Saturday, February 18, 2012

ဂျိုးဇတ်ဆာရာနီ နှင့် တွေ့ဆုံမေးမြန်းမှု

(WFWW)
မြန်မာနိုင်ငံ လူ့အခွင့်အရေး နှင့် နိုင်ငံရေး အခြေအနေ တွေ တိုးတက်ပြောင်းလဲဖို့ တက်ကြွစွာ ပါဝင် လှုပ်ရှားနေတဲ့ အမေရိကန် နိုင်ငံသား ဂျိုးဇတ်ဆာရာနီ ကို လက်ရှိမြန်မာနိုင်ငံရေး အခြေအနေနဲ့ ပက်သက်ပြီး သူ့ရဲ့ ထင်မြင်ချက်တွေ ကို သိရှိဖို့ ကိုမြတ်စိုး က မေးမြန်းခဲ့ပါတယ်။

ဂျိုးဇတ်ဆာရာနီ ဟာ အမေရိကန်နိုင်ငံ၊ အင်ဒီယားနားပြည်နယ် (Purdue University) ပါဒူး တက္ကသိုလ်က ဘွဲ့ရခဲ့ပြီး၊ တောင်အာဖရိနိုင်ငံ မှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ကို သွားရောက်လေ့လာ ပညာဆည်းပူးခဲ့သူတစ်ဦးလည်းဖြစ်တယ်။ ထိုင်းနိုင်ငံမှာ မြန်မာ နိုင်ငံ လူထု အထောက်အကူပြုလုပ်ငန်းတွေ နဲ့ ပညာရေးလုပ်ငန်းတွေ ကို ၁၀ နှစ်ကျော်ကြာ အခမဲ့ ကူညီဆောင်ရွက် ပေးနေသူတစ်ဦးလည်း ဖြစ်ပါတယ်။ သူဟာ အာဖဂ္ဂန် ရွေးကောက်ပွဲ၊ အိစ်တီမော ရွေးကောက်ပွဲတွေမှာ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူ တစ်ဦးအဖြစ် ပါဝင်ပြီး တာဝန်ထမ်း ဆောင်ခဲ့ဘူးသူလည်း ဖြစ်ပါတယ်။

ဖုန်းနဲ့ ဆက်သွယ် မေးမြန်းခဲ့တဲ့ အတွက် သူရဲ့ ထင်မြင်ချက် စာသားတွေ ကို ကောက်နုတ် ၍ သာ ဖော်ပြသွားပါမည်။

မြတ်စိုး- ခင်ဗျား မြန်မာပြည်အတွက် ဘာတွေ လုပ်နေသလဲဆိုတာ ပြောပြလို့ရမလား။

ဂျိုးဇတ်ဆာရာနီ- ဟုတ်ပါတယ်။ ကျနော် ဟာ မြန်မာနိုင်ငံ မှာ အခြေအနေတွေ တိုးတက်ပြောင်းလဲမှုတွေ ရှိလာဖို့အတွက် တက်နိုင်တဲ့ဘက် က ၀ိုင်းဝန်း ကူညီဆောင်ရွက်မှုတွေ ကို လုပ်ဆောင်ပေးနေပါတယ်။

မြတ်စိုး- ခင်ဗျားဟာ အစိုးရ မဟုတ်တဲ့ နိုင်ငံတကာ လူထု အထောက်အကူပြု အဖွဲ့အစည်းတွေနဲ့ ထိစပ်မှုရှိတယ်ဆိုတော့ လက်ရှိ မြန်မာနိုင်ငံ မှာ နိုင်ငံတကာ လူမှုအထောက်အကူပြု အဖွဲ့အစည်းတွေ နှင့် သူတို့ရဲ့ လုပ်ဆောင်မှုတွေ အပေါ် ဘယ်လို သုံးသပ်ချင်ပါသလဲ။

ဂျိုးဇတ်ဆာရာနီ- ဒီမေးခွန်းဟာ မြန်မာနိုင်ငံ ကို လူမှုထောက်ပံ့ကူညီမှု လုပ်ဆောင်လိုကြသူတွေ အတွက် အဓိက ကျတဲ့မေးခွန်းတခုပါ။ ဘယ်နေရာ က ဘယ် အခြေအနေတွေ ကို စပြောရမလဲ မသိဘူးဗျာ။ မြန်မာနိုင်ငံ မှာ လက်ရှိ အစိုးရ မဟုတ်တဲ့ လူထု အထောက်အကူ ပြုစေတဲ့ အဖွဲ့အစည်းတွေ အများကြီးရှိသလို ကျနော်ရဲ့ မိတ်ဆွေတွေဟာလည်း တချို့နယ်ပယ်တွေမှာ ကူညီဆောင်ရွက်မှုတွေ ကို ပြုလုပ်နေကြတယ်။ သူတို့ရဲ့ ပြောဆိုချက်တွေ အရ လုပ်ပိုင်ခွင့်တွေ မှာ အခက်အခဲတွေရှိနေကြသလို ၊ လုပ်ဆောင်မှုတွေ မှာ စိန်ခေါ်မှုများစွာ ရှိနေကြသေးတယ်လို့ သိရတယ်။ လောလောဆယ်မှာတော့ လက်ရှိ အာဏာပိုင်တွေ နှင့် သူတို့ရဲ့ အသိုင်းအ၀န်း နီးစပ်သူတွေ နဲ့သာ ပူးပေါင်းပြီး လူထု အထောက်အကူပြု လုပ်ငန်းတွေအတွက် အခွင့်အလမ်းတွေရအောင် လုပ်ဆောင်နေကြရတယ်။ အစိုးရ အတွင်း ဗျူရိုကရေစီ ယန္တားယားတွေ ရှိနေမှုတွေကြောင့်လည့်း မတွင်ကျယ်ဖြစ်နေရတယ်လို့ဆိုကြတယ်။ အစိုးရ သစ် အောက်မှာတော့ အခွင့်အလမ်း ပိုမို တိုးတက်လာလိမ့်မယ်လို့ မျှော်လင့်ထားကြတာပဲ။

တခြားတဖက်မှာလည်း နိုင်ငံတကာ ထောက်ပံ့ကူညီမှုတွေ ဟာ ရုံးလုပ်ငန်းတွေ၊ သင်တန်းတွေ၊ ဆက်သွယ်မှုလုပ်ငန်းတွေ မှာ သုံးစွဲမှု၊ ကုန်ကျစရိတ်တွေ များနေပြီး၊ အကူအညီတွေ လူထု လက်ထဲရောက်ရှိဖို့မှာ အားနည်းနေတာ ကိုတွေ့ရတယ်။ နိုင်ငံတကာ ထောက်ပံ့ကူညီမှုတွေ လူထု ကို တိုက်ရိုက်ရောက်ရှိစေဖို့ မှာ တိုးတက်မှုတွေ လိုနေသေးတယ်လို့ ကျနော်မြင်ပါတယ်။

နိုင်ငံတကာ လူမှု အထောက်အကူပြုနေကြတဲ့ အဖွဲ့အစည်းတွေ အနေနဲ့ နီးစပ်ရာ အဖွဲ့ အစည်းတွေထက် စာရင် ပြည်တွင်းမှာ တကယ်လုပ်ဆောင် နေကြတဲ့ လူထု အထောက်အကူပြု အဖွဲ့အစည်းအသီးသီးတွေ၊ လူပုဂ္ဂိုလ်တွေနဲ့ တိုက်ရိုက်ဆယ်သွယ် ထိစပ်မှုတွေ လိုအပ် နေတာတွေ့ရတယ်။ နိုင်ငံတကာ အကူအညီတွေ ကို ပိုက်လိုင်းတခု ထဲက မသွားစေချင်ဘူး။ ဒီ လို ဖြစ်လာမယ် ဆိုရင်လည်း ဗျူရိုကရေစီ ယန္တားယား အောက် က သွားနေသလိုပဲဖြစ်နေလိမ့်မယ်။

ကျနော့် အထင်တော့ ပြည်တွင်းမှာ လူထု အထောက်အကူပြုမှုတွေ ထိရောက်စေဖို့ ပြည်တွင်း လူငယ်တွေရဲ့ အရည်အချင်းတွေ၊ ဗဟုသုတ တွေ ကို ဆက်လက်မြင့်တင်ပေးဖို့လိုသလို၊ ပြည်တွင်းမှာ လူထု အကျိုးပြု အဖွဲ့အစည်းတွေ စနစ်ကျတဲ့ ပုံစံ နဲ့ ပေါ်လာဖို့ ဦးစားပေးလုပ်ဆောင်သင့်တယ်။ တချိန်ထဲမှာလည်း နိုင်ငံတကာ လူထု အထောက်အကူပြု အဖွဲ့အစည်းများအနေနဲ့ ဆုံးဖြတ်ချက်တွေ၊ လုပ်ငန်းဆောင်ရွက်မှုတွေ မှာ ထင်သာမြင်သာရှိဖို့ လိုအပ်ပါလိမ့်မယ်။

အဓိက ကတော့ တကယ် အကူအညီ လိုအပ်သူတွေထဲ၊ တိုက်ရိုက် ရောက်ရှိ ကူညီနိုင်မည့် နည်းလမ်းတွေ ကို ရှာဖွေကြိုးစားလုပ်ဆောင်ဖို့ လိုတယ်လို့ ကျနော် မြင်ပါတယ်။ ဒီလိုဖြစ်လာအောင် ကျနော်တို့ အားလုံး လုပ်ဆောင် ဖန်တီးကျိုးစားယူရမှာပါပဲ။

မြတ်စိုး - လက်ရှိ မြန်မာ့ နိုင်ငံရေး အခြေအနေ ကို ခင်ဗျား ဘယ်လိုမြင်ပါသလဲ။

ဂျိုးဇတ်ဆာရာနီ- လက်ရှိ သိန်းစိန် အစိုးရ သစ် ပြုပြင်ပြောင်းလဲမှုတွေ ကို လုပ်ဆောင်တဲ့ နေရာမှာ တချို့နေရာတွေမှာ ကောင်းတဲ့ခြေလှမ်းတွေပါ။ ဥပမာ - နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးတာမျိုးပေါ့ ။ ဒါပေမဲ့ အများစု နေရာမှာတော့ ဟန်ပြ လုပ်ဆောင်နေမှုတွေ မျိုး မဖြစ်သင့်ဘူး။ ဥပဒေကြောင်း နည်းလမ်းအရ လုပ်ဆောင်ပေးမှုမျိုး ဖြစ်သင့်တယ်။

မြန်မာနိုင်ငံရေး ပြောင်းလဲမှုတွေ ကို လေ့လာကြည့်မယ်ဆိုရင် အိမ်နီးချင်းနိုင်ငံတွေ ဖြစ်ကြတဲ့ လားအိုး တို့ ကမ္ဘောဒီးယား တို့မှာ ဖြစ်ပျက်နေတဲ့ ဖြစ်စဉ်တွေနဲ့ အလားသဏ္ဍန် သွားတူနေတယ်။ အစိုးရ က စစ်တပ်ထောက်ခံမှုနဲ့ အာဏာကို ထိမ်းချုပ်မှုတွေ ပြုလုပ်ခဲ့ကြတယ် ကို ဆိုလိုတာပါ။ လက်ရှိ မြန်မာ အစိုးရသစ် ဟာ လားအိုး တို့၊ ကမ္ဘောဒီယားတို့ နိုင်ငံတွေ မှာလို ပြောင်းလဲမှု ပုံစံမျိုး လုပ်လာလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။

ကျနော် အထင်တော့ လက်ရှိ အစိုးရသစ်ဟာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု လုပ်နေတယ်၊ လက်ရှိနိုင်ငံရေးအခြေအနေဟာ အမှန်တကယ် တိုးတက်ပြောင်းလဲမှုတွေကို ဦးတည်နေတယ်၊ လို့တော့ မထင်သေးဘူး။ စစ်တပ် က နိုင်ငံရေးမှာ အားသာမှုရှိအောင် လုပ်နေတဲ့ အဆင့်လို့ ပဲ သုံးသပ်မိပါတယ်။

မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းကို တကယ်ပဲ သွားချင်တယ်ဆိုရင်တော့ - အထွေထွေ လွှတ်ငြိမ်းချမ်းသာခွင့် လို ဥပဒေနဲ့ နိုင်ငံသားတိုင်း ကို အာမခံချက်တွေပေးရမယ်။ မြန်မာနိုင်ငံမှာ ပြည်တွင်း ပြည်ပ နိုင်ငံရေးသမားတွေ အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးအခင်းအကျင်းတွေ ဖြစ်လာဖို့ အာမခံချက်တွေ ပေးရမယ်။ ပြည်တွင်း ပြည်ပ နိုင်ငံသားတိုင်းအားလုံး တိုင်းပြည် ပြန်လည်ထူထောင်ရေး နှင့် လူထု အထောက်အကူပြုမှု လုပ်ငန်းတွေမှာ ပါဝင်နိုင်ဖို့ ပွင့်လင်းပြီး၊ ထင်သာမြင်သာတဲ့ ဥပဒေတွေ ရှိဖို့လိုပါတယ်။ လူထု အကျိုးအတွက်၊ လူထု ကို အကာအကွယ်ပေးဖို့ ပြင်ဆင်ရမည့် ဥပဒေတွေ ကို ရိုးသားစွာ ပြင်ဆင်ချင်တဲ့ သတ္တိရှိဖို့ လိုပါလိမ့်မယ်။ ဒါတွေဟာ တကယ် တိုးတက် ပြောင်းလဲမှုတွေ ကို လိုလားတယ်ဆိုရင် အစိုးရသစ်အနေနဲ့ ရိုးရိုးသားသား လုပ်ရမည့် အချက်တွေပါ။

ဒါပေမဲ့ မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းကို လျောက်လှမ်းနေတယ်ဆိုပြီး အာဏာ ခွဲဝေမှုတွေ မှာ စစ်တပ် ကို ဗဟိုထား ဦးစား ပေးလုပ်ဆောင်မှု တွေရှိနေတုန်းပါ။ ဥပမာ - ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ကို ဆိုလိုတာပါ။ ဒီဖွဲ့စည်းပုံ အရ စစ်တပ် ဟာ ပထမ ဦးစာပေး အဆင့်မှာ ရှိနေတုန်းပါ။ လူထု အကျိုး နှင့် လူထု ကို ကာကွယ်ပေးမှု က ဒုတိယ ဦးစား ပေး အဆင့်မှာသာရှိနေတာ တွေ့ရတယ်။ လက်ရှိ အာဏာ ပိုင်တွေ ဟာ မြန်မာနိုင်ငံ မှာ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေ ပေါ် မှာ လည်း တာဝန်ယူမှု မရှိသေးဘူး။ အထက် နဲ့ အောက် က လည်း ကွဲပြားခြားနားစွာ လုပ်ဆောင်နေတာတွေ့ရတယ်။
ဥပမာ- ယုံကြည်မှုတည်ဆောက် နေတယ်လို့ အထက် က ပြောနေပေမဲ့၊ အောက်ခြေ အာဏာပိုင်တွေ က လေးစား လိုက်နာမှု မရှိတာတွေ့နေရတယ်။

မြန်မာနိုင်ငံ ပြန်လည် ဖွံ့ဖြိုးတိုးတက်လာစေဖို့ အကြံပြု ဆွေးနွေး ခဲ့ကြတဲ့ အာရှ လူမှု အဖွဲ့ ကြီးရဲ့ အစီရင်ခံစာ မှာလည်း ဒီ အချက်တွေကို မီးမောင်းထိုးပြထားတာတွေ့ရတယ်။

Myat Soe: Will you tell me "what are you doing for Burma" ?
Joe: Of course, I am supporting any move to improve the situation inside.

Myat Soe: Can you share your opinion on International NGOs operation in Burma?
Joe: That’s a big question, so I don’t know where to start. Over decades, Burma has steadily deteriorated. Military leaders still continue to govern the country in a highly authoritarian manner.

In short, the daily life of the average citizen in Burma is characterized by grinding poverty, declining health standards, and abysmal humanitarian conditions. Indeed, the people of Burma need helps to improve in education, health and human resources. We must create opportunities to expand humanitarian space.

But, I do have friends working there now for NGO’s, and they said the situation is not good.

In my opinion, it is for sure, we need helping to build local capacity and structures. At the same time, NGOs also need to do Improving transparency in decision making and policy implementation.

Myat Soe: How do you see on the current political situation in Burma?

Joe: “The Changes that have been made by the new “government” are good, but they are mostly cosmetic. The government owns everything and has made the constitution so they still control the government. It is very similar to Laos and Cambodia and all of Asean countries. Authoritarian government mixed with military. Military power in politics is first, the people of Burma come second.

Seem like we messed up the country; we don’t want to take accountability and responsibility. We own everything now, so will liberalize in exchange for no grand compromise.

I believe they are just playing from a position of strength. It is not work. Look at Laos and Cambodia. They are “free and democratic” but not really. I think the government in Burma will do the same. Act like they are democratic, play the big investors, and keep all the power in the military elites. So, I don’t believe that it is true reform. It is just enough to get investment. It is all about money, freedom is second.

ံHere, I want to point out that Asian Society has suggested the central requirement for the improvement of governance and institutional quality in Burma is the removal of the military from its central position of power. Burma’s new constitution (2008) ensures that the military cannot be excised from the legislative process, and therefore little can be expected from the document on this front.

No comments: