Wednesday, January 28, 2009

Ice storm cuts electricity to more than 1 million




မြတ်စိုး-

အမေရိကန် အရှေ့ပိုင်းကမ်းရိုးတန်း ပြည်နယ်တွေမှာ မနေ့ က ရေခဲ နှင့် နှင်းမုန်တိုင်း တိုက်ခိုက်မှု ကြောင့် နေရာတော်တော်များများမှာ လျှပ်စစ်မီးလိုင်းတွေ ပြတ်တောက်ခဲ့ ရပါသည်။ နှင်းမုန်တိုင်းဟာ တန်နက်စ်ဆီ ပြည်နယ် ( Tennessee) မှ နယူးအင်္ဂလန် (New England) အထိ ကျရောက်ခဲ့တာပါ။ နှင်းမုန်တိုင်း ရာသီဥတုဆိုး ကြောင့် ပြင်းထန်သော ယာဉ်တိုက်မှုတွေ နေရာတော်တော်များများ မှာ ဖြစ်ပွားခဲ့ကြသည်။ လူအသေ အပျောက်များ လည်းရှိတယ်။ တချို့နေရာတွေ မှာ သစ်ပင်များပြိုလဲကျပြီး၊ လမ်းများ ပိတ်ဆို့ ခဲ့ရပါသည်။ တချို့ ပြည်နယ်တွေရှိ နေရာတောတောများများမှာသစ်ပင်များပြိုလဲ၍ လျှစ်စစ်မီးကြိုးများ ပြတ်တောက်ကာ အိမ်တချို့ မီးလောင်ခဲ့ရတယ်။ အခုဆို အိမ်ခြေ တသန်းကျော် ( a million customers) လျှပ်စစ်မီးပြတ်တောက်နေပြီး၊ စုစုပေါင်း လူပေါင်း ၂၃ ယောက် သေဆုံးခဲ့တယ်လို့ သတင်းထဲမှာ ဖော်ပြ ထားပါတယ်။ တနင်္လာနေ့ နှင်းမုန်တိုင်းစတင်ကျပြီးကတည်းက တက္ကဆတ် (Texas) ပြည်နယ် နှင့် မီစိုရီ (Missouri) ပြည်နယ် မှာ ၆ ယောက်၊ အာကမ်းစပ်စ် (Arkansas) ပြည်နယ်မှာ ၄ ယောက်၊ ဗာဂျီးနီးယား (Virginia) ပြည်နယ်မှာ ၃ ယောက်၊ အိုကလာဟိုးမား (Oklahoma) မှာ ၂ ယောက် နှင့် အင်ဒီယားနား (Indiana) နှင့် အိုဟိုင်းရိုး(Ohio) ပြည်နယ်တွေမှာ ၁ ယောက် သေဆုံး ခဲ့ကြတယ်လို့သိရပါတယ်။ နှင်းမုန်တိုင်းဟာ တက္ကဆတ် (Texas) ပြည်နယ်နဲ့ နယူးအင်္ဂလန်ကို ဗုဒ္ဓဟူးနေ့မှာ ပြင်းပြင်းထန်ထန် ကျရောက်နိုင်တယ်လို့ မိုးလေ၀သဌာနက သတိပေးထားပါတယ်။ တချို့ ပြည်နယ်တွေမှာ စနေနဲ့ တနင်္ဂနွေထိတောင် လျှပ်စစ်မီးလာမှာ မဟုတ်ဘူးလို့ ကြေညာထား ပါသည်။ တချို့ ပြည်နယ်တွေမှာ ရေခဲမုန်တိုင်းတွေ ကျရောက်နေပါသည်။ လမ်းမပေါ်မှာ ရေခဲပြင် အဖြစ်ဖုန်းလွှမ်းနေလျှက်ရှိသည်။

အိုကလာဟိုမား (Oklahoma) ပြည်နယ်မှာ လွန်ခဲ့တဲ့ ၁၃ လ တုန်းက နှင်းမုန်တိုင်းကြောင့် လူပေါင်း ၅ သိန်း ကျော် လျှပ်စစ်မီးပြတ်တော့ခဲ့လို့ လူပေါင်း ၃၀ ကျော်သေဆုံးခဲ့ဘူးပါတယ်။

တန်နက်စ်ဆီ ပြည်နယ်၊ အင်ဒီယားနား၊ အေလူးနွိုက်၊ ၀င်ကွန်စင်၊ အိုဟိုင်းရိုး၊ မန်ဆင်ချူးဆက်၊ နယူးဂျာစီ၊ ပန်ဆင်ဗေးနီးယား၊ မီချီဂန်၊ ကင်တာကီ၊ အာကမ်းစပ်စ် နှင့် နယူးယောက် ပြည်နယ်တွေမှာ နှင်း ၄ လက္ခမ ကနေ ၈ လက္ခမ ကျခဲ့ပြီး ကင်တာကီ(Kentucky) မှာ လူနေအိမ်ခြေ ၄၇၀,၀၀၀၊ အာကမ်းစပ်စ် (Arkansas) ပြည်နယ်မှာ ၃၀၀,၀၀၀ ကျော် လျှပ်စစ်းမီး ပြတ်တောက်သွားတာကြောင့် ပြည်နယ်အုပ်ချုပ်ရေးမှူးတွေက သူတို့ပြည်နယ်တွေကို အရေးပေါ် အခြေအနေ ကြေညာထား ခဲ့ရပါတယ်။

အမေရိကန်ရှိ မြန်မာမိသားစုများအတွက် နှင်းမုန်တိုင်း အထူးသတိပေးချက်

* ခရီးကို မလိုအပ်ဘဲ မထွက်ပါနှင့်။
* ကား ကို မလိုအပ်ဘဲ လမ်းမပေါ် မမောင်းပါနှင့်။
* ကားကို သေသေချာချာ စစ်ဆေးပြီးမှ မောင်းပါ။ (Insurance, Heater, etc)
* အရေးပေါ် ခရီးထွက်လျှင် သွားမည့် နေရာ၏ရာသီဥတုကိုကြိုတင်စုံစမ်းပါ။
* ဆဲဖုန်းကို ကိုယ်နှင့်တပါတည်း အမြဲယူဆောင်သွားပါ။
* အတွေ့အကြုံမရှိသော ကားမောင်းသူများ နှင်းထူတပ်သောလမ်းမများတွင် မမောင်းသင့်ပါ။




Rest of your post

No comments: