အခု မြစ်ဝကျွန်းပေါ်ဒေသတွေ မှာ သား၊ငါးရှားလာတယ်။ အုန်းသီး မထွက်သလောက်ဖြစ်နေတယ်။ အုန်သီးရှားလာရတာ က တွက်ချေမကိုက်လို့ အုန်းပင်တွေကို ဂရုမစိုက်နိုင်၊ နာဂစ်ကလည်း မွေခံရတော့ ရှားလာရတာ။ သား၊ငါး က လည်း လိုင်စင်ရှိ မှ ဖမ်းလို့ရ ၊ ဒါ့အပြင် ပိုးသတ်ဆေး ဒဏ်၊ ဘတ်တရီ ဒဏ်တွေ ကြောင့် ရှား လာရတော့ တယ်။
မြစ်ဝကျွန်းပေါ်က ထွက်
တဲ့ အုန်းသီးကို ဒေသခံတွေက ရန်ကုန်ကို တင်ရောင်းကြပါတယ်။ ဒါပေမဲ့
သူတို့ကိုယ်တိုင် ရန်ကုန်ကိုမသွားနိုင်ပါဘူး။ ဒါကြောင့် အုန်းသီးလာ
ကောက်တဲ့ ပွဲစားများကနေတစ် ဆင့်သာ ရောင်းရပါတယ်။ အုန်း ပင်ပိုင်ရှင်တွေ
ရှင်းပြတဲ့အတိုင်း ဆိုရင် တကယ်တမ်းမှာတော့ အုန်းသီးရောင်းလိုက်တဲ့
အုန်းပိုင် ရှင်ဟာ လောက်လောက်လားလား အမြတ်အစွန်း မရဘူးလို့ သိရပါတယ်။
အုန်းတက် သမား၊ အုန်းပင်ပြုစု ပေးတဲ့ ၀န်ဆောင်မှု က လဲ ကြီးမြင့်လာတယ်။
ကျေးရွာတွေ မှာ ရှားပါးလှတဲ့ အုန်းတက် သမားတွေ ကို ပေးအပြီး၊ သူတို့က ပွဲစားကို ရောင်းတဲ့အခါမှာ အလုံးလှတဲ့ အုန်းသီးတစ်လုံးအတွက် ၈၅ ကျပ်သာရတယ်လို့ ဆိုပါတယ်။ အဲဒီ မှာ ပွဲစားက အုန်းသီးကို ရန်ကုန် အရောက်တင်ဖို့အတွက် မော် တော်နဲ့ သယ်ယူရပါတယ်။ ရန်ကုန်က ပွဲရုံတွေကို ပြန်သွင်းပါ တယ်။ တစ်ခါပွဲရုံတွေကနေ လက် လီလက်ကားရောင်းချတဲ့သူတွေ ဆီ ရောက်ပါတယ်။ ရန်ကုန် ရောက်တဲ့အခါမှာ အရည်သောက် အုန်းသီးစိမ်းတစ်လုံးရဲ့ တန်ဖိုး ဟာ ကျပ် ၅၀၀ ဖြစ်သွားပါပြီ။
အဲဒီတော့ စားသုံးသူက အုန်းစိမ်းရည်သောက်ချင်တယ်ဆိုရင် အုန်းသီးတစ်လုံးကို ကျပ် ၅၀၀ ပေးဝယ်ရပါတော့တယ်။ လူထု က အုန်းရည် မသောက်နိုင်တော့ ဘူး။ အုန်ရည် က အရက်ထက် ပိုဈေးကြီးနေတယ်။
ဖွံ့ဖြိုးတိုးတက်ရေးအမြင်နဲ့ ကြည့်မယ်ဆိုရင် ဒီလိုအခြေအနေ ဟာ ဘယ်လိုမှ မဖြစ်ထိုက်တဲ့ အခြေအနေပါ။
မူရင်းအုန်းသီး ထွက်တဲ့နေရာကနေ နောက်ဆုံး စားသုံးသူလက်ထဲရောက်တဲ့ အထိသယ်ယူပို့ဆောင်ရတဲ့ စရိတ်စကကြောင့် ဒီလိုဖြစ်ရတယ် ဆိုတာကို မြင်ရပါတယ်။
ကုန်ပစ္စည်းတင်ပို့သယ်ယူဖို့ လမ်းပန်းဆက်သွယ်ရေးအခြေခံ အဆောက်အအုံ ခေတ်မမီတာ၊ မချောမွေ့တာ၊ ကား၊ သင်္ဘောအစရှိတဲ့ ယာဉ်၊ရထားများအတွက် သုံးစွဲရတဲ့ စက်သုံးဆီဈေးနှုန်း ကြီးမြင့်တာတွေက အုန်းသီးကို ဈေးတက်စေတဲ့ မူလအခြေခံ အကြောင်းတရားတွေဖြစ်ပါတယ်။
ဒီကြားထဲမှာ အုန်းသီးတွေတင်လာတဲ့ မော်တော်ဘုတ်ကို အာဏာပိုင်တချို့က ဘာဘာညာညာအကြောင်းပြပြီး ငွေတောင်းခံတဲ့ ကိစ္စမျိုးတွေ မပါသေးပါဘူး။

No comments:
Post a Comment