Sunday, April 2, 2017

၈၈ အက်ဥပဒေ (ခေါ်) Civil Servant Medical Benefit Scheme (CSMBS)




ထိုင်းနိုင်ငံ အစိုးရ ၀န်ထမ်း များနှင့် မိသားစုဝင်များ အား ကျန်းမာရေး ထောက်ပံ့ကူညီသည့် အစီအစဉ် အကြောင်းပါ။ သိရှိ လေ့လာထား တာတွေ ကို မျှဝေပါတယ်။ခေတ်သစ် မြန်မာနိုင်ငံ မှာ အစိုးရ ၀န်ထမ်းအားလုံး အတွက် အလားတူ ကျန်းမာရေး ထောက်ပံ့ကူညီသည့် အစီအစဉ်များရရှိ ခံစားနိုင်ကြပါစေ။ ။
****************************************************
မြတ်စိုး
၃.၃၁.၂၀၁၇
၁၉၈၀ ခုနှစ် လောက် က စ၍ နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှု တွေ ပုံအောဝင်လာပြီး၊ အလုပ်အကိုင်အခွင့်အလမ်း တွေ ပေါများလာ တဲ့ ထိုင်းနိုင်ငံ မှာ အစိုးရ၀န်ထမ်းကောင်းတွေ ရရှိဖို့ စိမ်ခေါ်မှုတွေ စတင် ရင်ဆိုင်လာခဲ့ရတယ်။ အခြေခံအကြောင်းအရင်းက တော့ အစိုးရ လစာ ပေးမှု ဟာ အစိုးရ အတွင်း တာဝန်ထမ်းဆောင်နေကြတဲ့ ထိုင်း လူငယ်တက်သိ ပညာရှင်တွေ၊ ကျွမ်းကျင်သူတွေ၊ အလုပ်သမားဝန်ထမ်းတွေ အပေါ် မက်လုံး မပေးနိုင်ခဲ့လို့ပါပဲ။ အစိုးရ မဟုတ်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ ပြင်ပ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်တွေ ပေးတဲ့ လစာ က အစိုးရ လစာထက် နှိုင်းယှဉ်လျှင် သာလွန်ပြီး ပိုများတဲ့အပြင်၊ အပိုဆုငွေတွေ၊ အားလပ်ရပ် လည်ပတ်မှုခရီးစဉ် တွေ နဲ့ လူငယ်တွေ၊ အလုပ်သမားတွေ ကို မက်လုံပေး စွဲဆောင်စေခဲ့တယ်။ ဒီမက်လုံးတွေ ကြောင့်လည်း တချို့ အစိုးရ ၀န်ထမ်းတော်တော်များများ ဌာနဆိုင်ရာ အလုပ်တွေက စွန်ခွာသွားခဲ့ကြတယ်။ ဒီတော့ အစိုးရ ၀န်ထမ်းတွေရဲ့လုပ်ငန်းဆိုင်ရာ စွမ်းဆောင်မှု၊ ၀န်ထမ်းတွေရဲ့ အရည်အချင်း အရည်အသွေးတွေ ဟာ သိသိသာသာ ကျဆင်းလာတာကို သတိပြုမိလာကြတယ်။ အထူးသဖြင့် ပညာရေး၊ ကျန်းမာရေး နယ်ပယ် မှာ ၀န်ထမ်းကောင်းတွေ သိသိသာသာလျော့နည်း လာခဲ့ကြတယ်။ ဝေလံခေါင်သီတဲ့ ကျေးလက်တောရွာကနေ၊ မြို့ကြီးပေါ် တွေမှာ လာရောက်လုပ်ကိုင် လာကြတယ်။ တကယ်တော့ နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှု တွေ ပုံအောဝင်လာပြီး၊ အလုပ်အကိုင်အခွင့်အလမ်း တွေ ပေါများလာ တဲ့ နိုင်ငံတိုင်း ဒီ စိမ်ခေါ်မှု အခြေအနေ တွေ ကို မလွှဲမသေရင်ဆိုင်လာကြရမှာဖြစ်ပါတယ်။
အတွေ့အကြုံရင့်ကျက်တဲ့ ၀န်ထမ်းကောင်းတွေ၊ အရည်အချင်းရှိတဲ့ ခေါင်းဆောင်မှုတွေ ရှိ မှ အစိုးရ တရပ်ဟာလည်း အားကောင်းမောင်းသန် မောင်နှင်း နိုင်မှာ ကို အမြော်အမြင်ရှိတဲ့ ထိုင်း ပညာရှင်တွေ က ထိုအချိန်မှာ သတိထားမိလာတယ်။
ဒီအခြေအနေ ကို ဖြေရှင်းနိုင်ဖို့ အစိုးရ ၀န်ထမ်း တွေအပေါ် မက်လုံးပေးတဲ့ အနေဖြင့် ထိုင်းလွှတ်တော် အတွင်း ၁၉၈၈ ခုနှစ်မှာ ဥပဒေတခု အတည်ပြုခဲ့ကြတယ်။ ဒီဥပဒေ ကိုတော့ Thai Civil Servant Medical Benefit Scheme (CSMBS) လို့ခေါ်တယ်။ ဒီဥပဒေ ဟာ ထိုင်းဘုရင့်တပ် မှာ ကျင့်သုံးတဲ့ ကျန်းမာရေးစောင့်ရှောက်ကာကွယ်မှု အစီအစဉ် ကို အခြေခံထားခြင်းဖြစ်တယ် လို့ ဆိုတယ်။ ၈၈ ဥပဒေ လို့လည်း လူသိများခဲ့တယ်။
ဒီဥပဒေ အရ အစိုးရ ၀န်ထမ်းတွေ၊ သူတို့ရဲ့ မိဘတွေအပြင်၊ သားသမီး တွေ ဟာ အစိုးရစရိတ်နဲ့ ကျန်းမာရေး အခမဲ့ ကုသပိုင်ခွင့်ရှိလာကြတယ်။ ထိုင်းစစ်တပ် က လည်း အစိုးရ၀န်ထမ်းတွေဖြစ်ကြတာ မို့ ဒီ ဥပဒေဟာ ထိုင်းတပ်မတော်သား အားလုံး အတွက် အကျုံးဝင်စေပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေဖြစ်ကြတဲ့ သူနာပြုဆရာ၊ဆရာမတွေ၊ ပညာရေးဌာန က ကျောင်းဆရာ၊ ဆရာမ တွေ က အစ၊ လျှပ်စစ်မီးကြိုးသွယ်တန်းတဲ့ ၀န်ထမ်းတွေ အဆုံး အစိုးရ ၀န်ထမ်းအားလုံးဟာ ဒီအစီအစဉ်အောက်မှာ အကျုံးဝင်သွားလို့ အကျိုးခံစားခွင့်ရှိလာကြတယ်။ အာဏာရ လူကြီးပိုင်းသာမက၊ ၀န်ထမ်းအားလုံး အတွက် ကျမ်းမာရေး စောင့်ရှောက်မှု အကျိုးခံစားခွင့် ရှိလာကြတယ်။ အထူးသဖြင့် တိုက်ပွဲတွေ၊ လုပ်ငန်းခွင်တွေ မှာ ခြေပြတ်၊လက်ပြတ်ဖြစ်သွားတဲ့ သူတွေ၊ သေဆုံးသွားတဲ့ သူတွေရဲ့ မိသားစုဝင်တွေဟာလည်း ကျန်မာရေး စောင့်ရှောက်မှု အကျိုးခံစားတွေရရှိလာကြတယ်။
ဒီအစီအစဉ်ကြောင့် ထိုင်းလူမျိုးတွေ ကို အစိုးရ ၀န်ထမ်းတွေ အဖြစ် တာဝန်ထမ်းဆောင်လာအောင် စွဲဆောင်လာစေနိုင်ရုံမက၊ ဆင်းရဲသားများ အလုပ်အကိုင် ရှာဖွေလာစေမှု ကို လည်းတွန်းအားပေး စေခဲ့တယ်။ ဆိုလိုတာ က အစိုးရ ၀န်ထမ်း အဖြစ် တာဝန်ထမ်းဆောင်ရင် ဝေးလံခေါင်သီတဲ့ ကျေးလက်ဒေသတွေ မှာ နေထိုင်ကြတဲ့ မိဘတွေ၊ သားသမီး တွေ ရဲ့ ကျန်းမာရေး ကို ပါ အာမခံချက်ရှိလာစေလို့ပါပဲ။
ဒီ အစီအစဉ်ကြောင့် အလုပ်အကိုင် ဈေးကွက် မှာ ယှဉ်ပြိုင်မှုတွေ ဖြစ်လာစေပြီး၊ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်တွေက လည်း မိမိတို့ရဲ့ ၀န်ထမ်းတွေ အတွက် ပိုမိုကောင်းမွန်တဲ့ အလုပ်သမား အခွင့်အရေးတွေကို ထည့်သွင်း စဉ်းစား စီစဉ်လာရတော့တယ်။ ဒါဟာ ထိုင်း အစိုးရ ၀န်ထမ်းအားလုံး အတွက်တော့ အကြီးမားဆုံး ခံစားခွင့် Win-Win ရလာဒ်ပါ။ ထိုင်းလူမျိုးတွေ အတွက်လည်း မိမိနှစ်သက်ရာ အလုပ်အကိုင်ရှာဖွေရေးအတွက် ရွေးချယ်မှု အခွင့်အလမ်းတွေ ပိုမိုရရှိလာစေခဲ့တယ်။
ဒီ ကျန်းမာရေး အစီအစဉ်ဟာ ထိုင်းအစိုးရ ၀န်ထမ်းများ လျော့ကျမှု ကို ဖြေရှင်း နိုင်ခဲ့ပြီး၊ အရည်အချင်းကောင်းမွန်တဲ့ ၀န်ထမ်းကောင်များရရှိဖို့၊ လာဘ်ပေးလာဘ်ယူ အကျင့်ပျက်မှု တွေ လျော့ကျလာစေဖို့ အထောက်အကူပြုစေခဲ့တယ်လို့ ပညာရှင်တွေ က သုံးသပ် ထောက်ပြခဲ့ကြတယ်။
သို့သော်လည်း ၀န်ထမ်းများအပေါ် အခမဲ့ ကျန်မာရေးကာကွယ်စောင့်ရှောက် တဲ့ ဒီအစီအစဉ် ဟာ အစိုးရ အတွက် ကုန်ကျစရိတ်များလာလို့ နှစ်စဉ် စိန်ခေါ်မှု များစွာနဲ့ ရင်ဆိုင်နေရတုန်းပါပဲ။ ဒီ အစီအစဉ်ရဲ့ စိမ်ခေါ်မှုတွေ က ဘာတွေလည်း။? ပညာရှင်တွေ ကတော့ သုတေသနပြု၊ စစ်တမ်းထုတ် ချုံငုံသုံးသပ်ပြီး၊ ကောင်းသထက်ကောင်းမွန်လာအောင် နှစ်စဉ်ဆွေနွေးပြီး၊ ပြင်ဆင်မှုတွေ ကို ပြုလုပ်နေကြတုန်းပါပဲ။ အနှစ် ၃၀ သို့ ရောက်ရှိလာပြီ။ ပညာရှင်တွေ သုံးသပ်ထားတဲ့ အနာဂတ် ကာလာ မှာ ရင်ဆိုင်ရမဲ့ ဒီအစီအစဉ်ရဲ့ စိမ်ခေါ်မှုတွေ ကို လေ့လာနိုင်အောင် ပူးတွဲဖော်ပြထား ပါတယ်။
အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ် မှာ ဒီလို အလားသဏ္ဍန်တူတဲ့ ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ် ကို ၂၀၁၃ ခုနှစ် လောက် က စတင်ခဲ့တယ်။ ဒီအစီအစဉ်ကို HIP (Healthy Indiana Plan ) Program ခေါ်တယ်။ ၀င်ငွေနည်းပါးတဲ့ သူတွေ လျောက်ထားနိုင်တဲ့ ကျန်းမာရေးထောက်ပံ့မှု အစီအစဉ်ပါ။ အောက်ဆုံးမှာ လေ့လာနိုင်အောင်ပူးတွဲဖော်ပြထားပါတယ်။
ကိုးကား-
Crisis of Health Insurance under Thai Civil Servant Medical Benefit Scheme (CSMBS)
Abstract
Civil Servant Medical Benefit Scheme (CSMBS) in Thailand provides health care benefits to government officials and their dependences (parents and up to three children). The payment mechanism is retrospective unlimited fee-for-service from the Comptroller General’s Department (CGD) for both out-patient and in-patient services. Even though Thai people in CSMBS are approximately 10%, during the past 13 years (1988-2001), the program cost has increased six-folds which higher than expected budget per annum every year. In the Fiscal year 2008, the budget for CSMBS was 54,904.48 million baht which 80% of this were the cost of medicines in out-patient unit. Consideration of the crisis of CSMBS was raised during the year 1997-2010 with many strategies. Limitation in budget controlling were:
(1) CSMBS was an open end budget, people who used this scheme could reimburse all payments from the CGD,
(2) CSMBS covered high ratio of elderly because it covers retired people and their old-age family members, and
(3) the hospital had motivation to make income from reimbursement of non-essential drug lists.
In future, we need to study appropriate reimbursement system and continuing to find addition strategies to renovate health scheme benefit e.g. co-operative from physicians in rational drug use with evidence-based medicines, building attitude of lay people in good health or treatment without medicines in some cases, and supporting mind-set to use low cost but high quality medicines. Moreover, we need federal law of appropriate benefit for the low-income civil servants.
(Nutthida Jindapol, Patcharaporn Kunupatham, Pitchayanee Theerasilp, Nantawarn Kitikannakorn)
ဒါကတော့ အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ် က ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ် HIP
Welcome to the New Healthy Indiana Plan!
The Healthy Indiana Plan is a health-insurance program for qualified adults. The plan is offered by the State of Indiana, and is also known as "HIP 2.0." It pays for medical costs for members and could even provide vision and dental coverage. It also rewards members for taking better care of their health. The plan covers Hoosiers ages 19 to 64 who meet specific income levels. See below if your 2017 income qualifies.
• Individuals with annual incomes up to $16,842 may qualify.
• Couples with annual incomes up to $22,680 may qualify.
• A family of four with an annual income of $34,354 may qualify.
The Healthy Indiana Plan uses a proven, consumer-driven approach that was pioneered in Indiana. HIP 2.0 builds upon the framework and successes of the original Healthy Indiana Plan.
If you have any questions, or to find out if you may be eligible to participate in the Healthy Indiana Plan, please consult the menu on the left of this page, or contact 1-877-GET-HIP9 (1-877-438-4479).