Saturday, March 28, 2009

ထိုင်းနိုင်ငံ ကမ္ဘာကျော် ဆူနာမီ လိမ်လည်မှုကြီး

The woman who supposedly died in the tsunami, and the same woman today.
ဆူနာမီ မှာသေဆုံသွားခဲ့တယ်လို့ လိမ်လည်ခဲ့တဲ့ ထိုင်းစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီး ကန်ကနစ်(Mrs Kankanit)
(ပုံ-ဘန်ကောက်ပို့စ်)


အောင်မိုး -ဂျေရာပွန်သော်မဆင်

ထိုင်းနိုင်ငံ ပက်ခ်ျဘူရီခရိုင် လွှတ်တော်အမတ်ဟောင်း တစ်ဦး ရဲ့ သမီးဖြစ်သူ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီး ကန်ကနစ်(Mrs Kankanit) ဟာ သူမ နှင့် ခင်ပွန်းသည်တို့ ရင်ဆိုင်ခဲ့ရသော တရားစွဲဆို ခံနေရသောအမှုများ၊ တင်ရှိနေသော အကြွေးများကို ပျက်ပြယ်သွားအောင် နှင့် ပြန်ပေးမဆပ်ရအောင် အတွက် ကမ္ဘာကျော် လိမ်လည်မှုကြီးကို ကျူးလွန်ခဲ့ကြကြောင်း နှင့် လိမ်လည်ခဲ့သူ နှစ်ဦးစလုံးကို ယခုအခါ ဖမ်းဆီးမိလိုက်ပြီ ဖြစ်ကြောင်း ထိုင်းမှုခင်းရဲတပ်ဖွဲ့ အရာရှိကြီး က ဒီကနေ့ သတင်းဌာနတွေနဲ့ သတင်းစာရှင်းလင်းပွဲတခုမှာ အတည်ပြု ထုတ်ဖော်ပြောဆိုခဲ့ကြတယ်။

စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီး ကန်ကနစ်(Mrs Kankanit) ရဲ့ ခင်ပွန်းသည် ချမ်ချိုင်း ( Mr Charnchai) က သူရဲ့ ဇနီးသည် ကန်ကနစ်ဟာ ထိုင်းနိုင်ငံမှာ လွန်ခဲ့တဲ့ ၄ နှစ် က ရိုက်ခတ်ခဲ့တဲ့ ဆူနာမီသဘာဝဘေးအန္တရယ် ကာလအတွင်းမှာ သေဆုံးသွားခဲ့ကြောင်း၊ ဒီသေဆုံးမှုဟာ အမှန်တော့ လိမ်လည်ခဲ့တာသာ ဖြစ်ကြောင်း မှုခင်းစုံစမ်းစစ်ဆေးခဲ့တဲ့ ထိုင်းအထူးရဲအဖွဲ့က အတည်ပြုပြောဆိုသွားခဲ့တယ်။

လူအမြောက်အများ သေဆုံးသွားခဲ့တဲ့ သဘာဝဘေးအန္တရယ် ကပ်ဆိုးကြီး ဆူနာမီလှိုင်းလုံကြီး ဖူးကပ် အပန်းဖြေကမ်းခြေကို ရိုက်ခတ် ခံခဲ့ရစဉ်က ခင်ပွန်းသည် ချမ်ချိုင်း က ဇနီးသည် ကန်ကနစ် သေဆုံးသွားခဲ့ကြောင်း သက်ဆိုင်ရာရဲဌာန ကို အကြောင်းကြားခဲ့တယ်။ နာမည်မသိ၊ ပိုင်ရှင်မရှိ ရနောင် ရှိ Ko Phayam ပင်လယ်မှာ မျှော်ပါနေတဲ့ သေဆုံးနေသော အမျိုးသမီးရုပ်အလောင်းဟာ သူ၏ဇနီးသည် ကန်ကနစ် ဖြစ်ကြောင်း၊ ဘဏ်ကပ်ပြား၊ မှတ်ပုံတင်ကပ်ပြားတွေ၊ အထောက်အထား သက်သေတွေ ကိုလည်း သူမအလောင်းနဲ့အတူတွေ့ရှိခဲ့ရကြောင်း ဖူးကပ်ရဲစခန်းမှာ အကြောင်းကြား ခဲ့တယ်။ ဖူးကပ်ရဲစခန်းမှာ အကြောင်းကြားပြီးနောက် သူမသေဆုံးသွားခဲ့ကြောင်းကို အစိုးရရဲ့ ထောက်ခံစာကို ရယူသွားခဲ့တယ်လို့ စုံစမ်းသိရှိခဲ့ရကြောင်း၊ မှုခင်းအရာရှိကြီး ဗိုလ်ချုပ် ပေါင်ပတ်ချရာဖန် က အတည်ပြုပြောဆိုသွားခဲ့တယ်။ ခင်ပွန်းသည် ချမ်ချိုင်း ဟာ ဇနီးသည်အတွက် ဈာပနအခမ်းအနား နှင့် အောင်မေ့ဖွယ် အခမ်းအနားများ ကိုလည်း ဖူးကပ်မှာ တခမ်းတနား ပြုလုပ်ပေးပြီး၊ မြုပ်နှံ သဂြိုလ်ပေးလိုက်တယ်။

ဒီလိုသေဆုံးသွားကြောင်း တရားဝင်အသိအမှတ်ပြုခံခဲ့ရပြီးနောက်၊ သူမကလေးများအတွက် ထိုင်း အသက်အာမခံ ကုမ္ပဏီ (Thai Life Insurance Co ) က ဘတ်ငွေ ၉ သိန်း၊ အမေရိကန် အာမခံကုမ္ပဏီ ( AIG) က ဘတ်ငွေ ၁.၂ သန်း တောင် လျော်ကြေးငွေ ပေးအပ်ခြင်း ခံခဲ့ရတယ်လို့ ဆိုတယ်။

စီးပွားရေးလုပ်ငန်းရှင် ကန်ကနစ်(Mrs Kankanit) နှင့် ခင်ပွန်းသည်တို့ဟာ Parnsap Evergreen Co လို့ခေါ်တဲ့ ရေနံနှင့်ဓာတ်ဆီ စီးပွားရေးလုပ်ငန်းကို ထူထောင်ပြီး လုပ်ကိုင်ခဲ့သော်လည်း ငွေကြေးဆုံးရှုံးမှုများစွာနဲ့ ရင်ဆိုင်ခဲ့ကြရပြီး ဒေ၀ါလီခံခဲ့ကြရတယ်။ သူတို့ဇနီးမောင်နှံဟာ PTT Plc ကုမ္ပဏီမှာ ထိုင်းဘတ်ငွေ ၅ ဘီလီယံ၊ TMB ဘဏ်မှာ ဘတ်ငွေ သန်း ၈၀၀ ကျော်၊ Thai Asset Management Corp မှာ ဘတ်ငွေ သန်း ၅၀၀၊ Phayathai Asset Management မှာ ဘတ်ငွေ သန်း ၂၀၀ ကျော် အကြွေးတင်ရှိခဲ့ကြတယ်။ သူတို့ဇနီးမောင်နှံ ဟာ တရားရုံးမှာ စွဲဆိုထားသော အမှုပေါင်း ၆၃ မှု ကို ရင်ဆိုင်နေရပြီး၊ စုစုပေါင်း ဘတ်ငွေ ၈ ဘီလီယံ အကြွေးတင်ရှိခဲ့ကြကြောင်း မှုခင်းရဲအရာရှိကြီး တွေကထုတ်ဖော်ပြောဆိုခဲ့တယ်။

သေဆုံးခဲ့ကြောင်း လိမ်လည်ခဲ့ပြီးနောက် ထိုင်းစီးပွားရေးပိုင်ရှင် အမျိုးသမီး ကန်ကနစ်(Mrs Kankanit) နှင့် ခင်ပွန်းသည် ချမ်ချိုင်း ( Mr Charnchai) ဟာ အိမ်နေရာ တော်တော်များများ မှာ ပုန်အောင်းနေထိုင်ခဲ့ပြီး၊ မျက်နှာကို အလွယ်တကူ မမှတ်မိအောင် တရုတ်နိုင်ငံသို့ သွားရောက်ပြီး မျက်နှာဖျက် ( Facial Surgery) ပြင်ဆင်မှုပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရှိခဲ့ရတယ်။ ဗြာရောင်ပန်ဝမ် ( Phayao Panwang ) နံမည်အသစ်ဖြင့် မှတ်ပုံတင်သစ် ရရှိရန် အတွက် မှတ်ပုံတင် အဟောင်း ပျောက်ဆုံးသွားကြောင်း ကို နွန်ထဘူရီ ခရိုင် မှတ်ပုံတင်ဌာနမှာ ကြိုးစားခဲ့သော်လည်း၊ သူမ လက်ဗွေရာဟာ ဗြာရောင်ပန်ဝမ် လက်ဗွေရာနှင့် တူညီမှုမရှိသဖြင့် မရရှိခဲ့သော်လည်း၊ နောက်ပိုင်းမှာ ဆဗန်ဘူရီ မှတ်ပုံတင်ဌာနက ဗြာရောင်ပန်ဝမ် နံမည်ဖြင့် မှတ်ပုံတင်အသစ်ကို ထုတ်ပေးခဲ့ကြောင်း ၊ ၄ နှစ်ကြာ သူမသေဆုံးမှုကို စုံစမ်းစစ်ဆေးခဲ့တဲ့ CSD Division ၅ က အတည်ပြု ထုတ်ဖော် ပြောဆိုခဲ့တယ်။

သူမ သေဆုံးခဲ့မှု ကို သံသယရှိကြောင်း၊ ပြန်လည်စုံစမ်းစစ်ဆေးပေးဖို့ သူမကို ငွေထုတ်ချေးပေး ခဲ့သော Choke Chai Mahachai Co က တရားဝင် ရဲဌာန တိုင်ကြားခဲ့ပြီးနောက်၊ မှုခင်းဆိုင်ရာရဲတပ်ဖွဲ့တွေက ဆူနာမီမှာ သေဆုံးသွားခဲ့ကြောင်း လိမ်လည်ခဲ့မှု ကို နောက်ကွယ်ကနေ ခြေရာခံ စုံစမ်းခဲ့ကြကြောင်း ရဲအရာရှိ ဗိုလ်ချုပ် ပေါင်ပတ်ချရာဖန် က သတင်းဌာနတွေနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ထုတ်ဖော်ပြောဆိုသွား ခဲ့တယ်။

Rest of your post

No comments: