Tuesday, June 9, 2009

သေချင်ရင် စိန်မစား နဲ့  မြန်မာ့လေကြောင်းနဲ့  ခရီးသွား

ပုံ-မဇ္ဈိမ
-ရိုက်တာ-

မြန်မာ လေကြောင်းပိုင် ဂျက်လေယာဉ် ( XY-ADW)ဟာ စစ်တွေ လေယာဉ်ကွင်းသို့ ဆင်းသက်စဉ် လေယာဉ်လမ်းကြောင်း ချော်သွားသဖြင့် လေယဉ်မှူး တဦးအပါအ၀င် စုစုပေါင်း ၃ ဦး ဒဏ်ရာ ရရှိသွားသည်။ လေယာဉ် ဟာ ခရီးသည် ၈၀ တင်ဆောင်လာပြီး၊ မီတာ ၉၀ ကျယ်ဝန်းတဲ့ပြေးလမ်းကြောင်းမှာ ဆင်းသက်ခဲ့စဉ် လမ်းချော်သွားခဲ့ခြင်းဖြစ်ပါတယ်။ လေယာဉ်ဟာ ဒီနေ့နံနက်က ရန်ကုန်မှ ပျံသန်းလာပြီး နံနက် ၈ နာရီ ၃၀ တွင် စစ်တွေ ကွင်းသို့ အဆင်း၌ ယခုကဲ့သို့ လမ်းချော်သွားခြင်း ဖြစ်သည်။ လေယာဉ်မှူး နှင့် ခရီးသည် ၂ဦးကို ဆေးရုံသို့ ခေါ်ဆောင်သွားပြီးဒဏ်ရာများကို ကုသပေးနေပါတယ်လို့ သိရှိရပါသည်။

လေယာဉ်ဆင်းသက်မှုကိုထိမ်းချုပ်ပေးတဲ့ ဂီယာ၊ ၀မ်းဗိုက်တစ်ခုလုံး နှင့် လေယာဉ်တောင်ပံတစ်ခုလုံး ပျက်စီးသွားကြောင်း ရိုက်တာသတင်ဌာနက ရေးသားထားတဲ့ သတင်းမှာ ဖတ်ရှု့ ရပါသည်။ မြန်မာနိုင်ငံမှာ စက်ချို့ ယွင်းမှုကြောင့် မကြာခဏဆိုသလို မြန်မာလေကြောင်းပိုင် လေယာဉ်များ ပျက်ကျနေတာကြောင့် လေကြောင်းသွား ခရီးသည်များ အထူး တုန်လှုန့်ချောက်ခြား နေကြပါတယ်။


Rest of your post

No comments: