတိုးနှုန်း ကို သုည ရာခိုင်နှုန်းအထိ လျော့ချခဲ့ကြတယ်။ စီးပွားရေး ပြန်လည်ကောင်းမွန်အောင် နည်းလမ်းပေါင်းစုံနဲ့ အဖြေရှာတာ မအောင်မြင်ကြလို့ ဂျပန် ၀န်ကြီးချုပ် လေးဦး ၅ နှစ် အတွင်း နုတ်ထွက်ခဲ့ကြတယ်။ ၂၀၀၇ ခုနှစ် က နေ ၂၀၁၁ ခုနှစ် အထိ ၅ နှစ် အတော် အတွင်း ဂျပန်ဝန်ကြီးချုပ် ၅ ယောက် ပြောင်းလဲ ခဲ့ပြီးပါပြီ။

ဒါကြောင့်မို့ ကမ္ဘာ့နိုင်ငံရေး ကို လေ့လာ သုံးသပ်နေသူတွေကတော့ ၂၀၀၇ ခုနှစ် က စတင်ခဲ့တဲ့ ကမ္ဘာ့စီးပွားရေး ကပ်ဆိုးကြီးကြောင့် ကမ္ဘာ့နိုင်ငံ အသီးသီးမှာ Japanization ဖြစ်လာလိမ့်မယ်လို့ သုံးသပ်နေကြတယ်။ ဆိုလိုတာက ကမ္ဘာ့နိုင်ငံ အသီးသီးမှာ ဂျပန် အစိုးရတွေလို စီးပွားရေး နာလန်ထူလာအောင် တိုက်ပွဲဝင်ရင်း အစိုးရ အပြောင်းအလဲ တွေ ရှိလာလိမ့်မယ်လို့ သုံးသပ်ထားကြတယ်။ အမေရိကန် နိုင်ငံ မှာလည်း အိုဘားမား ဟာ နောက်ထပ် သက်တမ်း အတွက် အလားအလာ နည်းလာ နေပြီ လို့ သုံးသပ်ထားကြတယ်။ အာရပ်မှာတော့ အဏာရှင်တွေ တဘုန်းဘုန်းလဲကျခဲ့ကြတယ်။

မြန်မာနိုင်ငံ အိမ်နီးချင်းနိုင်ငံ ဖြစ်တဲ့ ထိုင်းနိုင်ငံ မှာတော့ လက်ရှိရင်ဆိုင်နေရတဲ့ ရေကြီးမှုဒဏ်ကြောင့် နေရာတော်တော်များများမှာ စက်ရုံ၊အလုပ်ရုံတွေ ပျက်စီးသွားကြတယ်။ ကမ္ဘာ့စီးပွားရေးကပ်ဆိုး နှင့် သဘာဝဘေးဒဏ်တွေကြောင့် အရောင်းကျဆင်းနေတဲ့ တိုယိုတာ၊ ဟွန်ဒါ ဂျပန် မော်တော်ကား ကုမ္ပဏီကြီးတွေဟာ ထိုင်းနိုင်ငံ သဘာဝ ရေကြီးမှု ဒဏ်ကြောင့် အာရှ ခံစစ် ထပ်မံ ကျိုးပေါက် သွားခဲ့ပြန်ပါပြီ။ လောလောဆယ် ရေလွှမ်းမိုးမှုကြောင့် ထိုင်းနိုင်ငံမှာ တိုယိုတာ၊ ဟွန်ဒါ ဂျပန် မော်တော်ကား လုပ်ငန်းတွေရဲ့ ထုတ်လုပ်မှုတွေ ရပ်ဆိုင်းခဲ့ရတယ်။ ဒီကုမ္ပဏီကြီးတွေမှာ suppliers လို့ခေါ်တဲ့ သူတို့ကို မှီခို လုပ်ကိုင်နေကြတဲ့ လုပ်ငန်းတွေဟာလည်း ကုမ္ပဏီပေါင်း ရာနဲ့ချီရှိကြတာမို့ ထိုင်းနိုင်ငံ မှာ အလုပ်လက်မဲ့ ပြဿနာ ကြီးမားမှု နှင့် ကုန်ထုတ်လုပ်မှုတွေ ကျဆင်းလာစေမှာတော့ အမှန်ပါပဲ။ ဒီနေ့ ထိုင်းအစိုးရ က ရေကြီးမှု ကြောင့် ပျက်စီးမှုတွေကို ကိန်းဂဏန်းအချက်အလက်နဲ့ ထုတ်ဖော်ကြေညာ သွားခဲ့တယ်။ ဘန်ပ အင် ဒေသ တစ်ခုထဲမှာပင် စက်ရုံပေါင်း ၉၀ နှင့် အလုပ်သမား ၆၀, ၀၀၀ ကျော် အလုပ်အကိုင် ရပ်စဲသွားခဲ့ပြီး၊ ဆုံးရှုံးမှု ၁၉၄ ဘီလီယံ ဘတ် ကျော်ရှိတယ်လို့ အတည်ပြု ပြောဆိုခဲ့တယ်။ ထိုင်းနိုင်ငံမှာ ရေလွှမ်းမိုးမှုကြောင့် နေရာတော်တော်များများမှာ စက်ရုံပေါင်း ရာကျော်ပျက်စီး မှုတွေရှိကြောင်း အစိုးရ က ထုတ်ဖော်ပြောဆိုခဲ့တယ်။

ထိုင်းနိုင်ငံ ရေလွှမ်းမိုး မှု ခံခဲ့ရတဲ့ ဟွန်ဒါ မော်တော်ကားစက်ရုံ

ထိုင်းနိုင်ငံ ရေလွှမ်းမိုး မှု ခံခဲ့ရတဲ့ တိုယိုတာ မော်တော်ကားစက်ရုံ


ထိုင်းနိုင်ငံ လက်ရှိခံစားနေရတဲ့ သဘာဝဘေးဒုက္ခတွေကြောင့် ၊ ထိုင်းနိုင်ငံ ကို မှီခိုအားထားနေကြတဲ့ အိမ်နီးချင်းနိုင်ငံတွေ အားလုံး ကို အကျိုးသက်ရောက်မှုတွေရှိလာပါလိမ့်မယ်။ အလုပ်လက်မဲ့ပြဿနာတွေ၊ ကုန်ဈေးနှုန်းကြီးမြင့်မှုတွေ၊ စားနပ်ရိက္ခာပြဿနာတွေ၊ ကုန်သွယ်မှုတွေ အပေါ် ကို အကြီးအကျယ် အကျိုးသက်ရောက်မှုရှိလာတော့ မှာ ဖြစ်တယ်။ ဘန်ကောက် ၊ အယုဒယ က စတင်မဲ့ ဆူနာမီလှိုင်းလုံး ဟာ မြန်မာနိုင်ငံ အပါအ၀င် အိမ်နီးချင်းနိုင်ငံတွေ ကို ရိုက်ခတ်ဖို့ ဦးတည် ပြေးလွှားနေပါပြီ။

ယနေ့ ကမ္ဘာ့ချမ်းသာတဲ့ နိုင်ငံ အသီးသီးဟာ လည်း ကိုယ့်နိုင်ငံအတွင်းရင်ဆိုင်နေရတဲ့ ပြဿနာ များ ကို ဖြေရှင်းနေကြရလို့ ပြားချပ် နေပြီ ဆင်းရဲမွဲတေနေတဲ့ နိုင်ငံတွေကို ငွေကြေးဆိုင်ရာ ထောက်ပံ့မှုတွေ ကို အရင်ကလို ထောက်ပံ့ကူညီနိုင်ကြတော့မှာ မဟုတ်ပါဘူး။

ကျိန်းသေတာကတော့ ကမ္ဘာ့နိုင်ငံ အသီးသီးဟာ ပြားချပ်လာပြီး၊ မြန်မာနိုင်ငံ ကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေတွေ၊ ၁၉၉၀ ရွေးကောက်ပွဲရလာဒ်တွေ၊ နိုင်ငံရေး အကျဉ်းသားတွေ၊ ပြည်တွင်းစစ်တွေ၊ အစွန်းရောက် လူမျိုးရေးစွဲ တွေ နဲ့ လုံးချာပတ်ချာ လိုက်နေတုန်းပဲ။ ကမ္ဘာကြီးက ပြားပြီး၊ မြန်မာပြည် ကတော့ လုံး ကာ ဆန့်ကျင်ဘက် လားရာ ကို ဦးတည်နေတုန်းပါပဲ။

Tuesday, October 11, 2011

တိုင်းပြည်မှာ တံခါးတွေ ဖွင့်ဖို့ အချိန်တန်ပြီ




-မြတ်စိုး-
၁၀.၀၈.၂၀၁၁

မြန်မာနိုင်ငံမှာ ၁၉၈၈ ခုနှစ် က အစ စစ်တပ်က အာဏာသိမ်းယူခဲ့တာဟာ အခုဆို ၂၃ နှစ်ထဲ ကို ရောက်ရှိခဲ့ပါပြီ။ ၂၃ နှစ်အတွင်း မြန်မာပြည်ရဲ့ အခြားတဖက်မှာ တည်ရှိနေတဲ့ ကမ္ဘာကြီးမှာ သိသိသာသာ တိုးတက်ပြောင်းလဲမှုတွေ ကို တွေ့လာရတယ်။ ဘာလင်တံတိုင်း ဆိုတာလဲ မရှိတော့ဘူး။ ဆိုဗီယက်ယူနီယံ ဆိုတာ မရှိတော့ဘူး။ ယူဂိုဆလားဗီးယားကနေ တိုးတက်နေတဲ့ နိုင်ငံငယ်တွေပေါ်ထွက်လာတယ်။ တရုတ်က မဟာတံတိုင်းကြီးမှာလဲ ပညာတက်လူငယ်ခေါင်းဆောင် တွေ ကို အစားထိုးခဲ့လို့ တိုးတက်ပြောင်းလဲလာမှု တွေကို တွေ့လာရတယ်။ ဗီယက်နမ် ကွန်မြူနစ် နိုင်ငံမှာ ဈေးကွက် စီးပွားရေး စနစ် လက်တွေ့ကျကျ လက်ခံ ကျင့်သုံးလာတယ်။ အစုရှယ်ရာများကို ရောင်းဝယ်နိုင်တဲ့ Ho Chi Minh Stock Exchange (HOSE) ကြီးကို ဟိုချီမင်း မြို့တော်မှာ ဂုဏ်ယူဝံ့ကြွားစွာ တည်ထောင်ခဲ့တာ တွေ့ရတယ်။ အရှေ့တောင်အာရှက အာဏာရှင်တွေ၊ အာဖရိက က အာဏာရှင်တွေ၊ အာရပ်က အာဏာရှင်တွေ အသျှိုသျှို ပျောက်ကွယ်သွားခဲ့တယ်။ “ဓညင်းသီး နှင့် ကြွက်စုတ် လို့ တင်စား ခေါ်ဆိုခံခဲ့ကြရတဲ့ ကွန်မြူနစ် နဲ့ ဘူစွာ အရင်းရှင် အကြားရှိ စစ်အေးတိုက်ပွဲ တွေ၊ အတွေးအခေါ် ဆိုင်ရာ ပဋိပက္ခတွေ နေရာမှာ အာဏာရှင် အောက်က လွတ်မြောက်မှု တိုက်ပွဲနဲ့ လူ့ဂုဏ်သိက္ခာ ဆိုင်ရာ တိုက်ပွဲ များက အစားထိုးလာခဲ့ကြတယ် တွေ့လာရတယ်။

အိမ်နီးချင်းနိုင်ငံ တွေမှာ လည်း လူငယ်ခေါင်းဆောင်တွေ၊ အမျိုးသမီး နိုင်ငံရေး ခေါင်းဆောင်သစ်တွေ၊ စီးပွားရေးခေါင်းဆောင်သစ်တွေ နဲ့ အစားထိုး ပြီး တိုင်းပြည်ကို ဦးဆောင်လာနေတာ တွေ့ရတယ်။ အာရှ နိုင်ငံတွေမှာ ကမ္ဘာ့အဆင့်မှီ စီပွားရေး၊ ငွေကြေးစနစ် ဆိုင်ရာ နှင့် အခြေခံ အဆောက်အအုံတွေ အခိုင်အမာ တည်ရှိလာတာ တွေ့ရတယ်။

အနှစ် ၂၀ ကျော် အတွင်း နိုင်ငံရေး၊ စီးပွားရေး တိုးတက်၊ ပြောင်းလဲမှုတွေ မရှိတာကတော့ မြန်မာနိုင်ငံ နှင့် မြောက်ကိုရီးယား နှစ်နိုင်ငံ ပါပဲ။ ဒီနှစ်နိုင်ငံဟာ ကမ္ဘာ့အလယ်မှာ ခေတ်သစ် ရဲ့ “ဓညင်းသီး နှင့် ကြွက်စုတ်” လို့ တင်စားခေါ်ဆိုခံ နေရတယ်။

ဒီနိုင်ငံတွေမှာ ကိုယ့်နိုင်ငံမှာ ကိုယ်နေပြီး ဧည့်စာရင်း တိုင်ရတာ၊ ထောက်ခံစာလုပ်ရင် အလှူငွေပေး ရတာ အစဉ်အလာ ရှိနေတုန်းပဲ။ ကိုယ်ထူ ကိုယ်ထ ဆိုပြီး စာသင်ခန်းတွေ၊ ကျောင်းတွေရဲ့လိုအပ်ချက် တွေဖြစ် တဲ့ အဆောက် အအုံပြုပြင်ထိန်းသိမ်းတာ၊ အသစ် ဆောက်လုပ်တာ၊ ကျောင်း ပရိဘောဂ၊ ကျောင်း အတွက် လိုအပ်တဲ့ အထွေထွေ ပစ္စည်းများ စတာ တွေအတွက်ကို ကျောင်းသား မိဘတွေဆီ အတင်းတောင်းခံ နေတာတွေ၊ စစ်ပွဲတွေမှာ ပေါ်တာ ဆိုပြီး လူတွေ ကို အတင်း အဓ္ဓမ ဖမ်းဆီး ခိုင်းစေတာတွေ၊ ဒီနှစ်နိုင်ငံမှာ ရှိနေတုန်းပဲ။

မြန်မာနိုင်ငံ ကို ကြည့်မယ်ဆိုရင် နိုင်ငံရေး အကျဉ်းသားတွေဟာ အကျဉ်းထောင်တွေထဲမှာ နှစ်ရှည် ထောင်သွင်းအကျဉ်းချထားခြင်းခံနေရတယ်။ နှစ်ပါင်း ၂၀ ကျော် အတွင်းမှာ လူဦးရေရဲ့ ၃ ပုံ ၁ ပုံ ဟာ ဆင်းရဲမွဲတေမှုအောက်မှာနေနေကြရတယ်။ လူဦးရေ ၄ သန်းကျော်ဟာ လည်း မြန်မာပြည်က ထွက်ခွာပြီး နိုင်ငံတကာ အရပ်ရပ်မှာ အလုပ်လုပ်ကိုင်နေကြရတယ်။ တိုင်းပြည်မှာ လူငယ်တွေ ထွက်ခွာသွားတဲ့ အတွက် မျိုးဆက်သစ်တွေ ပျောက်ကွယ်ခဲ့ရတယ်။ လူလတ်တန်းစား တဖြေးဖြေး ပျောက်ကွယ်လာပြီး စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးတွေ မှာ အဖက်ဖက် က ပျက်စီးယိုယွင်းမှုတွေ ရှိလာခဲ့တယ်။ နယ်ပယ် အသီးသီး၌ အရည်အသွေး ကောင်းမွန်သည့် အနာဂတ်လူငယ်ခေါင်းဆောင်များ ဆုံးရှုံးခဲ့ရတယ်။

မြန်မာပြည် မှာ တက္ကသိုလ်ကျောင်း မှာ ဆရာတွေနဲ့ ကျောင်းသားတွေဟာ မိုးထဲ၊လေထဲ၊ တောထဲမှာ ပညာသင်ကြားနေရတယ်။ မြို့တော် ရန်ကုန်က ဒဂုံမြို့သစ် က တက္ကသိုလ်ကျောင်းတွေဆို နားဂစ် တိုက်ပြီးကတည်း က အခုထိ စစ်အစိုးရ က အပျက်အစီးတွေ ကို မပြင်ဆင်ပေးနိုင်သေးဘူး။ ပညာရေးစနစ်မှာ ယခင်က အာရှ မှာ နံမည်ကြီးခဲ့ မြန်မာနိုင်ငံက တက္ကသိုလ်တွေဟာ တောလက် ကျေးရွာ တွေကိုပင် အပို့ခံခဲ့ရတယ်။ မြို့ပြ တက္ကသိုလ် ပညာရေး ကနေ ကိုယ်ထူကိုယ်ထ ကျေးလက် ပညာရေး ကို ပြောင်းလဲလာခဲ့တယ်။

စွမ်းအင် အရင်းအမြစ် ပေါ်များတဲ့ မြန်မာ နိုင်ငံမှာ ပြည်သူတွေ ဟာ ကိုယ်ထူ ကိုယ်ထစနစ်နဲ့ နိုင်ငံတော် ဓာတ်အား စနစ်ကနေ ဓာတ်အား ရယူနေရတုန်းပဲ။ ပြီးခဲ့တဲ့နေ့က ပဲ မြန်မာနိုင်ငံတွင် ကျေးလက်တောရွာ ပေါင်း ၆ သောင်းကျော် ရှိသည့်အနက် ၂ ထောင်ကျော်သာ လျှပ်စစ်မီး ပေးနိုင်သေးကြောင်း လျှပ်စစ် ၂ ဝန်ကြီး ဆိုသူ ဦးခင်မောင်စိုးက လွှတ်တော်တွင် အတည်ပြု ပြောကြားသွား ခဲ့ပြန်သေးသည်။ ဒီ အခြေအနေအရ အနှစ် ၂၀ ကျော်အတွင်း အာဏာသိမ်း အစိုးရဟာ တိုင်းပြည်အတွင်း အရေးပါတဲ့ အခြေခံအဆောက်အအုံတွေကို မတည်ဆောက်နိုင်ခဲ့ဘူး၊ ထိရောက်တဲ့ ရင်းနှီးမြုပ်နှံမှုတွေ မပြုလုပ်ခဲ့ဘူး ဆိုတာ ပေါ်လွှင်ထင်ရှားနေပါတယ်။ တနည်းအားဖြင့် စီးပွားရေးမှာ အဓိကအရေးပါတဲ့ စွမ်းအင်ဆိုင်ရာ ရင်နှီးမြုပ်နှံမှုတွေကို မပြုလုပ်ခဲ့တာပေါ်လွှင်နေတယ်။ စွမ်းအင်ဆိုင်ရာ ရင်နှီးမြုပ်နှံမှုတွေ မပြုလုပ်ပဲ၊ စစ်ခေါင်းဆောင်တွေ စက်မှုနိုင်ငံတော် အိမ်မက် မက်နေတာဟာ ဖိုးလမင်းကြီး ထမင်းဆီဆန်း ရွှေလင်ဗန်း နဲ့ ယူလာခဲ့ပါလို့ ပြောနေသလိုဖြစ်နေတယ်။

စစ်အာဏာရှင် စနစ်ဆိုးကြီးအောက်မှာ တိုးတက်ပြောင်းလဲလာခဲ့တာတွေကတော့ ချမ်းသာကြွယ်ဝမှု တွေကို ကိန်းဂဏန်းအချက်အလက်နဲ့တောင် မဖော်ပြနိုင်တဲ့ ခေတ်ပျက်သူဌေးတွေ မှိုလိုပေါ်ထွက်လာတာ တော့တွေ့ရတယ်။ ခေတ်ပျက်သူဌေးတွေကြောင့် မြန်မာပြည် က အိမ်မြေယာတွေ ဟာ နယူးယောက်၊ လန်ဒန်၊ ကယ်လီဖိုးနီးယား၊ တိုရွန်တို က အိမ်ဈေးတွေထက်တောင် အဆမတန် ကြီးမားတယ်။

ယနေ့ တော့ သိန်းစိန် အစိုးရ ဟာ အနှစ် ၂၀ ကျော်အတွင်း နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ မရှိပဲ၊ စီးပွားရေးမှာ တိုးတက် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နိုင်မှာ မဟုတ်ဘူးဆိုတာ စတင် ၀န်ခံ လာတယ်တွေ့ရတယ်။ တကယ်တော့မြန်မာပြည်ဟာ ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ အချိန်တန်နေပါပြီ။
တကယ် တိုင်းပြည်ကို တိုးတက်အောင် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ချင်တယ်ဆိုရင်တော့ ပါးစပ်ကနေ ပြောလို့ ၊လုပ်လို့မရပါဘူး။ တိုင်းပြည်ကို ပြုပြင်ပြောင်းလဲဖို့ မလုပ်ခင်၊ ကိုယ့်ကို ကိုယ် ပြုပြင်ပြောင်းလဲဖို့ ၊ ကိုယ့် ပတ်ဝန်းကျင်မှာ စွဲကပ်နေတဲ့ အတွေးအခေါ်ဆိုးတွေ၊ အစွန်းရောက် လူဆိုးတွေ ကို ပြောင်းလဲဖို့ လိုပါတယ် ။ တိုးတက်မှုတွေ ကို လျင်မြန်စွာ အကောင်အထည်ဖော်နိုင်တဲ့ အရည်အချင်းရှိတဲ့လူတွေ လိုတယ်။ နယ်ပယ် အသီးသီး မှာ အတက်ပညာရှင် တွေ၊ အတွေ့အကြုံရှိတဲ့ လူငယ်ခေါင်းဆောင်တွေ အများကြီးလိုတယ်။ ဒီလို အရည်အချင်းရှိတဲ့ လူတွေ ရဖို့၊ တိုင်းပြည် မှာ ပျောက်ဆုံးခဲ့ရတဲ့ လူသား အရင်းအမြစ်တွေ ကိုပြန်လည် ရရှိဖို့ လက်တွေ့ကျတဲ့ ဥပဒေတွေပြဌာန်းပေးဖို့လိုတယ်။ စစ်မှန်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတွေ အမြန်လုပ်ဖို့လိုတယ်။

နိုင်ငံရေးအကျဉ်းသမားတွေ မလွှတ်ပေးသ၍ လူ့အခွင့်အရေးချိုးဖောက်မှုတွေ မှာ တရားမျှတမှု ရှိအောင် မလုပ်နိုင်သရှေွှ့၊ တနည်းအားဖြင့် နိုင်ငံရေး မှာ လက်တွေ့ကျတဲ့ သိသာထင်ရှားတဲ့ တိုးတက်မှုတွေ မရှိလာဘူး ဆိုရင် တိုင်းပြည်စီးပွားရေးဟာ တိုးတက်လာမှာ မဟုတ်သလို၊ တိုင်းပြည်ဟာ လည်း တိုးတက်လာမှာ မဟုတ်ဘူး။ တိုင်းပြည်ဟာ မတိုးတက်ဘူးဆိုရင် လူနေမှု အဆင့်အတန်းတွေလည်း မြှင့်တင်အောင် လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။

နိုင်ငံတနိုင်ငံမှာ စနစ်ကြီးကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ ဆေးမြီးတိုတွေနဲ့ ကုထုံး လို့တော့ မရပါဘူး။ အခြေခံ အဆောက်အအုံ နှစ်ပေါင်းများစွာပျက်စီးခဲ့တဲ့ မြန်မာနိုင်ငံမှာ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ စွမ်းအင် နယ်ပယ်တွေ ကို အရည်အသွေး မြင့်တင်ပေးဖို့ အစိုးရရဲ့ ရင်းနှီးမြုပ်နှံမှုတွေ အများကြီးလိုတယ်။ တိုင်းပြည်အတွင်း အသိပညာ၊ အတက်ပညာ အခြေခံ အားကောင်းတဲ့ Institutions တွေ တိုးတက်များပြားလာဖို့လိုတယ်။ အသိပညာ၊ နည်းပညာရပ်ဆိုင်ရာ သုတေသန လုပ်ငန်းများမှာ အစိုးရ က ရင်းနှီးမြုပ်နှံမှု မရှိပဲ ဘာပြုပြင် ပြောင်းလဲမှုတွေ ဖြစ်လာမှာတော့မဟုတ်ဘူး။ လက်တွေ့ကျတဲ့ တိုးတက်ပြောင်းလဲမှုတွေလဲ ဖြစ်လာမှာ မဟုတ်ပါဘူး။ ကွန်ဖရင့်တွေ ကျင်းပ၊ လူတွေကို ခေါ်၊ စာတမ်းကြီးတွေဖတ်၊ အကြံပေး အဖွဲ့တွေ ဖွဲ့ယုံနဲ့ မြန်မာပြည် ကို သိသိသာသာ တိုးတက်ပြောင်းလဲ ပေးနိုင်မှာ မဟုတ်ပါဘူး ဆိုတာ သိန်းစိန် ရုပ်သေးအစိုးရ သတိပြုမိဖို့လိုတယ်။

အာဏာရှင်စနစ်ဆိုးအောက်မှာ အဖက်ဖက်က ပျက်စီးယိုယွင်းသွားခဲ့ တိုင်းပြည် ပြန်လည်ထူထောင်ဖို့ အတွက် နိုင်ငံတကာ က ရင်းနှီးမြုပ်နှံမှုတွေ၊ နည်းပညာ အတက်ပညာတွေ၊ ထောက်ပံ့ကူညီမှုတွေ အများကြီးလိုတယ်။ ဒီလို ထောက်ပံ့ကူညီမှုတွေ ရရှိဖို့ အတွက် နိုင်ငံတကာ နဲ့ ဆက်ဆံရေး ကောင်းမွန်ဖို့ လိုတယ်။ နိုင်ငံတကာနဲ့ ဆက်ဆံရေးကောင်းဖို့အတွက် ပိတ်ဆို့ထားတဲ့ တံခါးတွေ ရိုက်ဖျက်ဖို့လိုတယ်။ အစွန်းရောက် အမြင်ဆိုးတွေ၊ အမြင် ကျဉ်းမြောင်းတဲ့ အတွေးခေါ်တွေ နဲ့ တိုင်းပြည်ကို အမှောင်ချထားမှု တွေ ကို ဖွင့်ပေးဖို့ လို နေပါပြီ။

တကယ်လို့သာ ဒီမိုး၊ ဒီလေ၊ ဒီလူ၊ တွေနဲ့ ဒီနှုန်း အတိုင်း တိုင်းပြည် ကို ဆက်လက် ဦးဆောင်နေရင်တော့ တိုင်းပြည်မှာ ဘာမှ ထူးခြားတဲ့ တိုးတက်ပြုပြင်ပြောင်းလဲမှုတွေ ရှိလာမှာ မဟုတ်ပါဘူး လို့ပဲ ပြောပါရစေ။

Saturday, July 30, 2011

SOHO China စီးပွားရေးလုပ်ငန်းရှင် Zhang Xin က တရုတ် နိုင်ငံ အနာဂတ် ကို ဘယ်လို ဝေဖန် သုံးသပ်ထားသလဲ




-မြတ်စိုး-
၀၇.၂၆.၂၀၁၁

တရုတ် စီးပွားရေးလုပ်ငန်းရှင် Zhang Xin ကို တရုတ် နိုင်ငံ အနာဂတ် နဲ့ပက်သက်ပြီး CNN သတင်းထောက် ဇာကာရီ ( Fared Zakaria) က တွေ့ဆုံမေးမြန်းထားတာပါ။

Zhang Xin မိဘတွေဟာ မြန်မာပြည်မှာနေထိုင်ခဲ့ပြီး တရုတ်နိုင်ငံ သို့ ပြောင်းရွေှ့ကာ နိုင်ငံခြားရေးဌာန မှာ ဘာသာပြန် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတွေဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာ အချမ်းသာဆုံး အမျိုးသမီးများ စာရင်းမှာ တဦး အပါအ၀င် ဖြစ်တဲ့ Zhang Xin ဟာ ၁၉၆၅ ခုနှစ်မှာမွေးဖွားခဲ့ပြီး၊ သူမဟာ တရုတ်နိုင်ငံမှာ အိမ်ယာမြေ နှင့် အရောင်းဆိုင်ကြီး တွေကို ဆောက်လုပ်ပိုင်ဆိုင်ပြီး၊ အောင်မြင်ကျော်ကြားလူသိများတဲ့ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်တယ်။ ၁၉၉၅ ခုနှစ် မှာ သူမရဲ့ ခင်ပွန်း ပန်ရှီးရီ နှင့် သူမဟာ နိုင်ငံတကာရှိ SOHO China အရောင်းဆိုင်ကြီးတွေရဲ့ ပိုင်ရှင်များအဖြစ် လူသိများလာခဲ့သူဖြစ်တယ်။

သူမဟာ အသက် ၄၇ နှစ်သာရှိပြီး၊ ဒေါ်လာ နှစ် ဘီလီယံ ကျော် ချမ်းသာကြွယ်ဝတဲ့ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်တယ်။ သူမဟာ ကမ်းဘရစ်ခ်ျ တက္ကသိုလ်ကနေ ဖွံဖြိုးမှုဆိုင်ရာစီပွားရေး ဘာသာဖြင့် မဟာဘွဲ့ရရှိခဲ့ပြီး အမေရိကန် ကုမ္ပဏီတွေဖြစ်တဲ့ Goldman Sachs and Travelers Group တို့မှာ လုပ်ကိုင်ခဲ့ဘူး သူလဲဖြစ်တယ်။

Zhang Xin က တရုတ် နိုင်ငံ အနာဂတ် ကို ဘယ်လို သုံးသပ်ထားသလဲ?


Zhang Xin (simplified Chinese: 张欣; traditional Chinese: 張欣; pinyin: Zhāng Xīn, born 1965) is a businesswoman from Mainland China. Presently, she is the CEO of SOHO China, the largest real estate developer in Beijing.


တရုတ်နိုင်ငံမှာ ဈေးကွက်စီးပွားရေး စနစ်ကျင့်သုံးနေတယ်ဆိုပေမဲ့၊ အစိုးရ ထိန်းချုပ်မှုတွေ အောက်မှာ ရှိတဲ့ ဈေးကွက်စီးပွားရေး စနစ် သာဖြစ်လို့ လွတ်လပ်တဲ့စီးပွားရေးပုံစံမှာ မရှိပဲ၊ စိုးရိမ်မှုတွေ နဲ့သာ ပြည့်နှပ်နေတယ် လို့ သူမက ဆိုတယ်။ အစိုးရ က စီမံခန့်ခွဲတဲ့ အရင်းရှင် စီးပွားရေးစနစ် ဟာ တရုတ်နိုင်ငံ အတွက် အဓိက စိန်ခေါ်မှုတွေဖြစ်တယ်လို့ သူမက ပြောဆိုတယ်။ တရုတ်အစိုးရဲ့ ထိမ်ချုပ်ထားတဲ့ စီးပွားရေးမူဝါဒများကြောင့် စီးပွားရေးလုပ်ငန်းရှင်များအကြားနှင့် ဈေးကွက်မှာ မကျေနပ်မှုတွေ ကြီးထွားလာနေတာကို မြင်တွေ့ နေရတယ်လို့ သူမက ထောက်ပြဝေဖန်ခဲ့တယ်။ ဒီ မကျေနပ်မှုတွေဟာ တရုတ်နိုင်ငံ အနာဂတ် အတွက် စိမ်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ထုတ်ဖော်ပြောဆို ခဲ့တယ်။

“ငါတို့ စီးပွားရေးလုပ်ငန်းတွေ အတွက် စီးပွားရေးဆိုင်ရာ ရည်မှန်းချက် မဟာဗျူဟာ၊ နည်းဗျူဟာ တွေ ကို ငါတို့ကိုယ်တိုင် လုပ်ပိုင်ခွင့်မရှိဘူး။ အစိုးရ ရဲ့ ထိမ်းချုပ်မှုတွေ အောက်မှသာ လုပ်နေကြရတာပါလို့" သူမက သတ္တိရှိရှိ လူသိရှင်ကြား ဝေဖန်ခဲ့တယ်။ လုပ်ငန်းရှင်တွေရဲ့ စီးပွားရေးလုပ်ငန်းတွေ ဟာ တရုတ်အစိုးရ က ထိမ်းချုပ်ထားတဲ့ မူဝါဒတွေ၊ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ပေါ်လီစီတွေ အတိုင်း လိုက်လျော်ညီထွေ အောင် လုပ်ဆောင်နေရလို့ အခက်အခဲတွေ၊စိမ်ခေါ်မှုတွေ ရှိနေတယ်လို့ သူမ ကဆိုတယ်။ တရုတ်မျိုးဆက်သစ်တွေ ဟာ ပိုမိုပွင့်လင်းတဲ့ လူနေမှုစနစ်ကို လိုလားတောင်းတ လာကြတာ တွေ့လာရလို့ အစိုးရ ရဲ့ ထိမ်းချုပ်ထားမှု တွေ အပေါ် ကြီးမားတဲ့ အံတုမှုတွေဖြစ်လာနိုင်တယ် သူမက သုံးသပ်ထားတယ်။

တရုတ်အစိုးရ ဟာ စီးပွားရေးဖွံ့ဖြိုးမှုဆိုင်ရာ ကိန်းဂဏန်းအချက်အလက်တွေတွေ ကိုသာ အလေးထား လုပ်ဆောင်နေပေမဲ့၊ အလုပ်လုပ်ကိုင်နေကြတဲ့ ပြည်သူတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ လူနေမှုအဆင့် မြင့်မားစေမှုတွေ ကို လစ်လျူရှု့နေတာကြောင့် စီးပွားရေး၊ နိုင်ငံရေးအကျပ်အတည်း ကာလ ကို ဖြတ်သန်း လာရမှာဖြစ်ပြီး၊ ဒီအကျပ်အတည်း တွေကို ကနေတဆင့် တရုတ်နိုင်ငံအတွက် ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာနိုင်ကြောင်း သူမက သုံးသပ်ထားပါတယ်။

တရုတ်အစိုးရ ရဲ့ တင်းကျပ်တဲ့ တပါတီအာဏာရှင်စနစ်အောက်မှာ တရုတ်စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ ကတော့ ပြည်သူလူထု အကျိုးအတွက်ကြည့်ကာ သတ္တိရှိရှိ ပွင့်ပွင့်လင်းဝေဖန်မှုတွေ လူသိရှင်ကြား ပြောဆိုနေကြပေမဲ့၊ မြန်မာနိုင်ငံမှာတော့ ၀ိသမစီးပွားရေးသမား စီးပွားရေး လုပ်ငန်းရှင်တွေဟာ ခေတ်ပျက်သူဌေး ဘွဲ့ခံယူပြီး၊ အကျင့်ပျက် စီးပွားရေးလက်ဝေခံ ဗိုလ်ချုပ်များ၊ဗိုလ်ချုပ်ကတော်များ နဲ့ အတူ တိုင်းပြည် ကို ခြစားနေကြလေရဲ့....။

လူလိုနေရရေးနဲ့ ကမ္ဘာ့ နိုင်ငံရေးအရွေ့

မြန်မာ ပြည်သူတွေရဲ့ လူ့ဂုဏ်သိက္ခာ မြင့်တင်ကြ


-မြတ်စိုး-
ဆောင်းပါး - မဇ္ဈိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊ မတ်လ ၀၂ ရက် ၂၀၁၁ ခုနှစ်

ယနေ့ ကမ္ဘာကြီးဟာ အပြောကျယ်တဲ့ ပထဝီဒေသကြီး ဖြစ်သလို ထွေပြားတဲ့လူမှုရေး၊ နိုင်ငံရေး နယ်ပယ်ကြီး တခုလဲဖြစ်ပါတယ်။ ၂၁ ရာစု မှာ ကမ္ဘာ့လူဦးရေ ၇ ဘီလျံနီးပါးရှိလာခဲ့သလို နည်းပညာတဟုန်ထိုး တိုးတက်လာနေတဲ့ ကမ္ဘာကြီးမှာ လူသားတွေရဲ့ တွေးခေါ်ယူဆမှု၊ လိုလားမှုတွေဟာလဲ သိသိသာသာ တိုးတက် ပြောင်းလဲလာခဲ့တာတွေ့လာရတယ်။ ဒီ တိုးတက်ပြောင်းလဲလာမှုတွေဟာ ကမ္ဘာ့နိုင်ငံများရဲ့ နိုင်ငံရေး ရာသီဥတု နှင့် ကမ္ဘာ့ နိုင်ငံရေး ရေစီးကြောင်းတွေကို သိသိသာသာ ပြောင်းလဲလာစေခဲ့တဲ့ အဓိက အကြောင်းရင်းခံတွေ ဖြစ်လာခဲ့ရတယ်။

၂ဝ ရာစု ကမ္ဘာ့နိုင်ငံရေး လောကမှာ အတွေးအခေါ် ဆိုင်ရာပြဿနာများသာ ရင်ဆိုင်ခဲ့ရတယ် လို့ သမိုင်းဆရာတွေက ကောက်ချက်ချပြောဆိုခဲ့ကြပြီး နိုင်ငံ တော်တော် များများမှာ အတွေးအခေါ် ဆိုင်ရာ ပဋိပက္ခများ၊ တော်လှန်ရေးတိုက်ပွဲများ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့တယ်။ ပဒေသရာဇ် စနစ်ကို ဆန့်ကျင်မှုများ၊ ဘူဇွာ အရင်းရှင်များကို နာကြည်းမှုများ၊ ကွန်မြူနစ် စနစ်ကို ရွံမုန်းမှုများ နဲ့ပတ်သက်တဲ့ အတွေးအခေါ်ဆိုင်ရာ တော်လှန်ရေးများ ဆက်တိုက်ဆိုသလို ကမ္ဘာ့နိုင်ငံ အသီးသီးမှာ ဖြစ်ပွားခဲ့တယ်။ ထိုစဉ်က ကမ္ဘာ့ပြည်သူတွေဟာ မိမိတို့ လိုလားခဲ့ကြတဲ့ စနစ်တွေဟာ နိုင်ငံကို တိုးတက်အောင်၊ တရားမျှတမှုရှိအောင် ဖန်တီးနိုင်ကြလိမ့်မယ်လို့ ယူဆခဲ့ကြတယ်။ စနစ်အတွက် တိုက်ပွဲ၊ စနစ်အတွက် တော်လှန်ရေးလို့ ခေါ်ဝေါ်ခဲ့ကြတယ်။

ယနေ့ခေတ်မှာ ၂ဝ ရာစုက ကမ္ဘာ့လူသားတွေ လက်ခံလာခဲ့ကြတာကတော့ ဒီစနစ်တွေဟာ နိုင်ငံကို တိုးတက်အောင် မလုပ်နိုင်ခဲ့သလို တရားမျှတမှုရှိအောင် မဖန်တီးနိုင်ခဲ့ကြတာ တွေ့လာရတယ်။ ရလဒ်ကတော့ အာဏာရှင်တွေ ကမ္ဘာ့နိုင်ငံအသီးသီးမှာ မှိုလိုပေါက်အောင် ပေါ်ထွက် လာခဲ့တာပါ။

၂၁ ရာစု ကမ္ဘာ့ရွာကြီးမှာ လူသားတွေရဲ့ တွေးခေါ်ယူဆပုံ ပြောင်းလာခဲ့မှုကြောင့် ကမ္ဘာ့နိုင်ငံများရဲ့ နိုင်ငံရေး ရာသီဥတု နှင့် ကမ္ဘာ့ နိုင်ငံရေး ရေစီးကြောင်း တွေ သိသိသာသာပြောင်းလဲလာခဲ့တာတွေ့ရတယ်။ အတွေးအခေါ်ဆိုင်ရာ တိုက်ပွဲများမှာ လွတ်လပ်မှု အတွက်တိုက်ပွဲနဲ့ လူ့ဂုဏ်သိက္ခာဆိုင်ရာ တိုက်ပွဲ များက အစားထိုးလာခဲ့ကြတယ်။ ကမ္ဘာ့လူသားအားလုံးက လူသားတွေရဲ့ ဂုဏ်သိက္ခာအတွက် အတွေးခေါ်ဆိုင်ရာ ပြဿနာများက ပေါ်ထွက်လာကြတဲ့ အာဏာရှင်စနစ် အဆုံးသတ်ရေး တိုက်ပွဲများ ကို ဆင်နွှဲလာကြတာ တွေ့ရတယ်။

၁၉၉၇ အာရှ ငွေကြေး အကျပ်အတည်း လှိုင်းလုံးကြီးဟာ အင်ဒိုနီးရှား နိုင်ငံမှာ နှစ်ပေါင်းများစွာ နိုင်ငံရေးစင်မြင့်မှာ ထိုင်ခဲ့တဲ့ ဆူဟာတိုနဲ့ မလေးရှား က မဟာသီယာရဲ့ ထိုင်ခုံတွေကို သွက်သွက်ခါအောင် လှုပ်ခါစေခဲ့တယ်။ ၂ဝဝ၇ မှာ စခဲ့တဲ့ ကမ္ဘာ့စီးပွားရေးကပ်ဆိုးကြီးဟာ အာရပ်ကမ္ဘာမှာရှိတဲ့ အာဏာရှင်တွေကို ဘုန်းဘုန်းလဲကျဆုံးစေခဲ့တယ်။

ကမ္ဘာ့နိုင်ငံ အသီးသီးမှာရှိတဲ့ ကျန်ရှိနေသေးတဲ့ အာဏာရှင်တွေဟာ နှစ်ပေါင်းများစွာ အာဏာကိုပဲ ဆက်လက်ထိန်းချုပ်ကောင်း ထိန်းချုပ်နိုင်ပါလိမ့်မယ်။ ရွေးကောက်ပွဲတွေကို လုပ်ပေးကောင်း လုပ်ပေးနိုင်ပါလိမ့်မယ်။ နိုင်ငံကိုတိုးတက်အောင်၊ တရားမျှတမှုရှိအောင် ၊ လူသားဂုဏ်သိက္ခာ ကြီးမားလာအောင်တော့ မအုပ်ချုပ်နိုင်တော့ပါဘူး။ ကမ္ဘာကြီးကို ပိုငြိမ်းချမ်းအောင်တော့မလုပ်နိုင်ပါဘူး။

ယနေ့ ကမ္ဘာ့ပြည်သူတွေဟာ ဘယ်စနစ်က ကောင်းခြင်းမကောင်းခြင်းထက် ဘယ်အစိုးရ က လူ့ဂုဏ်သိက္ခာကို အကာအကွယ်ပေးမလဲ၊ ဘယ်အစိုးရ က သူ့ပြည်သူတွေအတွက် လွတ်လပ်မှုကို အကာအကွယ်ပေးမလဲ၊ ဘယ်အစိုးရ က သူ့ပြည်သူတွေကို ထမင်းနပ်မှန်အောင်ကျွေးနိုင်မလဲ ဆိုတာကို ပြောဆိုနေကြပါပြီ။ ကမ္ဘာကြီးမှာ လူမျိုးရေး၊ ဘာသာရေး အစွန်းရောက် အယူအဆတွေကို ဆန့်ကျင်လာနေကြပြီ။

ကမ္ဘာ့နိုင်ငံရေး လောကမှာလဲ နိုင်ငံရေး ပါတီခေါင်းဆောင်တွေ ရွေးကောက်ပွဲ အနိုင်ရတာနဲ့ တိုင်းပြည် မှာ လူ့အခွင့်အရေးတွေ ဘယ်လောက်ထိ အကာအကွယ်ပေးမလဲ၊ နိုင်ငံကို ဘယ်လို တိုးတက်အောင်လုပ်မလဲ၊ အလုပ်အကိုင်အခွင့်အလမ်းတွေ ဘယ်လို ဖန်တီးပေးမလဲ၊ အကျင့်ပျက်ခြစားမှုနဲ့ အဂတိလိုက်စားမှုတွေ ဘယ်လို တိုက်ဖျက်မလဲ၊ ကုန်ဈေးနှုန်းကြီးမြင့်မှုတွေကို ဘယ်လိုဖြေရှင်းမလဲ၊ ဆင်းရဲမွဲတေနေမှုကို ဘယ်လိုတိုက်ဖျက်မလဲ၊ ဆင်းရဲချမ်းသာ ကွာဟနေမှုကို ဘယ်လိုဖြေရှင်းမလဲ၊ တိုင်းပြည်အတွင်း ပညာရေး ကျန်းမာရေး အခြေအနေတွေ ဘယ်လောက်မြှင့်တင် နိုင်အောင်ကြိုးစားမလဲ ဆိုတာတွေကို နေ့စဉ် ကိန်းဂဏန်း အချက်အလက်တွေနဲ့ အပြန်အလှန်ဆွေးနွေးပြောဆိုနေကြပါပြီ။ ကမ္ဘာ့နိုင်ငံရေးရာသီဥတု ပြောင်းလဲလာပြီမို့ ကမ္ဘာ့နိုင်ငံရေး ရေစီးကြောင်းလဲ ပြောင်းလဲ နေတာကတော့ ဧကန်ပါပဲ။

What China Wants: Bargaining With Beijing

-မြတ်စိုး- ၇.၂၃.၂၀၁၁
"What China Wants: Bargaining With Beijing" ဒီဆောင်းပါးမှာ တရုတ်ပြည်ကြီး ဖွံ့ဖြိုးတိုးတက်လာမှု ကြောင့် အမေရိကန်-တရုတ် ဆက်ဆံရေးအတွက် အမေရိကန် နိုင်ငံခြားရေးမူဝါဒများ ပြောင်းလဲ သင့်မသင့် ဆွေးနွေးတင်ပြထားမှုပါ။

အမေရိကန် အစိုးရ ရဲ့ အမျိုးသား လုံခြုံရေး အကြံပေးအရာရှိဟောင်း ဟန်နရီ ကစ်ဆင်ဂျာ ဟာ “Henry Kissinger on China” ဆိုတဲ့ စာအုပ်ရေးသားထုတ်ဝေခဲ့ပြီး၊ ယင်းစာအုပ်၌ အမေရိကန် အစိုးရ အနေနဲ့ အင်အားကြီးမားလာနေသော...
တရုတ် နိုင်ငံ အကြား ဖြစ်ပေါ်လာနိုင်သည့် ထိပ်တိုက် ရင်ဆိုင်မှုများကို ရှောင်ကြဉ်ဖို့အတွက် တရုတ်အစိုးရကို ချည်းကပ်ပြီး၊ ဆက်ဆံရေး ကောင်းမွန်လာအောင် ဖော်ဆောင်ဖို့ အကြံပြုထားခြင်းဖြစ်တယ်။

တနည်းအားဖြင့် ထိပ်တိုက်ရင်ဆိုင်မှု ကို ရှောင်ပါ။ ဆက်ဆံရေး ကောင်းမွန်အောင် လုပ်ပါလို့ ဆိုတယ်။ သူဟာ အမေရိကန်နိုင်ငံမှာ သြဇာကြီးမားလှတဲ့ အမေရိကန် အမျိုးသား လုံခြုံရေး အကြံပေးအရာရှိဟောင်း တယောက် ဖြစ်တာကြောင့် သူ့ရဲ့ အကြံပြုမှုဟာ အမေရိကန် နိုင်ငံခြားရေးမူဝါဒနှင့် ပက်သက်ပြီး အချေအတင် ဆွေးနွေးမှုများ ဖြစ်လာခဲ့ရတယ်။ အချေအတင်ဖြစ်ခဲ့ရတဲ့ အဓိက အချက်အလက် က အမေရိကန်အစိုးရ ဟာ နှစ်နိုင်ငံ ဆက်ဆံရေးကို ကောင်းမွန်ဖို့အတွက် တရုတ် အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ငွေကြေးထိမ်းချုပ်မှုကြောင့် ကုန်သွယ်မှု ဆိုင်ရာပြဿနာတွေ ကို ရေငုံနုတ်ပိတ် နေသင့်သလား ဆိုတဲ့ အချက်ပါ။ အမေရိကန်အစိုးရ နှင့် အမေရိကန် ပြည်သူတွေ အဓိက တန်ဖိုးထားခဲ့တဲ့ လူ့အခွင့်အရေး ကို တရုတ်အစိုးရနှင့် ဆက်ဆံရေးကောင်းမွန်ဖို့အတွက် ဆုံးရှုံးလက်လွှတ်ဖို့လုပ်တော့ မှာလားဆိုတဲ့ မေးခွန်းသာ ဖြစ်တယ်။

သူ့ရဲ့ ယူဆချက်ကို အချေအတင် ဆွေးနွေးအကြံပြုသူကတော့ Aaron Friedberg အယ်ရင်ဖရက်ဘာ့ ဖြစ်တယ်။ သူဟာ ပရင့်စတန် ( Princeton ) တက္ကသိုလ်က ပါမောက္ခ တစ်ဦးဖြစ်ပြီး၊ အမေရိကန် ဒုတိယ သမ္မတ ဒစ်ချေနီရဲ့ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြံပေးပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်ခဲ့တယ်။ သူရဲ့ ယူဆချက်ကတော့ တရုတ် အင်အားကြီးထွားမှု နှင့် ဒေသအတွင်းပြဿနာများ ကြောင့် ဒေသတွင်းနိုင်ငံများဟာ အမေရိကန်နဲ့ ဆက်ဆံရေး ကောင်းမွန်အောင် ကျိုးစားရင်း အမေရိကန် သို့ ပိုမိုနီးစပ်လာကာ မဟာမိတ်ဖွဲ့လာပါ လိမ့်မယ်လို့ဆိုတယ်။ အမေရိကန်-တရုတ် ဆက်ဆံရေးမှာ အလျှော့ပေးတဲ့ နိုင်ငံခြားရေးဆိုင်ရာမူဝါဒမျိုး မဖြစ်သင့်ဘူးလို့ဆိုတယ်။ အမေရိကန်ရဲ့ လုံခြုံရေးနှင့် အကျိုးစီးပွားကို ကာကွယ်ရမယ်လို့ အကြံပြုထားတယ်။

သူဟာ တောင်တရုတ်ပင်လယ်မှာ တရုတ်ရဲ့ လွှမ်းမိုးဗိုလ်ကျမှုကြောင့် လက်ရှိဖြစ်ပေါ်နေတဲ့ ပြဿနာများကို ရည်ညွှန်းထောက်ပြခဲ့တယ်။ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ဖိလစ်ပိုင်၊ မလေးရှား၊ စတဲ့ အိမ်နီးချင်းနိုင်ငံတွေဟာ တရုတ်အင်အားကြီးထွားလာမှုကြောင့် အမေရိကန်နိုင်ငံနဲ့ ဆက်ဆံရေးကောင်းမွန်အောင် ကြိုးစားနေတာကို ထောက်ပြခဲ့တယ်။ ဒါကြောင့်မို့ တရုတ်-အမေရိကန် ဆက်ဆံရေးမှာ တရုတ်ကို အလျှော့ပေးပြီး၊ ဆက်ဆံရေးကောင်မွန်အောင်လုပ်ဖို့ မလိုပါဘူးလို့ သုံးသပ်ထားတယ်။

တရုတ်-အမေရိကန် ဆက်ဆံရေး မှာ အမေရိကန် ၏ နိုင်ငံခြားရေးမူဝါဒ အရ ကုန်သွယ်ရေး အသုံးပြုပြီး ဒေသအတွင်း သြဇာအာဏာ သက်ရောက်မှု အပေါ် တရုတ်-အမေရိကန် ဆက်ဆံရေး ချိန်ခွင်ညှိဖို့ အတွေးအခေါ် ပါ။ ဒီ အတွေးအခေါ်အရ ကုန်သွယ်ရေးဖြင့် တရုတ်နိုင်ငံအတွင်း လူ့အခွင့်အရေး၊ နိုင်ငံရေး တိုးတက်ပြောင်းလဲလာမှု ကို ဖန်တီး လာနိုင်မယ် လို့ မျှော်လင့်တယ်။ သမ္မတဟောင်း ကလင်တန်လက်ထပ်မှာ စီးပွားရေး၊ ကုန်သွယ်ရေး ဖွင့်ပေးခဲ့ပြီး၊ စီးပွားရေးအခွင့်အလမ်းများ ကို ပေးခဲ့ကာ၊ ဆက်ဆံရေးတိုးတက် လာအောင်ကျင့်သုံးခဲ့တယ်။ တရုတ်နိုင်ငံဟာ စီးပွားရေးဖွံဖြိုးတိုးတက်လာပေမဲ့၊ တပါတီ အာဏာရှင်စနစ် ကိုတော့ ဆက်လက် ကျင့်သုံးနေဆဲပါ။ တရုတ်ခေါင်းဆောင် တိန့်ရှောင်ဖိန် လက်ထပ် က စပြီး တရုတ်ခေါင်းဆောင်တွေဟာ သက်တမ်း နှစ်ကြိမ်သာ ဆက်ခံနိုင်ဖို့ ထိတော့ ရှိလာခဲ့တာတွေ့ရတယ်။ လူ့အခွင့်အရေးဆိုင်ရာ နှင့် နိုင်ငံရေးလွတ်လပ်ခွင့်တွေ အတွက်တော့ ထိရောက်မှုမရှိခဲ့ဘူးလို့ ဆိုတယ်။

ကုန်သွယ်ရေးဖြင့် နိုင်ငံခြားရေး မူဝါဒ ကို အခြေခံပြီး အမေရိကန် အစိုးရ တိုင်းက ကျင့်သုံးလာခဲ့တယ်။ တချိန်တည်းမှာ ပဲ တရုတ်ခေါင်းဆောင် တိန့်ရှောင်ဖိန်လက်ထက်မှာ ပြည်တွင်း ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ပြီး၊ နိုင်ငံတကာနှင့် ဆက်ဆံရေး အဆင်ပြေအောင် အလျှော့အတင်းပြုလုပ် ကျင့်သုံးတဲ့မူဝါဒ ချမှတ်ခဲ့တယ်။ ဆောင်ပါးထဲမှာ တရုတ်-အမေရိကန် ဆက်ဆံရေး သမိုင်းကြောင်းအထောက်အထားတွေကို လည်း တင်ပြထားတာတွေ့ရတယ်။ နိုင်ငံခြားမူဝါဒဆိုင်ရာ အတွေးအေခ်ါတွေကိုလည်း သုံးသပ်ထား တာတွေ့ရတယ်။

ဒီဆောင်းပါးဟာ ယနေ့ တရုတ်ပြည်ကြီး ဖွံ့ဖြိုးတိုးတက်လာပြီး၊ ဒေသတွင်း အင်အားကြီးထွား လာမှုကြောင့် တရုတ်-အမေရိကန် ဆက်ဆံရေး နှင့် နိုင်ငံခြားရေးဆိုင်ရာ မူဝါဒများ ဆိုင်ရာ ပြန်လည် သုံးသပ် ဆွေးနွေး ထားတဲ့ ဆောင်ပါးကောင်း တပုဒ်ဖြစ်ကြောင်း တင်ပြလိုက် ပါတယ်။

ဆက်ဖတ်ပါ. ..


What China Wants
Bargaining With Beijing


As a connoisseur of fine diplomacy, Henry Kissinger finds a lot of it to admire in China. His new book, cast as a history of Chinese foreign policy, traces the twists and turns of Chinese strategy since the establishment of the People's Republic in 1949, quoting liberally from his numerous conversations with Chinese leaders. But On China is really neither history nor memoir. Its purpose is to argue that the United States should yield gracefully to China's rise in order to avoid a tragic conflict.

Aaron Friedberg gives the opposite advice. A Princeton professor and former foreign policy adviser to Vice President Dick Cheney, he analyzes the strategies that China and the United States have used in dealing with each other since the early 1990s and tries to decipher
China's intentions in the coming decades. In the face of growing Chinese power and ambition, the United States, he argues, must stand strong in those many areas in which China's interests are adverse to its own. Together, the two books offer a window onto the strategic split
over China among mainstream Republicans.

Kissinger likens Chinese diplomacy to the game of wei qi (equivalent to the Japanese game of go), a patient contest of encirclement in which victory is only relative. Chinese strategists view the quest for a decisive outcome as illusory. Instead, they play a game of "combative coexistence," seeking to improve their relative power position amid the ever-changing forces of world politics. At the necessary moment, one may deliver a salutary psychological shock and then withdraw, as the Chinese did to the Indians in 1962 to put a stop to incursions along
their contested border, and as they did to the Soviets in 1969 to deter Moscow from probing Chinese positions along their frontier. On other occasions, one may hide one's light and bide one's time, as Deng Xiaoping famously advised his colleagues to do in 1991, telling them to
maintain good relations with the United States while building up China's strength. Or it might be useful to claim hurt dignity and designate a whole topic as nonnegotiable, as Beijing did in 1993-94 when U.S. President Bill Clinton tried to make favorable tariff rates conditional on improvements on human rights, and as it is doing today over territorial issues.

Kissinger sees contrasts here with the usual approach of U.S. diplomats, which often frustrated him when he was running the show. Where American negotiators tend to compartmentalize issues and seek solutions, their Chinese counterparts prefer to integrate issues and seek understandings. Whereas Americans believe that agreements can be reached in one sector while disagreements are expressed in another, Chinese prefer to characterize the whole atmosphere as warm or cold, friendly or tense, creating an incentive for the other side to put disagreements on the back burner. Whereas Americans are troubled by deadlocks, Chinese know how to leverage them to keep pressure on the other side. American diplomacy is transactional; Chinese diplomacy, psychological.

Kissinger quotes the advice of the ancient military strategist Sun-tzu, who argued that one can win a battle before it begins by staking out a dominant political and psychological position. As far back as the third century, the military commander Zhuge Liang turned back an enemy
army by opening the city gates and sunning himself on the ramparts; this looked like a trap and frightened away the opposing general. In 1793-94, the Qianlong emperor fended off the British delegate Lord George Macartney with smothering hospitality; when Macartney failed
to get the point, the court dismissed him with a note left on a silk chair. In 1958, Mao Zedong received the Soviet leader Nikita Khrushchev not just at his private swimming pool but in it, forcing the Soviet leader to negotiate in water wings. When Kissinger met Zhou
Enlai for the first time, in 1971, the premier had arranged his schedule to leave only two negotiating slots, totaling 13 hours, available during Kissinger's time in Beijing, forcing the American envoy to agree to a presidential visit with few details resolved in advance.

Such tactics make hospitality "an aspect of strategy," Kissinger explains, leaving a foreign guest awed, discomfited, or wooed by the host's wealth, generosity, and composure. Chinese diplomats are adept at the use of friendship, which leaves "the other side . . . flattered by
being admitted to the Chinese 'club' as an 'old friend,' a posture that makes disagreement more complicated and confrontations painful," Kissinger writes. As the Manchu diplomat Qiying said about dealing with the British "barbarians," it was necessary to "curb them by sincerity."

It helps to come from an ancient civilization. "The duration and scale of the Chinese past allow Chinese leaders to use the mantle of an almost limitless history to evoke a certain modesty in their opposite numbers," Kissinger writes. His occasional digs at the United States -- whose foreign policy culture he describes as "missionary," interventionist, narrow-visioned, and crassly pragmatic -- show how hard it was to represent a nation that lacks that asset. At Kissinger and Zhou's first conversation, Zhou ceded seniority to the United States by comparing the age of the American republic (some 200 years) to that of the People's Republic (22 years). It was flattering, even though Kissinger knew it was false.

The problem with Kissinger's book is not the facts. These are well grounded in the scholarly literature and, throughout much of the book, in the notes of conversations in which he himself took part. But newer scholarship has long since called into doubt any essentialism about China's "singularity," "centrality," or "strategic patience." Although Kissinger does not use the word, the picture he paints is of an eternal – and very Oriental -- China. And it is not clear why China's long history of diplomacy makes it necessary for the United States to yield to Chinese preferences in the present. What is lacking for such an argument is an
analysis of the material realities of China's relative power, which even after 20 years of spectacular economic growth remain in many ways unfavorable.

CONTENTIOUS INTENTIONS

Friedberg also exaggerates Chinese power, although in pursuit of a different argument. His is the most thoughtful and informative of a stream of China-threat books that have come out since the mid-1990s.

Within that genre, its contribution is to focus on China's strategic intentions. Although Friedberg agrees with the classical realist logic that a change in power relations inevitably generates rivalry, he also believes it is important to figure out what, as he puts it, China wants.

His method is to synthesize the views of Chinese public intellectuals who write in Chinese policy magazines roughly similar in function to Foreign Affairs and in other media. The authors on whom he draws are roughly similar in function to Foreign Affairs and in other media. The authors on whom he draws are professors or fellows (and some graduate students) at universities and think tanks and a few military officers who work in jobs that allow them to write books and articles for the general public. Friedberg argues that these materials "reflect the main currents of 'responsible' opinion" among Chinese writers, "some of [whom] are known to have access to the inner circles of the party and state." What he reads these experts as saying is that China should seek to "displace the United States as the dominant player in East Asia, and perhaps to extrude it from the region altogether."

But this method of assessing Chinese intentions is full of pitfalls. Authors who write for the Chinese public have to compete for attention the same way that American public intellectuals do, with edgy views and vivid writing. And they do not all agree with one another. In fact, the authors Friedberg cites take varied positions, ranging from that of Senior Colonel Liu Mingfu, who wants China to become "world number one," to that of the scholar Wang Jisi, who emphasizes common interests between China and the United States. The attempt
to synthesize these views creates a false unity, with Friedberg privileging those of the writers who say the sharpest things. Moreover, as pointed out by Thomas Christensen in these pages ("The Advantages of an Assertive China," March/April 2011), Chinese policymakers have consistently been more cautious in practice than the Chinese media have been in their rhetoric. The proper takeaway from Friedberg's analysis is that the Chinese public has been treated to a rich diet of nationalist sentimentality, which for whatever reason is permitted -- or perhaps even mandated -- by the propaganda department, which ultimately controls the
Chinese media.

By focusing on intentions, Friedberg, like Kissinger, leaves out any serious accounting of China's capability to achieve the goals that various writers propose. Such an audit would show that China is bogged down both internally and in Asia generally. At home, it devotes enormous resources, including military ones, to maintaining control over the two-fifths of its territory that comprise Xinjiang and greater Tibet, to keeping civil order throughout the densely populated and socially unstable Han heartland, and to deterring Taiwan'sindependence. Around its borders, it is surrounded chiefly by two kinds of countries: unstable ones where almost any conceivable change will make life more difficult for Chinese strategists (such as Myanmar, North Korea, and the weak states of Central Asia) and strong ones that are likely to get stronger in the future and compete with China (such as India, Japan, Russia, and Vietnam). And everywhere on its periphery, on land and at sea, China faces the powerful presence of the United States. The U.S. Pacific Command remains the most muscular of the U.S. military's six regional combatant commands, after the Central Command (which is managing two ongoing wars), and it continues to adjust its strategies as China's military modernizes. Friedberg is also imprecise. His title, A Contest for Supremacy, means one thing; part of his subtitle, the Struggle for Mastery in Asia, means another -- and neither idea is vindicated by the body of the book. He ison firmer ground when he writes that "if China's power continues to grow, and it continues to be ruled by aone-party authoritarian regime, its relations with the United States are going to become increasingly tenseand competitive." But friction is not conflict.
And all this assumes that China's rise will continue unabated. Friedberg reasonably enough makes thisassumption for the purposes of argument. But it is unlikely to prove correct in the long run because China's economic and political model faces so many vulnerabilities. To add to the worries of Chinese leaders, as Friedberg points out, there are U.S. intentions: "stripped of diplomatic niceties, the ultimate aim of the American strategy is to hasten a revolution, albeit a peaceful one, that will sweep away China's one-partyauthoritarian state." This helps explain why Chinese leaders act more like people under siege than like people on an expansionist warpath.

Even if China does stay on course, it cannot hope for anything that can reasonably be called supremacy, or even regional mastery, unless U.S. power radically declines. Absent that development, it is implausible that,as Friedberg predicts, "the nations of Asia will choose eventually to follow the lead of a rising China, 'bandwagoning' with it . . . rather than trying to balance against it." Instead, the more China rises, the more most of China's neighbors will want to balance with the United States, not against it.

REACTING TO RISE

Kissinger ends his book with a policy recommendation that is disappointingly brief and imprecise. He urges the creation of a Pacific Community, "to which the United States, China, and other states all belong and in whose peaceful development all participate." But why should the United States yield so much authority toChina? Every other potential member of this community will also ask whether such a project would enhance or reduce its power. The Chinese will wonder why they should bind themselves to U.S. priorities in this way.

Larger Asian powers, such as Japan and South Korea, will doubt the benefit of submerging themselves in a U.S.-Chinese condominium. And smaller states will see themselves at risk of being sold out by their major ally, either China or the United States. The proposal's premise, that a U.S.-Chinese confrontation must be avoided, is sound, but it fails to take national interests into account.

Friedberg rejects the idea of a two-power condominium in Asia as appeasement. At the other extreme, hediscredits the idea of trying to delay or derail China's rise as too confrontational. A third option, "enhanced engagement," is fine as far as it goes, but it places too much hope in the willingness of Chinese policymakersto cooperate with an opponent whose interests are not identical to their own. Instead, he recommends that the United States set proper boundaries for China's rise by maintaining a favorable balance of power in Asia.

This will require the United States to undertake "costly and difficult measures," such as maintaining its alliances with Japan and South Korea and its cooperative relations with most of China's other neighbors, continuing to upgrade its military posture to match China's military modernization, and balancing itstranspacific trade relationships. In a version of "we have met the enemy and he is us," Friedberg says that in order to do all this, the United States must restore its economy, keep its scientific edge, protect its advanced technology, and maintain its margin of military advantage.

One can only say amen to the recommendation that the United States pull up its socks. Such proposals are persuasive with or without China in the picture, and it is well to reinforce them in the context of China's rise. But few of them are controversial. That they form the core of Friedberg's strategy is a sign that the United States' future in Asia is not as hostage to China's rise as is implied by the alarmist tone of his earlier chapters.

China cannot displace the United States from Asia; only the United States can. Friedberg's counsel resembles the essence of U.S. policy for at least the last decade. Certainly, the Obama administration has been workingto do what Friedberg suggests. The United States is hardly "on track to lose [its] geopolitical contest with China."

The real target of Friedberg's criticism is not U.S. policy but "China-watchers in academia, commerce, and government," whom he accuses of stifling debate and of "willful, blinkered optimism." Prominent among these is Kissinger, whom Friedberg characterizes as part of a "Shanghai Coalition" (more plainly, a new China lobby) that wants "to avoid criticism of China and to support good relations." Friedberg's strongest disagreement with this group concerns the place of human rights in Washington's China policy.

If a key technique of Sun-tzu-style diplomacy is to convince the other side that certain issues are too culturally and politically sensitive to be discussed, China seems to have secured that part of the wei qi board when it comes to Kissinger's views on human rights. Speaking of the immediate post-Tiananmen period,Kissinger says that "the American advocates of human rights insisted on values they considered universal" and that such universalism "challenges the element of nuance by which foreign policy is generally obliged to operate." He continues: "If adoption of American principles of governance is made the central condition for progress in all other areas of the relationship, deadlock is inevitable." These statements combine three fallacies: that the universality of international human rights is a matter of opinion rather than international law, that human rights equals American principles of governance, and that promoting human rights means holding hostage progress in all other areas.

Friedberg's counterargument is persuasive. Showing softness on core values will reinforce the view of many Chinese that the United States is in decline, thus encouraging China to miscalculate U.S. resolve. As Friedberg writes, "Soft-pedaling talk of freedom will not reassure China's leaders as much as it will embolden them." He tellingly applies Kissinger's insight into the emollient effects of friendship to Kissinger himself,arguing that the Shanghai Coalition's members are motivated in part by "the psychic rewards that come from
believing that they are helping to promote peace and the gratification of being revered and well treated byBeijing."

It is no wonder that Chinese statecraft aims to establish the cultural relativity of human rights and to pose talk of human rights as the enemy of friendship. After all, the failure to respect human rights is a glaring weakness of Chinese power both at home and abroad, whereas promoting human rights has been among theUnited States' most successful maneuvers on the wei qi board of world politics. What is surprising is that the United States' master strategist wants to play this part of the game by Beijing's rules. Would it not make more sense to emulate Chinese strategy than to yield to it? Emphasizing the principled centrality of the human rights idea to American ideology and keeping the issue active in bilateral relations even though it cannot be solved would seem to be -- along with exercising the United States' strengths in other fields -- a good way to set the boundaries within which a rising Chinese power can operate without threatening U.S. interests.