Thursday, July 9, 2009

မြန်မာသတင်းမီဒီယာဌာနများ နှင့် Yellow Journalists များအကြောင်း

Yellow journalism is a type of journalism that downplays legitimate news in favor of eye-catching headlines that sell more newspapers. It may feature exaggerations of news events, scandal-mongering, sensationalism, or unprofessional practices by news media organizations or journalists.

-မြတ်စိုး-
၀၇-၀၆-၂၀၀၉

-မေဆွိ မသေ ပဲ သေဆုံးသွားခဲ့ပြီ။...
-မြန်မာပြည်မှာ လေပြင်းမုန်တိုင်း မတိုက်ပဲ တိုက်ခိုက်သွားခဲ့သည်ဟုကြေညာသည်။...
-လုံခြုံရေးကို အကာအကွယ်မပေးပဲ၊ ကမာရွက်ရဲစခန်းမှူးကြီး မောင်လွင် က ပြောဆိုသွားသည်ဟုဆိုသည်။...
-မေးစရာလူမရှိ၍ ငါနဲ့နီးစပ်ရာဆွေမျိုများ၊ သူငယ်ချင်းများကို သတင်းမေး Interviews များပြုလုပ် အသံလွှင့်ထုတ် နေသည်။...
-လုပ်တဲ့သူ၊ ဖြစ်နေသူက တစ်ယောက်၊ အမေးခံနေရသူက တစ်ယောက် ဆိုကြတယ်။....
-လူထု ထင်မြင်ချက်၊သုံးသပ်ချက်တွေထက် ကိုယ့်အာဘော်ကိုယ်ပြောနေကြသည်။...
-မေးသူကလည်း ကျွမ်းကျင်သူ ပညာရှင် မဟုတ်သလို၊ ဖြေဆိုသူတွေက လည်း ကျွမ်းကျင်သူ ပညာရှင်များမဟုတ်။....
-ဘုန်းကြီးကျောင်းသား နှင့် ဒေါက်တာဘွဲ့ရ နှစ်ဦး ကို ယှဉ်ပြီး Interviews များပြုလုပ်နေကြသည်။......
-ရန်သူ အားပေးလုပ်ရပ်၊ ရန်သူကိုထောက်ခံနေတဲ့ သတင်းတွေကို အတိုက်အခံ သဘောထားမပါပဲ တင်ပြနေသည်။...
-အတိုက်အခံ မီဒီယာတွေဟာ အတိုက်အခံတွေကို တိုက်ခိုက်နေသည်။ အတိုက်အခံ အာဘော် မပါသော မီဒီယာတွေ ဖြစ်နေကြ။....
-ဆွေးနွေးမှုတွေမှာ အမြင်ကွဲပြားသူတွေကို ထည့်သွင်းခြင်းမရှိ။...

စသည် စသည်ဖြင့် နိုင်ငံအနှံအပြား၊ နေရာအနှံအပြား ကို သွားတိုင်း ပြည်ပ မြန်မာ သတင်းမီဒီယာတွေနဲ့ ပက်သက်ပြီး မြန်မာလူမျိုးတွေ အကြားမှာ အမြဲ ကြားနေရ တယ်။ ငွေကြေး သန်းနဲ့ချီ သုံးစွဲ အလုပ်လုပ် နေကြတဲ့ ပြည်ပ မြန်မာ သတင်းမီဒီယာဌာနမှာ သတင်းသမားတချို့ ဟာ သတင်းထောက်တွေရဲ့ စောင့်ထိမ်းရမဲ့ ကျင့်ဝတ် ( Codes of Ethics in Journalism) ထက် အရည်အသွေးမမှီ၊ မတိကျတဲ့ သတင်းအချက်အလက် တွေ ကို သတင်းဖော်ပြမှုကို သာ အားသန် နေကြတယ်။ မိမိ၏ ပုဂ္ဂလိက ခံစားချက်များကို အသားပေး၍ အသံလွှင့်နေ ကြသည်။ ဒီ သတင်းဌာန (သို့မဟုတ်) သတင်း ထောက်တွေဟာ Yellow journalism ကို ကျင့်သုံး ခြင်းဖြစ်သည်။ တနည်းအားဖြင့် ဒီသတင်းမီဒီယာတွေရဲ့ သတင်းသမားတွေ ကို (Yellow Journalists) လို့ ခေါ်ဆိုကြတယ်။


တချို့ ငွေကြေး သန်းနဲ့ ချီ သုံးစွဲ အလုပ်လုပ်နေကြတဲ့ မြန်မာအသံလွှင့်သတင်းမီဒီယာဌာနတွေဟာ ပြည်တွင်းထဲက ဘလော့ဂါတွေ၊ Citizen Journalists တွေက အသက်ရင်း ထောင်ကျခံ ပေးပို့ထားတဲ့ သတင်းတွေကို မိမိတို့သတင်းမီဒီယာ တွေရဲ့ လှို့ဝှက်သတင်းထောက်တွေက သတင်းပေးပို့နေတာပါလို့ ထုတ်ဖော်ပြောကြား နေတယ်။ နားဂစ် နှင့် ရွှေဝါရောင်တော်လှန်ရေးမှာ အများဆုံး သာဓကတွေ တွေ့ရှိနိုင်တယ်။

အီရန် အရေးမှာတော့ CNN နှင့် တခြား အဓိက သတင်းဌာနတွေက နောက်ဆုံးသတင်းတွေကို အီရန် ဘလော့ဂါတွေ၊ Citizen Journalists တွေ ဆီက ရရှိကြောင်း အသိအမှတ်ပြုခြင်းခံခဲ့ရသည်။ ကမ္ဘာမှာဖြစ်ပေါ်နေတဲ့ နောက်ဆုံးရ သတင်းတွေကို လည်း ကမ္ဘာ့ သတင်းမီဒီယာ ကြီးတစ်ခုဖြစ်တဲ့ CNN အင်တာနက် သတင်းစာမျက်နှာမှာ IReport, Blogs စာမျက်နှာသစ်များကို ဖွင့်ပေးပြီး၊ သူတို့ လက်လှမ်းမမှီသော သတင်းများ၊ မရရှိနိုင်သော သတင်းများကို ဘလော့ဂါတွေ၊ Citizen Journalists တွေဆီမှ ရယူကြောင်း၊ အသိအမှတ်ပြု ဖော်ပြထားသလို ရရှိတဲ့ သတင်းတွေ ကို လည်း ဘယ်က ရရှိခဲ့ကြောင်း သွားရောက်ကြည့်ရှု့ နိုင်ရန် ဖော်ပြပေးထားတယ်။

သတင်းသမားတွေဟာ သတင်း ဘာသာပြန်၊ အသံလွှင့် ပေးရုံနဲ့ Professional သတင်းသမား တစ်ယောက် ဖြစ်လာမည် မဟုတ်ပါ။ တခြားဘာသာရပ်ဆိုင်ရာ၊ အတွေးအခေါ်ရေးရာ၊ နည်းပညာရေးရာ၊ လူမှုဆက်ဆံရေး ဆိုင်ရာ တွေကို အများကြီးသင်ယူကြရအုံးမှာပါ။ Professional သတင်းသမား တစ်ဦးဟာ သတင်းမီဒီယာဌာန မှာ နှစ်ချီ တာဝန်ထမ်းဆောင် စဉ် Journalism (သို့) Journalism နဲ့ ဆက်စပ်သော ဘာသာရပ် ဖြင့် ၂နှစ် (သို့) ၄ နှစ် ဘွဲ့ရ ကျောင်းပြီး သူတစ်ယောက်ဖြစ်သင့်သည်။

တချို့ ဒေါ်လာ သန်းချီ အကုန်အကျခံ သုံးစွဲနေကြတဲ့ ၀ါရှင်တန်၊ လန်ဒန် နှင့် အော့စလို အခြေစိုက် မြန်မာအသံလွှင့် မီဒီယာဌာနတွေမှာ သတင်းသမားတွေဟာ အလုပ်လုပ်နေကြတာနှစ်နဲ့ ချီနေကြပြီ။ Journalism ဖြင့် ၂နှစ် (သို့) ၄ နှစ် ကျောင်းပြီးခဲ့တဲ့ သူဟာ အရည်အတွက်အားဖြင့် အနည်းငယ်သာ ရှိပါတယ်။ ဒီနေရာမှာ ၃လ သင်တန်း၊ ၆ လ သင်တန်း၊ ၉ လ သင်တန်း မျိုးကို Professional သတင်းသမားမျိုးလို့ ဘယ်သူကမှ မသတ်မှတ်ပါ။ သတင်းမီဒီယာမှာ အလုပ်လုပ်ကိုင် နေသူတွေဟာ Journalism ဘာသာ ကို မလေ့လာ၊ မသင်ကြား ခဲ့ရယင် သတင်းထောက်တွေရဲ့ စောင့်ထိမ်းရမဲ့ ကျင့်ဝတ် ( Codes of Ethics in Journalism)ကိုလည်းနားလည်ကြမှာ မဟုတ်ပါဘူး။ Codes of Ethics in Journalism ကို နားမလည်ရင် Professional သတင်းသမားတစ်ဦးလို တာဝန်ထမ်းဆောင်နိုင်ကြမှာ မဟုတ်ပါဘူး။ ဘယ်တော့မှလည်း အရည်အသွေး မြင့်မားတဲ့ သတင်းမီဒီယာဌာနတွေလည်း ဖြစ်လာကြမှာ မဟုတ်ဘူး။ ဒါတွေကို မီဒီယာဌာန အကြီးအကဲ ဆိုသူတွေ က သတိပြုဖို့ လိုအပ်တယ်။

ဝမ်းနည်းစရာကောင်းတာက မှားနေတာကို ထောက်ပြ၊ ဝေဖန်အကြံပြုပြန်ရင်လည်း စစ်အာဏာရှင်အောက်က ကြီးပြင်းလာတဲ့ သူတွေမို့ အဝေဖန်မခံနိုင်ကြဘူး။ ဝေဖန်အကြံပြုသူတွေကို ရန်သူလိုဆက်ဆံလာကြတယ်။ ဒါတွေဟာ မတိုးတက်သေးတဲ့ မြန်မာလူမျိုးတွေရဲ့ မကောင်းတဲ့ အကျင့်စရိုက် တစ်ခုဖြစ်နေတယ်။ ဒီလိုနဲ့ မြန်မာသတင်းမီဒီယာ ဌာနတွေဟာ အတိုက်အခံတွေနဲ့ ဝေးကွာလာရင်း၊ ရန်သူလိုဆက်ဆံရင်း အတိုက်အခံတွေကို ပြန်လည် တိုက်ခိုက်ရင်းနဲ့ မမှန်ကန်တဲ့သတင်း၊ အချက်အလက် မခိုင်လုံသော သတင်းတွေကို ဖော်ပြပေးနေတဲ့ မြန်မာသတင်းမီးဒီယာ တွေ ဖြစ်လာနေကြတယ်။

(မှတ်ချက်။ ။ ဤဝေဖန်မှုတွင် မြန်မာ နိုင်ငံ ပြည်တွင်းပြည်ပ ဘလော့ဂါတွေ၊ Citizen Journalists များကို လုံးဝရည်ရွယ်ခြင်းမရှိတဲ့ အပြင်၊ မြန်မာပြည်လွတ်မြောက်ရေး အတွက် အသိစိတ်ရှိရှိ တဖက်တလမ်းက သူတို့၏ အားပေးကူညီပေးနေမှုများကို အထူးလေးစား ဂုဏ်ယူကြောင်းမှတ်တမ်းတင် ပါသည်။)





Rest of your post

No comments: