Saturday, July 30, 2011

SOHO China စီးပွားရေးလုပ်ငန်းရှင် Zhang Xin က တရုတ် နိုင်ငံ အနာဂတ် ကို ဘယ်လို ဝေဖန် သုံးသပ်ထားသလဲ




-မြတ်စိုး-
၀၇.၂၆.၂၀၁၁

တရုတ် စီးပွားရေးလုပ်ငန်းရှင် Zhang Xin ကို တရုတ် နိုင်ငံ အနာဂတ် နဲ့ပက်သက်ပြီး CNN သတင်းထောက် ဇာကာရီ ( Fared Zakaria) က တွေ့ဆုံမေးမြန်းထားတာပါ။

Zhang Xin မိဘတွေဟာ မြန်မာပြည်မှာနေထိုင်ခဲ့ပြီး တရုတ်နိုင်ငံ သို့ ပြောင်းရွေှ့ကာ နိုင်ငံခြားရေးဌာန မှာ ဘာသာပြန် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတွေဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာ အချမ်းသာဆုံး အမျိုးသမီးများ စာရင်းမှာ တဦး အပါအ၀င် ဖြစ်တဲ့ Zhang Xin ဟာ ၁၉၆၅ ခုနှစ်မှာမွေးဖွားခဲ့ပြီး၊ သူမဟာ တရုတ်နိုင်ငံမှာ အိမ်ယာမြေ နှင့် အရောင်းဆိုင်ကြီး တွေကို ဆောက်လုပ်ပိုင်ဆိုင်ပြီး၊ အောင်မြင်ကျော်ကြားလူသိများတဲ့ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်တယ်။ ၁၉၉၅ ခုနှစ် မှာ သူမရဲ့ ခင်ပွန်း ပန်ရှီးရီ နှင့် သူမဟာ နိုင်ငံတကာရှိ SOHO China အရောင်းဆိုင်ကြီးတွေရဲ့ ပိုင်ရှင်များအဖြစ် လူသိများလာခဲ့သူဖြစ်တယ်။

သူမဟာ အသက် ၄၇ နှစ်သာရှိပြီး၊ ဒေါ်လာ နှစ် ဘီလီယံ ကျော် ချမ်းသာကြွယ်ဝတဲ့ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်တယ်။ သူမဟာ ကမ်းဘရစ်ခ်ျ တက္ကသိုလ်ကနေ ဖွံဖြိုးမှုဆိုင်ရာစီပွားရေး ဘာသာဖြင့် မဟာဘွဲ့ရရှိခဲ့ပြီး အမေရိကန် ကုမ္ပဏီတွေဖြစ်တဲ့ Goldman Sachs and Travelers Group တို့မှာ လုပ်ကိုင်ခဲ့ဘူး သူလဲဖြစ်တယ်။

Zhang Xin က တရုတ် နိုင်ငံ အနာဂတ် ကို ဘယ်လို သုံးသပ်ထားသလဲ?


Zhang Xin (simplified Chinese: 张欣; traditional Chinese: 張欣; pinyin: Zhāng Xīn, born 1965) is a businesswoman from Mainland China. Presently, she is the CEO of SOHO China, the largest real estate developer in Beijing.


တရုတ်နိုင်ငံမှာ ဈေးကွက်စီးပွားရေး စနစ်ကျင့်သုံးနေတယ်ဆိုပေမဲ့၊ အစိုးရ ထိန်းချုပ်မှုတွေ အောက်မှာ ရှိတဲ့ ဈေးကွက်စီးပွားရေး စနစ် သာဖြစ်လို့ လွတ်လပ်တဲ့စီးပွားရေးပုံစံမှာ မရှိပဲ၊ စိုးရိမ်မှုတွေ နဲ့သာ ပြည့်နှပ်နေတယ် လို့ သူမက ဆိုတယ်။ အစိုးရ က စီမံခန့်ခွဲတဲ့ အရင်းရှင် စီးပွားရေးစနစ် ဟာ တရုတ်နိုင်ငံ အတွက် အဓိက စိန်ခေါ်မှုတွေဖြစ်တယ်လို့ သူမက ပြောဆိုတယ်။ တရုတ်အစိုးရဲ့ ထိမ်ချုပ်ထားတဲ့ စီးပွားရေးမူဝါဒများကြောင့် စီးပွားရေးလုပ်ငန်းရှင်များအကြားနှင့် ဈေးကွက်မှာ မကျေနပ်မှုတွေ ကြီးထွားလာနေတာကို မြင်တွေ့ နေရတယ်လို့ သူမက ထောက်ပြဝေဖန်ခဲ့တယ်။ ဒီ မကျေနပ်မှုတွေဟာ တရုတ်နိုင်ငံ အနာဂတ် အတွက် စိမ်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ထုတ်ဖော်ပြောဆို ခဲ့တယ်။

“ငါတို့ စီးပွားရေးလုပ်ငန်းတွေ အတွက် စီးပွားရေးဆိုင်ရာ ရည်မှန်းချက် မဟာဗျူဟာ၊ နည်းဗျူဟာ တွေ ကို ငါတို့ကိုယ်တိုင် လုပ်ပိုင်ခွင့်မရှိဘူး။ အစိုးရ ရဲ့ ထိမ်းချုပ်မှုတွေ အောက်မှသာ လုပ်နေကြရတာပါလို့" သူမက သတ္တိရှိရှိ လူသိရှင်ကြား ဝေဖန်ခဲ့တယ်။ လုပ်ငန်းရှင်တွေရဲ့ စီးပွားရေးလုပ်ငန်းတွေ ဟာ တရုတ်အစိုးရ က ထိမ်းချုပ်ထားတဲ့ မူဝါဒတွေ၊ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ပေါ်လီစီတွေ အတိုင်း လိုက်လျော်ညီထွေ အောင် လုပ်ဆောင်နေရလို့ အခက်အခဲတွေ၊စိမ်ခေါ်မှုတွေ ရှိနေတယ်လို့ သူမ ကဆိုတယ်။ တရုတ်မျိုးဆက်သစ်တွေ ဟာ ပိုမိုပွင့်လင်းတဲ့ လူနေမှုစနစ်ကို လိုလားတောင်းတ လာကြတာ တွေ့လာရလို့ အစိုးရ ရဲ့ ထိမ်းချုပ်ထားမှု တွေ အပေါ် ကြီးမားတဲ့ အံတုမှုတွေဖြစ်လာနိုင်တယ် သူမက သုံးသပ်ထားတယ်။

တရုတ်အစိုးရ ဟာ စီးပွားရေးဖွံ့ဖြိုးမှုဆိုင်ရာ ကိန်းဂဏန်းအချက်အလက်တွေတွေ ကိုသာ အလေးထား လုပ်ဆောင်နေပေမဲ့၊ အလုပ်လုပ်ကိုင်နေကြတဲ့ ပြည်သူတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ လူနေမှုအဆင့် မြင့်မားစေမှုတွေ ကို လစ်လျူရှု့နေတာကြောင့် စီးပွားရေး၊ နိုင်ငံရေးအကျပ်အတည်း ကာလ ကို ဖြတ်သန်း လာရမှာဖြစ်ပြီး၊ ဒီအကျပ်အတည်း တွေကို ကနေတဆင့် တရုတ်နိုင်ငံအတွက် ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာနိုင်ကြောင်း သူမက သုံးသပ်ထားပါတယ်။

တရုတ်အစိုးရ ရဲ့ တင်းကျပ်တဲ့ တပါတီအာဏာရှင်စနစ်အောက်မှာ တရုတ်စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ ကတော့ ပြည်သူလူထု အကျိုးအတွက်ကြည့်ကာ သတ္တိရှိရှိ ပွင့်ပွင့်လင်းဝေဖန်မှုတွေ လူသိရှင်ကြား ပြောဆိုနေကြပေမဲ့၊ မြန်မာနိုင်ငံမှာတော့ ၀ိသမစီးပွားရေးသမား စီးပွားရေး လုပ်ငန်းရှင်တွေဟာ ခေတ်ပျက်သူဌေး ဘွဲ့ခံယူပြီး၊ အကျင့်ပျက် စီးပွားရေးလက်ဝေခံ ဗိုလ်ချုပ်များ၊ဗိုလ်ချုပ်ကတော်များ နဲ့ အတူ တိုင်းပြည် ကို ခြစားနေကြလေရဲ့....။

No comments: