Wednesday, December 23, 2009

အီရန် ရွေးကောက်ပွဲမှာ မဲခိုး အနိုင်ရယူခဲ့တဲ့ အာဏာရှင် အစိုးရ ကို တနိုင်ငံလုံးဆန့်ကျင် ဆန္ဒပြနေကြ

အီရန်မှာ ဘာသာရေးခေါင်ဆောင်ကြီး ဈာပန မှ အစိုးရကို ဆန့်ကျင်သည့် ဆန္ဒပြပွဲသို့ အသွင်ကူးပြောင်း
We Support Iran's Democracy Movement for Freedom and Justice. We Express Our Solidarity With Iranian Opposition Protesters. You Are All Brave Men and Women Of Iran. Brave Iranians Continue Your Justified Fight Against Dictators.
(WFWW)
-WFWW(ဒူဘိုင်း)-
၁၂.၂၁.၂၀၀၉

အီရန်မှာ အတိုက်အခံခေါင်းဆောင်များကို ထောက်ခံခဲ့တဲ့ အထင်ကရ အီရန်ဘာသာရေး ခေါင်းဆောင်ကြီး တစ်ဦးဖြစ်သူ အယာတိုလာ ဟိုစိန် အလီ မွန်တာဇာယီ ရဲ့ ဈာပနကို လာရောက် ဂါရ၀ပြု ပို့ဆောင်သူများက အီရန် သမ္မတ မာမွတ်ဒ် အာမာဒီနီဂျက်ဒ် ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြကြောင်း သိရှိရပါသည်။ သမ္မတ အာမာဒီနီဂျက်ဒ် ပြန်အရွေးခံရတဲ့ကိစ္စ နှင့် မဲလိမ်ခဲ့မှုတွေအပေါ် ကန့်ကွက် ဆန္ဒပြကြသူများကို အစိုးရက အကြမ်းဖက်နှိမ်နှင်းခဲ့မှုနှင့် ပတ်သက်ပြီး အီရန်ဘာသာရေး ခေါင်းဆောင် အယာတိုလာဟိုစိန် အလီ မွန်တာဇာယီ က ပြင်းထန်စွာရှုံ့ချ ခဲ့သူဖြစ်ပါတယ်။ လက်ရှိသမ္မတ မာမွတ်အာမာဒီနီ ဂျက်ဒ်ဟာ တိုင်းပြည်နဲ့ ပြည်သူလူထုကို လိမ်လည်ခဲ့တယ်၊ သူ့ရဲ့ လုပ်ရပ်တွေဟာ အစ္စလာမ်ဘာသာရေး၊ ကိုယ်ကျင့်တရား၊ တရားမျှတမှုတွေနဲ့ ဆန့်ကျင်ပြီး လုပ်ဆောင် နေတယ်လို့ ရှုံ့ချခဲ့ပါတယ်။

အယာတိုလာဟိုစိန် အလီ မွန်တာဇာယီ ရဲ့ ဈာပနကို သိန်းနဲ့ချီတဲ့ အီရန်ပြည်သူများက လိုက်ပါ ပို့ဆောင်ခဲ့ကြကြောင်း၊ ဈာပန ကို လိုက်ပါပို့ဆောင် သူများက “ အာဏာရှင် ကျဆုံးပါစေ၊ အာမာဒီနီဂျက်ဒ် အာဏာရှင်အစိုးရ မောင်းထုတ်ကြ၊ ဘာသာရေးခေါင်းဆောင်ကြီး ခါမေနီ လူသတ်သမား” လို့ ကြွေးကြော်ဆန္ဒပြ ခဲ့ကြကြောင်းသိရပါသည်။ ဆန္ဒပြပွဲဟာ အခြားမြို့ တွေမှာလည်း ဖြစ်ပွားခဲ့ကြောင်းလည်း သိရပါသည်။ အတိုက်အခံပါတီခေါင်းဆောင် မူဆာဘီက အီရန်ပြည်သူများ အနေဖြင့် အမှန်တရားဘက်က ရပ်တည်ခဲ့ပြီး၊ အာဏာရှင်စံနစ် ကို ဆန့်ကျင်ခဲ့တဲ့ အီရန်ဘာသာရေးခေါင်းဆောင် အယာတိုလာဟိုစိန် အလီ မွန်တာဇာယီ ရဲ့ ဈာပနကို နောက်ဆုံး လာရောက် ဂါရ၀ပြုကြဖို့ တိုက်တွန်းနှိုးဆော်ထားခဲ့သည်။ အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု တွင် ဆန္ဒပြ သူများက အစိမ်းရောင် အမှတ်အသားများ ၀တ်ဆင်ပြီး ဆန္ဒပြ ခဲ့ကြောင်းသိရှိရပါသည်။


No comments: