Monday, March 23, 2009

ကမ္ဘာ့စီးပွားရေးအကျပ်အတည်း နှင့် ပြင်သစ်နိုင်ငံတ၀န်း အလုပ်သမားသပိတ်


လူ ၃ သန်းကျော် ဆန္ဒပြနေကြတဲ့ ပြင်သစ်နိုင်ငံတ၀န်း အလုပ်သမားသပိတ်ကို ဤနေရာမှာ ကြည့်ရှု့နိုင်ပါသည်။
We have a president who aggravates the crisis by making the wrong economic and social choices
(Benoit Hamon, Socialist Party)

-မြတ်စိုး-
၀၃-၂၀-၂၀၀၉

ပြင်သစ်နိုင်ငံမှာ သမ္မတ ဆာကိုဇီး ရဲ့ စီးပွားရေး မှုဝါဒတွေ ၊ စီးပွားရေး အကျပ်အတည်းကာလအတွင်း အရေးယူ ဆောင်ရွက်နေမှုတွေ၊ အလုပ်အကိုင်တွေ ဆက်လက်ဆုံးရှုံးမှုတွေ၊ အစိုးရ ရဲ့ အကူအညီပေးရေးအစီစဉ်တွေကို ပြည်သူတွေက မကျေမနပ်ဖြစ်ကာ လမ်းမတွေပေါ်မှာ ဆန့်ကျင်ကန့်ကွက်ဆန္ဒပြနေကြပါတယ်။ ဆန့်ကျင် ကန့်ကွက်ဆန္ဒပြ မှုတွေဟာ မြို့ပေါင်း ၂၀၀ မှာ ဖြစ်ပေါ်နေပြီး၊ ပြင်သစ်ရဲတပ်ဖွဲ့ က တော့ နိုင်ငံအ၀န်းမှာ ဆန္ဒပြသူ ၁ ဒသမ ၂ သန်းသာရှိတယ်လို့ခန့်မှန်းခဲ့ပေမဲ့ လူပေါင်း ၃ သန်းကျော်ပါဝင်ဆန္ဒပြ ခဲ့ကြကြောင်း သိရှိရပါတယ်။ ဆန့်ကျင်ကန့်ကွက်ဆန္ဒပြပွဲကို ပြင်သစ် အလုပ်သမားသမဂ္ဂများ၊ အတိုက်အခံ ပြင်သစ် ဆိုရှယ်လစ်ပါတီတွေက ဦးဆောင်ခဲ့ကြပါတယ်။ ဒီလို အစိုးရကို ဆန့်ကျင် ဆန္ဒပြမှုတွေကြောင့် ပဲရစ်မြို့ ရှိ လေဆိပ်တွေ၊ နိုင်ငံ အတွင်း မီးရထားပြေးဆွဲမှုအပါအ၀င် ကုန်းလမ်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေ၊ လျှပ်စစ်ဓာတ်အားပေး လုပ်ငန်း၊ ကျောင်းတွေ၊ အစိုးရရုံးခန်းတွေ၊ စီးပွားရေးလုပ်ငန်းတွေ ရပ်ဆိုင်းခဲ့ကြောင်း ပြင်သစ်အစိုးရက အတည်ပြု ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့လည်း ပဲရစ်မြို့ရှိ မြို့တွင်းရထားပြေးဆွဲနေမှု နှင့် ဘက်စ်ကားပြေးဆွဲနေမှုတွေကတော့ ပုံမှန်အတိုင်း ရှိနေ ကြတယ်လို့ ပြောဆိုခဲ့တယ်။ တချို့နေရာတွေမှာတော့ ဆန္ဒပြလူငယ်တွေ ဟာ မီးတင်ရှို့ မှုတွေ၊ ဖျက်ဆီမှုတွေရှိခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင်တွေနဲ့ ထိပ်တိုက်ရင်ဆိုင်မှု တွေ၊ အကြမ်းဖက်ခဲ့ကြသူတွေကို ဖမ်းဆီးမှုတွေတော့ရှိခဲ့ပါတယ်။

ပြင်သစ် အကြီးဆုံးရေနံကုမ္ပဏီကြီးဖြစ်တဲ့ တိုတယ် (Total) ကတော့ ၂၀၀၈ ခုနှစ်မှာ ၀င်ငွေအမြတ်အစွန်း တွေထွက် ခဲ့သော်လည်း အလုပ်အကိုင်လျှော့ချနေမှုကြောင့် ဆန္ဒပြနေကြသော အလုပ်သမားတွေနဲ့ အလုပ်သမားသမဂ္ဂတွေက အတော်လည်း စိတ်ဆိုးမှုတွေ ဖြစ်နေကြတယ်။ တခြားတဖက်မှာ လည်း အလုပ်သမား သမဂ္ဂ၀င်တွေကို ပေးနေရတဲ့ ဈေးကြီးတဲ့လုပ်ခ၊ အကျိုးခံစားခွင့်တွေဟာ ကုန်ထုတ်လုပ်မှု စရိတ်ကို မြင့်တက်စေပြီး၊ တရုတ်၊ ဂျပန်၊ ကိုရီးယား နိုင်ငံတွေလို နိုင်ငံခြားကုမ္ပဏီတွေနဲ့ ဈေးကွက်အတွင်း ယှဉ်ပြိုင်မှုတွေ မှာ ကုမ္ပဏီတွေအတွက်အရှုံးပေါ်စေခဲ့တယ်။

ပြင်သစ် အကြီးဆုံးရေနံကုမ္ပဏီကြီးဖြစ်တဲ့ တိုတယ် ကုမ္ပဏီဟာ ၂၀၀၈ ခုနှစ်က ဥရောပငွေ (Euros) ၁၃ ဒသမ ၉ ဘီလီယံ ( အမေရိကန်ဒေါ်လာ ၁၈ ဘီလီယံ) ၀င်ငွေအမြတ်အစွန်း ထွက်ခဲ့ သော်လည်း၊ ကုမ္ပဏီရဲ့ အလုပ်သမား ၅၅၀ ကို အလုပ်အကိုင်ထပ်မံလျှော့ချခဲ့တယ်။

စီးပွားရေး အကျပ်အတည်း ကာလအတွင်း ၀င်ငွေအမြတ်အစွန်းထွက်ခဲ့သော တိုတယ် ကုမ္ပဏီလို အခြား ကုမ္ပဏီများ ကလည်း ဒီလိုအလုပ်အကိုင်ဆက်လျှော့ချနေမှု ပြုလုပ်နေတာကို ပြင်သစ်အစိုးရ က ပြင်းပြင်းထန်ထန် ပြစ်တင် ဝေဖန်ရှုံ့ ချခဲ့တယ်။ ဒီလိုလျှော့ချနေမှု ဟာ အစိုးရ ရဲ့ အလုပ်လက်မဲ့တွေကို ကူညီထောက်ပံ့နေမှု အသုံးစရိတ်လျာထားချက်တွေကို အကြီးအကျယ် ဒုက္ခရောက်စေခဲ့တယ်လို့ အလုပ်သမား ကူညီထောက်ပံ့ရေးဝန်ကြီးလော်ရင့် ( Laurent Wauquiez) က ထုတ်ဖော်ပြောဆိုခဲ့တယ်။ ပြင်သစ် အကြီးဆုံး ရေနံကုမ္ပဏီကြီး ဖြစ်တဲ့ တိုတယ် ( Total) ရဲ့ အကျိုးအမြတ် ၉၀ ရာခိုင်နှုန်း ဟာ မြန်မာနိုင်ငံ ကဲ့သို့သော နိုင်ငံခြားရင်းနှီးမြုပ်နှံမှု လုပ်ငန်းတွေ ကနေတဆင့် အမြတ်အစွန်းထွက်ရှိခဲ့ကြတာဖြစ်တယ်။

ကမ္ဘာ့စီပွားရေး အကျပ်အတည်း ကာလအတွင်း ပြင်သစ် အလုပ်သမား ၂ ဒသမ ၂ သန်း အလုပ်လက်မဲ့ ဖြစ်ခဲ့ကြပြီး၊ ပြင်သစ်နိုင်ငံမှာ နောက် ၁၂ လ အတွင်း နောက်ထပ် အလုပ်အကိုင် ၃၅၀,၀၀၀ ဆုံးရှုံး လိမ့်အုံးမယ်လို့ အစိုးရက ထုတ်ပြန် ကြေညာခဲ့တယ်။ အလုပ်လက်မဲ့နှုန်းထားဟာ ၈ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့တယ်လို့ ပြင်သစ်အစိုးရ အလုပ်သမား ၀န်ကြီးဌာနက ထုတ်ပြန် ကြေညာခဲ့ပါတယ်။

ပြင်သစ်အစိုးရ တာဝန်ရှိသူတွေကတော့ ပြင်သစ်ပြည်သူတွေရင်ဆိုင်နေကြရတဲ့ ခံစားမှုတွေ ကို နားလည်မှု ရှိပါတယ်လို့ ပြောဆိုသွားခဲ့ပြီး၊ အားလုံးရင်ဆိုင်နေရတဲ့ စီးပွားရေး အကျပ်အတည်းတွေ ကို အတူတကွ ပူးပေါင်းဖြေရှင်းကြဖို့ တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။ လက်ရှိ နိုင်ငံအ၀န်း ဆန္ဒပြသပိတ်မှောက်နေမှုဟာ ဇန်န၀ါရီလက ဖြစ်ပွားခဲ့တဲ့ ပြင်သစ် အမဲရောင် ကြာသပတေးနေ့ ( Black Thursday)သပိတ် က စတင်ခဲ့ပါတယ်။ နောက်လတွေ မှာလည်း အစိုးရကို ဆန့်ကျင်ဆန္ဒပြ သပိတ်တွေကို နိုင်ငံအ၀န်းမှာ ကျင်းပဖို့ရှိနေကြကြောင်းကြားသိရပါတယ်။

ပြင်သစ် အမဲရောင် ကြာသပတေးနေ့ ( Black Thursday)သပိတ် နောက်ခံ သမိုင်း


ပြင်သစ် အမဲရောင် ကြာသပတေးနေ့ ( Black Thursday)သပိတ် ( ဇန်န၀ါရီလ)

၂၀၀၉ ခုနှစ် ဇန္န၀ါရီလ ၂၉ က ပြင်သစ်နိုင်ငံမှာ တနိုင်ငံလုံးက အလုပ်သမားတွေထောင်နဲ့ ချီပြီ ထွက်ပြီး ဆန္ဒပြခဲ့ကြတယ်။ မြို့ ပေါင်း ၂၀၀ ကျော်က အလုပ်သမား ပေါင်းစုံ ပါဝင်ဆန္ဒပြခဲ့တာကြောင့် ပြင်သစ် အမဲရောင် ကြာသပတေးနေ့ ( Black Thursday) လို့ တင်စားခေါ်ဆိုခဲ့ကြပါတယ်။ ဆန္ဒပြသူတွေက လက်ရှိရင်ဆိုင် နေရသော ကမ္ဘာ့စီးပွားရေး ကပ်ဆိုးကြီးအပေါ် ပြင်သစ်သမ္မတ ဆာကိုးဇီးအစိုးရရဲ့ ပြင်ဆင်ဆောင်ရွက်မှုတွေဟာ သိပ်ကို နှေးကွေး လွန်းတယ်၊ ထိရောက်မှုမရှိဘူး၊ ပြင်သစ်ဆင်းရဲသားတွေနှင့် ပြင်သစ် သာမန်အလုပ် သမား တွေထက်စာရင် ဘဏ်လုပ်ငန်းကြီတွေကိုသာ ပြင်သစ်အစိုးရက ဦးစားပေးဖြေရှင်း ပေးနေမှုကို မကျေမနပ် ဖြစ်လို့ ဆန္ဒပြခဲ့ကြတာပါ။ မြန်မာပြည်မှာတော့ ဒီလိုလမ်းပေါ်ထွက် ဆန္ဒပြခဲ့ယင် တော့ စစ်အုပ်စုက ဘယ်လိုတုန့်ပြန်သလဲဆိုတာလူတိုင်းအသိပါ။ ပြင်သစ်သမ္မတ ဆာကိုးဇီးအစိုးရ ကတော့ အလုပ်သမားသမဂ္ဂနဲ့ တွေ့ဆုံဆွေးနွေးပြီး အဖြေရှာမယ်လို့ ဂတိပြု ခဲ့တယ်။ ပြင်သစ်အစိုးရ က ဥရောပငွေ ၂၆ ဘီလီယံ (အမေရိန်ဒေါ်လာ ၃၃.၁ ဘီလီယံ) အကုန်အကျခံပြီး ရင်ဆိုင်နေရတဲ့ စီးပွားရေးကပ်ဆိုးကြီး ကို ဖြေရှင်း ကျားကန်မှုတွေ ပြုလုပ်နေပါတယ်။ ဒီသုံးစွဲနေတဲ့ ငွေကြေးပမာဏ ဟာ ပြင်သစ်နိုင်ငံမှာ စီးပွားရေးပြန်လည် နလံထူလာအောင် ပြုလုပ်နိုင်စွမ်းရှိမှာ မရှိကြောင်း၊ ဆက်လက်ဖြစ်ပေါ်နေတဲ့ အလုပ်လက်မဲ့ ဖြစ်နေသူတွေကို အကူအညီ ပေးရေးမှာလည်း ထိရောက်မှုရှိမှာ မဟုတ်ကြောင်း၊ အစိုးရမှ အလုပ်လက်မဲ့ဖြစ်နေသူတွေ အတွက် ကူညီထောက်ပံ့ ပေးဖို့ ငွေကြေးပိုမိုသုံးစွဲသင့်ကြောင်းဆန္ဒပြသူတွေ က တောင်းဆိုနေကြပါတယ်။

ကမ္ဘာကြီးမှာ ဘာတွေဖြစ်နေသလဲဆိုတာ မြန်မာပြည်သူများ သိရှိနိုင်ကြပါစေ။

Rest of your post

No comments: