Thursday, January 29, 2009

Myanmar's food crisis


Embedded video from CNN Video


ဆင်းရဲမွဲတေနေတဲ့မြန်မာနိုင်ငံဟာ စစ်အုပ်စုရဲ့ အုပ်ချူပ်မှုအောက်မှာ လူဦးရေ ၆ သန်းကျော်ဟာ အစားအစာပြတ်လတ်မှုနဲ့ ရင်ဆိုင်နေကြရပါတယ်လို့ ကမ္ဘာ့ကုလသမဂ္ဂ လယ်ယာစိုက်ပျိုးရေးနှင့်စားနပ်ရိက္ခာအဖွဲ့ ( FAO) က မနေ့ကထုတ်ဖော် ပြောဆိုသွားပါတယ်။ အများစုဟာ ဆိုင်ကလုံနားဂစ်ဒဏ်ခံခဲ့ရတဲ့မြစ်ဝကျွန်းပေါ်ဒေသတွေမှာဖြစ်ပြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တွေမှာလည်း အစားရေစာပြတ်လတ်မှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ပြောဆိုသွားပါတယ်။ ဒီနှစ်အတွက် ဆိုင်ကလုံ နားဂစ်ဒဏ်ခံခဲ့ရတဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ အရေးပေါ်စားနပ်ရိက္ခာ တန်ချိန် ၈၅,၀၀၀ လိုအပ်နေပြီး၊ တခြားဒေသတွေ အတွက် အရေးပေါ်စားနပ်ရိက္ခာ တန်ချိန် ၁၀၀,၀၀၀ လိုအပ်နေပါတယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။ ဆိုင်ကလုံနားဂစ် ဒဏ်ခံခဲ့ရတဲ့မြစ်ဝကျွန်းပေါ်ဒေသတွေမှာ လယ်ယာမြေတွေပျက်စီးနေမှု၊ ဓာတ်မြေသြဇာရှားပါးမှု၊ နှင့် ရာသီဥတုဆိုးဝါးနေမှုကြောင့် စိုက်ပျိုးထုတ်လုပ်မှု သိသိသာသာကျဆင်းနေတယ်လို့ဖော်ပြပါရှိပါတယ်။ လယ်မြေဧက ၂ သန်း ( ၈၀၀,၀၀၀ ဟတ်တာဧက ) ပျက်စီးခဲ့တာကြောင့် ၈၅ ရာခိုင်နှုန်း စားနပ်ရိက္ခာစုဆောင်းထားမှု ပျက်စီးခဲ့ရတယ်လို့ ကုလသမဂ္ဂ ၏ စီးပွားရေးပညာရှင် Cheng Feng နှင့် မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့စားနပ်ရိက္ခာ ကိုယ်စလှယ်အကြီးအကဲ Chris Kaye က အတည်ပြု ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ၂၀၀၈ ခုနှစ် လယ်ယာစိုက်ပျိုးထုတ်လုပ်မှု ၃၂.၅ ရာခိုင်နှုန်း ကျဆင်းသွားတာကြောင့် စားနပ်ရိက္ခာ တန်ချိန် ၁.၉၃ သန်း သာ ဒီနှစ်စောစောပိုင်းမှာ ထုတ်လုပ်နိုင်ခဲ့တယ်။ အခြားအကြောင်းကတော့ ဈေးကွက်မှာ ဆန်ဈေးနှုန်းကျဆင်းမှု နှင့် မြေသြဇာ ဈေးနှုန်းမြင့်မားလာမှု၊ ကြောင့် လယ်သမားတွေကို ဆန်စပါးစိုက်ပျိုးလာအောင် မဆွဲဆောင်နိုင်ခဲ့ဘူးလို့ အစီရင်ခံစာထဲမှာဖော်ပြထားပါတယ်။

တချို့ ဒေသတွေမှာ ဆိုင်ကလုံနားဂစ်ဒဏ်ခံခဲ့ရတာကြောင့် မျိုးစေ့တွေဟာ အကြိမ်ကြိမ်စိုက်ပျိုးခဲ့ကြသော်လည်း မအောင်မမြင်ဖြစ်ခဲ့ရတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ မှ စီးပွားရေးပညာရှင် Cheng Feng က အစီရင်ခံစာထဲမှာ ပါရှိတဲ့အတိုင်း ထုတ်ဖော်ပြောဆိုသွားပါတယ်။





Rest of your post

No comments: