Wednesday, June 17, 2009

လူထုတိုက်ပွဲကြားထဲက အီရန် အတိုက် အခံခေါင်းဆောင်

လူထုတိုက်ပွဲကြားထဲက အီရန် အတိုက် အခံခေါင်းဆောင် ဝန်ကြီးချုပ်ဟောင်း ဟူစိန်မိုဆာဗီ
"When the real leader speaks, people listen"

Quotes for Free Burma :

"Improvement is impossible without a change in leadership"
"If the leader can't navigate the people through rough waters, he is liable to sink the ship"
"မှားယွင်းတဲ့ ခေါင်းဆောင်မှု ၊ မပြတ်သားတဲ့ခေါင်းဆောင်မှု တွေထက်စာရင် ခေါင်းဆောင်မရှိတာက ပိုကောင်းတယ်။"

-WFWW-

အီရန် မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ မာမွတ်အာမာ ဒင်နီးဂျဒ် (Mahmoud Ahmadinejad) က သူအနိုင်ရသွားခဲ့တယ် လို့ မဲရုံတွေပိတ်ပြီး ၁၂ နာရီ အကြာမှာ ကြေညာသွာခဲ့လို့ အီရန်မဲပေးခဲ့သူတွေ အတော်လေး အံသြသွားခဲ့တယ်။ အီရန်မှာ မဲပေးနိုင်သူဦးရေ ၄၆.၂ မီလီယံရှိပြီး ၈၅ ရာခိုင်နှုန်း မဲပေး ခဲ့တာကြောင့် မဲပေးခဲ့သူ စုစုပေါင်း ၃၉.၂ သန်းရှိခဲ့တယ်။ မဲပေးနိုင်သူ အသက် ၃၀ အောက် လူဦးရေ ဟာ မဲပေးသူစုစုပေါင်းရဲ့ ၃ ပုံ ၁ ပုံ ရှိတယ်။ လူငယ်အများစု နှင့် အမျိုးသမီး အများစုဟာ အတိုက်အခံ ခေါင်းဆောင် ဝန်ကြီးချုပ်ဟောင်း ဟူစိန်မိုဆာဗီ ကို ထောက်ခံမဲပေးခဲ့ကြတယ်။

စုစုပေါင်း မဲပေးခဲ့သူ ၃၉.၂ သန်း မဲတွေကို လက်နဲ့ ၁၂ နာရီအတွင်းရေတွက်နိုင်ခဲ့တာဟာ လုံးဝမဖြစ်နိုင်ဘူးလို့ အတိုက်အခံခေါင်းဆောင်တွေနဲ့ လေ့လာစောင့်ကြည့်နေသူတွေက ပြောဆိုခဲ့ကြတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက တောင် နောက်ဆုံးအဖြေရရှိဖို့ ၂ ရက်နီးပါး ရေတွက်ခဲ့ကြရတယ်လို့ ဆိုတယ်။ တချို့ နေရာတော်တော်များများမှာ မဲပြားတွေကို ကုန်သွားလို့ မဲမပေးရသေးဘူလို့ဆိုတယ်။ တချို့ နေရာတွေမှာ မဲရုံကို စောစောပိတ်ခဲ့တယ်လို့ဆိုတယ်။ မာမွတ်အာမာ ဒင်နီးဂျဒ် (Mahmoud Ahmadinejad) ရဲ့ ပြည်ထဲရေးဝန်ကြီးက မဲရုံပိတ်ပြီး တစ်နာရီခွဲ အကြာမှာ မဲ ၅ သန်းကို ရေတွက်နိုင်ခဲ့တယ်လို့ဆိုတယ်။ နိုင်ငံတကာ မှ ရွေးကောက်ပွဲ ဆိုင်ရာ ကျွမ်းကျင်သူများက ဒါဟာ လုံးဝမဖြစ်နိုင်ကြောင်း ပြောဆိုနေတယ်။

အတိုက်အခံ ခေါင်းဆောင် ဝန်ကြီးချုပ်ဟောင်း ဟူစိန်မိုဆာဗီ က မဲ အရေအတွက် ၁၀ သန်း ပျောက်ဆုံးနေပြီး၊ သူဟာ ဘယ်လိုရင်းနှီးမှုဘဲ ပေးရ ပေးရ၊ အမှန်တရားအတွက် သူ့ကို ထောက်ခံမဲပေးသူတွေဘက်က ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ တီဟီရန်မြို့ လယ်မှာ ကျင်းပခဲ့တဲ့ လူထုအစည်းအဝေးပွဲကြီးတစ်ခုမှာ ရဲရဲဝံ့ဝံ့ ပြောဆိုဂတိပေးသွားခဲ့တယ်။




Rest of your post

No comments: