Monday, April 27, 2009

အမေရိကန်လွှတ်တော်စာကြည့်တိုက်

Statistics

The Library of Congress is the largest library in the world, with nearly 142 million items on approximately 650 miles of bookshelves. The collections include more than 32 million books and other print materials, 3 million recordings, 12.5 million photographs, 5.3 million maps, 5.6 million pieces of sheet music and 62 million manuscripts.

ကိုလတ်တူး
၀၄-၂၃-၂၀၀၉

ယနေ့ရှေးအကျဆုံး အမေရိကန်နိုင်ငံ၏ ယဉ်ကျေးမှု အဖွဲ့အစည်း အဆောက်အအုံတစ်ခုကို ပြပါဆိုလျှင် လွှတ်တော်စာကြည့်တိုက်ကိုပြရပါမည်။ သုတေသန အဖြစ် လေ့လာနိုင်တဲ့ စုဆောင်းထားတဲ့ အရာဝတ္တုပေါင်း ၁၄၂ သန်း၊ ဒီဂျီတယ်မှတ်တမ်းပေါင်း ၁၅.၃ သန်း နဲ့ ၃၂ သန်း သော စာအုပ်များကို စံနစ်တကျစီရင်တင်ထားတဲ့ စာအုပ်စဉ်များဟာ စုစုပေါင်း ၆၅၀ မိုင်ရှည်လျားပါတယ်။

၁၈၀၀ မှာ စတင်တည်ထောင်ခဲ့တဲ့ လွှတ်တော်စာကြည့်တိုက်ဟာ အမေရိကန်အစိုးရ ကျမ်းပြုစာကြည့်တိုက်တစ်ခုဖြစ်သလို၊ ကမ္ဘာအရပ်ရပ်က စာသင်သားများအတွက် လိုအပ်တဲ့ သမိုင်းအဆက်ဆက် အကြောင်းအရာများကို ဘာသာပေါင်း၄၇၀ ကျော်နဲ့ ပြုစုထားပြီး၊ စာဖတ်ခန်း ၂၀ ကျော်ပါဝင်ပါတယ်။ ကမ္ဘာ့အကြီးဆုံး ပုံနှိပ်ထုတ်ဝေပစ္စည်းများ၊ သမိုင်းမှတ်တမ်းများ၊ ဓာတ်ပြားခွေများ၊ ဒီဂျစ်တယ်ဖလင်များ၊ သီချင်းများ ရုပ်ရှင်ကားများနှင့် ရုပ်မြင်သံကြား ဇတ်ထုတ်များကို ရှေးခေတ်ပဝေသဏီ မှ ယနေ့အထိ သိုလှောင်ပေးထားတဲ့ ဌာပနာ တစ်ခုလည်းဖြစ်ပါတယ်။

၁၉၁၄ ခုနှစ် အင်္ဂလိပ်- အမေရိကန်စစ်ပွဲမှာ အင်္ဂလိပ်စစ်တပ်ရဲ့ မီးရှို့ ဖျက်ဆီးခြင်းကိုခံခဲ့ရပြီး၊ ထိုစဉ်က စာအုပ်အများအပြားဆုံးရှုံးခဲ့ရပါတယ်။ မူလအစက ဖလော်ဒဲထဖီးယား
(Philadelphia) ပြည်နယ်မှာ စတင်ဖွဲံစည်းတည်ထောင်ခဲ့ပြီး၊ လွှတ်တော် ကိုယ်စလှယ်များမှ မတည်ငွေ အမေရိကန်ဒေါ်လာ ၅၀၀၀ နဲ့ ဒစ်စထွစ် အော့ဖ် ကိုလမ်ဘီယာ ( District of Columbia ) ကို ပြောင်းရွေှ့ခဲ့ပါတယ်။

အမေရိကန်လွှတ်တော်မှ တိုက်ရိုက်မတည်ပြီး၊ အခြားပုဂ္ဂလိက လှူဒန်းငွေများနဲ့ သုတေသန ဌာပနာ တစ်ခုဖြစ်တဲ့ လွှတ်တော်စာကြည့်တိုက်ဟာ ကမ္ဘာမှာ အကြီးဆုံး လူသားတွေအတွက် ဗဟုသုတ၊ ပိုင်းခြားဝေဖန်စီစစ်တက်မှု နှင့် တီထွင်ကြံဆမှုတွေကို အထောက်အကူပြုပေး နေပါတယ်။

အီတလျံ ပညာရှင် မားကပ်စ် တူးလီယက်စ် ဆီဆာရိုး ( Marcus Tulius Cicero) ပြောခဲ့ဘူးတဲ့ ဆိုးရိုးစကားတစ်ခုရှိပါတယ်။ “ စာအုပ်မရှိတဲ့ အခန်းဟာ ၀ိဥာဏ်မရှိတဲ့ ခန္ဓာကိုယ်တစ်ခုပါပဲတဲ့” ။

ကျနော်တို့ ဗမာပြည်မှာ တစ်ချိန်က သမိုင်းမှာ ထင်ရှားသာဓက ရှိခဲ့ဘူးတဲ့ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်ဟာ ယခုအခါမှာ ခြောက်သွေ့မဲမှောင်ပြီး လူသူသွားလာ လည်ပတ်မှု ကင်းဝေးလို့နေပါတယ်။ ၀ိဥာဏ်မရှိတဲ့ ခန္ဓာကိုယ်တစ်ခုလို ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်ဟာ အဓိပတိလမ်းမှာ ထီးထီးနဲ့ လူမရောက်သူမရောက် ရပ်တည်လျက်ပါ။




Rest of your post

No comments: