Saturday, February 23, 2008

အိန္ဒိယက မြန်မာနိုင်ငံက ဂတ်စ်တွေ ထုတ်ယူတော့မယ်





ရန်ကုန်၊ ဆင်ဟွာ ၂၀ ရက်၊ ဖေဖော်ဝါရီ

အက်ဆာ (Essar) ခေါ် အိန္ဒိယ ရေနံကုမ္ပဏီက လွန်ခဲ့တဲ့ နှစ်နှစ်ကျော်ကတည်းက မြန်မာစစ်အစိုးရနဲ့ ချုပ် ဆိုထားတဲ့သဘောတူစာချုပ်အရ မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ကမ်းရိုးတန်း ကုန်းတွင်းပိုင်းတစ်နေရာ မှာ ဒီနှစ်အတွင်း သဘာဝဓာတ်ငွေ့ကို စတင် စမ်းသပ်တူးဖော်တော့မှာ ဖြစ်ပါတယ်။

တူးဖော်မဲ့နေရာကတော့ ရခိုင်ပြည်နယ်စစ်တွေမြို့မှာရှိတဲ့ လုပ်ကွက် အမှတ် အယ် (L) မှာတူးဖေါ်မှာပါ။ လုပ်ကွက် (L) က ၂၀၀၅ ခုနှစ်က မြန်မာ့ရေနံ နှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း နဲ့ဓာတ်ငွေ့တူးဖော်ဖို့စာချုပ်ချုပ် ဆိုထားတဲ့ ဓာတ်ငွေ့တွင်းနှစ်ခုထဲက တစ်ခုဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ရေနံလုပ်ကွက် အမှတ် A2 ပါ။ အဲဒါကတော့ ရခိုင်ကမ်းရိုးတန်းပေါ်မှာ ရှိပြီးနောက် ပိုင်းမှာ တူးဖော်မှာလို့ အစီရင်ခံစာထဲမှာ ဖော်ပြထား ပါတယ်။

အက်ဆာ (Essar) ကတော့ မြန်မာနိုင်ငံမှာ သဘာဝဓာတ်ငွေ့တူးဖော်တဲ့ အိန္ဒိကုမ္ပဏီနှစ်ခုဖြစ်တဲ့ ONGC Videsh လီမိတက်နဲ့ အိန္ဒိယနိုင်ငံဓာတ်ငွေ့ထုတ်ဖော်ရေးအာဏာရရှိထားတဲ့ GAIL ကုမ္ပဏီတို့ပြီးရင် တတိယ ကုမ္ပဏီတစ်ခုပါ။ ONGC နဲ့ GAIL တို့ဟာ ၂၀၀၀ ခုနှစ်ကတည်းက ရခိုင်ကမ်းရိုးတန်းမှာရှိတဲ့ လုပ်ကွက် အမှတ် A – 1 နဲ့ A – 3 တို့ကို တောင်ကိုရီးယား ဒေ၀ူးအပြည်ပြည်ဆိုင်ရာ ကော်ပိုရေးရှင်း၊ တောင်ကိုရီးယား ဂတ်စ်ကော်ပိုရေးရှင်းတို့ နှင့် စပ်တူ တူးဖော်ခဲ့ကြတာပါ။ အဲဒါကိုတော့ ဒေ၀ူးကုမ္ပဏီက ဦးဆောင်ပြီးတူးဖော်ပါတယ်။

အစောပိုင်းက စစ်အစိုးရဘက်ကရရှိတဲ့ အစီရင်ခံစာများအရ၊ ပြီးခဲ့တဲ့စက်တင်ဘာလအတွင်းက ONGC ကုမ္ပဏီက ရခိုင်ကမ်းလွန်ရေနက်ပိုင်းမှာရှိတဲ့ လုပ်ကွက် အမှတ် AD -2, AD – 3 နဲ့ AD – 9 တို့မှာ သဘာဝဓာတ်ငွေ့တူးဖော်ဖို့ စစ်အစိုးရနဲ့ တစ်ဦးတည်းသီးသန့် စာချုပ်ချုပ်ဆိုခဲ့ပါတယ်။

အထူးသဖြင့် မြန်မာ့ကမ်းလွန်ပင်လယ်ပြင်မှာ သဘာဝဓာတ်ငွေ့ အမြောက်အများထွက်ရှိပါတယ်။ ကမ်း လွန်ပင်လယ်ပြင်မှာရှိတဲ့ အဓိက ရေနံ နဲ့သဘာဝဓာတ်ငွေ့တွင်း ၃ ခုအပါအ၀င်၊ ကမ်းနီးမှာရှိတဲ့ သဘာဝဓာတ်ငွေ့ တွင်း ၁၉ တွင်းက ထွက်ရှိတဲ့ ရေနံ နှင့် သဘာဝဓာတ်ငွေ့ပမာဏ ထရီလီယံ ၂.၅၄ ကုဗမီတာ ထဲက ၅၁၀ ဘီလီယံကို ရောင်းချပြီးသွားပါပြီ။ တန်ဖိုးအားဖြင့် ရောင်းချပြီးတဲ့ ရေနံ နှင့် သဘာဝဓာတ်ငွေ့ ပမာဏ ဟာ အမေရိကန်ဒေါ်လာ ၃.၂ ဘီလီယံ ဖိုးလောက်ရှိပါတယ်။

ဗဟိုစာရင်းအင်း ဋ္ဌာန ရဲ့ စာရင်းဇယားများအရ ၂၀၀၆ - ၂၀၀၇ ဘဏ္ဍာရေးနှစ်မှာ မြန်မာနိုင်ငံက ရေနံစိမ်း ၇.၇၀၇ မီလီယံ နဲ့ ဂတ်စ် ကုဗမီတာ ၁၃.၀၃၉ ဘီလီယံ ထုတ်လုပ်ခဲ့ပြီး၊ နိုင်ငံခြားသို့ ဂတ်စ် ကုဗမီတာ ၁၃.၀၂၈ ဘီလီယံ ရောင်းချခဲ့ပြီး၊ နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ ၂.၀၃ ဘီလီယံရရှိခဲ့ပါတယ်။

နောက်ထပ်ရရှိတဲ့ စာရင်းဇယားများအရ ၂၀၀၇-၂၀၀၈ ခုနှစ် ပထမနှစ်ဝက် (April –September) အတွင်းမှာ ထုတ်လုပ်ရရှိသော ရေနံစိမ်းပမာဏဟာ ၃.၈၅၇ မီလီယံ ရှိပြီး၊ သဘာဝဓာတ်ငွေ့ပမာဏဟာ ကုဗမီတာ ၆.၇၄ ဘီလီယံ ရှိပါတယ်။ ပြည်ပကိုရောင်းချဖို့မှတ်ပုံတင်ထားပြီးတဲ့သဘာဝဓာတ်ငွေ့ပမာဏ ဟာ ကုဗမီတာ ၉.၁၇ ဘီလီယံရှိပြီး၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁.၅၃၁ ဘီလီယံဖိုး ရှိပါတယ်။

၂၀၀၇ နှစ်ကုန်ပိုင်းအထိ စာရင်းဇယားများအရ စီမံကိန်း ၈၅ ခုအနက် ရေနံ နှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုမှာ မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏဟာ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၃.၂၄၃ ဘီလီယံအထိရှိသွားပြီလို့ သိရပါတယ်။ မြန်မာနိုင်ငံရဲ့ ရေနံ နဲ့ သဘာဝဓာတ်ငွေ့ ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှု ဟာ ၁၉၈၈ နောက်ပိုင်းမှာ စခဲ့တာပါ။ ဒါကြောင့် လျှပ်စစ်ကဏ္ဍပြီးလျှင် ရေနံ နှင့် သဘာဝဓာတ်ငွေ့ အတွက် စစ်အစိုးရရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ ဒုတိယနေရာကနေ လိုက်ပါတယ်။

ယခုလက်ရှိမှာ မြန်မာနိုင်ငံရဲ့ ရေနံ နှင့် သဘာဝဓာတ်ငွေ့ ထုတ်ယူရေးစီမံကိန်းမှာ သြစတေးလျ၊ ဗြိတိန်၊ ကနေဒါ၊ တရုတ်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ တောင်ကိုရီးယား၊ မလေးရှား၊ ထိုင်း နဲ့ ရုရှ နိုင်ငံတို့ ပါဝင်ပါတယ်။

Yangon, Feb. 20 (Xinhua)








No comments: