Friday, September 11, 2009

အနာဂတ်ကြယ်ပွင့်လေးများအတွက်- အပိုင်း (၁ )





Supporting children who have fled Burma over the border into Thailand

ကျနော်တို့ ထိုင်းနိုင်ငံ မဲဆောက်မြို့ ရွေှ့ပြောင်းအလုပ်သမားများရဲ့ ကလေးငယ်များ စာသင်ကြားနေကြတဲ့ စာသင်ကျောင်းတစ်ခုကို သွားရောက်လေ့လာ အားပေးခဲ့ကြတယ်။ ကျောင်းနံမည်လေးကတော့ စေတနာကျောင်း လို့ ခေါ်တယ်။ ဒီကျောင်းမှာ ကျောင်းသား ၁၂၀ လောက် စာသင်ကြားနေတာကိုတွေ့ခဲ့ရတယ်။ ကလေး ငယ်တွေရဲ့ မျက်လုံးမှာ ယုံကြည်ချက်တွေနဲ့အတူ အလင်းရောင်တန်းတွေတောက်ပနေတာဟာ အင်မတန်မှ အားရကြည်နှုးဖွယ်ရာကောင်းခဲ့တယ်။ သူတို့ဟာ အနာဂတ်မှာ ကြယ်ပွင့်တွေလို လင်းရောင်တောက်ပဖို့အတွက် အားမန်အပြည့်နဲ့ စာပေသင်ကြားနေတာကိုတွေ့ရှိခဲ့ရတယ်။ ကလေးငယ်တွေဆိုတဲ့အတိုင်းဖြူစင်တယ်၊ ရိုးသားတယ်၊ပွင့်လင်းတယ်၊ အားမန်သစ်၊ ခွန်အားသစ် အပြည့်အ၀ရှိနေကြတယ်။

ကိုပြုံးချို၊ မစ္စစ် အဲမလီ အပါအ၀င် ကျောင်းဆရာ၊ဆရာမတွေဟာလည်းမိမိတို့ရဲ့ ရင်သွေးငယ်တွေလို စေတနာအပြည့်အ၀နဲ့ စာသင်ကြားပေးနေတာကိုတွေ့ရတယ်။ မိမိတို့တက်မြောက်ထားကြတဲ့ ပညာတွေကို ကလေးငယ်တွေကို လက်ဆင့်ကမ်းပြီး ပညာကို သဒ္ဓါကြည်ဖြူစွာ ပေးလှူတဲ့ စေတနာ (သဒ္ဓါဒါန) နဲ့အတူ သင်းကြားပို့ချပေးနေကြတယ်။ သူတို့ဟာ သူတို့ ဖြတ်သန်းနေတဲ့ သမိုင်းမှာ သူတို့ပေးဆပ်ကြယင်း အားတက်သရော် တက်နိုင်တဲ့တာဝန်တွေကို ထမ်းဆောင်နေကြတာတွေ့ရလို့ အင်မတန်မှ ဂုဏ်ယူဖို့ ကောင်းလှတယ်။

အမှန်ပါပဲ။ ပညာရေးသည် နိုင်ငံတနိုင်ငံရဲ့ အဓိက မဏ္ဍိုင်ဖြစ်သည့်အလျှောက် အဘက်ဘက်မှ ယိုင်လဲ ချို့တဲ့နေသော မြန်မာနိုင်ငံကို ဗုံးဗုံး ကျမသွားအောင် ထိန်းနိုင်ရန် နိုင်ငံသားတိုင်း ပညာတတ်ရေး၊ ပညာသင်နိုင်ရေးသည် နိုင်ငံတခုအတွက် အရေးကြီးလှသည့် လိုအပ်ချက်တစ်ခုဖြစ်ပါသည်။ အနာဂတ်မှာ တိုင်းပြည်ခေါင်းဆောင်တွေဖြစ်လာကြမဲ့ ကလေးငယ်တွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ဟာ နိုင်ငံသားတိုင်းရဲ့ တာဝန်ဖြစ်တာမို့ ပြည်ပရောက် မြန်မာနိုင်ငံသားအားလုံး မိမိတို့ တက်နိုင်သလောက် ၀ိုင်းဝန်းပံ့ပိုးပေးကြပါလို့။





Rest of your post

No comments: