Tuesday, May 5, 2009

စစ်ကျွန်အောက်က မြန်မာပြည်သူတွေရဲ့ ဘဝ

-မြတ်စိုး-

မြန်မာပြည်မှာ နားဂစ်မုန်တိုင် သဘာဝဘေး အန္တရာယ်ဆိုးကြီးကျရောက်ခဲ့တယ်။ ထို့အတူ ထိုင်းနိုင်ငံမှာလည်း စူနာမီသဘာဝဘေး အန္တရာယ်ဆိုးကြီးကျရောက်ခဲ့တယ်။ ဒီလိုဘေးအန္တရာယ်တွေကျရောက်ခဲ့ပြီးနောက် မြန်မာပြည်ရှိ စစ်ကျွန်ပြုကောင်စီ နအဖ လက်ထပ်မှာမြန်မာပြည်သူတွေ ဘယ်လိုခံစားနေကြရသလဲ၊ ဘယ်လိုနေထိုင်နေကြသလဲ ဆိုတဲ့ အထောက်အထားဓာတ်ပုံတွေပါ။ နိုင်ငံတကာအထောက်အပံ့ အကူအညီ တွေ လုံလောက်စွာမရပါဘူးလို့ စောဒကတက်ပြစ်တင်နေပေမဲ့၊ နေပြည်တော်မှာထီးတင်ပွဲနဲ့ နေပြည်တော် တည်ဆောက်ရေးပရောဂျက်တွေကိုတော့ ဒေါ်လာဘီလီနဲ့ချီသုံးစွဲနေတယ်။ စစ်လက်နက်ပစ္စည်းတွေကို ၀ယ်ယူဖို့ကြတော့ ဒေါ်လာဘီလီယံနဲ့ချီသုံးစွဲနေတယ်။ နားဂစ်ဒေသမှာ နေထိုင်နေကြတဲ့ ပြည်သူတွေကတော့ နေထိုင်စရာမဲ့၊ အစားအစာ လုံလောက်မှုမရှိ၊ အလုပ်အကိုင်မရှိဖြစ်ပြီး ဆင်းရဲမွဲတေ နေကြတယ်။ ကျန်မာရေး၊ပညာရေး ချို့တဲ့နေကြတယ်။ စိတ်ပိုင်းဆိုင်ရာတွေ ချို့တဲ့နေကြတယ်။ လူ ကို လူလို့တန်ဖိုး မထားတက်တဲ့ စစ်ကျွန်ပြုကောင်စီ နအဖ လက်ထပ်မှာ တိုင်းပြည်က ဘယ်တော့မှ တိုးတက်မှာမဟုတ်ဘူး။ ဘယ်နိုင်ငံနဲ့မှလည်း နှိုင်းယှဉ်လို့ရမှာ မဟုတ်ဘူး။ အောက်မှဖော်ပြထားတဲ့ပုံတွေဟာ မြန်မာပြည် နှင့် အခြားဂြိုဟ်ကမ္ဘာတစ်ခု ကိုနှိုင်းယှဥိထားတာမဟုတ်ပါဘူး။ ကျနော်တို့ရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံဖူးကက်မြို့ မှာ သဘာဝဘေးအန္တရာယ် စူနာမီ ကျရောက်ပြီးနောက် ထိုင်းအစိုးရက အသိပညာ ဥာဏ်ရှိရှိ၊ တိုင်းချစ်ပြည်ချစ်စိတ် တွေနဲ့ ဘယ်လို ပြန်လည်နလံထူလာအောင် ကြိုးပမ်းထား သလဲဆိုတာတွေကို ကျနော်တို့ ပြည်သူတွေ မျက်ဝါးမြင်မြင်သိရှိနိုင်အောင်ပါ။ နောက်ပြီးတော့လည်း သင်္ဘောပျက်၊ သင်္ဘောအိုကြီး စီးနင်း လိုက်ပါနေကြတဲ့ စစ်ကျွန်ပြု ကောင်စီက စစ်ဗိုလ်ချုပ်တွေကိုလည်း မြင်တွေ့ပြီး၊ သူတို့လုပ်နေတာတွေကို ရှက်တက်အောင်လို့ပါ။

Tsunami vs Nargis
"သတိ- မြန်မာပြည် နှင့် အခြားဂြိုဟ်ကမ္ဘာတစ်ခု ကိုနှိုင်းယှဥိထားတာမဟုတ်ပါဘူး။"


Burma: Life under Military Junta

After Nargis






Thailand: Phuket
After Tsunami








Rest of your post

No comments: