Tuesday, March 31, 2009

World's Worst Dictators list:2009


1. Robert Mugabe
Zimbabwe
Age: 85
In power since: 1980
Last year's rank: 6

-တီကေ-

ဒီနှစ် ကမ္ဘာအဆိုးဝါးဆုံးအာဏာရှင် ၁၀ ဦးစာရင်းကိုထုတ်ပြန်ရာ နံပါတ်တစ်အနေဖြင့် ဇင်ဘာဘွေ မှ မူဂါဘီက ပထမ နေရာယူခဲ့ပါသည်။ ယမန်နှစ် တွင်မူ မူဂါဘီသည် နံပါတ် ၆ သာ ချိတ်ခဲ့ပြီး ဤနှစ်၌ ပထမစွဲခဲ့သည်။ မူဂါဘီ သည် ၁၉၈၀ မှစတင်၍ အာဏာယူခဲ့ပြီး နောက် ငွေကြေးဖောင်းပွနှုံး အဆိုးဝါးဆုံးသို့ရောက်ခဲ့သည်။ သန်း၅သောင်း တန် ငွေစက္ကူကို ပှုံနှိပ်သုံးစွဲ သည့်အထိ ဖြစ်နေခဲ့ပြီး အလုပ်လက်မဲ့နှုံးမှာလည်း ၈၅ရာခိုင်နှုံးထိ တိုးတက်မြင့်မားလာခဲ့သည်။ ၎င်းအစိုးရ၏ နှိပ်ကွပ်မှုကြောင့် အတိုက်အခံ ၁၆၃ယောက်သေဆုံးခဲ့ပြီး လူ၅၀၀၀ ကျော်ဖမ်း ဆီးညှမ်းပန်း ခံခဲ့ရသည်။ အစိုးရ၏မျက်ကွယ်ပြုမှုကြောင့် ၀မ်းရောဂါဖြင့် လူပေါင်း ၄၀၀၀ နီးပါး လွန်ခဲ့သည့် နှစ် သြဂုတ်လမှ စတင်၍ သေဆုံးခဲ့ရသည်။ မကြာခဏ အတိုက်အခံများ နှင့် အာဏာခွဲဝေ အုပ်ချုပ်ရန် သဘောတူညီ ဆိုင်းထိုးမှုများ ရှိခဲ့သော်လည်း မူဂါဘီသည် အကြိမ်ကြိမ်ချိုးဖောက်ခဲ့ပါသည်။

2. Omar al-Bashir
Sudan
Age: 65
In power since: 1989
Last year's rank: 2

အဆိုးဝါးဆုံး အာဏာရှင် ဒုတိယဆုကို ဆူဒန်မှ အိုမာအယ်ဘရှား ကိုပေးအပ်ခဲ့ပါသည်။ နိုင်ငံတကာ ရာဇ၀တ်တရားရုံး (International Criminal Court) မှ အယ်ဘရှား ကို ဖမ်းဆီးရန် ဒီလအတွင်း ၀ရမ်း ထုတ်ခဲ့ပါသည်။ ၎င်း၏ ပြစ်မှုများမှာ လူသတ်မှု၊ မုဒိန်းမှု၊နှိပ်စက်ညှင်းပန်းမှု၊ အတင်းရွေ့ ပြောင်းနေရာချမှု၊ ပြည်သူပစ္စည်းများ ကို အဓမ္မ သိမ်းဆည်းမှု တို့ဖြင့် ၀ရမ်းထုတ်ခြင်းခံခဲ့ရပါသည်။ ယမန်နှစ်ကလည်း ဒုတိယနေရာမှာသာ ချိတ်ခဲ့ပါသည်။ အိုမာ၏ အာဏာရှင်သက်မှာ အနှစ် ၂၀ ရှိပါသည်။

3. Kim Jong-Il
North Korea
Age: 67
In power since: 1994
Last year's rank: 1

တတိယ အဆိုးရွားဆုံး အာဏာရှင် မှာမူ ယမန်နှစ်က ပထမစွဲ ခဲ့သော မြောက်ကိုရီးယား အာဏာရှင် ကင်ဂျုံအီး အား ပေးအပ်ခဲ့ပါသည်။ ကင်ဂျုံအီး မှာ ဤနှစ်အတွင်း ကျမ်းမာရေး သိတ်မကောင်းလှဟု နိုင်ငံတကာမှ ခန့်မှန်းကြသော်လည်း ၎င်း၏ ဖိနှိပ်မှုများမှာ ပုံမှန်အတိုင်း ဖြစ်နေခဲ့ပါသည်။ ကင်၏ အာဏာရှင်သက်မှာ ၁၅ နှစ်ရှိပါသည်။

4. Than Shwe
Burma (Myanmar)
Age: 76
In power since: 1992
Last year's rank: 3

စတုတ္ထ အဆိုးဝါးဆုံး အာဏာရှင် အဖြစ် မြန်မာကို ကမ္ဘာသိအောင်( အဆိုးနည်းဖြင့်) လုပ်ပေးနေသူ သန်းရွှေ အား တံဆိပ်ကပ်ခဲ့သည်။ သန်းရွှေ၏ ဤနှစ် ပုဒ်မ မှာ နာဂစ်မုန်တိုင်း ကြောင့် လူပေါင်း တသိန်း၎သောင်းကျော် သေကြေပျောက်ဆုံးမှုနှင့် အိုးမဲ့အိမ်မဲ့ ၂သန်းကျော် အား နိုင်ငံတကာမှ ၀ိုင်းဝန်းကူညီရန်ကြိုးပမ်းခဲ့မှုကို အချိန်ဆွဲဖင်နှေးခဲ့ခြင်း နှင့် တချိန်တည်းမှာ ၎င်း၏ ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုရေးအတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကိုမူ မြန်မာသမိုင်းတွင် အဆိုးဝါးဆုံး မှတ်တမ်းဝင်ခဲ့သော နာဂစ်မုန်တိုင်း ကြီး ကြားမှပင် ဗန္ဓုလ မိုးတွင်းကြီး ရခိုင်ရိုးမကိုဖြတ်ကာ ဓနုဖြူဆင်းသကဲ့သို့ ပြီးမြောက်အောင် လုပ်ပြခဲ့ခြင်းအတွက် နိုင်ငံတကာမှ ရင်သပ်ရှုမော အံ့သြ အောချခဲ့ရသည်။ သန်းရွှေသည် ယမန်နှစ် လည်း ငြိမ်းချမ်းစွာ သပိတ်မှောက်သော ရွှေဝါရောင် ကိုယ်တော်များအား သုတ်သင်ချေမှုန်းမှု့ကြောင့် အဆိုးဆုံး အာဏာရှင် တတိယနေရာ ရခဲ့ပါသည်။

5. King Abdullah
Saudi Arabia
Age: 85
In power since: 1995
Last year's rank: 4

ပဉ္စမ အာဏာရှင်ဆိုးကြီး အဖြစ် ဆော်ဒီအာရေးဗီးယားမှ ဘုရင် အဗ္ဗဒူလာ အား သမုတ်ခဲ့ပါသည်။ ဆော်ဒီ ဘုရင်ကြီးသည် အမျိုးသမီးအခွင့်အရေးများ ကို ဆက်လက် ပိတ်ပင် တားမြစ်နေခြင်း ကိုခွင့်ပြုထားသဖြင့် အာဏာရှင်ဆိုးတဦး စာရင်းဝင်ခဲ့ခြင်းဖြစ်ပါသည်။ ဆော်ဒီအမျိုးသမီးများမှာ မှတ်ပုံတင်ကိုင်ဆောင်ခွင့်ပင် မရကြဘဲ ဘယ်သွားသွား၊ဘယ်လာ လာ၊ဘာလုပ်လုပ် အမျိုးသား များ၏ အုပ်ထိန်းမှုအောက်မှသာ လုပ်ခွင့် ရကြပါသည်။ အမျိုးသမီးများ အတွက် လူအခွင့်အရေး ကော်မရှင် တခု ကို ဆော်ဒီအစိုးရမှ ဖွင့်လှစ်ပေးခဲ့ သော်လည်း ထိုရုံး၌ အလုပ်လုပ်သူအားလုံးမှာ အမျိုးသားများသာလျှင်ဖြစ်ပါသည်။ ဆော်ဒီဘုရင် အဗ္ဗဒူလာ သည် ယမန်နှစ်ကလည်း အာဏာရှင်ဆိုး အဖြစ် စတုတ္ထချိတ်ခဲ့ ပါသည်။

6. Hu Jintao
China
Age: 66
In power since: 2002
Last year's rank: 5

ဆဌမ အဆိုးဝါးဆုံး အာဏာရှင်အား တရုပ်မှ ဟူဂျင်းတောင် အား ပေးအပ်ခဲ့ပါသည်။ ဟူဂျင်းတောင် သည် ၂၀၀၈ အိုလံပစ်ပွဲ ကံထရိုက် ဆွဲနိုင်ရန်အတွက် အခြေခံလူအခွင့်အရေး များ မြှင့်တင် သွားမည် ဟု နိုင်ငံတကာ နှင့် အိုလံပစ်ကော်မတီကို နားလှည့် ပါးရိုက် ဂတိပေးခဲ့သော်လည်း လက်တွေ့တွင်မူ လွတ်လပ်စွာ ကိုးကွယ် ပိုင်ခွင့်နှင့် ပြောဆိုပိုင်ခွင့် တို့အား ပိုမိုတင်းကြပ် ချုတ်ချယ်လာခဲ့ပါသည်။ တိဘက်နှင့် တခြား လူနည်းစု တိုင်းရင်းသား အပေါ် ပိုမိုဖိနှိပ်လာပြီး နိုင်ငံရေး၊ဘာသာရေး အတိုက်အခံ များအား တရားစီရင်ချက် မချဘဲ “အလုပ်ကြမ်းမှပြန်လည်ပညာပေးခြင်း” ရဲဘက် စခန်းများသို့ ၄နှစ်ထိတိုင်ပို့၍ မောင်းခြင်းများ ပြုလုပ်ခဲ့ ပါသည်။ ဟူဂျင်းတောင် သည် ယမန်နှစ်က အဆိုးဝါးဆုံး အာဏာရှင် နံပါတ် ၅ ချိတ်ခဲ့ပါသည်။


7. Sayyid Ali Khamenei
Iran
Age: 69
In power since: 1989
Last year's rank: 7

သတ္တမ အဆိုးဝါးဆုံး အာဏာရှင်အဖြစ် အီရန် မှ ဆာရဒ် အာလီ ခါမေနီ မှ ရရှိခဲ့ပါသည်။ ယမန်နှစ် က ခါမေနီသည် သတ္တမပင် ချိတ်ခဲ့ပါသည်။ ငြိမ်းချမ်းစွာ ဆန္ဒပြသူများ၊ အမျိုးသမီးအခွင့်အရေးတိုက်ပွဲဝင်သူများ၊ လူနည်းစုတိုင်းရင်းသား များ နှင့် ဘာသာရေး အစုအဖွဲ့လေးများ၊ သတင်းဂျာနယ် သမားများကို ဖိနှိပ်ညှင်းပန်းမှု များ ကြောင့် ဟုစွဲချက်တင်ကြပါသည်။ ၂၀၀၈ ခုနှစ်အထိ တကမ္ဘာလုံးတွင် အီရန်တနိုင်ငံတည်းသာ ကလေး များ အား သေဒဏ်အပြစ်ပေးခြင်း ကို လက်ခံကျင့်သုံးနေဆဲဖြစ်ပါသည်။ အီရန်ဥပဒေမှ ယောင်္ကျားလေး ၁၅ နှစ်နှင့်အထက်၊ မိန်းခလေး ၉နှစ်နှင့်အထက်အား သေဒဏ်အပြစ်ပေးနိုင် သည်ဟု သတ်မှတ်ထားပါသည်။

8. Isayas Afewerki
Eritrea
Age: 63
In power since: 1991
Last year's rank: 10

အဌမ အဆိုးဝါးဆုံး အာဏာရှင်အဖြစ် အီယစ်တရီယား (၁၉၅၂ခုနှစ်တွင် အီသီယိုပီးယားမှ ခွဲထွက်လာသော နိုင်ငံငယ်) မှ အိုင်စာရစ် အဖီဝါကီ အား ပေးခဲ့ပြီး ၎င်းသည် မနှစ်က အဆင့်၁၀ ချိတ်ခဲ့ပါသည်။ အဖီဝါကီ သည် ၂၀၀၈ မေလ တွင် ရွေးကောက် ပွဲ ပြုလုပ်ခြင်းကြောင့် တိုင်းပြည်အတွင်း ကွဲပြားခြားနားမှုများ ပေါ်ပေါက် လာစေနိုင်သည် ဟူသော အကြောင်းပြချက်ဖြင့် ရွေးကောက်ပွဲအား အနဲဆုံး အနှစ် ၃၀ မှ ၄၀ ကျော်မှသာ၊ သို့မဟုတ် ဤထက်ပိုမိုကြာမြင့်မှသာ ပြုလုပ်မည် ဟု ကျေညာခဲ့သည်။ သတင်းဌာနများကို ၎င်းအစိုးရမှသာ တိုက်ရိုက်ချုပ်ကိုင်ခဲ့ပြီး အနည်းဆုံး သတင်းသမား ၁၀ယောက်ကျော်အား ၂၀၀၁ ခုမှ စတင်ထိန်းသိမ်းခဲ့ပါသည်။

9. Gurbanguly Berdymuhammedov
Turkmenistan
Age: 51
In power since: 2006
Last year's rank: Unranked

န၀မ အဆိုးဝါးဆုံးအာဏာရှင် အဖြစ် တာခ်မန်းနိစတင်မှ ဂါဘန်ဂူလီ ဘာဒီမူဟာမက်ဒေါ့ ဤနှစ်မှ စတင် ရရှိခဲ့ပါသည်။ နိုင်ငံရေးအတိုက်အခံများ၊သတင်းသမားများ၊ ဘာသာရေး သမား များအား ဖိနှိပ်ညှင်းပန်းခဲ့ပြီး မတ်၊ဧပြီ အစရှိသော လ နံမည်များအား သူနံမည် နှင့် သူအမေ နံမည် ပေး၍ ခေါ်ဝေါ်စေခဲ့ခြင်းများ အစရှိသည့် အလားတူ အာဏာရှင်ရူးများ ပြုလုပ်နေကျ အူကြောင်ကြောင် အပြုအမူများကိုပြုလုပ်ခဲ့ပါသည်။

10. Muammar al-Qaddafi
Libya
Age: 66
In power since: 1969
Last year's rank: 11

ဒဿမ အဆိုးဝါးဆုံးအာဏာရှင်ကြီး အဖြစ် အနှစ် ၄၀ အာဏာသက် ပြည့်လုခါနီးဖြစ်သော လစ်ဗျား မှ ကဒါဖီ အား ပေးအပ်ခဲ့ပါသည်။ သက်ဦးဆံပိုင်ရာဇသွေး မပါ သော အုပ်ချုပ်သူများ အနက် ဂါဘွန် ရှိ အိုမာ ဘွန်ဂို တယောက်သာ ကဒါဖီ ၏ ရှေ့၌ နှစ်အများဆုံး အာဏာရှင်သက်တမ်း ချိုးထားနိုင်ခဲ့ပါသည်။ လစ်ဗျားအစိုးရ၏ သတင်းများကို ဖြန့်ချိပါက လစ်ဗျားနိုင်ငံ၏ ဂုဏ်သိက္ခာ ကို ဖျက်ဆီးစေသည် ဟူသော စွဲချက်များ ဖြင့် ထောင်ဒဏ်အပြစ်ပေးနိုင်ပါသည်။ ကဒါဖီ သည် ယမန်နှစ်က အဆင့် ၁၁ သာ ချိတ်ခဲ့ပါသည်။

PARADE's annual World's Worst Dictators list:2009.


အဆိုးဝါးဆုံး အာဏာရှင်ဖြစ်စေနိုင်သည့် အမှတ်ပေးစည်းမျည်းများမှာ လူအခွင့်အရေးချိုး ဖောက်မှုများ၊ ၎င်းတို့အုပ်ချုပ်မှုလက်အောက်၌ ပြည်သူပြည်သားများ ခံစား နေရသော ဒုက္ခအ၀၀များ၊ အာဏာကို တဦးတည်းလက်ဝါးကြီးအုပ်ချယ်လှယ်မှုများ အစရှိသည် တို့ပါဝင်ပါသည်။ အချက်အလက်များကို အမေရိကန်နိုင်ငံခြားရေးဌာန၊ လူအခွင့်အရေးစောင့်ကြည့်မှု ကော်မရှင်၊ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာရေး အဖွဲ့၊ နယ်နိမိတ်မဲ့ သတင်းထောက်များ အဖွဲ့တို့ မှ ရရှိပါသည်။





Rest of your post

Saturday, March 28, 2009

ထိုင်းနိုင်ငံ ကမ္ဘာကျော် ဆူနာမီ လိမ်လည်မှုကြီး

The woman who supposedly died in the tsunami, and the same woman today.
ဆူနာမီ မှာသေဆုံသွားခဲ့တယ်လို့ လိမ်လည်ခဲ့တဲ့ ထိုင်းစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီး ကန်ကနစ်(Mrs Kankanit)
(ပုံ-ဘန်ကောက်ပို့စ်)


အောင်မိုး -ဂျေရာပွန်သော်မဆင်

ထိုင်းနိုင်ငံ ပက်ခ်ျဘူရီခရိုင် လွှတ်တော်အမတ်ဟောင်း တစ်ဦး ရဲ့ သမီးဖြစ်သူ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီး ကန်ကနစ်(Mrs Kankanit) ဟာ သူမ နှင့် ခင်ပွန်းသည်တို့ ရင်ဆိုင်ခဲ့ရသော တရားစွဲဆို ခံနေရသောအမှုများ၊ တင်ရှိနေသော အကြွေးများကို ပျက်ပြယ်သွားအောင် နှင့် ပြန်ပေးမဆပ်ရအောင် အတွက် ကမ္ဘာကျော် လိမ်လည်မှုကြီးကို ကျူးလွန်ခဲ့ကြကြောင်း နှင့် လိမ်လည်ခဲ့သူ နှစ်ဦးစလုံးကို ယခုအခါ ဖမ်းဆီးမိလိုက်ပြီ ဖြစ်ကြောင်း ထိုင်းမှုခင်းရဲတပ်ဖွဲ့ အရာရှိကြီး က ဒီကနေ့ သတင်းဌာနတွေနဲ့ သတင်းစာရှင်းလင်းပွဲတခုမှာ အတည်ပြု ထုတ်ဖော်ပြောဆိုခဲ့ကြတယ်။

စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီး ကန်ကနစ်(Mrs Kankanit) ရဲ့ ခင်ပွန်းသည် ချမ်ချိုင်း ( Mr Charnchai) က သူရဲ့ ဇနီးသည် ကန်ကနစ်ဟာ ထိုင်းနိုင်ငံမှာ လွန်ခဲ့တဲ့ ၄ နှစ် က ရိုက်ခတ်ခဲ့တဲ့ ဆူနာမီသဘာဝဘေးအန္တရယ် ကာလအတွင်းမှာ သေဆုံးသွားခဲ့ကြောင်း၊ ဒီသေဆုံးမှုဟာ အမှန်တော့ လိမ်လည်ခဲ့တာသာ ဖြစ်ကြောင်း မှုခင်းစုံစမ်းစစ်ဆေးခဲ့တဲ့ ထိုင်းအထူးရဲအဖွဲ့က အတည်ပြုပြောဆိုသွားခဲ့တယ်။

လူအမြောက်အများ သေဆုံးသွားခဲ့တဲ့ သဘာဝဘေးအန္တရယ် ကပ်ဆိုးကြီး ဆူနာမီလှိုင်းလုံကြီး ဖူးကပ် အပန်းဖြေကမ်းခြေကို ရိုက်ခတ် ခံခဲ့ရစဉ်က ခင်ပွန်းသည် ချမ်ချိုင်း က ဇနီးသည် ကန်ကနစ် သေဆုံးသွားခဲ့ကြောင်း သက်ဆိုင်ရာရဲဌာန ကို အကြောင်းကြားခဲ့တယ်။ နာမည်မသိ၊ ပိုင်ရှင်မရှိ ရနောင် ရှိ Ko Phayam ပင်လယ်မှာ မျှော်ပါနေတဲ့ သေဆုံးနေသော အမျိုးသမီးရုပ်အလောင်းဟာ သူ၏ဇနီးသည် ကန်ကနစ် ဖြစ်ကြောင်း၊ ဘဏ်ကပ်ပြား၊ မှတ်ပုံတင်ကပ်ပြားတွေ၊ အထောက်အထား သက်သေတွေ ကိုလည်း သူမအလောင်းနဲ့အတူတွေ့ရှိခဲ့ရကြောင်း ဖူးကပ်ရဲစခန်းမှာ အကြောင်းကြား ခဲ့တယ်။ ဖူးကပ်ရဲစခန်းမှာ အကြောင်းကြားပြီးနောက် သူမသေဆုံးသွားခဲ့ကြောင်းကို အစိုးရရဲ့ ထောက်ခံစာကို ရယူသွားခဲ့တယ်လို့ စုံစမ်းသိရှိခဲ့ရကြောင်း၊ မှုခင်းအရာရှိကြီး ဗိုလ်ချုပ် ပေါင်ပတ်ချရာဖန် က အတည်ပြုပြောဆိုသွားခဲ့တယ်။ ခင်ပွန်းသည် ချမ်ချိုင်း ဟာ ဇနီးသည်အတွက် ဈာပနအခမ်းအနား နှင့် အောင်မေ့ဖွယ် အခမ်းအနားများ ကိုလည်း ဖူးကပ်မှာ တခမ်းတနား ပြုလုပ်ပေးပြီး၊ မြုပ်နှံ သဂြိုလ်ပေးလိုက်တယ်။

ဒီလိုသေဆုံးသွားကြောင်း တရားဝင်အသိအမှတ်ပြုခံခဲ့ရပြီးနောက်၊ သူမကလေးများအတွက် ထိုင်း အသက်အာမခံ ကုမ္ပဏီ (Thai Life Insurance Co ) က ဘတ်ငွေ ၉ သိန်း၊ အမေရိကန် အာမခံကုမ္ပဏီ ( AIG) က ဘတ်ငွေ ၁.၂ သန်း တောင် လျော်ကြေးငွေ ပေးအပ်ခြင်း ခံခဲ့ရတယ်လို့ ဆိုတယ်။

စီးပွားရေးလုပ်ငန်းရှင် ကန်ကနစ်(Mrs Kankanit) နှင့် ခင်ပွန်းသည်တို့ဟာ Parnsap Evergreen Co လို့ခေါ်တဲ့ ရေနံနှင့်ဓာတ်ဆီ စီးပွားရေးလုပ်ငန်းကို ထူထောင်ပြီး လုပ်ကိုင်ခဲ့သော်လည်း ငွေကြေးဆုံးရှုံးမှုများစွာနဲ့ ရင်ဆိုင်ခဲ့ကြရပြီး ဒေ၀ါလီခံခဲ့ကြရတယ်။ သူတို့ဇနီးမောင်နှံဟာ PTT Plc ကုမ္ပဏီမှာ ထိုင်းဘတ်ငွေ ၅ ဘီလီယံ၊ TMB ဘဏ်မှာ ဘတ်ငွေ သန်း ၈၀၀ ကျော်၊ Thai Asset Management Corp မှာ ဘတ်ငွေ သန်း ၅၀၀၊ Phayathai Asset Management မှာ ဘတ်ငွေ သန်း ၂၀၀ ကျော် အကြွေးတင်ရှိခဲ့ကြတယ်။ သူတို့ဇနီးမောင်နှံ ဟာ တရားရုံးမှာ စွဲဆိုထားသော အမှုပေါင်း ၆၃ မှု ကို ရင်ဆိုင်နေရပြီး၊ စုစုပေါင်း ဘတ်ငွေ ၈ ဘီလီယံ အကြွေးတင်ရှိခဲ့ကြကြောင်း မှုခင်းရဲအရာရှိကြီး တွေကထုတ်ဖော်ပြောဆိုခဲ့တယ်။

သေဆုံးခဲ့ကြောင်း လိမ်လည်ခဲ့ပြီးနောက် ထိုင်းစီးပွားရေးပိုင်ရှင် အမျိုးသမီး ကန်ကနစ်(Mrs Kankanit) နှင့် ခင်ပွန်းသည် ချမ်ချိုင်း ( Mr Charnchai) ဟာ အိမ်နေရာ တော်တော်များများ မှာ ပုန်အောင်းနေထိုင်ခဲ့ပြီး၊ မျက်နှာကို အလွယ်တကူ မမှတ်မိအောင် တရုတ်နိုင်ငံသို့ သွားရောက်ပြီး မျက်နှာဖျက် ( Facial Surgery) ပြင်ဆင်မှုပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရှိခဲ့ရတယ်။ ဗြာရောင်ပန်ဝမ် ( Phayao Panwang ) နံမည်အသစ်ဖြင့် မှတ်ပုံတင်သစ် ရရှိရန် အတွက် မှတ်ပုံတင် အဟောင်း ပျောက်ဆုံးသွားကြောင်း ကို နွန်ထဘူရီ ခရိုင် မှတ်ပုံတင်ဌာနမှာ ကြိုးစားခဲ့သော်လည်း၊ သူမ လက်ဗွေရာဟာ ဗြာရောင်ပန်ဝမ် လက်ဗွေရာနှင့် တူညီမှုမရှိသဖြင့် မရရှိခဲ့သော်လည်း၊ နောက်ပိုင်းမှာ ဆဗန်ဘူရီ မှတ်ပုံတင်ဌာနက ဗြာရောင်ပန်ဝမ် နံမည်ဖြင့် မှတ်ပုံတင်အသစ်ကို ထုတ်ပေးခဲ့ကြောင်း ၊ ၄ နှစ်ကြာ သူမသေဆုံးမှုကို စုံစမ်းစစ်ဆေးခဲ့တဲ့ CSD Division ၅ က အတည်ပြု ထုတ်ဖော် ပြောဆိုခဲ့တယ်။

သူမ သေဆုံးခဲ့မှု ကို သံသယရှိကြောင်း၊ ပြန်လည်စုံစမ်းစစ်ဆေးပေးဖို့ သူမကို ငွေထုတ်ချေးပေး ခဲ့သော Choke Chai Mahachai Co က တရားဝင် ရဲဌာန တိုင်ကြားခဲ့ပြီးနောက်၊ မှုခင်းဆိုင်ရာရဲတပ်ဖွဲ့တွေက ဆူနာမီမှာ သေဆုံးသွားခဲ့ကြောင်း လိမ်လည်ခဲ့မှု ကို နောက်ကွယ်ကနေ ခြေရာခံ စုံစမ်းခဲ့ကြကြောင်း ရဲအရာရှိ ဗိုလ်ချုပ် ပေါင်ပတ်ချရာဖန် က သတင်းဌာနတွေနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ထုတ်ဖော်ပြောဆိုသွား ခဲ့တယ်။

Rest of your post

ထိုင်းအစိုးရက လစာနည်း အလုပ်သမားများ ကို ငွေကြေးထောက်ပံ့ ကူညီ


လစာနည်းအလုပ်သမားများအတွက် ထိုင်းအစိုးရ က ငွေကြေးကူညီထောက်ပံ့သော ဘတ်ငွေ ၂၀၀၀ ချက်လက်မှတ်


-မြတ်စိုး-
၀၃-၂၅-၂၀၀၉

ဒီနေ့ ထိုင်းအစိုးရက တလ ၀င်ငွေ ဘတ်ငွေ ၁၅၀၀၀ အောက်ရရှိပြီး၊ ထိုင်းလူမှုဖူလုံရေးဌာန ( Social Security Office) မှာ မှတ်ပုံတင်ထားကြတဲ့ လစာနည်း ထိုင်းအလုပ်သမားများအတွက် ဘတ်ငွေ ၂၀၀၀ ချက်လက်မှတ် တွေကို ထုတ်ပေးလိုက် ပါပြီ။ ကမ္ဘာ့စီးပွားရေးအကျပ်အတည်း ကာလအတွင်း လစာနည်း ၀န်ထမ်းများ ခံစားနေရသော ဒုက္ခအခက်အခဲ တွေကို ငွေကြေးထောက်ပံ့ ကူညီတဲ့အနေနဲ့ ငွေချက်လက်မှတ် အစောင် ၅ ဒသမ ၅၄၇ သန်း ကို ဘန်ကောင်ဘဏ် ကနေတဆင့် ထုတ်ပေးလိုက်ကြောင်း၊ ထိုင်းဒုတိယ ၀န်ကြီးချုပ် Kobsak Sabhavasu က ကြေညာသွားပါတယ်။

ဝေလံတဲ့ နေရာတွေ နှင့် တချို့ အနယ်နယ်အရပ်ရပ်ရှိ လူမှုဖူလုံရေးဌာနမှာ အချိန်မှီ မှတ်ပုံတင်ရန် နောက်ကျခဲ့ ကြတဲ့ အလုပ်သမား ၁.၂ သန်းအတွက်လည်း မတ်လ ၂၉ ရက်နေ့မှာ လက်ခံရရှိသွားမှာ ဖြစ်ကြောင်း၊ တကယ်လို့ ထောက်ပံ့ကြေးငွေ ဘတ်ငွေ ၂၀၀၀ ချက်လက်မှတ်တွေကို မရရှိလျှင် ဖုန်းနံပါတ် ၁၅၆၄ ကို ခေါ်ဆို မေးမြန်းစုံစမ်းနိုင်ကြောင်း အစိုးရ က တရားဝင်ကြေညာချက်ထုတ်ပြန်ခဲ့တယ်။ ဒီထုတ်ပြန်ကြေညာချက်တွေကို ရေဒီယို၊ ရုပ်မြင်သံကြား၊ သတင်းစာတွေကနေတဆင့် ပြည်သူတွေကို အသိပေးခဲ့တယ်။

ဒီချက်လက်မှတ်တွေကို မတ်လ ၂၆ မှ ဧပြီလ ၈ ရက်နေ့ အတွင်း မရရှိခဲ့လျှင် ထိုင်းအစိုးရလူမှုဖူလုံရေးဌာနမှာ လာရောက် ထုတ်ယူနိုင်ကြောင်း၊ ဒီချက်လက်မှတ်တွေကို ဇွန်လ ၁၅ နောက်မှစ၍ သက်ဆိုင်ရာဌာနမှာ လာရောက်လဲလှယ်နိုင်ကြောင်း၊ နောက်ကျလဲလှယ်တဲ့ ချက်လက်မှတ်များကို ပြဿနာ တခုချင်းအနေအဖြစ် လေ့လာစဉ်းစားဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောဆိုသွားပါသည်။

ထိုင်းအစိုးရဟာ လစာနည်းဝန်းထမ်းများ ငွေကြေးထောက်ပံ့ မှုကို ထိုင်းနိုင်ငံ နှစ်သစ်ကူးမတိုင်ခင် စီစဉ်ပေးခဲ့ပြီး၊ ဒီထောက်ပံ့မှု ငွေကြေးဟာ နှစ်သစ်ကူးကာလအတွင်း ငွေကြေးသုံးစွဲမှု၊ ငွေကြေးဈေးကွက်၊ အရောင်အ၀ယ်ဈေးကွက်အတွင်းမှာ ငွေကြေး နှင့် သုံးစွဲမှု ပုံမှန်လည်ပတ်စေမှု ကို တွန်းအားပေး စေနိုင်တဲ့ အစီအစဉ်ကောင်းတရပ်ဖြစ်တဲ့အပြင်၊ ပြည်သူတွေကလည်း အစိုးရအပေါ် ထောက်ခံလာစေနိုင်တဲ့ အချက်ကောင်းဖြစ်စေတယ်လို့ ထိုင်းနိုင်ငံစီးပွားရေးကို လေ့လာနေတဲ့ မြန်မာစီးပွားရေးပညာရှင်တွေက တွက်ဆပြောဆိုနေကြတယ်။

ထိုင်းနိုင်ငံမှာ ကမ္ဘာ့စီးပွားရေးကပ်ဆိုးကြီးအတွင်း အလုပ်သမား ၂ သန်းနီးပါး အလုပ်အကိုင်ဆုံးရှုံးနေကြပြီး၊ စီးပွားရေးကို ပြန်လည်နလံထူလာနိုင်အောင် စီးပွားရေးကျားကန်မည့် အစီအစဉ်တွေကို အားသွန်ခွန်စိုက် ကြိုးပမ်းနေကြပါတယ်။ ထိုင်းနိုင်ငံမှာ ၂၀၁၀ -၂၀၁၂ ခုနှစ် အတွင်း ထိုင်းဘတ်ငွေ ၁.၅၆ ထွီလီယံ သုံးစွဲဖို့ ထိုင်းစီးပွားရေးစီမံကိန်းရေးဆွဲနေကြတဲ့ ၀န်ကြီးများက ဒီနေ့ပဲ သဘောတူ အတည်ပြုခဲ့ကြတယ်။ ဒီ ထိုင်းဘတ် ငွေ ၁.၅၆ ထွီလီယံ သုံးစွဲမည့် စီးပွားရေးကျားကန်ပေးမှုအစီအစဉ်ဟာ GDP ကုန်ထုတ်လုပ်မှု စွမ်းအား ၅ ရာခိုင်နှုန်း တိုးမြင့်လာမှာဖြစ်ပြီး၊ ၃ နှစ်အတွင်း အလုပ်သမား ၁ ဒသမ ၆ သန်းကို အလုပ်အကိုင်တွေ ပြန်လည် ရရှိလာကြလိမ့်မည်လို့ ခန့်မှန်းတွက်ဆခဲ့ကြတယ်။

စစ်ပွဲမရှိတော့တဲ့တိုင်းပြည်မှာ မှိုလိုပေါနေတဲ့ မြန်မာစစ်ဗိုလ်ချုပ်များ ဟန်ရေးပြနေပုံ

ကျနော်တို့ အိမ်နီးချင်းနိုင်ငံတွေမှာ သူတို့ တိုင်ပြည်ရဲ့ စီးပွားရေးကို ကမ္ဘာ့စီးပွားရေး အကျပ်အတည်းမှ အမြန်လွတ်မြောက်အောင် နေ့မအား ညမအား အကောင်အထည်ဖော် လုပ်ဆောင်နေတဲ့အချိန်၊ သူတို့ပြည်သူတွေ ရင်ဆိုင်နေရတဲ့ ဒုက္ခတွေကို ငွေကြေး နှင့် အခြားအကူအညီပေးရေးအစီအစဉ်တွေကို ဆောင်ရွက်နေတဲ့အချိန် မှာတော့ မြန်မာပြည်မှာ မှိုလိုပေါနေတဲ့ စစ်ဗိုလ်ချုပ်တွေကတော့ စိတ်ကူးယဉ် နေပြည်တော် ကြပ်ပြေး မှာ ဘုရားထီးတင်လိုက်၊ စစ်ရေးပြအခမ်းအနားတွေ လုပ်ဖို့ စစ်ဆေးလိုက်နဲ့ သတင်းစာတွေမှာ ဝေေ၀ဆာဆာဖော်ပြနေလိုက်တာ အင်မတန်မှ ရှက်စရာလည်းကောင်း၊ ၀မ်းနည်းစရာလည်း ကောင်း ပါတော့တယ်။ နေပြည်တော် ကြပ်ပြေးသင်္ချိင်းကုန်းအရေးက တိုင်းပြည်အရေးထက် ပိုအရေးကြီး နေကြတယ်ဆိုတာ ဆင်းကြီး ကို လယ်ကွင်းပြင်မှာ ထင်းထင်းကြီး တွေ့နေရသလို မြန်မာပြည်သူတွေကတော့ သိရှိနေကြပါပြီ။

ထိုင်းအစိုးရ၏ စီးပွားရေးကျားကန်မှုအစီအစဉ် နောက်ခံသမိုင်း


ထိုင်းအစိုးရက လစာနည်းဝန်ထမ်းများကို ငွေကြေးထောက်ပံ့ပေးနေမှုဟာ ထိုင်းနိုင်ငံရဲ့ စီးပွားရေးပြန်လည် နလံထူလာအောင်နှင့် ကမ္ဘာ့စီးပွားရေး အကျပ်အတည်းကာလအတွင်း ပြည်သူများ ရင်ဆိုင်နေရသော အခက်အခဲများကို ကူညီဖြေရှင်းပေးနေတဲ့ စီးပွားရေးကျားနေမှု အစီအစဉ်ထဲက တစ်ခုပါ။ ထိုင်းအစိုးရရဲ့ စီးပွားရေးကျားကန်မှု အစီအစဉ်တွေကို အသေးစိတ်သိအောင် စာဖတ်သူများ ထပ်မံဝေမျှပေးပါတယ်။

ထိုင်းနိုင်ငံမှာ ၀န်ကြီးချူပ် အဘီဆစ်ခေါင်းဆောင်သော အစိုးရက ကမ္ဘာ့စီးပွားရေး ကပ်ဆိုးကြီး ရဲ့ အကျိုးဆက်တွေကို ရင်ဆိုင်ဖို့ နှင့် ထိုင်းစီးပွားရေးကျားကန်ပေးမဲ့ အစီအစဉ်ကို အမေရိကန် ဒေါ်လာ ၈.၇ ဘီလီယံ ကို သုံးစွဲဖို့တင်ပြခဲ့ကြတယ်။ ဒါပေမဲ့လည်း ထိုင်းပါလီမာန် က ဒီနေ့ဘဲ အမေရိကန်ဒေါ်လာ ၃.၃၅ ဘီလီယံ ( ၁၁၆.၇ ဘီလီယံ ဘတ်) ကိုသာ သုံးစွဲဖို့ အတည်ပြု ပေးခဲ့တယ်။ ထိုင်းပြည်သူတွေ ကို သိအောင်လည်း တရားဝင် ထုတ်ပြန်ကြေညာ ပေးခဲ့တယ်။ ဒီလို လျာထားပြီး စံနစ်တကျ သုံးစွဲမဲ့ အစီအစဉ်တွေမှာ လစာနည်းသူတွေကို ဘတ်ငွေ ၂၀၀၀ (အမေရိကန် ၅၈ ဒေါ်လာ)ထောက်ပံ့ရေး၊ အခမဲ့ ရေ နှင့် လျှပ်စစ်သုံးစွဲနိုင်မှု၊ အခမဲ့ ရထား နှင့် ဘက်စ်ကားများ စီးနင်းနိုင်စေမှု ၊ အခမဲ့ ၁၅ နှစ် ပညာရေးသင်ကြားနိုင်စေမှု နှင့် ငွေကြေး ထောက်ပံ့ပေးမှု တွေပါဝင်ပါတယ်။ အစိုးရတရပ်က သူတို့ပြည်သူတွေရဲ့ အခက်အခဲ၊ အကျပ်အတည်းတွေကို စံနစ်တကျ တာဝန်သိသိ လုပ်ဆောင်နေတဲ့ သုံးစွဲမှုအစီအစဉ်တွေပါ။ ထိုင်းနိုင်ငံ မှာ အလုပ်လုပ်နိုင်သူ ၃၇.၆ မီလီယံရှိတဲ့ အပြင် တရားမ၀င် ၀င်ရောက် လုပ်ကိုင် နေသူတွေဟာ ၅ သန်းကျော်ရှိ နေပါတယ်။ ထိုင်းနိုင်ငံ မှာ ၂၀၀၈ ခုနှစ် ပထမ ကိုးလပတ် အတွင်း ထိုင်းလူမျိုး ၅၃၀,၀၀၀ အလုပ်လက်မဲ့ဖြစ်ခဲ့ပြီး၊ ၂၀၀၉ ခုနှစ်မှာ ၉၀၀,၀၀၀ ကျော်ရှိလာ လိမ့်မယ်လို့ ထိုင်းအစိုးရရဲ့ အမျိုးသားစီးပွားရေးနှင့် လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်မှုဌာန က ကြေညာခဲ့ ပါတယ်။ ဒါပေမဲ့လည်း ထိုင်းနိုင်ငံမှာ တရားမ၀င်လုပ်ကိုင်နေတဲ့ သူတွေ သန်းနဲ့ချီ အလုပ်လုပ် ကိုင်နေတာကြောင့် ထိုင်းလူမျိုးတွေ အလုပ်အကိုင်တွေရရှိနိုင်ဖို့အတွက် အခွင့်အလမ်းတွေ ဖန်တီပေးသင့်ကြောင်း ထိုင်းစီးပွားရေးပညာရှင်တွေနဲ့ အတိုက်အခံ နိုင်ငံရေးခေါင်းဆောင် တချို့က သတိပေးပြောဆိုနေပါတယ်။


Rest of your post

From Stalin to Burma, a history lesson


by Harry Poppkick
Monday, 23 March 2009 19:28

(Harry Poppick is a student in the United States and his mother is from Burma. This paper was written for a history class project.)

They may wear different cloaks, but under the surface all dictators are similar. As the memory of dictators like Joseph Stalin fades, mistakes of the past repeat themselves with a vengeance in forgotten places like Burma.

One writer said of Stalin: “He had found Russia working with wooden ploughs and left it equipped with atomic [stock]piles.” But perhaps the true question doesn’t regard Stalin’s undisputable impact on humanity, but whether the legacy justified all the human sacrifice. To Stalin, the millions killed as a consequence of his ambitious drive were simply stepping stones along the road to national prosperity. However, such a Machiavellian frame of mind can neither be justifiable nor ethical.

Stalin utilized numerous harsh methods in attempting to meet his ‘utopian’ goals. Collective farms were prevalent, while each Five Year Plan sought to leapfrog Russia ahead of competing nations and systems. Toward this end, virtually every industry fell under the direct control of the government and its de facto and shackled workforce. And the sad truth, more often than not, was results never met by an increasingly impoverished population.

Stalin’s principle instrument for maintaining control over his country was his secret police. Through this institution, fear was instilled in the hearts of the people. The final death toll from Stalin’s regime is indeed staggering, with estimates ranging from 10 to 20 million people having perished.

Stalin was under the belief that all his actions, extreme or otherwise, were necessary in order to pull Russia into the industrial age. Yet, ultimately, the major flaw in Stalin’s reasoning was that he claimed all sacrifices were necessary and for the future of Russia. “Life has improved, comrades. Life has become more joyous,” he once remarked. And while he was thinking about the future of the country and the generations to come, the standard of living within Russia had plummeted.

Today, forgetting that dictatorship is a self inflicted wound, some intellectuals and humanitarians reason that simply sending more aid and increasing engagement are starting points to improving the political situation in Burma. But when they begin to regard the active opposition, as symbolized by Aung San Suu Kyi, as increasingly irrelevant, the time has come to refresh their memory about Joseph Stalin and the enormous price of dictatorship. It is one thing to want to bring Burma into the international community, but it is another to coddle and nurture tyrants without speaking out against their inhumane acts.

So far, newly elected U.S. President Barack Obama and Foreign Secretary Hillary Clinton have taken a cautious and slow approach toward Burma. But in a world of competing interests and ideology, it will be a great tragedy if they fail to take a firm stand against the dictators in Burma.

After all, the United States and its allies helped reform the militaries in Indonesia and Turkey within democratic transitions and transformations. Now, the U.S., United Nations, ASEAN and the European Union need decisive and effective leadership to help Burma. Obama and Clinton have a great chance to seize this mantle…if they are willing to seriously take on the leadership role.

Today, even as Burma’s generals tragically act more and more like Stalin, could it not be that the army as an institution in Burma was originally inspired by similar beliefs to those of countries such as Indonesia and Turkey? This should offer an important clue as to where to begin with Burma.




Rest of your post

Monday, March 23, 2009

ကမ္ဘာ့စီးပွားရေးအကျပ်အတည်း နှင့် ပြင်သစ်နိုင်ငံတ၀န်း အလုပ်သမားသပိတ်


လူ ၃ သန်းကျော် ဆန္ဒပြနေကြတဲ့ ပြင်သစ်နိုင်ငံတ၀န်း အလုပ်သမားသပိတ်ကို ဤနေရာမှာ ကြည့်ရှု့နိုင်ပါသည်။
We have a president who aggravates the crisis by making the wrong economic and social choices
(Benoit Hamon, Socialist Party)

-မြတ်စိုး-
၀၃-၂၀-၂၀၀၉

ပြင်သစ်နိုင်ငံမှာ သမ္မတ ဆာကိုဇီး ရဲ့ စီးပွားရေး မှုဝါဒတွေ ၊ စီးပွားရေး အကျပ်အတည်းကာလအတွင်း အရေးယူ ဆောင်ရွက်နေမှုတွေ၊ အလုပ်အကိုင်တွေ ဆက်လက်ဆုံးရှုံးမှုတွေ၊ အစိုးရ ရဲ့ အကူအညီပေးရေးအစီစဉ်တွေကို ပြည်သူတွေက မကျေမနပ်ဖြစ်ကာ လမ်းမတွေပေါ်မှာ ဆန့်ကျင်ကန့်ကွက်ဆန္ဒပြနေကြပါတယ်။ ဆန့်ကျင် ကန့်ကွက်ဆန္ဒပြ မှုတွေဟာ မြို့ပေါင်း ၂၀၀ မှာ ဖြစ်ပေါ်နေပြီး၊ ပြင်သစ်ရဲတပ်ဖွဲ့ က တော့ နိုင်ငံအ၀န်းမှာ ဆန္ဒပြသူ ၁ ဒသမ ၂ သန်းသာရှိတယ်လို့ခန့်မှန်းခဲ့ပေမဲ့ လူပေါင်း ၃ သန်းကျော်ပါဝင်ဆန္ဒပြ ခဲ့ကြကြောင်း သိရှိရပါတယ်။ ဆန့်ကျင်ကန့်ကွက်ဆန္ဒပြပွဲကို ပြင်သစ် အလုပ်သမားသမဂ္ဂများ၊ အတိုက်အခံ ပြင်သစ် ဆိုရှယ်လစ်ပါတီတွေက ဦးဆောင်ခဲ့ကြပါတယ်။ ဒီလို အစိုးရကို ဆန့်ကျင် ဆန္ဒပြမှုတွေကြောင့် ပဲရစ်မြို့ ရှိ လေဆိပ်တွေ၊ နိုင်ငံ အတွင်း မီးရထားပြေးဆွဲမှုအပါအ၀င် ကုန်းလမ်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေ၊ လျှပ်စစ်ဓာတ်အားပေး လုပ်ငန်း၊ ကျောင်းတွေ၊ အစိုးရရုံးခန်းတွေ၊ စီးပွားရေးလုပ်ငန်းတွေ ရပ်ဆိုင်းခဲ့ကြောင်း ပြင်သစ်အစိုးရက အတည်ပြု ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့လည်း ပဲရစ်မြို့ရှိ မြို့တွင်းရထားပြေးဆွဲနေမှု နှင့် ဘက်စ်ကားပြေးဆွဲနေမှုတွေကတော့ ပုံမှန်အတိုင်း ရှိနေ ကြတယ်လို့ ပြောဆိုခဲ့တယ်။ တချို့နေရာတွေမှာတော့ ဆန္ဒပြလူငယ်တွေ ဟာ မီးတင်ရှို့ မှုတွေ၊ ဖျက်ဆီမှုတွေရှိခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင်တွေနဲ့ ထိပ်တိုက်ရင်ဆိုင်မှု တွေ၊ အကြမ်းဖက်ခဲ့ကြသူတွေကို ဖမ်းဆီးမှုတွေတော့ရှိခဲ့ပါတယ်။

ပြင်သစ် အကြီးဆုံးရေနံကုမ္ပဏီကြီးဖြစ်တဲ့ တိုတယ် (Total) ကတော့ ၂၀၀၈ ခုနှစ်မှာ ၀င်ငွေအမြတ်အစွန်း တွေထွက် ခဲ့သော်လည်း အလုပ်အကိုင်လျှော့ချနေမှုကြောင့် ဆန္ဒပြနေကြသော အလုပ်သမားတွေနဲ့ အလုပ်သမားသမဂ္ဂတွေက အတော်လည်း စိတ်ဆိုးမှုတွေ ဖြစ်နေကြတယ်။ တခြားတဖက်မှာ လည်း အလုပ်သမား သမဂ္ဂ၀င်တွေကို ပေးနေရတဲ့ ဈေးကြီးတဲ့လုပ်ခ၊ အကျိုးခံစားခွင့်တွေဟာ ကုန်ထုတ်လုပ်မှု စရိတ်ကို မြင့်တက်စေပြီး၊ တရုတ်၊ ဂျပန်၊ ကိုရီးယား နိုင်ငံတွေလို နိုင်ငံခြားကုမ္ပဏီတွေနဲ့ ဈေးကွက်အတွင်း ယှဉ်ပြိုင်မှုတွေ မှာ ကုမ္ပဏီတွေအတွက်အရှုံးပေါ်စေခဲ့တယ်။

ပြင်သစ် အကြီးဆုံးရေနံကုမ္ပဏီကြီးဖြစ်တဲ့ တိုတယ် ကုမ္ပဏီဟာ ၂၀၀၈ ခုနှစ်က ဥရောပငွေ (Euros) ၁၃ ဒသမ ၉ ဘီလီယံ ( အမေရိကန်ဒေါ်လာ ၁၈ ဘီလီယံ) ၀င်ငွေအမြတ်အစွန်း ထွက်ခဲ့ သော်လည်း၊ ကုမ္ပဏီရဲ့ အလုပ်သမား ၅၅၀ ကို အလုပ်အကိုင်ထပ်မံလျှော့ချခဲ့တယ်။

စီးပွားရေး အကျပ်အတည်း ကာလအတွင်း ၀င်ငွေအမြတ်အစွန်းထွက်ခဲ့သော တိုတယ် ကုမ္ပဏီလို အခြား ကုမ္ပဏီများ ကလည်း ဒီလိုအလုပ်အကိုင်ဆက်လျှော့ချနေမှု ပြုလုပ်နေတာကို ပြင်သစ်အစိုးရ က ပြင်းပြင်းထန်ထန် ပြစ်တင် ဝေဖန်ရှုံ့ ချခဲ့တယ်။ ဒီလိုလျှော့ချနေမှု ဟာ အစိုးရ ရဲ့ အလုပ်လက်မဲ့တွေကို ကူညီထောက်ပံ့နေမှု အသုံးစရိတ်လျာထားချက်တွေကို အကြီးအကျယ် ဒုက္ခရောက်စေခဲ့တယ်လို့ အလုပ်သမား ကူညီထောက်ပံ့ရေးဝန်ကြီးလော်ရင့် ( Laurent Wauquiez) က ထုတ်ဖော်ပြောဆိုခဲ့တယ်။ ပြင်သစ် အကြီးဆုံး ရေနံကုမ္ပဏီကြီး ဖြစ်တဲ့ တိုတယ် ( Total) ရဲ့ အကျိုးအမြတ် ၉၀ ရာခိုင်နှုန်း ဟာ မြန်မာနိုင်ငံ ကဲ့သို့သော နိုင်ငံခြားရင်းနှီးမြုပ်နှံမှု လုပ်ငန်းတွေ ကနေတဆင့် အမြတ်အစွန်းထွက်ရှိခဲ့ကြတာဖြစ်တယ်။

ကမ္ဘာ့စီပွားရေး အကျပ်အတည်း ကာလအတွင်း ပြင်သစ် အလုပ်သမား ၂ ဒသမ ၂ သန်း အလုပ်လက်မဲ့ ဖြစ်ခဲ့ကြပြီး၊ ပြင်သစ်နိုင်ငံမှာ နောက် ၁၂ လ အတွင်း နောက်ထပ် အလုပ်အကိုင် ၃၅၀,၀၀၀ ဆုံးရှုံး လိမ့်အုံးမယ်လို့ အစိုးရက ထုတ်ပြန် ကြေညာခဲ့တယ်။ အလုပ်လက်မဲ့နှုန်းထားဟာ ၈ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့တယ်လို့ ပြင်သစ်အစိုးရ အလုပ်သမား ၀န်ကြီးဌာနက ထုတ်ပြန် ကြေညာခဲ့ပါတယ်။

ပြင်သစ်အစိုးရ တာဝန်ရှိသူတွေကတော့ ပြင်သစ်ပြည်သူတွေရင်ဆိုင်နေကြရတဲ့ ခံစားမှုတွေ ကို နားလည်မှု ရှိပါတယ်လို့ ပြောဆိုသွားခဲ့ပြီး၊ အားလုံးရင်ဆိုင်နေရတဲ့ စီးပွားရေး အကျပ်အတည်းတွေ ကို အတူတကွ ပူးပေါင်းဖြေရှင်းကြဖို့ တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။ လက်ရှိ နိုင်ငံအ၀န်း ဆန္ဒပြသပိတ်မှောက်နေမှုဟာ ဇန်န၀ါရီလက ဖြစ်ပွားခဲ့တဲ့ ပြင်သစ် အမဲရောင် ကြာသပတေးနေ့ ( Black Thursday)သပိတ် က စတင်ခဲ့ပါတယ်။ နောက်လတွေ မှာလည်း အစိုးရကို ဆန့်ကျင်ဆန္ဒပြ သပိတ်တွေကို နိုင်ငံအ၀န်းမှာ ကျင်းပဖို့ရှိနေကြကြောင်းကြားသိရပါတယ်။

ပြင်သစ် အမဲရောင် ကြာသပတေးနေ့ ( Black Thursday)သပိတ် နောက်ခံ သမိုင်း


ပြင်သစ် အမဲရောင် ကြာသပတေးနေ့ ( Black Thursday)သပိတ် ( ဇန်န၀ါရီလ)

၂၀၀၉ ခုနှစ် ဇန္န၀ါရီလ ၂၉ က ပြင်သစ်နိုင်ငံမှာ တနိုင်ငံလုံးက အလုပ်သမားတွေထောင်နဲ့ ချီပြီ ထွက်ပြီး ဆန္ဒပြခဲ့ကြတယ်။ မြို့ ပေါင်း ၂၀၀ ကျော်က အလုပ်သမား ပေါင်းစုံ ပါဝင်ဆန္ဒပြခဲ့တာကြောင့် ပြင်သစ် အမဲရောင် ကြာသပတေးနေ့ ( Black Thursday) လို့ တင်စားခေါ်ဆိုခဲ့ကြပါတယ်။ ဆန္ဒပြသူတွေက လက်ရှိရင်ဆိုင် နေရသော ကမ္ဘာ့စီးပွားရေး ကပ်ဆိုးကြီးအပေါ် ပြင်သစ်သမ္မတ ဆာကိုးဇီးအစိုးရရဲ့ ပြင်ဆင်ဆောင်ရွက်မှုတွေဟာ သိပ်ကို နှေးကွေး လွန်းတယ်၊ ထိရောက်မှုမရှိဘူး၊ ပြင်သစ်ဆင်းရဲသားတွေနှင့် ပြင်သစ် သာမန်အလုပ် သမား တွေထက်စာရင် ဘဏ်လုပ်ငန်းကြီတွေကိုသာ ပြင်သစ်အစိုးရက ဦးစားပေးဖြေရှင်း ပေးနေမှုကို မကျေမနပ် ဖြစ်လို့ ဆန္ဒပြခဲ့ကြတာပါ။ မြန်မာပြည်မှာတော့ ဒီလိုလမ်းပေါ်ထွက် ဆန္ဒပြခဲ့ယင် တော့ စစ်အုပ်စုက ဘယ်လိုတုန့်ပြန်သလဲဆိုတာလူတိုင်းအသိပါ။ ပြင်သစ်သမ္မတ ဆာကိုးဇီးအစိုးရ ကတော့ အလုပ်သမားသမဂ္ဂနဲ့ တွေ့ဆုံဆွေးနွေးပြီး အဖြေရှာမယ်လို့ ဂတိပြု ခဲ့တယ်။ ပြင်သစ်အစိုးရ က ဥရောပငွေ ၂၆ ဘီလီယံ (အမေရိန်ဒေါ်လာ ၃၃.၁ ဘီလီယံ) အကုန်အကျခံပြီး ရင်ဆိုင်နေရတဲ့ စီးပွားရေးကပ်ဆိုးကြီး ကို ဖြေရှင်း ကျားကန်မှုတွေ ပြုလုပ်နေပါတယ်။ ဒီသုံးစွဲနေတဲ့ ငွေကြေးပမာဏ ဟာ ပြင်သစ်နိုင်ငံမှာ စီးပွားရေးပြန်လည် နလံထူလာအောင် ပြုလုပ်နိုင်စွမ်းရှိမှာ မရှိကြောင်း၊ ဆက်လက်ဖြစ်ပေါ်နေတဲ့ အလုပ်လက်မဲ့ ဖြစ်နေသူတွေကို အကူအညီ ပေးရေးမှာလည်း ထိရောက်မှုရှိမှာ မဟုတ်ကြောင်း၊ အစိုးရမှ အလုပ်လက်မဲ့ဖြစ်နေသူတွေ အတွက် ကူညီထောက်ပံ့ ပေးဖို့ ငွေကြေးပိုမိုသုံးစွဲသင့်ကြောင်းဆန္ဒပြသူတွေ က တောင်းဆိုနေကြပါတယ်။

ကမ္ဘာကြီးမှာ ဘာတွေဖြစ်နေသလဲဆိုတာ မြန်မာပြည်သူများ သိရှိနိုင်ကြပါစေ။

Rest of your post

Tuesday, March 17, 2009

ကမ္ဘာ့စီးပွားရေး အကျပ်အတည်း နှင့် အာရှတိုက် အခြေအနေ

တရုတ်နိုင်ငံ (သို့) နဂါးတိုင်းပြည် မှ အလုပ်အကိုင် ရှာဖွေနေသူများ
ကွမ်တုန်ပြည်နယ် ( Guangdong Province) မှာတင် သန်း ၂၀ အလုပ်အကိုင်ဆုံးရှုံးခဲ့
ထိုင်း နိုင်ငံ မှာ အလုပ်သမား၂ သန်း အလုပ်အကိုင်ဆုံးရှုံး မည်

-မြတ်စိုး-

ဒီအပတ်မှာ ကမ္ဘာ့ စီးပွားရေး ဆုတ်ယုတ် ကျဆင်းမှု ( Economic Recession)၊ ကမ္ဘာ့ စီးပွားရေး ပျက်ကပ်ကြီး (Economic Depression) တွေဟာ အာရှတိုက် နိုင်ငံတွေကို ဘယ်လို အကျိုးသက်ရောက်နေသလဲ ဆိုတာ တွေ နဲ့ ပက်သက်ပြီး အချက်အလက်တွေ စုစောင်းထားသမျှ၊ ဖတ်ရှု့ လေ့လာထားသမျှ ကို တင်ပြဆွေးနွေးသွား ပါမယ်။

ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့ က အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်(ILO) ၏ ခန့်မှန်းတွက်ဆချက်အရ အာရှတိုက်မှာ ၂၀၀၉ ခုနှစ်အတွင်း အလုပ်သမားဦးရေ စုစုပေါင်း ၇ သန်းမှ ၂၂ သန်းထိ အလုပ်အကိုင်တွေ ဆုံးရှုံးပြီး အလုပ်လက်မဲ့ ဖြစ်ကြလိမ့် မယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒီလို အလုပ်သမားတွေ အလုပ်လက်မဲ့ ဖြစ်ခြင်းကြောင့် မငြိမ်မသက်မှုတွေ၊ ဆန္ဒပြမှုတွေ ဖြစ်ပေါ်လာနိုင်ကြောင်း သတိပေး ထားခဲ့တယ်။

၂၀၀၈ ခုနှစ်မှာ တရုတ်နိုင်ငံ ကွမ်တုန်ပြည်နယ်( Guangdong Province) တစ်နေရာ တည်းမှာတင် အလုပ်သမား စုစုပေါင်း သန်း၂၀ အလုပ်အကိုင် ဆုံးရှုံး ခဲ့ကြောင်း ထုတ်ပြန်ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ ၂၀၀၇ ခုနှစ်မှ ၂၀၀၉ ခုနှစ် အတွင်း အလုပ်သမားစုစုပေါင်း သန်း ၅၀ ထိ အလုပ်အကိုင်ဆုံးရှုံးမှာ ဖြစ်ပြီး၊ ဒီလိုခန့်မှန်း တွက်ဆထားတဲ့ ကိန်းဂဏန်းအရ အာရှတိုက်မှာ စုစုပေါင်း ၉၇ သန်း မှ ၁၁၃ သန်း ထိ အလုပ်အကိုင် မရှိပဲ ဖြစ်နေကြလိမ့်မယ် လို့ ခန့်မှန်းထားပါတယ်။

ကမ္ဘာ့စီးပွားရေး ကပ်ဆိုးကြောင့် အာရှတိုက်ရှိ အစိုးရများအနေဖြင့် အလုပ်အကိုင် ဆုံးရှုံးကြမည့် သူတို့ ပြည်သူတွေအတွက် လိုအပ်တဲ့ ငွေကြေးထောက်ပံ့မှု နဲ့ စီးပွားရေးပြန်လည်နလံထူလာအောင် ကျားကန် ပေးမည့် အရေးပေါ်အစီအစဉ်တွေကို အမြန်ဆုံး ပြင်ဆင်ထားသင့်တယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ ( ILO) ၏ အာရှတိုက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် ဆာချီကို ရာမာမိုတို က (Sachiko Yamamto) သက်ဆိုင်ရာ အစိုးရတွေဆီကို သတိပေးအကြောင်းကြားထားပါတယ်။

ယခုအခါ အာရှတိုက်မှာရှိတဲ့ မလေးရှား၊ တောင်ကိုရီးယား၊ ထိုင်း နိုင်ငံတွေမှာ နိုင်ငံခြားသားတွေ အလုပ် လာရောက်လုပ်ကိုင်ခွင့် ကို ရပ်ဆိုင်းထားခဲ့ကြပြီး၊ အခြားနိုင်ငံတွေလည်း ဒီနိုင်ငံတွေလို ပြုလုပ်လာနိုင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒါတွေဟာ ကျနော်တို့ မြန်မာနိုင်ငံ ရဲ့ အိမ်နီးနားချင်း နိုင်ငံတွေမှာ ကမ္ဘာ့စီးပွားရေး ကပ်ဆိုးကြီး အပေါ် ဘယ်လိုပြင်ဆင်မှုတွေ ပြုလုပ် နေကြသလဲ၊ ဘယ်လိုရင်ဆိုင်နေကြရသလဲ ဆိုတာတွေပါပဲ။

နိုင်ငံခြားသား ခရီးသွားလာရေးလုပ်ငန်းမှာ ကမ္ဘာမှာ ထိပ်တန်းအဆင့် က နေရာယူထားပြီး၊ ခရီးသွားလာရေး လုပ်ငန်း ကနေ နိုင်ငံခြားဝင်ငွေ အများဆုံးရရှိ နေတဲ့ ထိုင်းနိုင်ငံ မှာတော့ သူတို့ ရင်ဆိုင်ခဲ့ကြရတဲ့ နိုင်ငံရေး အခြေအနေ နှင့် ကမ္ဘာ့ စီးပွားရေး ကယက်တွေကြောင့်၊ ၂၀၀၈ခုနှစ်မှာ နိုင်ငံခြားသား ၁၃.၅ သန်းသာ လာရောက်လည်ပတ် ခဲ့တယ်လို့ ထိုင်းအစိုးရက ထုတ်ပြန်ကြေညာခဲ့တယ်။ ၂၀၀၇ ခုနှစ် မှာ လာရောက် လည်ပတ် ခဲ့တဲ့ နိုင်ငံခြားသား ဦးရေဟာ ၁၄.၅ သန်းရှိခဲ့တာကြောင့် ယခင်နှစ်ကထက် စာရင် လာရောက်လည်ပတ်မှု သိသိသာသာ လျှော့ကျသွားခဲ့ပြီး၊ ၂၀၀၉ ခုနှစ်မှာ လာရောက်လည်ပတ် ကြမည့် နိုင်ငံခြားသားဦးရေဟာ ၆ သန်း မှ ၇ သန်း ထိတော့သာ ရှိလိမ့်မယ်လို့ ခန်းမှန်းတွက်ဆနေကြတယ်။ ဒီလို နိုင်ငံခြားသား လာရောက်လည်ပတ်မှု လျှော့ကျမှုတွေ ရှိနေတာကြောင့် ၊ နိုင်ငံခြားသား ခရီးသွားလာရေး လုပ်ငန်း ကို မှီခိုနေတဲ့ အလုပ်သမား ၁ သန်း ကျော် အလုပ်အကိုင်ဆုံးရှုံးနေပြီး၊ ထိုင်းနိုင်ငံမှာ စုစုပေါင်း အလုပ်သမား ၂ သန်း ကျော် အလုပ်အကိုင်ဆုံးရှုံးသွားနိုင်တယ်လို့ ထိုင်းအစိုးရက သတိပေးကြေညာခဲ့တယ်။

ကမ္ဘာ့စီးပွားရေး အခြေအနေ ကို လက်ရှိကိုင်တွယ်ဖြေရှင်းနေကြတဲ့ စီးပွားရေး အင်အားကြီးနိုင်ငံများ၏ အစိုးရ များရဲ့ ဘဏ္ဍာရေး၊ စီးပွားရေး ဆိုင်ရာ တာဝန်ရှိသူတွေ ကတော့ ယခုရင်ဆိုင်နေကြရတဲ့ ကမ္ဘာ့ စီးပွားရေး ဆုတ်ယုတ် ကျဆင်းမှု (Economic Recession) ဟာ U (သို့) V အညွှန်းပြ ပုံစံကဲ့သို့ အချိန်တိုတို ကျဆင်းဘို့ အဖြစ်သာ မျှော်လင့် နေကြသော်လည်း၊ အမေရိကန် စီးပွားရေး ကျွမ်းကျင်သူပညာရှင်များ အကြား မှာတော့ L အညွှန်းပြ ပုံစံ ကဲ့သို့ အချိန်ကြာရှည်စွာ ရှိနေလိမ့်အုန်းမယ်လို့ တွက်ဆ ဟောကိန်းထုတ်နေကြတယ်။ တကယ်လို့ သာ L အညွှန်းပြ ပုံစံ ကဲ့သို့ အချိန်ကြာရှည်စွာရှိနေလိမ့်အုန်းမယ် ဆိုရင် ယခုရင်ဆိုင် နေကြရတဲ့ ကမ္ဘာ့ စီးပွားရေး ဆုတ်ယုတ် ကျဆင်းမှု ( Economic Recession) ဟာ ၃၆ လ လောက်ကြာအောင် တည်ရှိနေပါလိမ့်မယ်။ U (သို့) V (သို့) L ဖြစ်ပေါ်တည်ရှိမှုဟာ သက်ဆိုင်ရာ အစိုးရများရဲ့ စီးပွားရေးကျားကန်မှု အင်အားပေါ်မှာသာ မှုတည်ပါတယ်လို့ စီးပွားရေး ကျွမ်းကျင်သူ ပညာရှင်များက သုံးသပ်ထားကြပါတယ်။

Ref:
AsiaNews.it: ILO forecasts loss of between 7 and 22 million Asian jobs in 2009
Global Travel Industry News: One million tourism employees face job loss
Market Watch: 2008's legacy may be a loss of 2 million-plus jobs



Rest of your post

Burma: Commodity Prices in March 2009



























Rest of your post

Sunday, March 15, 2009

U.S. in a quandary over policy on Myanmar




By Seth Mydans
Published: March 15, 2009


BANGKOK: It has been a policy of unintended consequences — two decades of isolation and sanctions by the United States that only made Myanmar's ruling generals more stubborn — and now a new administration in Washington has declared it a failure.

But U.S. officials also say they don't know what else to do.

"Clearly, the path we have taken in imposing sanctions hasn't influenced the Burmese junta," Secretary of State Hillary Rodham Clinton said in February. "Reaching out and trying to engage them hasn't influenced them, either," she said, referring to the policies of Myanmar's Southeast Asian neighbors.

"We are conducting a review, because we want to see the best ideas about to influence the Burmese regime," she said during a visit to Indonesia. "And we are looking at every possible idea that can be presented."

Where that will lead is still unclear. Putting it bluntly, Scot Marciel, deputy assistant secretary of state, said soon afterward: "The fact is, there isn't any obvious way ahead."

Over the years, the United States has attempted to curb political repression and human rights violations in Myanmar, formerly known as Burma, with ever-tighter economic restrictions and diplomatic pressure, accompanied by warnings and condemnation.

The sanctions began with an arms embargo after a massacre of as many as 3,000 pro-democracy demonstrators in 1988. Broader sanctions were imposed in 1997 and 2003 in protest of human rights violations that included restrictions on the freedom of Daw Aung San Suu Kyi and other opposition figures.

The European Union and other countries have put in place their own embargoes, and analysts say those countries would have to be consulted in any policy change.

But Myanmar's military has not budged. Political opponents are still jailed by the hundreds, free speech and assembly are still smothered, the wealthy generals still leave their people in grinding poverty, and any protests are crushed by force.

Rather than forcing change, many analysts say, the confrontational approach has made the generals more stubborn, more repressive and more antagonistic toward the West. The policy has deprived the United States of useful contacts within the government and has left it with little leverage to affect the junta's behavior. And it has held back the emergence of a middle class that could have pushed for change.

"Continued pressure on the regime to change in unacceptable ways to them forced them inward," said Robert Taylor, a consultant in London on Myanmar affairs, in an e-mail message. "Had sanctions not helped end foreign investments in the 1990s, Myanmar would now be involved in the world economy, like Vietnam perhaps," he said. "Opening the country up now will be many times harder than it would have been in the early 1990s, or even seven years ago."

Economic sanctions have also been undermined by continuing trade and investment from Myanmar's neighbors China, India and the Southeast Asian nations.

Western nations learned the limits of their influence when the military crushed an uprising led by Buddhist monks in late 2007, ignoring threats and condemnation from around the world. A new round of sanctions was imposed, with little effect.

Since then, a sense of the futility of sanctions has grown among many exiles and foreign analysts.

Even the main opposition party, the National League for Democracy, said in February that "continued confrontation and economic sanctions" were "not beneficial to the country and its people."

The statement is significant because the National League for Democracy is the party of Mrs. Aung San Suu Kyi, the pro-democracy leader who has been held under house arrest for 13 of the past 19 years.

She is an original proponent of sanctions, and her views have had a strong impact on American policy. But because she has been cut off from the outside world, it is difficult to know what she would say today. Without her influence, said David Steinberg, an expert on Myanmar at Georgetown University, America's reassessment might have come earlier.

In any case, a weakening of sanctions would face tough opposition in Washington, where the policy carries emotional resonance and has many backers in Congress and among human rights groups.

"I think we have to stay the course and use this form of pressure to push the regime to greater dialogue," said Debbie Stothard, coordinator of Altsean-Burma, a regional human rights group. "If you want to throw away the best cards that you have, you are setting yourselves up for failure."

Sanctions may not be an all-or-nothing issue, though, said Sean Turnell, an expert on the Burmese economy at Macquarie University in Sydney.

He pointed to "targeted sanctions" that aim to cripple the financial dealings of the junta and its associates and "send exactly the right message to the people the message needs to be sent to."
Some of Washington's current sanctions fit this description, blocking certain bank transactions and visa permits. It is broad-based embargoes on trade and investment that critics argue are hurting the general population more than the generals in power.

In an influential report last October, the International Crisis Group, an independent research and advocacy group, said the aftermath of the devastating cyclone last year could be an opportunity for productive engagement. The cyclone took 138,000 lives when it struck the Irrawaddy Delta in May 2008, and at first the junta — true to its insular and suspicious nature — barred large-scale foreign aid.

But in the months since then, the crisis group said, Myanmar had entered a period of "unprecedented cooperation between the government and international humanitarian agencies." Visas and travel permits have been streamlined, and working conditions have become more open. The crisis group said some nations that seek to influence Myanmar's behavior had been slow to seize this opportunity, still held back by old policies of rejection.

It concluded: "Twenty years of aid restrictions — which see Myanmar receiving 20 times less assistance per capita than other least-developed countries — have weakened, not strengthened, the forces for change."




Rest of your post