Friday, February 20, 2009


ပြည်တွင်း အထူးသတင်း ထုတ်ပြန်ချက်

Una



ပြည်တွင်းတိုင်းရင်းသားပါတီတွေစုပေါင်းဖွဲ့စည်းထားတဲ့ United Nationalities Alliance (UNA)က ၂၀၁၀ မှာ စစ်အုပ်စုက ကျင်းပပေးမဲ့ ရွေးကောက်ပွဲကို လက်မခံကြောင်း ၂၀၀၉ ခုနှစ် ဖေဖေါ်ရီလ ၂၀ ရက် နေ့စွဲနဲ့ ကြေညာချက် တစောင် ထွက်ရှိလာပါတယ်။ ထုတ်ပြန်ခဲ့တဲ့ဒီကြေညာချက်မှာ United Nationalities Alliance (UNA)က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (N.L.D) က တင်ပြခဲ့သော နိုင်ငံရေးအကျဉ်းသားများ အားလုံးလွှတ်ပေးရန် နှင့် အဓိပ္ပါယ်ရှိသော ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဆွေးနွေးမှုများ ကို အချိန်ကာလ ထားရှိ၍ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ရန် တောင်းဆိုထားချက်ကို အပြည့်အ၀ အခိုင်အမာ ထောက်ခံပါကြောင်း နှင့် ကမ္ဘာ့ကုလသမဂ္ဂ နဲ့ နိုင်ငံတကာ မှလည်း ဒီတောင်းဆိုချက် အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ဒီထုတ်ပြန်ကြေညာချက်မှာ အချက် ၆ ချက် ပါရှိပြီး၊ စေ့စပ် ကြားဝင်ညှိနှိုင်းပေးနေတဲ့ ကမ္ဘာ့ကုလသမဂ္ဂ မှလည်း စစ်အုပ်စုက ကျင်းပပေးမဲ့ ရွေးကောက်ပွဲကို ၀င်ရန် တိုက်တွန်းပြောဆိုမှုမပြုလုပ်ရန် နှင့် ဒီလိုပြောဆိုလာမှုများကို ရှောင်ကြဉ်ကြဖို့ ကိုလည်း တိုက်တွန်းနှိုးဆော်ထားပါတယ်။

အသေးစိတ်ကို ဖတ်ရှု့ ပါ။ သက်ဆိုင်ရာ သို့ ဖြန့်ဝေနိုင်ပါသည်။

ဒီထုတ်ပြန်ချက် နဲ့ တနေ့ထဲမှာဘဲ စစ်အုပ်စု က အကျဉ်းသား ၆၀၀၀ ကို ပြန်လွှတ်ပေးမယ် လို့ ကြေညာခဲ့တယ်။ ဒီလွှတ်ပေးမဲ့သူတွေထဲ မှာ နိုင်ငံရေး အကျဉ်းသားတွေ ပါမပါ အတိအကျမသိ ရသေးပါဘူး။





Rest of your post

No comments: